loading

Tag: ဗေဒင်သုတေသီ

  • Home
  • Tag: ဗေဒင်သုတေသီ

24.Jan.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလဆုတ် (၁၁)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၉)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၇)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ် ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆိုရင် တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁၀)လုံး ကျရောက်နေတာဖြစ်ပြီး ပြည့်ဝခြင်းကိုပေးတဲ့နေ့ဖြစ်နေပါတယ်။ တီထိ(၁၀)လုံးအနေဖြင့် ဒီလိုနေ့မျိုးမှာအေးချမ်းတည်ကြည်မှု၊ စိတ်လက်ချမ်းသာမှုကို ပေးစွမ်းနိုင်တဲ့နေ့ရက် မျိုးပါပဲ၊  စိတ် ကောင်းထားပြီး နေနိုင်ရင်တော့ အလွန်ကောင်းမဲ့နေ့မျိုးပါပဲ။  ဘုရားသွား၊ ကျောင်းတတ်ပြီးနေထိုင် သင့်သလို အလုပ်စီးပွားအနေနဲ့ကလဲ သမ္မာအာဇီ၀ ကျတဲ့အလုပ်လေးတွေကို ဦးစားပေးလုပ်စေချင်ပါတယ်။

            အချစ်ရေးအတွက် ကံကောင်းစေမဲ့ယတြာအစီအရင်များ၊ ငွေကံကောင်းစေမဲ့ ယတြာအစီအရင်များ ပြုလုပ် လို့ကောင်းမဲ့နေ့ရက်ပါပဲ။ ကြာသပတေးဂြိုဟ်အားကောင်းတာကြောင့် ပညာရေးနဲ့ပတ်သက်သော ကိစ္စများ စာပေ ပတ်သက်သောကိစ္စများလဲ အဆင်ပြေအောင်မြင်မှုတွေရလာတတ်ပါတယ်။ ကြိုးစားထားသမျှ ဒီနေ့မှာ ပြည့် ဝအောင် မြင်မှုတွေရလာတတ်ပါတယ်။ ရေရှည်အတွက် လုပ်ရမဲ့အလုပ်များ၊ ဒီနေ့မှာtarget ထားပြီးကြိုးစားခြင်း ဖြင့် အောင်မြင် မှုတွေရသွားတတ်ပါတယ်။

            အလှကုန်ပစ္စည်းအမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ အရည်နှင့် ဆိုင်သော စားသောက်ကုန်ပစ္စည်းများ၊ ရောင်းခြင်း၊ဝယ်ခြင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများ အထူးပဲကောင်းမွန်နေတတ်ပါတယ်။ အရပ်ဝေးနှင့် ဆက်သွယ်မှုများ ဆောင်ရွက်ရန် ရက်ကောင်းရက်မြတ် ကျရောက်သည်။

            ငွေကြေးကိစ္စအ၀၀ဖြစ်တဲ့ ငွေချေးငှားခြင်း၊ ငွေပေးခြင်း၊ငွေယူခြင်း၊ ကိစ္စများ ၊အာမခံကိစ္စများ ဘဏ်ကိစ္စ များ ဆောာင်ရွက်လို့ အထူးအဆင်ပြေနေတတ်ပါတယ်။ယနေ့တွင် မင်္ဂလာအခါမပေးရပါ။ ဆောင်ရွက်လက်စ လုပ်ငန်းတို့ကို ရှေ့တိုးလုပ်ကိုင်နိုင်ပါသည်။ အခက်အခဲများ ဖြေရှင်းနိုင်သည်။ ရပိုင်ခွင့်များ ပြန်လည်တောင်းဆို နိုင်သည်။ ပုဏ္ဏာတီထိ ကျရောက်နေသောနေ့ဖြစ်သောကြောင့် မည်သည့်အလုပ်ကိုမဆို ပြီးမြောက်အောင်မြင်စေရန် အထူးကောင်းပါသည်။ အကျင့်သီလ၊ သာသနာ့လုပ်ငန်းဆောင်တာများ၊ ဓမ္မကျင့်စဉ်များ၊ အိမ်သို့ဝင်ရောက်ခြင်း၊ အရေးကြီးသော စီးပွားရေး လုပ်ငန်းများစတင်ရန်၊ မင်္ဂလာဆောင်၊ လက်ဝတ်ရတနာများ စတင်ဝတ်ဆင်ခြင်း၊ ခရီးသွားခြင်း၊ လုပ်ငန်းဆောင်တာများ၊ လမ်းပန်းဆက်သွယ်ရေး၊ မော်တော်ယာဉ်များ၊ အိမ်များနှင့် အရေးကြီးသော လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံခြင်းများအတွက် အထူးကောင်းမွန်ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၃း၀၉)နာရီမှ မွန်းလွဲ(၁၄း၀၁)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ အနုရာဓနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် ပါးနပ်လိမ္မာတယ်၊ မိမိရောက်ရှိသောပတ်ဝန်းကျင်မှာ ပျော်စရာကောင်းပြီး ချစ်စရာကောင်း တယ်။ မိမိရဲ့ ဟာသဉာဏ်က ဖွံ့ဖြိုးပြီး အားကစား ဒါမှမဟုတ် ပြိုင်ဆိုင်မှုကို နှစ်သက်သူပါ။ ယေဘူ ယျအားဖြင့် “ကံကောင်းသည်” ဟုယူဆရမည်ဖြစ်သည်၊ မိမိ၏စိတ်အားထက်သန်မှုနှင့် အပြုသဘောဆောင်သော သဘောထား ကြောင့် “မိမိကအောင်မြင်သောလမ်းကိုရောက်သည်” ဟုထင်ရသည်။ မိမိသည် အခြားသူများကို လေး စားပြီး ယေဘုယျ အားဖြင့် အလွန်ယဉ်ကျေးသိမ်မွေ့သည်။ မိမိဟာ အလွန်ချစ်ဖို့ကောင်းပြီး ကိုယ်ရည်ကိုယ်သွေး များစွာနဲ့ ဆွဲဆောင်မှု များစွာကို ပိုင်ဆိုင်ထားသူပါ။အရာရာအပေါ် အလွန်ပင် စိတ်ပူပင်သောက ရောက်တတ်ပါတယ်။ သို့သော် အကောင်းဆုံးရလဒ် ကတော့ အသက်ကြီးလာတာနဲ့အမျှ ဒီစရိုက်တွေ တစ်ဖြည်းဖြည်း လျော့ပါးလာတတ် ကြပါတယ်။ မိတ်ဆွေ အပေါင်း အသင်း များနှင့် စပ်တူလုပ်ငန်းတွင် မိမိသည် အောင်မြင်ကြီးပွားနေတတ်သလို မိမိ ရနိုင်စွမ်း ရှိသည်ထက် ပိုပေးလေ့ ရှိကြ ပါသည်။ တီထွင်ဖန်တီး နိုင်စွမ်းရှိပြီး စိတ်ကူးယဉ်တတ်သူ၊ မိမိသည်လည်း အလွန်စိတ်သဘောထား ကျယ်ပြန့်ပြီး လူ အများအပေါ် အမြဲကူညီ ပေးလေ့ရှိကြပါသည်။ကံကောင်းတာကအိုးကောင်း အိမ်ကောင်းနေရာ ကောင်းရတတ်ပါ တယ်။စည်းစိမ်ချမ်းသာနဲ့အပြည့်အဝနေရတတ်ပါတယ်။

အနုရာဓနက္ခတ်ဖြစ်တာကြောင့် အနုရာဓ နက္ခတ်သည် နူးညံ့သိမ် မွေ့သော သဘောသဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ်အပျော်အပါး အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ်ဝတ်ဆင်မှု၊ လက်ထပ်မှု၊ သီဆိုကခုန်မှု၊ စီတန်း လှည့် လည်ပွဲများ၊ အခမ်းအနားများ၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလာမှုများအတွက် ကောင်းမွန် သော နက္ခတ် ဖြစ်သည်

အနုရာဓနက္ခတ်အချိန်များတွင် ထီထိုးခြင်း၊ မေတ္တာ ရေးစကား ပြောဆိုခြင်း၊ အလှပြင်ခြင်း၊ လက်ဝတ် ရတနာ ဝတ် ဆင်ခြင်း၊ ယာဉ်၊ စက်ပစ္စည်း ရောင်းဝယ်ခြင်း၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး၊ ကားအရောင်း အဝယ်ပြုလုပ်ခြင်း၊ ခြံမြေ အိမ်ရာအရောင်း အဝယ် လုပ်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲ၊ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေဖြန့်ချိခြင်း ကောင်း၏။

ဂြဟဇာ ပွင့်ရာအရပ်သည် အနောက်အရပ်ဖြစ်သည်။ ဂြဟဇာ ပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာ ပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များကို လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။

ဝုဒ္ဓိယုဂ် ကျရောက်နေသောနေ့ဖြစ်သောကြောင့် “ကြီးပွားခြင်း” ဟူ၍ အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ်များအားလုံး လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဝဏိဇကရိုဏ်း ကျရောက်နေသောနေ့ဖြစ်သောကြောင့် မြတ်သောယောဂဖြစ်သည်။ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလာခြင်းနှင့် လုပ်ငန်းကိစ္စများအတွက် ကောင်းသောအကျိုး၊ စီးပွားရေး လုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သောအသိပညာရှိပြီး အရောင်းအဝယ်ကိစ္စများအတွက် အသင့်တော်ဆုံးဖြစ်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၅၃)နာရီမှ မွန်းလွဲ(၁၂း၁၈)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၃၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့တောင်အရပ်သို့ မျက်နှာမူကာ “ဝိဇ္ဇာစရဏ သမ္မန္နော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘိန်းမုန့်ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ

