ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လဆန်း(၁)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၁၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင် ပါ တယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံ တားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါ တယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရှမ်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထီ(၁)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ အောင် မြင် ခြင်း တွေ၊ပျော်ရွှင်ခြင်းတွေကိုပေးတဲ့ နန္ဒတီထိကျ ရောက်တဲ့ နေ့ရက်လဲဖြစ်ပါတယ်။ ဒီနေ့ဟာ ကတိပေးခြင်း၊ စာချုပ် ချုပ်ဆိုခြင်းများဆောင်ရွက်လို့မကောင်းသေးပါ ဘူး။ငွေကြေးအပေးအယူကိစ္စများအငြင်းပွားဖွယ်ရာ ကြုံရ တတ် ပါတယ်။ ပြဿနာဖြစ်ပါက ဖြေရှင်းရန်ခက်ခဲတဲ့ နေ့ရက်ဖြစ်ပါတယ်။ယနေ့ဆောင်ရွက်သောကိစ္စမှန်သမျှ တ ကြိမ် မက လုပ်ကိုင်ရတတ်သည်။
လဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဟူးနှင့်စန်းသော လဖြစ်ပေရာ ယနေ့မှစ၍ နတ်တော်လတစ်လတာအတွင်း ဗုဒ္ဓဟူးနံ (ယ၊ ရ၊ လ၊ ဝ) အက္ခရာနှင့် စသော ရေ၊ ယပ်၊ ရွှေ၊ ရွက်လှပန်း၊ လမုန့် အစရှိသည့် လှူဖွယ်ဝတ္ထုတို့ကို လှူ ဒါန်း၍ ထူးခြားသော ကုသိုလ်ထူးများ ရရှိနိုင်မည်။
ခေါင်းဆေးခြင်း၊ခေါင်းလျှော်ခြင်းများပြုလုပ်ခြင်းဖြင့် ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အနာ ရောဂါကင်းပါ လိမ့် မယ်။ အထက်လူကြီးများ၊ ဌာနဆိုင်ရာလူကြီးများနှင့် တွေ့ဆုံဆွေးနွေးလို့အထူးကောင်းတဲ့ကာလ ပါပဲ။ ဒီလိုနေ့ရက် မှာ တော့ အနုပညာလုပ်ငန်းများ၊ဂီတ၊သီချင်းကိစ္စများ အထူးအဆင်ပြေပါလိမ့်မယ်။ ပန်းချီ၊ပန်းပု လုပ်ငန်းများ၊ ဥယျာဉ်ခြံလုပ် ငန်းများ အထူးအဆင်ပြေအောင်မြင်မှုတွေရလာတတ်ပါတယ်။
ဒီလိုနေ့ရက်တွေမှာ ခန်းဝင်ပစ္စည်းဝယ်တာမျိုးတွေ၊အိမ်ထောင်ပရိဘောဂအသစ်တွေလဲလှယ်တာမျိုးတွေ အထူးပဲ ဆောင်ရွက်နိုင်ပါတယ်။အိမ်ပြုပြင်ခြင်း၊ အိမ်ခန်းဖွဲ့ မလွတ်ကင်းတဲ့သစ်ပင်များကိုခုတ်လှဲခြင်းမျိုးတွေ ဆောင်ရွက် လို့အထူးကောင်းပါတယ်။ လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်သောအလုပ်တွေ အထူးပဲအဆင်ပြေပါ လိမ့်မယ်။
ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဖင်းခံခြင်းများလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ မိမိချစ်ရသူကို ချစ်ကြောင်း၊ ကြိုက်ကြောင်း မေတ္တာစကားပြောဆိုခြင်းများ အထူးဆောင်ရွက်လို့ကောင်းတဲ့ နေ့ရက်ပါပဲ။ ဈေးများ၊ စူပါမားကတ်များ၊ အထည် ဆိုင်များ၊ အလှပြင်ဆိုင်များ ရောင်းအားတိုးတတ်မှုတွေရှိလာနိုင်တဲ့ နေ့ရက်မျိုးပါပဲ။ နည်းပညာအသစ်အဆန်းများ ကို စူးစမ်းလေ့လာခြင်း၊တီထွင်ကြံဆခြင်းများအထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။
အရည်နှင့်ပတ်သက်သောစားသောက်ကုန်လုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းးများထုတ်လုပ် ခြင်း၊ ဖြန့်ဖြူးခြင်း၊ရောင်းချခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ အိုးသစ်၊အိမ်သစ်နေရာသစ်မှာနေထိုင်တာမျိုး တွေဒီနေ့ မှာ စတင် သင့်ပါတယ်။
