ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၁၁)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မတ်လ(၃၁)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၁၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၅၈)နာရီဖြစ်ပြီး ၊ ညနေ(၆:၁၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပါတယ်။ ငြိမ်းချမ်းခြင်း၊အေးမြခြင်းကိုပေးတဲ့ပုဏ္ဏတီထိပဲဖြစ်ပါ တယ်။ ဒီနေ့ဟာဆံသခြင်း၊ အလှပြင်ခြင်း၊ ခေါင်းလျှော်ခြင်းများဆောင်ရွက်လို့အထူးကောင်းပါ တယ်။အနုပညာနှင့်ပတ်သက်သော ပစ္စည်းများ ထုတ်လုပ်ဖြန့်ချီ လို့အလွန်ကောင်းပါတယ်။ ဆောင်ရွက်လက်စအလုပ်အော်ဒါများကိုဒီနေ့လက်စသတ်နိုင်ပါ လိမ့် မယ်။
ဒီနေ့ဟာဘုရားထီတင်ခြင်း၊ဆည်မြောင်း၊တံတားများပြုပြင် ထိန်းသိမ်းခြင်းတွေအထူးဆောင်ရွက်လို့ကောင်းပါတယ် ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းများလဲအထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပဲဖြစ်ပါတယ်။
ပြည်ပအလုပ်အကိုင်များရှာဖွေခြင်း၊ပြည်တွင်းပြည်ပသို့ ကုန်ပစ္စည်းများတင်ပို့ရောင်းချခြင်းတွေအထူးကောင်းပါ တယ်။ ဒီလိုနေ့မျိုးမှာ စုပေါင်းသစ်ပင်စိုက်ပွဲများကျင်းပလို့အထူးကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။အလုပ်အကိုင် အသစ်အတွက်အင်တာဗျူးဝင်ဖြေခြင်းတွေ၊အလုပ်လျှောက်လွှာတင်ခြင်းတွေလဲ အလေးပေးဆောင်ရွက်နိုင်ပါလိမ့် မယ်။ခရီးသွားလို့အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။ ပြည်တွင်းခရီးပဲဖြစ်ဖြစ်၊ ပြည်ပခရီးပဲဖြစ်ဖြစ်စတင်လို့ အလွန် ကောင်း တာ တွေ့ရပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။
ဒီနေ့ဟာ မင်္ဂလာတရားနှင့် ပြည့်စုံသော ရက်ကောင်းရက်မြက် ဖြစ်နေပါတယ်။ မင်္ဂလာကိစ္စများ ဆောင်ရွက်နိုင်ပါတယ်။ စတင်ဆောင်ရွက်သော ကိစ္စများမှ ကောင်းသောအကျိုးရလဒ်ကောင်းများ ရရှိနိုင်ပါတယ်။ နံနက်(၈း၂၄)နာရီမှ (၁၀း၂၈)နာရီကြား နေ့(၁း၁၂)နာရီမှ (၃း၃၆)နာရီကြား အရေးကြီးသောကိစ္စများ ဆောင်ရွက်နိုင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၈း၄၇)နာရီမှ နံနက်(၉:၃၈)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ မနက်၇နာရီ၃၄မိနစ် မှ ၈နာရီ၂၇မိနစ်ထိ၊ည၈နာရီ၄၇မိနစ်မှည၉နာရီ၄၀မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ဖုသျှ နက္ခတ်သည် ကုသိုလ်ကောင်းမှုတိုင်းအတွက် ကောင်းမွန်သည်။ ပေါ့ပါးပြီး လျင်မြန်သော နက္ခတ်ဖြစ်ပြီး အား ကစား၊ ဇိမ်ခံပစ္စည်းများ၊ စက်မှုလုပ်ငန်းစတင်ခြင်း၊ ကျွမ်းကျင်လုပ်သား၊ ဆေးကုသခြင်း၊ ပညာရေးစတင်ခြင်း၊ ခရီး များစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ ဝယ်ခြင်း၊ ရောင်းခြင်း၊ အလှဆင်ခြင်း၊ အနုပညာလက်ရာများ လေ့ကျင့် ခန်းနှင့် ချေးငွေပေးခြင်း သို့မဟုတ် လက်ခံခြင်းအတွက် သင့်လျော်သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း (ဥယျာဉ် )၊ အထပ်မြင့် အဆောက် အဦး/အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ လက်ထပ်ထိမ်းမြားခြင်း စသည့် အလုပ် များ ပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ကရကဋ်စန်း၊ဖုသျှ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးသူများဟာ အနုပညာပိုး ပါလာကြသူတွေဖြစ်ပါတယ်။ မိဘတွေသာအထောက်အပံ့ပေးနိုင်မယ်ဆို အောင်မြင်တဲ့ အနုပညာ သမားဖြစ်လာ တတ်ပါတယ်။ တရားမျှတမှုနဲ့ အမှန်တရားကိုမြတ်နိုးကြသူတွေဖြစ်ပြီး မဟုတ်တာလုပ်တာကို လက်မခံကြသူတွေ ဖြစ်ပါတယ်။ သူများအခက်အခဲတွေကိုကူညီတတ်ပြီး အပေါင်းအသင်းမင်ကြသူတွေဖြစ်ပါတယ်။ အလုပ် ကံအား ကောင်းပြီး နေရာကောင်းရခြင်း၊လစာကောင်းခြင်းမျိုးတွေကြုံရတတ်ပါတယ်။ငွေကံအားကောင်းပြီး အသုံးအဖြုန်း နည်းပြီးချွေတာတတ်ပါက စုမိဆောင်းမိတတ်သူလဲဖြစ်ပါလိမ့်မယ်။ အထောက်အပံ့အကူအညီ တွေရ လွယ် ကြတဲ့သူတွေဖြစ် ပါတယ်။ မိဘကိုမှီခိုပြီး အသက်၃၀ကျော် ၄၀ထိ နေနိုင်ကြသူတွေဖြစ်ပါတယ်။ ဒါကြောင့်ပဲ မိဘကိုအားကိုးလွန်းပြီး ဘယ်နေရာမှာမှ မစွံတဲ့သူမျိုးတွေလဲ ဒီလိုဇာတာမျိုးမှာမကြာခဏတွေ့ရပါတယ်။ ငါမှာနောက် ခံရှိတာပဲဆိုပြီးမှေး နေရာကနေ အိမ်ထောင်ကျတဲ့အထိ အမိအဘအထောက်အပံ့ယူနေတာမျိုးတွေ တွေ့ရတတ်ပါ တယ်။ ဒီနေ့မွေးရင် သွေးငယ်ရဲ့မိဘတွေက ထိန်းကွပ်တတ်ဖို့လိုပါတယ်။ အရာရာကိုအလိုလိုက်လွန်းရင် အမှားတွေ့ ပြီး အစွမ်းအစနည်း သူဖြစ်သွားနိုင်ကြောင်းပါဗျာ။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၃၈) နာရီမှ မွန်းလွဲ(၁၂:၁၀)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင် နှင့် ပန်းရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၅၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဆီးယိုအနည်းငယ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့်ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။