အောင်မှန်- အခါပေးဒိုင်ယာရီ

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

23.Jan.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလဆုတ် (၁၀)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၉)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၇)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၃)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်နှင့်မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၉)လုံး ကျရောက်နေတာဖြစ်ပြီး ဖယ်ရှင်းခြင်းအတွက်သုံးရန် ကောင်းတဲ့နေ့ ဖြစ်ပါတယ်။ ဒါကြောင့်ဒီလိုနေ့မျိုးမှာ အဆင်မပြေလို့ မလုပ်ဖြစ်ဘဲ ပစ်ထားလိုက်တဲ့ အလုပ်တွေရှိရင်တော့ ပြန်လည်လုပ်ကိုင်ကြည့်လိုက်ပါ။ အောင်မြင်သွားတတ်ပါတယ်။အနုစိပ်အသေးစိပ်လုပ်ကိုင်ရသော အလုပ်စီးပွား များ အောင်မြင်ခြင်းကိုဖြစ်ပေါ်စေပါတယ်။ မိမိတို့ ရစရာရှိတဲ့ငွေကြေးတွေ ၊လက်လွန်ထားတဲ့ငွေကြေးတွေရှိရင် ဒီနေ့မှာ ပြန်လည်တောင်းခံလို့ကောင်းတဲ့နေ့ရက်ပါပဲ။ နိုင်ငံခြားနဲ့ဆက်စပ်လုပ်ကိုင်ရသော စီးပွားရေးများ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများ၊ နိုင်ငံခြားသွားဖို့ အင်တာဗျုူးဖြေခြင်းလုပ်ငန်းများ အဆင်ပြေအောင်မြင်မှု တွေရလာတတ်ပါတယ်။

            ဒီလိုနေ့မျိုးမှာတော့မိမိတို့ကိုးကွယ်မဲ့ ဘုရားဆင်းတုတော်များ၊ ရဟန္တာပုံတော်များကို စတင်ထုလုပ်ခြင်းမျိုး ဒီနေ့ မှာ အလွန်ပဲကောင်းပါတယ်။ သံသရာက လွတ်မြောက်ကြောင်း အကျင့်များကျင့်ကြံခြင်း၊ ကိလေသာ ငြိမ်းအေးစေ ကြောင့် တရားတော်များကို နာယူခြင်းတွေဒီနေ့မှာ ပြုလုပ်လို့အလွန်ကောင်းပါလိမ့်မယ်။ အဆောက်အဦးအဟောင်း တွေကို ဖြိုဖျက်ခြင်းများ၊ အိမ်နဲ့မလွတ်သော သစ်ပင်ခုတ်လှဲခြင်းများ ဒီနေ့မှာ ဆောင်ရွက်လို့ အထူးပဲကောင်း နေတတ်ပါတယ်။

            ယနေ့တွင် အိမ်၊ ခြံမြေ၊ အရောင်းအဝယ်မပြုရပါ။ ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်းဖြစ်ပါတယ်။ ငွေကြေးကိစ္စများ စကားပြောဆိုနိုင်မည်။ ယနေ့တွင် ဆင်ရုပ်ပုံပါသော ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်း မပြုရပါ။ လာဘ်ပိတ်တတ်သည်။ ပြဿနာဖြစ်တတ်သည်။ ငြင်းခုန်ခြင်း၊ ပြိုင်ဆိုင်ခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းများလုပ်ခြင်း၊ သေနတ်ပစ်ခြင်း စသည်တို့အတွက် အထူးကောင်းမွန်ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၃း၁၃)နာရီမှ မွန်းလွဲ(၁၄း၀၅)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ် ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ် လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ဝိသာခါနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေး ဖွားသူများသည် ကျက်သရေရှိမှု၊ ဟန်ချက်ညီမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်ထား သည်။ ညီမျှခြင်းတရား လက္ခဏာအောက်တွင် မွေးဖွားလာသူမို့ အခြားသူများထက် မိမိက ထိပ်တိုက်ရင်ဆိုင်ပြီး ရုန်းထွက် နိုင်သူဖြစ်သည်။ မိမိသည် အများနှင့်မတူ တစ်မူထူးခြားပြီး လှပသောဘဝကို ပုံဖော်ရန်လည်း မိမိအမြဲကြိုးစားနေလေ့ ရှိပါသည်။ မိမိ၏ ကောင်းမွန်သော အဖွဲ့အစည်းကို ကျွမ်းကျင်မှုများဖြင့် ခိုင်မာပြီး လက်တွေ့ကျသော အစီအစဉ်များကို ချမှတ်နိုင်စွမ်း ရှိသည်။ မိမိတွင် ပုံမှန်မဟုတ်သော ဆွဲဆောင်မှုရှိသော အသံ သို့မဟုတ် အပြောအဆိုအမူအရာရှိသည်။ အံ့သြစရာ သို့မဟုတ် ထိတ်လန့်စရာဖြစ်စေသည့်အရာများတွင် မိမိသည် အထူးနှစ်သက်ပြီး သရဲကားရုပ်ရှင်တွေကို အထူးနှစ်သက်လေ့ရှိသည်။ သတိထားရမှာက အိမ်ထောင်ရေးကံအားနည်းချက်တွေနဲ့ပြည့်နှက်နေတတ်ပါတယ်။ အိမ် ထောင်ရေးအားနည်းချက် မရှိအောင်လို့ တတ်နိုင်သ၍ အိမ်ထောင်ရေးနောက်ကျလေကောင်းလေပါပဲ။ ကျန်းမာရေး အား ကောင်း သူဖြစ်ပြီး တော်ရုံကျန်းမာရေး အညံ့ မရှိတာမျိုးလဲ ဒီဇာတာမှာတွေ့ရပါတယ်။ ငွေကြေးကံအား ကောင်း ပြီးတော့ ကြိုးစားရင်ကြိုး စားသလောက် တစ်ချိန်ချိန်မှာလုပ်ငန်းတစ်ခုနဲ့မက အောင်မြင်တတ်တဲ့သူတွေဖြစ်ပါတယ်။

ဝိသာခါနက္ခတ်ဖြစ်တာကြောင့် ဝိသာခါ နက္ခတ်သည် ရောနှောထားသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး လုပ်ရိုးလုပ်စဉ်တာဝန်များ၊ ကျွမ်းကျင်မှု တာဝန်များ၊ အိမ်မှုကိစ္စများနှင့် နေ့စဉ်အရေးပါသည့် လှုပ်ရှားမှုများအတွက် ကောင်းမွန်ပါသည်။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့် လျော်သည်။

ဂြဟဇာ ပွင့်ရာအရပ်သည် အနောက်တောင်အရပ်ဖြစ်သည်။ ဂြဟဇာ ပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့ ကောင်းမွန်သောကိစ္စရပ်များကို လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။

ကဿယုဂ် ကျရောက်နေသောနေ့ဖြစ်သောကြောင့် “အန္တရာယ်” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကုသိုလ်ကံ မကောင်းခြင်းကိုဖြစ်စေသည်။

ဂရဇံကရိုဏ်း ကျရောက်နေသောနေ့ဖြစ်သောကြောင့် မြေကြီးတွင် စိုက်ပျိုးခြင်း၊ မျိုးစေ့ချခြင်း၊ အိမ်ဆောက်ခြင်းတို့ အတွက် အထူးကောင်းမွန်ပါသည်။ တိရစ္ဆာန်မွေးမြူခြင်းအလုပ်များနှင့် သို့မဟုတ် အိမ်များ၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း စသည်ဖြင့် သင့်လျော်မှုအရှိဆုံး ဖြစ်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၁း၄၂)နာရီမှ ညနေ(၀၃း၀၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဝါရောင် နှင့် ကြည်ပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၀၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့အရပ်သို့ မျက်နှာမူကာ “သုဂတော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဖက်ထုပ်ကြော်ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ

အောင်မှန်- အခါပေးဒိုင်ယာရီ

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(21.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ စိတြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် အောင်မြင်မှုကို ဦးစားပေးတဲ့၊ ဆွဲဆောင်မှုရှိပြီး ပုဂ္ဂိုလ်ရေးအရ အစွမ်းထက်တဲ့ သူတစ်ယောက်ပါ။ မိမိထိန်းချုပ်မှု၊ မိမိကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် မိမိကိုယ်တိုင်လုပ်ဆောင်နေ ချိန်တွင် မိမိသည် အကောင်းဆုံး လုပ်ဆောင်နိုင်သူဖြစ်ပါသည်။ သို့သော် မိမိသည် အခြားသူများနှင့် ပေါင်းသင်း ဆက်ဆံပြီး ထိုသို့ပြုလုပ်ရန် လိုအပ်သော အခါများတွင် မိမိ၏စိတ်မရှည်ခြင်းမှာ အခက်အခဲအချို့ကို ဖြစ်ပေါ်လာ စေပါသည်။