ရှောင်စေချင်တာကတော့ ခရီးကိစ္စတွေရှောင်လိုက်စေချင်ပါတယ်။ မည်သည့်ခရီးမဆို ကြန့်ကြာမှု၊အဆင်မပြေမှု တွေ အထူးပဲကြုံရတတ်ပါတယ်။ စတော့ရှယ်ယာလုပ်ငန်းများ ၊ကုမ္ပဏီအစုရှယ်ယာလုပ်ငန်းများလဲ တတ်နိုင်သမျှ ရှောင် လိုက်စေချင်ပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင် သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာ ခရီး ကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၅:၅၇)နာရီမှ ညနေ(၁၆:၄၉) နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေ ရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာ ရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
မွန်းတည့် ၁၂နာရီ ၄မိနစ်အထိကဇေဌနက္ခတ်မို့အချစ်ရေး ၊ မေတ္တာရေး စကားပြောခြင်း၊ ထီထိုးခြင်း၊ အိမ်ခြံမြေ၊ ယာဉ်၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက်ကား ရောင်းဝယ်ခြင်း၊ ပညာစ၍သင်ခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ စာရေးသားခြင်း၊ ပန်းချီ ၊ ပန်းပု ထုခြင်း၊ ကျောက်ဆစ်ထုခြင်း၊ သံထည်ကြေးထည်များ သွန်းလောင်းခြင်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း ကောင်း ၏။
မွန်းတည့် ၁၂နာရီ ၄မိနစ်ကျော်ပါက မူလနက္ခတ်ချိန်များဖြစ်တာမို့ ပန်းချီပန်းပု လုပ်ငန်း၊ ကျောက်ဆစ်လုပ်ငန်း၊ ဂီတ နှင့်အနုပညာ ဆိုင်ရာများ၊ အဆိုအက သရုပ်ဆောင်ခြင်း၊ ကလေးထမင်းခွံ့ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ကျောက် မျက်ရတနာ လုပ်ငန်းတူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ရေတွင်းရေကန်တူးခြင်း၊ အဝီစိ တွင်း တူး ခြင်းများ ကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊မူလနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ နေ့စက်(၁၂)နာရီ (၅၈)မိနစ်လွန် စန်း ဓနုရာသီသို့ ပြောင်းသည်။ ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးသူများဟာ အခက်အခဲတွေကို ကောင်းစွာ ကျော် လွှားနိုင်ကြသူတွေဖြစ်ကြပါတယ်။ စီးပွားရေးအမြင်ရှိတယ်။ ထိုး ဖောက်နိုင်စွမ်းမြင့်မားကြပါတယ်။ ကံကြမ္မာအရ သက် လတ်ပိုင်း အသက် ၂၈ကနေ အသက် ၄၆အတွင်း အကောင်း ဆုံး၊အအောင်မြင်ဆုံးဘဝကိုရရှိ တတ်ပါတယ်။ ရာဇ ယုဂ် ပါသော ကလေးငယ်လို့ မုချဆိုရပါလိမ့်မယ်။ ဘ၀မှာ ခေါင်းဆောင်၊ အကြီးအကဲ ဖြစ်ဖို့ကံ သည် အထူးအား ကောင်းနေတာက သူ့ရဲ့ထူးခြားတဲ့ကံပါပဲ။ ငွေကြေးနဲ့ ပညာ အတွက်လည်း ….အင်အားကောင်းမွန် သော ဇာတာ ရှင်ပါ။ဘ၀ရဲ့ ဒုတိယအရွယ်မှာ …အတိတ်ကံဒါနအလျောက်… မုချမသွေ..ပြည့်စုံအောင်မြင်ရတတ်သော ကံလေးတွေ ကို လည်း သယ်ဆောင်လာသော ကလေးသူငယ်လေး ပါပဲ။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းတည့်(၁၂:၀၀) နာရီမှ မွန်းလွဲ(၁:၂၃)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအဝါရောင်၊ပန်းနုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄/၆/၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ရှောက်သီးသုပ်စား သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရွှေထမင်းဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695