ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလပြည့်ကျော်(၇)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မတ်လ(၁၂)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၂၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၀)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၀)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင် အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ညပိုင်း(၁၀း၅၈)နာရီအထိ ကြာသပတေးမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် ဗုဒ္ဓဟူး မြေခံအဖြစ်သို့ ပြောင်းလဲကျရောက်နေပါတယ်။ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက် ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ရက်တံခွန်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ညပိုင်း(၁၀း၅၈)နာရီအထိ လဆုတ်တီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေပါသည်။ အေးချမ်းခြင်း၊ ကြည်လင်းခြင်းကိုပေးတဲ့ ပုဏ္ဏတီထိကျရောက်တဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့မျိုးမှာ ဘုရားဆင်တု တော်တွေကို ကြေးသွန်းခြင်း၊ထုလုပ်ပူဇော်ခြင်း၊ ပင့်ဆောင်ခြင်း၊ဘုရားနေကဇာတင် ခြင်းစတာတွေ ကိုစတင် ဆောင်ရွက်လို့ အထူးကောင်းပါတယ်။ ဘုရားစေတီတည်ခြင်းများ၊ပုံတော်ကား ချပ်များချိတ်ဆွဲ ပူဇော်ခြင်းများလဲ ဆောင်ရွက်နိုင်မဲ့နေ့ရက်ပါပဲ။
ဒီနေ့ဟာကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခြင်းဖြင့် အလုံးစုံအောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ သူတစ်ပါး အပေါ်ယုံကြည်အားထားပြီးလုပ်ရတဲ့အလုပ်တွေကတော့ ဆုံးရှုံးနစ်နာစရာများတတ်ပါတယ်။ အသက်အရွယ် ကြီးရင့်သော လူကြီးမိဘဘိုးဘွားတွေနဲ့ တွေ့ဆုံအကြံဉာဏ်တောင်းလို့ အလွန်ကောင်းတဲ့နေ့ထူးနေ့မြတ်ဖြစ်ပါ တယ်။
မိမိတို့ကိုးကွယ်တဲ့ ဆရာတော်ကြီးကို သိက္ခာထပ်ခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ ဘာသာရေးနဲ့ပက်သက်သောစကားများ၊လူမှုရေးနှင့် ပက်သက်သောစကားများ ပြောဆိုခြင်းများ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ထီဝါသနာပါသူများ ထီကံစမ်းလို့အလွန်ကောင်းပါတယ်။ လောကီကိစ္စထက် ဘုရားသွားခြင်း၊ ကျောင်းတတ် ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းများလဲ အထူးဆောင်ရွက်နိုင် ပါတယ်။ မိမိစိုက်ပျိုးထားတဲ့ သီးပင်စားပင်တွေကို ဓာတ်မြေသြဇာကျွေးခြင်းတွေ၊ အထွက်တိုးဆေးများပက်ဖြန်းခြင်းတွေ ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက် ဖြစ်ပါ တယ်။ ဒီလိုနေ့ရက်မျိုးမှာတော့ အမှုအခင်းတွေ၊ပြဿနာတွေမဖြစ်အောင်နေထိုင်လိုက်ပါ။ ဖြစ်လိုက်ရင်ဖြေရှင်းရန် ခက် ခဲ သွားတတ်ပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။