မိမိသည် ဘဝရပ်တည်ချက်နှင့် ဂုဏ်သိက္ခာကို အလွန်လေးစား တန်ဖိုးထားတက်ပြီး မည်သည့် ကိစ္စ ကိုမဆိုအပြီးအပြတ်လုပ်ကိုင်ဖြေရှင်းတတ် ပါသည်။လူချစ်လူခင်များတတ်သူဖြစ် ပြီးစကားပြောရင် တောင်ရောက် မြောက်ရောက်ဖြစ်နေတတ်သူလဲဖြစ်ပါတယ်။ နာမည်ပေးမှားရင်တော့ အချိန်ဆွဲသူ ဖြစ်တတ်ပြီး ဖင်လေးတတ် သူဖြစ်တယ်။ ကျန်းမာရေးကိုတော့ အသက် ၃၅ကျော်ရင်သတိထားရလိမ့်မယ်။ အစား အသောက်ဇီဇာကြောင် တတ် သူမို့ အစားအသောက်ရှားပါးတဲ့တောတောင်တွေထဲမှာ အလုပ်လုပ်ရတဲ့ ကိစ္စတွေကို မလုပ်တာအကောင်း ဆုံးပါပဲ။ မြို့ပြမှာနေတာအကောင်းဆုံးပါပဲ။ ငယ်ငယ်ကတည်းက ရေရှည်လုပ်ရမဲ့အလုပ်တွေကို တစိုက်မတ်မတ် လုပ်သွားပါ။ အဲလိုမှမလူပ်ရင် အရွယ်တစ်ခုရောက်တဲ့အခါမှာတော့ ဒုက္ခရောက်တတ်ပါတယ်။ ဝေလေ လေဖြစ် သွား နိုင်ပါတယ်။ အမိအဘတွေဆီက အမွေအနှစ်အပြည့်အဝရရှိသူလဲဖြစ်တတ်ပါတယ်။

သူတစ်ပါးက မလုပ်နိုင် လို့ မလုပ်ရဲလို့ လက်လျော့လိုက်တဲ့အလုပ်မျိုး၊ သူတစ်ပါးက အခွင့်ထူးမရလို့ ပစ်ခွါလိုက်တဲ့ အလုပ်မျိုးတွေကို လုပ်ခွင့်ရတဲ့အခါမျိုးမှာ မဟာအခွင့်အရေးထူးကြီး ရပြီလို့ ခံယူထားတဲ့ သူတွေပါ။ ဘယ်လောက် ခက်ခဲတဲ့ အလုပ်ဖြစ်စေ… နောက်မတွန့်၊ မကြောက်ရွံ့ဘဲလုပ် တတ်ကြတယ်။ အလုပ်လုပ် တဲ့နေရာမှာလည်း ဇွဲ ကောင်း တယ်။ လုံ့လဝီရိယ အပြည့်ရှိတယ်။ ဖြတ်ထိုးဉာဏ်၊ တွေးတောဉာဏ်၊ ဆင်ခြင်ဆုံးဖြတ်ဉာဏ်တွေ လည်း အလွန်ကောင်းပါတယ်။စိတ်ပိုင်းဆိုင်ရာတည်ဆောက်မှုတွင် ထက်သန်သူဖြစ်သဖြင့် ကြီး ကျယ်သောအကြံအစည် များကို ပြုနိုင်စွမ်းရှိသူ ဖြစ်သည်။ တပါးသူ၏ အတွေးအခေါ် အကြံအစည်ကို အယုံမလွယ်ဘဲ မိမိကိုယ်ပိုင်အမြင်ကို သာ အကောင်အထည် ပေါ် အောင်ဖော်သင့်ပါသည်။

တစ်ဦးတစ်ယောက် ကောင်းစားရေးထက် အများအတွက် ကောင်းစားရေးကို ပိုမိုအားသန်တတ်သူတွေဖြစ်တယ်။ ဖော်ပြပါအကြောင်းရင်းကြောင့် တသီးပုဂ္ဂလဆန်သောမုန်းတီးမှုမျိုးကို အကျိုးတရားအဖြစ်ရလာ တတ်ပါသည်။ ပုဂ္ဂိုလ်ရေးရန်သူများပေါ်ပေါက်တတ်သည်။ကောင်းတာလုပ်ပြီး အများအကျိုးကိုလုပ်လေ၊မနာလိုမုန်းတီးကြသူတွေ ရှိကြသလိုပေါ့ဗျာ။သင်ကိုယ်တိုင် ချမှတ်ထားသော အလုပ်များကို မနားမနေ လုပ်ကိုင် ဆောင်ရွက်တတ်သော အကျင့်ကြောင့် အာရုံ ကြောများ အရုပ်ကြိုးပြတ်သည့်နှယ် နွမ်းနယ်သည့် ဒဏ်ကို ခံရတတ် ပါသေးသည်။ အလုပ်မပြီး ရင် မအိပ်ဘူး။ နားချိန်လဲ မနားဘူးဆိုတဲ့ ဇွဲနပဲကြီးမှုတွေကို ကျန်းမာရေးလူမှုရေးတွေကို ထိခိုက်စေတာမို့သတိပြုပါ။

သူတစ်ပါးကိုအားမကိုးဘဲ ကိုယ့်ဒူးကိုယ်ချွန်ပြီး တိုးတက်အောင် ကြီးပွားအောင် လုပ်နိုင်စွမ်းရှိတဲ့ သူမျိုးဖြစ်ပါတယ်။ တစ်ခုတော့ရှိတယ်…။သူတစ်ပါးဆီမှာ အကူအညီတောင်းရမှာသေမလောက် ကြောက်တယ်ဆိုပေမယ့်… သူတစ်ပါးကို အကူအညီပေး နေရာမှာတော့ ထိပ်ဆုံးကပါဘဲ။ ဒါကြောင့် သဒ္ဓါတရား ကောင်းသူတွေလို့ လူတိုင်းက အသိအမှတ် ပြုကြပါတယ်။

အကြံအစည်များနှင့် ရည်မှန်းချက်များကို အကောင်အ ထည်ဖော်ရာတွင် များစွာသောငွေကြေးကို အသုံးပြု ရန် အားထုတ် သည့်အကျင့်လည်းရှိတတ်သည်။ငွေများများနဲ့ လုပ်ငန်းကို ပြီးပြည့်စုံအောင်စတင်အကောင် အထည် ဖော်ချင်တဲ့စိတ်မျိုးရှိသူဖြစ်ပါတယ်။ ဥပမာ ဈေးဆိုင်တစ်ဆိုင်ဖွင့်မယ်လို့စိတ်ကူးရင် မိမိရဲ့ စိတ်ကိုယ်က ဘာ မေးမေး ရှိတဲ့ဆိုင်မျိုးကို ဖွင့်ချင်ကြသူတွေဖြစ်ပါတယ်။မိမိဘဝအတွက် စီမံလျာထားချက်များကို လုပ်ကိုင် ဆောင်ရွက် ရာ ၌ အတော်အတန် စွန့်စွန့်စားစား လုပ်ရတတ် ပါသည်။ ငွေကိုအချောင်မရတတ်၊အချောင်လိုချင်လေ သူများ အလိမ်ခံ ရလေဆိုတဲ့ဇာတာမျိုးဖြစ်ပါတယ်။ ဘဝတွင် အောင် မြင်ရန် အလားအလာရှိနေပါသည်။ ဥာဏ်ဖြင့်ယှဉ်ပြီး ခံယူတတ် ပါစေ။ စိတ်ကြီးမဝင်မိပါစေနှင့်ဟူ၍ တိုက် တွန်းလိုပါသည်။

အလှူအတန်းလည်းရက်ရောတယ်။ ဘဝတစ်လျှောက်လုံးမှာ အလှူကြီး အတန်းကြီးတွေကို ကြိမ်ဖန်များစွာပြုလုပ် ရတတ်ပါတယ်။ အရာရာကိုခေါင်းဆောင် နိုင်တဲ့ အရည်အချင်းဟာ ကဘေးဘဝကစပြီး ဘဝတစ်လျောက်လုံး ပူးကပ် ပါလာလိမ့် မယ်။ နိုင်ငံရေးဗဟုသုတနဲ့ နိုင်ငံရေး စာပေတွေဟာလည်း ဘဝတစ်လျှောက်လုံးမှာ လက်ပွန်းတတီး ဖြစ် နေလိမ့်မယ်။

အလုပ်လုပ် ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အပင်ပန်းခံခြင်းတို့ကို အဆက်မပြတ် လုပ် ကိုင်မိပါက ကျွန်းမာရေး ကျဆင်းနိုင်ပါသည်။သင်၏ အရံခွန်အားကို သတိဖြင့် ပျိုးထောင်မထား ပါက နှလုံး နှင့်ပတ်သက်ပြီး ချွတ်ယွင်းတတ် ပါသည်။ ကျန်းမာရေး ညံ့ဖျင်းလာ ခြင်းသည် သင့်အပြစ်သာဖြစ်ပါသည်။ ဒါကြောင် အလုပ်များလာလေ၊ ကျန်းမာရေး လိုက်စားဖို့၊gym ဆော့ဖို့အချိန်ပေးသင့်လေဖြစ်ပါတယ်။

မိမိတို့အတွက် အရေးပါသောဂဏန်းများမှာ “သုံး” နှင့် “၇” ဂဏန်းတို့ဖြစ်သည်။ ၎င်းတို့သည် ကြာသပတေးနှင့် စနေဂြိုဟ်တို့ကို အသီးသီးကိုယ်စားပြုနေကြပေသည်။ဒါကြောင့် ဆောင်ရွက်စရာ ကိစ္စများနှင့် အကြံအစည် တို့ကို ““သုံး”ဂဏန်းကို ဖြစ်ပေါ်စေသည့် ၃၊၁၂၊၂ ၁ နှင့် ၃ဝ ရက်များ တွင် လုပ်ဖြစ်အောင်လုပ်ကိုင်ဆောင်ရွက်သင့်သည်။

သင်၏ ညှို့ဓါတ်စွမ်းအားတိုးတက်စေရန်နှင့် ပိုမို ကံကောင်းစေ ရန် ဝတ်စားဆင်ယင်ရာတွင် ကြာသပတေးဓါတ် အရောင်များကို အသုံးပြုသင့်သည်။ ၎င်းတို့မှာ ခရမ်းရောင် အနုဆုံးမှ အရင့်ဆုံး အထိ ပါဝင်ပေသည်။မိမိအတွက် ကံကောင်းစေမည့် ရတနာများမှာ ခရမ်းရောင်အသွေးပါသော ခရမ်းစွဲကျောက်များ၊ ပုလဲနှင့်စိန်တို့ ဖြစ်ကြပေ သည်။ဘဝ တလျှောက်တွင် အရေးကြီးသော အသက်ပိုင်းတို့မှာ ၃၊၈၊၁၂၊၁၇၊၂၁၊၂၆၊၃ဝ၊ ၃၅၊ ၃၉၊ ၄၇၊ ၄၄၊ ၅၃၊ ၅၇၊ ၆၂၊ ၆၆၊၇၁၊၇၅ နှင့်၈ဝတို့ဖြစ်ကြပါသည်။

တစ်နှစ်တာအတွင်း မည်သည့်လတွင် ဖြစ်စေ၊ သုံးဂဏန်းကို ဖြစ် ပေါ်စေသော ၃၊၁၂၊၂၁ နှင့် ၃ဝ ရက်တို့၌ မွေးဖွား သူများသည် သင့်အတွက် အဆွဲဆောင်ဆုံးသောသူများဖြစ်ပေသည်။ ရှစ် ဂဏန်း ကိုဖြစ်ပေါ်စေသော ၈၊၁၇ နှင့် ၂၆ ရက် ဖွားတို့နှင့်လည်း နီးစပ်နိုင် ပါသည်။ သို့သော်ရှစ်ဂဏန်းဟာ “သုံး”ဂဏန်းသမားများလောက် သင့်အတွက် အကျိုး မပြုတတ်ကြချေ။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

22.Jan.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလဆုတ် (၉)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၂၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၈)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ ကောင်း ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

ဒီနေ့ဟာ လူ့ပြည်ပြဿဒါး၊ ဝါရမိတ္တုကြီး၊ ဝါရမိတ္တူငယ်၊ ရက်ပုတ် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။

ရက်ပုပ်ကျတဲ့ ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၈)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၈)လုံး နေ့ အနေဖြင့် စာပေအနုပညာအလုပ်တွေ၊ ဂီတနှင့်ဆိုင်တဲ့အလုပ် များလဲအထူး ကောင်းနေပါလိမ့်မယ်။ လက်နက် ပြုလုပ်ခြင်း၊ လက်နက်တပ်ခြင်း၊စစ်တိုက်ခြင်း၊ စစ်ထွက်ခြင်း ၊အောင်မြေနင်းခြင်း ကိစ္စများလဲအလွန်ကောင်း တဲ့နေ့တစ်နေ့ပါပဲ။ မိမိလုပ်ငန်း မိမိအဖွဲ့အစည်းစွမ်းရည်ထက်မြက် အောင်လုပ်ဆောင် ခြင်းမျိုးအထူးပဲလုပ်သင့်တဲ့ နေ့တစ်နေ့ပါပဲ။ ခရီးသွားခြင်း၊ ကုန်သွယ်ခြင်း၊ ရောင်းဝယ်ဖောက် ကားခြင်းများကို ဒီနေ့မှာလုပ်ဆောင်နိုင်ပါတယ်။ အသင်းအဖွဲ့စတင်ဖွဲ့စည်းခြင်းများ၊ပါတီတစ်ခုစတင်တည်ထောင် ခြင်းများဒီနေ့မှာ စလို့အလွန်ပဲကောင်းပါတယ်။

            ဒီနေ့မှာပညာစတင်သင်ယူခြင်း၊အသီးအနံခူးဆွတ်ခြင်း၊ ထွန်းချခြင်း၊ ပျိုးကြဲခြင်းများ ဒီနေ့မှာ လုပ်ဆောင် နိုင် ပါတယ်။ လုပ်ငန်းသစ်စတင်ခြင်း၊အလုပ်သစ်လျှောက်ခြင်း၊ အဝတ်အထည်ရက်လုပ်ခြင်းများ အထူးကောင်း ပါ တယ်.ရွှေငွေကျောက်မျက်ရတနာများဝယ်ယူခြင်း ရောင်းချခြင်းမျိုးလဲ ဒီနေ့မှာအဆင်ပြေပါလိမ့်မယ်။ အိမ်ခြံမြေ ဝယ်ယူခြင်း၊ ရောင်းချခြင်းများလဲ ဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။

`           ချစ်မှုရေးရာကိစ္စများလဲ အခက်အခဲပြဿနာတွေကြုံပြီးမှပြန်လည်ကောင်းမွန်တဲ့နေ့ရက်ဖြစ်ပါတယ်။ ကြား စကား တွေယုံပြီးအချင်းချင်းအထင်လွဲစရာကိစ္စလေးတွေဖြစ်လွယ်နေပါတယ်။ဒါအပြင်ချစ်သူနဲ့ အနာဂတ်ဘ၀ ခရီးလမ်းအတွက် တိုင်ပင်လို့ အလွန်ပဲကောင်းမွန်တဲ့နေ့ရက်ပါပဲ။

            စပ်တူရှယ်ယာအလုပ်များ၊ ကုမ္ပဏီအစုစပ်အလုပ်တွေ၊ စတော့ရှယ်ယာ လုပ်ငန်းတွေလဲ ကောင်းမွန်တဲ့ နေ့မျိုးပါပဲ။ ငွေကြေးဆိုင်ရာ ကိစ္စအ၀၀များဖြစ်တဲ့ ငွေပေးခြင်း၊ငွေယူခြင်း၊ အာမခံခြင်း၊ ချေးငှာခြင်းများ၊ ဘဏ် အလုပ်ကိစ္စ များလဲ ဆောင်ရွက်နိုင်ပါတယ်။ဇေယျာတီထိ ကျရောက်နေသောနေ့ ဖြစ်သောကြောင့် “အောင်မြင်ခြင်း” ဟူသောအဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ လက်နက်များကိုင်ဆောင်ခြင်း၊ ကာကွယ်ရေး တည်ဆောက်ခြင်း၊ ခံတပ်တည် ဆောက်ခြင်း၊ ဗိသုကာပညာ၊ ငြင်းခုံခြင်း၊ ကခုန်ခြင်း၊ အားကစား၊ အနုပညာလေ့လာခြင်း၊ အိမ်များနှင့် အိမ်ခြံမြေများ ဆိုင်ရာ လှုပ်ရှားမှုများ၊ လေ့လာခြင်းနှင့် ဆောက်လုပ််ရေး၊ အရေးကြီးသော စီးပွားရေးလုပ်ငန်းများ စတင်ရန် ကောင်းမွန်ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၃း၁၇)နာရီမှ မွန်းလွဲ(၁၄း၀၉)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ် ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ် လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ သွာတိနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် အထူးသဖြင့် တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံပြီးစပ်တူအလုပ်များ အလွန် ကြီးပွားနိုင် ပါသည်။ အများစုအတွက်၊ မိမိဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ အတော်လေး အားထုတ်ကြိုးစားသူ အဖြစ် တည် ရှိပြီး အများ နှင့်မတူတဲ့ ထူးခြားတဲ့ဆွဲဆောင်မှုတစ်ခုရှိတယ်။ အရာရာတိုင်းကို မိမိသည် အပြင်ပန်း သဏ္ဍန် တန်ဖိုးဖြင့် မည်သည့်အရာကိုမျှ လက်မခံဘဲ၊ မိမိ၏ ခံယူချက်နှင့် ပေါင်းစပ်ကာ လက်ခံတတ်သူများဖြစ်ပါတယ်။ အခြားသူများ လေးစားသော ဆွဲဆောင်မှုရှိပြီး အသိဉာဏ်ရှိသော အမြင်ဖြင့် မိမိပတ်ဝန်းကျင်ကို ထိန်းချုပ်ထားနိုင် သည်။ မိမိသည် စိတ်ခံစားမှုူဆိုင်ရာ သဘောထားကြီးသူ၊ လေးစားဖွယ်ကောင်းပြီး လူကြိုက်များသည်။ လောင်းကစား လုံးဝမလုပ်သင့်တဲ့ ဇာတာရှင်လဲဖြစ်ပါတယ်။ ငွေကြေး လက်လွယ်တတ်ပြီးအသုံးကြမ်းသူလဲဖြစ်ပါတယ်။ အိမ်ထောင် ရေး အပေါ် တန်ဖိုးထားမှုနည်းပြီး အိမ်ထောင်ဆက်များ နိုင်တာကိုတွေ့ရတယ်။ ပညာရေးအခွင့်အလမ်းများတဲ့ သူဖြစ်တာမို့ မိမိက သေချာကြိုးစားဖို့အထူးလိုအပ်ပါတယ်။

သွာတိနက္ခတ်ဖြစ်တာကြောင့် သွာတိ နက္ခတ်သည် ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ အလည် အပတ်ခရီးထွက်ခြင်း၊ သူငယ်ချင်းများနှင့် ယာယီသဘာဝအတိုင်း လုပ်ဆောင်ရန် အဆင်သင့်ရှိသော ယာယီ၊ ရွေ့ပြောင်းနိုင်သော် အမြန်သဘာဝရှိသော နက္ခတ်တစ်လုံးဖြစ်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာ ပွင့်ရာအရပ်သည် တောင်အရပ်ဖြစ်သည်။ ဂြဟဇာ ပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။