ဒီနေ့ဟာ ရာဇမင်းထံ ဝင်ထွက်သွားလာခြင်း မပြုရပါ။ မင်္ဂလာကိစ္စအလုံးစုံကို ဆောင်ရွက်ရန် အခါသင့်သည်။ တည် ဆောက်မှုရေးရာကိစ္စများ ဆောင်ရွက်နိုင်ပါသည်။ အလုပ်သစ်များစတင်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းများ ဆောင်ရွက်ရန် အခါကောင်း ကျရောက်နေပါတယ်။ အရပ်ဝေးခရီးနှင့် ပတ်သက်သောကိစ္စများ ဆောင်ရွက်ရန် အခါသင့်ပါတယ်။ နံနက်(၈း၂၄)နာရီမှ (၁၀း၄၈) ကာလများတွင် ဆောင်ရွက်သောကိစ္စများတွင် ထူးခြားသောအကျိုးရလဒ်ကောင်းများ ရရှိနိုင်ပါတယ်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့မနက် ၅နာရီ၂၄မိနစ် ကနေ မနက်၆နာရီ၁၂မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း ကတော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၁၀:၀၁)နာရီမှ နံနက်(၁၀:၅၃)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ တူစန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ရက်တွင် မွေးဖွားကြသူများဟာ အရာ ရာကိုရင်ဆိုင်ရတဲ့အခါတိုင်း အခက်အခဲနှင့် အဆင်ပြေခြင်းနှစ်မျိုးဒွန်တွဲပြီး တွေ့ရတတ်ပါတယ်။ အကောင်းနောက်မှာ အဆိုးပါတတ်သလို ဆိုးပြီးရင်လဲကောင်း လာတတ်တဲ့ဇာတာရှင်ပဲဖြစ်ပါတယ်။ မွေးစကနေ ၆နှစ်ထိ ကလေးရဲ့ အတိတ်ကံကြောင့် မိဘတွေအဆင်ပြေခြင်း၊ ကံကောင်းခြင်း၊လာဘ်ရွှင်ခြင်းအကျိုးတွေကိုခံစားရတတ်ပါတယ်။ ကံကောင်းတဲ့အချက်က ဘဝမှာ ကံကောင်းပြီဆို ပါက နှစ်ရှည်လများကံကောင်းတတ်တဲ့အချက်ကိုတွေ့ရပါတယ်။ အိမ်ထောင်ရေးကတော့ နောက်ကျမှကံကောင်း တတ်တာမို့ အသက် ၂၈မတိုင်ခင် အိမ်ထောင်ပြုမိရင်အိမ်ထောင်ရေး သာယာဖို့ အများအားဖြင့်မလွယ်ပါ။အတိတ်က လူဘဝနဲ့နီးစပ်ကြသူတွေဖြစ်တယ်။ အထူးသဖြင့် မိမိ ဆွေမျိုး အသိုင်းအဝိုင်းထဲက ပြန်ဝင်စားတဲ့လူဝင်စားဆိုတာမျိုးတွေဖြစ်နေတတ်ပါတယ်။ ဘဝမှာဘယ်လောက် အခက်အခဲရှိရှိ ကူညီမဲ့သူတွေ၊ကယ်တင်မဲ့သူတွေရှိနေတတ်ပါတယ်။ အတိတ်ကံအကျိုးပေးအားကောင်းတာမို့ ထီပေါက်တာ၊ အမွေရတာ၊ ချစ်လို့ မွေးစားခံရတာမျိုးတွေကြုံရတတ်ပါတယ်။
ဝိသာခါနက္ခတ်သည် ရောနှောထားသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး လုပ်ရိုးလုပ်စဉ်တာဝန်များ၊ ကျွမ်းကျင်မှု တာဝန် များ၊ အိမ်မှုကိစ္စများနှင့် နေ့စဉ်အရေးပါသည့် လှုပ်ရှားမှုများအတွက် ကောင်းမွန်ပါသည်။
ဤနက္ခတ်သည် အောက်သို့ မျက်နှာမူသော နက္ခတ်ဖြစ်ပြီးရေတွင်းတူးခြင်း၊သတ္တုမိုင်းတူးခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း၊ မီးရထားလမ်းများ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း၊ နက္ခတ်ဗေဒင် ၊သင်္ချာဘာသာရပ်၊ ပန်းပု ပညာ ၊ အနုပညာ၊ အရေးအသား ၊သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရားပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၄၅) နာရီမှ ညနေ(၆:၁၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ကြည်ပြာရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၀၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရ မယ်ဆိုရင်တော့ ပဲပေါက်ဆီစားသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပေါက်ပေါက်ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.????တစ်နေ့တာ အကျိုးပေးအရောင်များ
????တစ်နေ့တာ အကျိုးပေးဂဏန်းများ
????အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
????တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
????????????အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
????????ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695