သူလယုဂ် ကျရောက်နေသောနေ့ဖြစ်သောကြောင့် “လှံ”ဟူသောအဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ် များအတွက် မသင့်လျော်ပါ။

ကောလဝါကရိုဏ်း ကျရောက်နေသောနေ့ဖြစ်သောကြောင့် မင်္ဂလာဆောင်၊ သတို့သမီးရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက် သို့မဟုတ် ကာလရှည်ကြာစွာ တည်မြဲနေမည့်အရာများကဲ့သို့သော ပုံသေလုပ်ထားသည့်အရာများအတွက် အထူးကောင်းပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၁၇)နာရီမှ မွန်းလွဲ(၀၁း၄၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ သောကြာ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် လိမ္မော်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၂၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့မြောက်အရပ်သို့ မျက်နှာမူကာ “အရဟံ” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ခေါပုတ်ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ

အောင်မှန်- အခါပေးဒိုင်ယာရီ

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(20.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် စိတ်ခံစားမှုအရ အလိုအလျောက်သိမြင်တတ်သူဖြစ်ပြီး စိတ်နှလုံးတွင် ရိုမန်တစ်ဆန်သော၊ မိမိသည် အရမ်းစိတ်ကူးယဉ်တတ်သူ၊ ရက်ရောပြီး ဟာသဉာဏ်ကောင်းသူဖြစ်သည်။ မိမိဟာ ကိုယ်ပိုင်ဘဝနဲ့ လူတွေရဲ့ ပိုခက်ခဲတဲ့ အသွင်အပြင်တွေကို အထူးသတိထားရှောင်နေတတ်တယ်။ အထူးသဖြင့် သက်တောင့်သက်သာနှင့် ပေါ့ပေါ့ ပါးပါးရှိခြင်းကို နှစ်သက်သောကြောင့် မိမိသည် ပို၍လက်တွေ့ကျခြင်း သို့မဟုတ် တက်ကြွနိုင်သည့်အချိန်များလည်း ပိုင်ဆိုင်လျှက်ရှိနိုင်ပါသည်။မိမိဟာ စည်းကမ်းကောင်းပြီး မိမိရဲ့ စိတ်နေသဘောထားက အေးမြပြီး သဘောကျ စရာ ကောင်းတယ်။ ချစ်ခြင်းမေတ္တာ၌ စွန့်လွှတ်အနစ်နာခံမှု များစွာ ကိုလည်း ပြုလုပ်နိုင်စွမ်းရှိသည်။ အရွယ်တစ်ခုရောက် သောအခါ ဘဝလွတ်မြောက်ရာကို ရှာဖွေပြီး တရားနောက် လိုက်သွားသူတွေဖြစ်တတပါတယ်။ တစ်ခုသတိထားရမှာက ငွေကို သုံးသင့်တဲ့နေရာမှာ နှမြောနေတတ်ပြီး မသုံးသင့် တဲ့နေရာမှာ သုံးခြင်းတွေကို သတိထားဆင်ခြင်ပါ။ တစ်ခုခုကို ပြောင်းလဲဖို့ ဝန်လေးခြင်းကြောင့်လဲ အောင်မြင်မှုက နောက်ကျတတ်ပါတယ်။ အသက် ၃၅ကျော်သွားရင် အိမ်ထောင် ပြုချင်စိတ်မရှိတော့ဘဲ တစ်ကိုယ်တည်းနေချင်စိတ် ပြင်းထန်သွားတတ်ပါတယ်။

ဒီနေ့မွေးသူများဟာ သိဥာဏ်ပညာ ပြည့်စုံဖို့လိုပါတယ်။ ဥာဏ်မကြီးရင် ဘဝမှာဝေလေလေ ဖြစ်သွားတတ် ပါတယ်။ တကယ်ကို မိမိတို့ တက်သိထားတဲ့ပညာကိုအသုံးမချမိဘဲ မိမိတို့ စိတ်မပါတဲ့အလုပ်မျိုးတွေနဲ့ အသက် မွေးမိတတ်ပါတယ်။ ဘာသာစကားနယ်ပယ်မှာ တော်ကြသူတွေဖြစ် ပါတယ်။ ခရီးသွားလုပ်ငန်းနှင့် တစ်ပါးသူကို ဂိုက်လိုင်းချပေးတဲ့ ဆရာအလုပ်တွေနဲ့အောင်မြင်လွယ်ကြပါတယ်။ ပထမ အရွယ်၊ဒုတိယအရွယ်တစ်ဝက်လောက်ထိ ကံအားနည်းချက်ရှိကြပါတယ်။ အသက် ၄၃လောက်မှ ကံကြမ္မာက မိမိ ကိုမျက်နှာသာပေးပါလိမ့်မယ်။

ငွေကို မိမိအကြံအစည် များကို အကောင်အထည် ဖေါ်ရာတွင် လမ်းအဖြစ်ခင်း၍ အသုံးပြုတတ်သော်လည်း မက်မက်မောမော မရှိ ကြ။ မိမိဥာဏ်စွမ်းဥာဏ်စကြောင့် မိမိအလိုရှိရာကို ရနိုင်သည် ဟူသောအသိမျိုး ရှိနေတတ်သည်။ မိမိအရှိထက်ပို၍ အထင်ကြီး ခံရ လေ့ရှိသည်။ငွေရှာချင်လို့ အလုပ်လုပ်တာမျိုးမဟုတ် တစ်ခုခုကို လုပ်နိုင်တယ်ဆိုတဲ့ ပြီးမြောက်မှုကို လိုချင်လို့ အလုပ်လုပ် သူတွေဖြစ်တယ်။

တစုံတယောက်က တောင်းခံလျှင်၊ ပေးကမ်း ထောက်ပံ့ကူညီ လိုသော စိတ်မျိုးရှိသည်၊ အထင်သေးခံရမည် ကို မလိုလားချေ၊ သိက္ခာ ကျ မခံလိုသောစိတ်နှင့်မိမိအရှိထက် ကျော်လွန်ပေးကမ်းတတ်သော ကြောင့် ဒုက္ခရောက်တတ် သည်။ ထိုစိတ်မျိုးမှလွဲ၍ ငွေကြေး အသုံး အစွဲ သတိရှိတတ်ကြပါသည်။

စိတ်ကူးဉာဏ် ကွန့်ရသောအလုပ်မျိုးတွင် အောင်မြင် နိုင်သည်။ စည်းကမ်းစနစ်ဖြင့်လုပ်ကိုင်ရသောစီးပွါး ရေးလုပ်ငန်း မျိုးနှင့်မကိုက်ပါ။ စည်းကမ်းတွေ ဖိအားတွေ ဆူပူကြိမ်းမောင်းပြီး ခိုင်းစေတာမျိုးတွေကို လုံးဝမကြိုက်သူတွေပါ။ မြင့်မြင့် ကြံတတ်သည့် စိတ်ကူးယဉ် အိပ်မက်များလည်း ရှိနေတတ် သည်။မိမိကိုယ်ကိုမိမိယုံကြည်အားကိုးစွာဖြင့် အရာရာကို ဆောင်ရွက် နိုင်လျှင် မိမိတို့၏စိတ်ကူးယဉ်အိပ်မက်များ အကောင်အထည် ပေါ် နိုင်သည်။

အဝေဖန်မခံလိုကြသဖြင့် အမြဲတမ်း အားပေးအားမြှောက်ပြုမည့် သူ ရှိပါမှ၊ အစွမ်းအစများ ပေါ်ထွက်လာနိုင်သည်။ ဒါကြောင့်မိဘက ကိုယ့်ရဲ့ဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုဖို့၊ချီးကျူးဖို့ သိပ်လိုပါတယ်။ပတ်ဝန်းကျင် အခြေ အနေ အရ လွတ်လပ်ခွင့်မရသောအခါမျိုးတွင် စိတ်ဂဏှာမငြိမ် ဘဲ၊ စိတ်မချမ်းမသာ ဖြစ်နေတတ်သည်။ မိမိ၏ အကြံ အစည်များကို ပုံဖေါ်ရာတွင် လွတ်လပ်မှုလိုသဖြင့် ထိုသို့ မသာမကြည် ဖြစ်ရခြင်း ဖြစ်သည်။

ထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ပြသတတ်ပါတယ်။ ဆင်ခြင်စဉ်းစားဉာဏ်လည်း အလွန်ထက်မြက်ပါတယ်။ ငယ်စဉ်ကလေးဘဝ ကစပြီး ဘာအလုပ်ပဲလုပ်လုပ်… ဆင်ခြင်စဉ်းစားဉာဏ်နဲ့ပဲ လုပ်တတ်ပါတယ်။ ကိုယ်ကာယ လျင်မြန် သန်စွမ်းမှုကို သုံးပြီး ကစားရတဲ့ ကစားနည်းထက် ဆင်ခြင်စဉ်းစား ဉာဏ်သုံးပြီး ကစားရတဲ့ ကစားနည်း တွေကို သဲသဲမဲမဲ ကစားလေ့ရှိကြပါတယ်။ ဒါကြောင့်လည်း ရာထူးကြီးမားတဲ့ အဆင့်မြင့်တရား သူကြီးတွေ၊ ကမ္ဘာ ကျော် စစ်တုရင်ချီပီယံကြီးတွေ ဖြစ်ကြတာပါပဲ။ဘယ်အလုပ်ပဲ လုပ်လုပ် ပေါ့ပေါ့တန်တန် မလုပ်ဘူး။ ဆင်ခြင် စဉ်းစားဉာဏ် သုံးပြီးမှလုပ်တဲ့အတွက်… မအောင်မြင်တဲ့အလုပ်ဆိုတာ ရှိကိုမရှိဘူး။ “ကံကိုယုံပြီး ဆူးပုံနင်း” တဲ့ အထဲမှာမပါဘူး။ တိုင်းပြည်ရဲ့ ဥပဒေပြု ပညာရှင်ကြီးတွေဟာ (2) ဂဏန်းသမားတွေပါပဲ။ မိမိရဲ့ အသိုင်းအဝန်းက ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ ပြဿနာအရပ် ကိစ္စအဝဝ ကို ဆင်ခြင်စဉ်းစား ဉာဏ်သုံးပြီး ဒိုင်ခံဖြေရှင်း ပေးရ တာကများပါတယ်။

ကျန်းမာရေးကတော့ အရွယ်သုံးပါးမှာ တစ်ပါးပါးတော့ အလွန်ညံ့ကြတာတွေ့ရတယ်။ ပထမအရွယ်မှာ ကျန်းမာရေး ခြူခြာသူဆို ဒုတိယအရွယ်၊တတိယအရွယ်တွေကျန်းမာရေးအလွန်ကောင်းကြပါတယ်။ ရင်ဘတ်ပိုင်းအားနည်းခြင်း၊ လေထိုးခြင်း၊ခေါင်းကိုက်ခြင်းတွေဖြစ်လေ့ရှိတဲ့ သူတွေလဲဖြစ်ပါတယ်။

“နှစ်” “ခုနစ်”ဂဏန်းနံပတ် ရက်စွဲများကိုဖြစ်ပေါ်စေသည့် ၂၊ ၇၊၁၁၊ ၁၆၊၂၀၊ ၂၅၊ ၂၉ စသည်တို့သည် အရေးပါလှသည်။ မည်သည့်လတွင်မဆို ထိုနေ့များတွင် ဆောင်ရွက်စရာတို့ကို ဆောင့် ရွက်ပါ။

အဖြူ၊နို့နှစ်ရောင်၊အစိမ်းဖျော့၊ ဂျိုးငှက်ရောင်၊ မီးခိုးရောင်၊ အစရှိသော အရောင်အသွေးများ ပါသော အဝတ်အစား အသုံး ဆောင်များကို အသုံးပြုပေးခြင်းဖြင့် ညှို ့ဓါတ်စွမ်းအားတိုးတက်ပြီး “ကံ”ကောင်းလာနိုင်သည်။

ဘဝတစ်သက်တာအတွင်း မှတ်ထင်ထင် ဖြစ်စေမည့် အသက် အပိုင်း များမှာ ၇၊ ၁၁၊ ၁၆၂၀၊ ၂၅၂၉၊ ၃၄၊ ၃၈၊ ၄၃၊ ၄၇၊ ၅၂၊ ၅၆၊ ၆၁၊ ၆၅၊ ၇၀၊ ၇၄ နှစ်တို့ဖြစ်ကြသည်။

တစ်နှစ်တာမှမည်သည့်လမှမဆို ၂၊ ၇၊ ၁၁၊ ၁၆၊ ၂၀၊ ၂၅၊ ၂ ၉ရက်ဖွားများနှင့် တွေ့ဆုံရင်းနှီးရဖန် များတတ်သည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(19.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ဉတ္တရဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ မကာရရာသီဖွားဖြစ်ပါ သည်။ယနေ့ မွေးဖွား သူများသည် စေတနာသဒ္ဓါတရားရှိ၍ စိုးရိမ်ကြောင့်ကြမှုကင်းသော ပုဂ္ဂိုလ်ဖြစ်သည်။ နှစ်သက် ဖွယ်ကောင်းပြီး ဖော်ရွေသောစိတ်ရှိသော်လည်း မိမိနှင့်ပတ်သက်သော ကိုယ်ရေးကိုယ်တာတွေကိုထုတ်ပြ လေ့မရှိသူလဲ ဖြစ်ပါသည်။ မိမိသည် နူးညံ့သိမ်မွေ့ပြီး မတရားမှုမှန်သမျှကို အလွန်ပင် မုန်းတီးရွံရှာသည်။ မိမိဘဝ လုံခြုံစိတ်ချစေရန် မိမိလုပ်တဲ့ အရာအများစုကို ထိန်းချုပ်မောင်းနှင်နိုင်သူလဲဖြစ်ပါတယ်။

မယုံနိုင်လောက်အောင် အကဲခတ်တော်သူ ၊ရိပ်မိသိရှိ လွယ်သူ ဖြစ်ပြီး အခြေအနေ (သို့မဟုတ် လူတစ်ဦး) ကို လျင်မြန်စွာ ခန့်မှန်း သုံးသပ်နိုင်သည်။ မိမိရဲ့အချစ် ရေးက မိမိအတွက် အရေးကြီးပေမယ့် မိမိရဲ့ ပေါင်းသင်း ဆက်ဆံရေဆိုင်ရာ ချစ်ခြင်းမေတ္တာသည်လည်း အတူတူပင် ဖြစ်ပါသည်။ ခိုင်မာသော တည်ရှိမှုနှင့် ကိုယ်ပိုင်ဆွဲဆောင်နိုင်မှု စွမ်းရည် သံလိုက်ဓာတ် အစုအဝေးများ ရှိသည်မှာ မိမိအား အောင်မြင်မှုနှင့် အောင်မြင်မှုဆီသို့ ကြီးမားစွာ ကူညီပေးသည့် အရည်အသွေးများပင် ဖြစ်ပါသည်။ ငွေရေး ကြေးရေးဆိုင်ရာ အောင်မြင်မှုရရှိရန် အလားအလာများ စွာရှိသည်။ ငွေလာဘ်ရွှင်သူတွေဖြစ်ပါတယ်။ ကံကောင်း တာက မိခင်၊ အဖွား၊အဒေါ် အကြီးအကဲတွေဆီကနေ အကူအညီ တွေရလာတတ်ပါတယ်။ လူချစ်လူခင်သိပ်များတဲ့ ဖွားဇာတာဖြစ်ပါတယ်။ မိန်းကလေးဆို သတိထားရမှာကအချစ်ကို ပေါ့ပေါ့သေးသေး မတွက်မိပါစေနဲ့ ။အချစ် ကြောင့်ဒုက္ခရောက်နေတတ်ပါတယ်။ အချစ်နဲ့ အရွယ်မတိုင်ခင် ကင်းကင်း နေပါ။ သေချာကြိုးစားမယ်ဆိုရင်တော့ သက်လတ်ပိုင်း အသက် ၃၀ကနေ အသက် ၄၆အတွင်း အထူးကံကောင်းနေ တယ်။

သင်သည် လွယ်လွယ် စိတ်မလျှော့တက်ပေမယ့် သူတစ်ပါး ထိခိုက်စေမည့် အကြောင်းအရာများနှင့် ကြုံတွေ့လာရ ပါက ချက် ချင်းပင် အလျှော့ပေး ဆောင်ရွက်တက်ကြပါသည်။အများအားဖြင့် လူအများရဲ့ အကူအညီတွေရလွယ်ကြ ပါတယ်။ တစ်ခု အားနည်းချက်က ဆွေမျိုးသားချင်းတွေရဲ့ ဒုက္ခပေးခြင်းကိုခံရတတ်ပါတယ်။ ဒီနေ့မွေး ရင်သွေး များဟာ မိန်း ကလေးဖြစ်မယ်ဆိုရင်တော့ အထူးကောင်းပါတယ်။ အိမ်ထောင်ရေးကံအားသာချက်ရှိကြတဲ့သူ တွေအဖြစ် တွေ့ရပြီး တစ်သက်တာ အိမ်ထောင်ရေးအတွက်ရင်အေးရပါ လိမ့်မယ်။

ကလေးငယ်ဟာနယ်ပယ်သစ် ရှာဖွေဖောက်ထွက် ရာမှာ….သော်လည်းကောင်း၊ စွန့်စားလုပ်ကိုင်ရာမှာ သော်လည် ကောင်း…၊ စနစ်ဟောင်းတွေကို ချိုးဖောက်ပြီး စနစ် သစ်တော်လှန်ပြောင်းလဲ မှု ပြုရာတွင်သော် လည်း ကောင်း… အလွန်အင် မတန် စွမ်းအားရှိသော …ဖွားဇာတာရှင် ကလေး ငယ် ပါပဲ။အချိန်တန် အရွယ်ရောက်တာနဲ့ ဆွေမျိုး သွေးသား အသိုက်အဝန်းကို စွန့်ခွာပြီး….မထင်မှတ်ထားတဲ့ အဆင့်တစ်ခုဆီကို ..စွန့်စား ဖောက်ထွက် …အောင်မြင် သွားနိုင်သော ..ဇာတာရှင်လို့လည်း ဆိုနိုင်ပါတယ်။

ဆက်ဆံရေးမှာ ဟိတ်ဟန်မရှိပေမယ့် ပတ်ဝန်းကျင်နဲ့ ‘အုတ်ရောရော ကျောက် ရောရော’ မနေဘူး။ ရည်မှန်းချက် ကြီးပြီး၊ ရည်မှန်းချက်အတိုင်း ဖြစ်အောင် လည်း စွမ်းဆောင်နိုင်တယ်။အချုပ်အားဖြင့် ဆိုရင်တော့ ဒီနေ့မွေးသူများဟာ ဘယ်တော့မှ နောက်လိုက်ဖြစ်မှာမဟုတ်ဘူး။ ဦးစီးခေါင်းဆောင်ဘဲ ဖြစ်မယ်။ ဘ၀မှာနိမ့်ပါး ဆင်းရဲရမယ့်သူလည်း ဖြစ်မှာမဟုတ်ဘူး။ အောင်မြင်ချမ်းသာတဲ့ သူပဲဖြစ်မှာပါ။ ပညာအဆင့်အတန်းကိုတော့ ဘာမှ အထူးဟောနေစရာ မလိုဘူး။ မိဘဆွေမျိုးအသိုင်းအဝန်းရဲ့ ဂုဏ်ကိုမြှင့်တင်မယ့်သူတစ်ယောက် ဖြစ်ပါလိမ့်မယ်။

ဇန်နဝါရီလတွင်မွေးဖွားသော တစ်ဂဏန်းသမားများဟာ လွတ်လပ်မှုကိုအလေးထားသူဖြစ်သလိုဆန္ဒများတွင်လည်း ပင်ကိုယ်ဖန်တီးနိုင်စွမ်း ပြည်ဝ လျက်ရှိပေသည်။ဘဝအောင်မြင်ရေးနှင့်ပတ်သက်လျက်ဆိုရပါမူအသက်၂၀ကနေ အသက်၃၁ထိအထူးအားကောင်းကြတာတွေ့ရပါသည်။ မမျှော်လင့် သောအခြေအနေတို့ကြောင့်လည်း စောစီး စွာ အောင် မြင်တတ်သည်။မည်သို့ပင်ဖြစ်စေ ဘဝတွင် အောင်မြင်မည်သာဖြစ်သည်။ လွန်စွာ တွေးတွေးဆဆ ဂရုတစိုက် လုပ်ကိုင်တတ်သည့်ညာဉ်ရှိပြီးမည်သည့်ကိစ္စတွင်မဆို စေ့စပ်လွန်းတတ်ပါသည်။ လက်တွေ့ဆန်လျက် တည်ငြိမ်စွာ တွေးခေါ်တတ်သဖြင့် တစုံ တယောက်၏ ထင်မြင်ချက်ကြောင့် လွယ်လင့်တကူ တွေဝေယိမ်းယိုင်ရန် ခက်လှသည်။

မိမိအကြံအစည်များ၏ နောက်ကွယ်တွင်“ခိုင်မာသည့်စိတ်ပြဋ္ဌာန်းချက်ရှိသည့်အကြောင်းရင်း” ရှိနေတတ်ပါသည်။ ဘဝအခက်အခဲ များ ကြောင့် စိတ်ဓါတ်ကျမည့်သူမျိုးမဟုတ်ချေ။အလွန်ရက်ရောတတ်သော်လည်း .. တပါးသူ၏ အမိန့်နှင့် စေခိုင်း ခြင်းကို ခံပြင်းစွာ ငြင်းဆန်တတ်ပေသည်။ သို့သော် ကိုယ်နည်းကိုယ်ဟန်ဖြင့် လှူဒါန်းပေးကမ်းတတ် သူဖြစ်သည်။

ဘဝရည်မှန်းချက်ကို ခိုင်မြဲစွာ ချမှတ်ထားတတ်သူ ဖြစ်သဖြင့် အသိုင်းအဝန်းနှင့် သင့်မိသားစုကို ကျော်လွန်ပြီး တစ်မိ ပေါက်တစ်ယောက်ထွန်း ထိုးတက်သွားပါ လိမ့်မည်။ဘဝလမ်းတလျှောက်၌ မြောက်မြားစွာသော အခက်အခဲများနှင့် ရင်ဆိုင်ကောင်း ရင်ဆိုင်ရပေလိမ့်မည်။ သို့သော်လည်း မိမိ၏ သည်း ခံစိတ်နှင့် ခိုင်မာသောစိတ်တို့ကြောင့် ကျော် လွှားနိုင်ပါလိမ့်မည်။ အတားအဆီးအားလုံးကို ကျော်ဖြတ်နိုင်မည်။

သူတစ်ပါးကို ဆွဲဆောင်နိုင်တဲ့ သံလိုက်ဓါတ် ညှို့အားတစ်မျိုးကိုမွေးရာပါ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ မိမိတို့ရဲ့ သံလိုက်ဓာတ်ညို့အားဟာ ရုပ်ရည်ရူပကာနဲ့ မဆိုင်ပါဘူး၊ ရုပ်ချောတဲ့သူလည်း သံလိုက်ဓာတ်ညို့အား ရှိချင်မှရှိတာပါ။ ရုပ်ဆိုးပေမယ့်လည်း သံလိုက်ဓာတ်ညို့အား ရှိတတ် တာပါပဲ။ အဲဒီသံလိုက် ဓာတ်ညို့အားရှိတဲ့ လူဆိုတာ လူတစ်ထောင်မှာ တစ်ယောက်တောင်မရှိပါဘူး။ သံလိုက်ဓာတ်ညို့အားရှိတဲ့လူကိုမြင်သူတိုင်းက လေးစားတယ်။ ချစ်ခင်တယ်။ ယုံကြည်မှုရှိတယ်။ အဲဒီ သံလိုက် ဓာတ်ညို့အား အကြောင်းကို ရှင်းပြနေရင်တော့ တော်တော်နဲ့ ပြီးမှာ မဟုတ်ဘူး။ ကောင်းမွန်တဲ့ စွမ်းအားတစ်မျိုးလို့ဘဲ မှတ်ထား လိုက်ပါ။

ဇန်နဝါရီလ ၁၊ ၁၀၊ ၁၉၊ သို့မဟုတ် ၂၈ရက် ဖွားခဲ့သော်၊ မူးယစ်စေတတ်သော ဆေးဝါးနှင့် အရက်သေစာ သောက် စားခြင်း မရှိလျှင် လွန်စွာ ကျန်းမာရေးကောင်းသူဖြစ်လိမ့်မည်။

မကြာခဏဆိုသကဲ့သို့ပင် အအေးမိခြင်း၊ အကြောအခြင် ကိုက်ခဲ ခြင်း စသည်တို့ကို ခံစားရတတ်ပါသည်။ ထိုရောဂါ မျိုးကို ရှောင်ရှား လိုပါက ခြောက်သွေ့ သောရာသီဥတုနှင့် ကုန်းမြင့်ဒေသတို့ကို ရွေး ချယ်၍ နေထိုင်သင့်ပါသည်။

တနင်္ဂနွေဂြိုဟ် (နေမင်း) နှင့် ယူရေးနပ်စ်ဂြိုဟ်အသီးသီးကို ကိုယ် စားပြုသော ““တစ်”နှင့် “လေး” တို့သည်. .သင့်အတွက် အရေးပါ သော ဂဏန်းများဖြစ်ပါသည်။ ထို့ကြောင့် မည်သည့်လ၌မဆို ၁၊၄၊ ၁၀၊ ၁၃၊ ၁၉၊၂၂ ၊ ၂၈ နှင့် ၃၁ရက်တို့မှ တရက်ရက်တွင် ကိုယ့် အတွက် အရေးကြီးသည့်ကိုစ္စများကို ဆောင်ရွက်သင့်လှပေသည်။

မိမိ၏ညှို့ဓါတ်စွမ်းအား တိုးတက်စေရန်နှင့် ပိုမိုကံကောင်းစေရန်ဝတ်စားဆင်ယင်ရာတွင် တနင်္ဂနွေဂြိုဟ်နှင့် ယူရေးနပ်စ်ဂြိုဟ်တို့နှင့်သက်ဆိုင်သော အောက်ပါအရောင်များကို ရွေး၍အသုံးပြုပါ။

#တနင်္ဂနွေဂြိုဟ်– ရွှေရောင်၊ ရွှေညိုရောင်၊ ကြေးနီရောင်နှင့် အဝါ ရောင်။

#ယူရေးနပ်စ်ဂြိုဟ်– နီလာရောင်၊အပြာရောင်၊ မီးခိုးရောင်နှင့်အဖြူရောင်

ကိုယ့်အတွက် ကံကောင်းစေမည့် ရတနာများမှာ စိန်၊ နီလာနှင့်ပယင်းတို့ဖြစ်သည်။

သင့်ဘဝတွင် အမှတ်ထင်ထင် ဖြစ်စေမည့်. အသက်ပိုင်းများမှာ ၁၀၊ ၁၉၊ ၂၀၊ ၃၇၊၄၆၊ ၅၅၊ ၆၄၊ ၇၃နှစ်နှင့် ၄၊၁၃၊ ၂၂၊ ၃၁၊ ၄၀၊ ၄၉၊ ၅၈၊ ၆၇၊ ၇၆ နှစ်တို့ဖြစ်ပါသည်။တနှစ်တာအတွင်း မည်သည့်လ၌မဆို “တစ်”နှင့် “လေး”ဂဏန်း များကို ဖြစ်စေသော ရက်များ (ဥပမာ−၁၊ ၄၊ ၁၀၊ ၁၃၊ ၁၉၊ ၂၂၊ ၂၈နှင့် ၃၁) ရက်များတွင် ဖွားမြင်သူများနှင့် ဘဝတလျှောက်လုံး ရေစက်ဆုံနေပါလိမ့်မည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

20.Jan.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလဆုတ် (၇)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၁)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၉)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၂)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ကန်း၊ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရသေ့ကျော်ရက် ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာရသေ့ကျော်ရက် ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၇)လုံး ကျရောက်နေတာဖြစ်ပြီး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့ ဖြစ်နေပါတယ်။ တီထိ(၇)လုံးအနေဖြင့် ကောင်းခြင်းမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံတဲ့နေ့ရက်ပါပဲ။ မိမိရည်စူးထားတာ၊ ရည်ရွယ်ထားတာတွေကိုပြည့် မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်။ အထူးသဖြင့် မိမိအတွက် အဆင်ပြေမဲ့ ကုန်ပစ္စည်းများ သိုလှောင်ထားခြင်းများ ဆောင်ရွက် လို့ကောင်းပါတယ်။

            ဈေးဆိုင်အသစ်များ၊ ဈေးအသစ်များ၊ စူပါမားကတ်အသစ်များ၊ ဖွင့်လှစ်ခြင်းမျိုးအထူးကောင်းပါတယ်။ ထီကံမြင့်မားနေတာကြောင့် ၇ရက်သားသမီးများအားလုံးထီကံစမ်းသင့်ပါတယ်။ ၂ဂဏန်း၊၇ဂဏန်း၊၉ဂဏန်းများ များပါသော ထီလက်မှတ်ကို ရွေးချယ်ကံစမ်းခြင်းဖြင့် ထိရောက်မှုပိုရှိပါလိမ့်မယ်။

            ကျက်သရေမင်္ဂလာရှိသော နေ့ရက်ဖြစ်တာကြောင့် ဘုရားရုပ်ပွားတော် ၊ရဟန္တာကိုယ်တော်ကြီးများရဲ့ပုံ တော် များကိုနေရာချခြင်း၊ ပုံတော်ပန်းချီကားများကို ချိတ်ဆွဲခြင်းများလုပ်ဆောင်သင့်ပါတယ်။မဂ်လာဆောင်ခြင်း၊ စေ့စပ် ကြောင်း လမ်းခြင်း၊ ရှင်ပြုခြင်း၊ နားသခြင်း၊ ပဉ္ဇင်းခံခြင်းစတဲ့ မင်္ဂလာကိစ္စများလဲ ဆောင်ရွက်လို့ အထူး ကောင်းနေပါ လိမ့်မယ်။

            ငွေကြေးနဲ့ပတ်သက်သော စာချုပ်များ၊ အလုပ်နဲ့ပတ်သက်သော စာချုပ်များ၊ စီးပွားရေးနဲ့ပတ်သက်သော စာချုပ်များ ချုပ်ဆိုနိုင်တဲ့နေ့တစ်နေ့ပါပဲ။ အိမ်ခြံမြေတိုက်တာ အဆောက်အဦးများ ရောင်းချခြင်း၊ဝယ်ယူခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။

ဌာနဆိုင်ရာနဲ့ပတ်သက်သောလုပ်ငန်းများ၊ မင်းအစိုးရနဲ့ပတ်သက်သောအလုပ်များ၊ဘဏ္ဍာရေးနဲ့ပတ်သက်သော အလုပ် များ၊ စစ်ဘက်ဆိုင်ရာနဲ့ပတ်သက်သော အလုပ်များလဲ အထူးအဆင်ပြေနေတတ်ပါတယ်။ ဘုရားဖူးထွက်ခြင်း များ၊ ဆရာတော်သံဃာတော်များအားသွားရောက်ဖူးမျှော်ခြင်းများစတဲ့ကုသိုလ်တရား တွေ ဆောင်ရွက်လို့ အထူး ကောင်း ပါတယ်။ 

ရှောင်သင့်တာတွေကတော့ ဒီနေ့မှာဘယ်လိုကိစ္စတွေပဲလုပ်လုပ် ၊အလျင်စလိုမလုပ်လိုက်ပါနဲ့။ အချိန်ယူဆုံးဖြတ်ပါ။ စက်ကား၊ယန္တရားမောင်းနှင်ကြသူများ ဒီနေ့မှာ သတ်မှတ်မိုင်နှုန်းထက် ပိုမမောင်းမိပါစေနဲ့။ ဖြစ်နိုင်ရင်အရှိန်လျော့ ပြီး မိမိထိန်းနိုင်လောက်တဲ့ အနေအထားလောက်ပဲမောင်းကြပါ။ နောက်တစ်ခုက အမိအဘအဘိုးအဘွားရှိသူများ ထိုသူ တွေရဲ့ကျန်းမာရေးကိုအထူးဂရုစိုက်ပါ။

            ငွေကြေးစီမံခန့်ခွဲမှုတွေညံ့ဖျင်းနေတတ်တဲ့နေ့ရက်ပါပဲ။ မလိုအပ်တာတွေအတွက် ငွေသုံးမိတာ၊  တကယ် မလို အပ်တဲ့ပစ္စည်းအသုံးအဆောင်တွေဝယ်မိတာမျိုးတွေ ရှောင်ပါ။ စုမဲစုတာ၊ငွေလွယ်လွယ်ပေးလိုက်တာမျိုးတွေ လဲရှောင် လိုက်စေချင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၃း၂၅)နာရီမှ မွန်းလွဲ(၁၄း၁၇)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် စိတ်ခံစားမှုအရ အလိုအလျောက်သိမြင်တတ်သူဖြစ်ပြီး စိတ်နှလုံးတွင် ရိုမန်တစ်ဆန်သော၊ မိမိသည် အရမ်းစိတ်ကူးယဉ်တတ်သူ၊ ရက်ရောပြီး ဟာသဉာဏ်ကောင်းသူဖြစ်သည်။ မိမိဟာ ကိုယ်ပိုင်ဘဝနဲ့ လူတွေရဲ့ ပိုခက်ခဲတဲ့ အသွင်အပြင်တွေကို အထူးသတိထားရှောင်နေတတ်တယ်။ အထူးသဖြင့် သက်တောင့်သက်သာနှင့် ပေါ့ပေါ့ ပါးပါးရှိခြင်းကို နှစ်သက်သောကြောင့် မိမိသည် ပို၍လက်တွေ့ကျခြင်း သို့မဟုတ် တက်ကြွနိုင်သည့်အချိန်များလည်း ပိုင်ဆိုင်လျှက်ရှိနိုင်ပါသည်။မိမိဟာ စည်းကမ်းကောင်းပြီး မိမိရဲ့ စိတ်နေသဘောထားက အေးမြပြီး သဘောကျ စရာ ကောင်းတယ်။ ချစ်ခြင်းမေတ္တာ၌ စွန့်လွှတ်အနစ်နာခံမှု များစွာ ကိုလည်း ပြုလုပ်နိုင်စွမ်းရှိသည်။ အရွယ်တစ်ခုရောက် သောအခါ ဘဝလွတ်မြောက်ရာကို ရှာဖွေပြီး တရားနောက် လိုက်သွားသူတွေဖြစ်တတပါတယ်။ တစ်ခုသတိထားရမှာက ငွေကို သုံးသင့်တဲ့နေရာမှာ နှမြောနေတတ်ပြီး မသုံးသင့် တဲ့နေရာမှာ သုံးခြင်းတွေကို သတိထားဆင်ခြင်ပါ။ တစ်ခုခုကို ပြောင်းလဲဖို့ ဝန်လေးခြင်းကြောင့်လဲ အောင်မြင်မှုက နောက်ကျတတ်ပါတယ်။ အသက် ၃၅ကျော်သွားရင် အိမ်ထောင် ပြုချင်စိတ်မရှိတော့ဘဲ တစ်ကိုယ်တည်းနေချင်စိတ် ပြင်းထန်သွားတတ်ပါတယ်။

ဟဿတနက္ခတ်ဖြစ်တာကြောင့် ဟဿတ နက္ခတ်သည် အလင်း သို့မဟုတ် လျှင်မြန်သော နက္ခတ်ဖြစ်ပြီး၊ ဆေးဘက်ဆိုင်ရာကုသမှုများ၊ ပညာရေး စတင် ခြင်း၊ ခရီးများစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ အဝယ်ရောင်းခြင်း၊ ဝိညာဉ်ရေးဆိုင်ရာလှုပ်ရှားမှုများ၊ အလှဆင်မှုများ၊ အနုပညာလက်ရာများ၊ လေ့ကျင့်ခန်းများနှင့် ချေးငွေ့များပေးခြင်း သို့မဟုတ် လက်ခံခြင်းတို့အတွက် ကောင်းမွန်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ် နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာ ပွင့်ရာအရပ်သည် အရှေ့အရပ်ဖြစ်သည်။ ဂြဟဇာ ပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များကို ဆောင်ရွက်နိုင်ပါသည်။

သုကမ္မယုဂ် ကျရောက်နေသောနေ့ဖြစ်သောကြောင့် “ကောင်းသောအလုပ်”ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ်များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။

ဝဏိဇကရိုဏ်း ကျရောက်နေသောနေ့ဖြစ်သောကြောင့် မြတ်သောယောဂ ဖြစ်သည်။ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု ခရီးသွားလာခြင်းနှင့် လုပ်ငန်းကိစ္စရပ်များအတွက် ကောင်းမွန်သောအကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သောအသိပညာရှိပြီး အရောင်းအဝယ်ကိစ္စရပ်များအတွက် အထူးသင့်တော်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၈း၀၃)နာရီမှ နံနက်(၀၉း၂၈)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး၊ စနေသားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ သောကြာ ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် မရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၈၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူကာ “သံဃာပူဇေမိ” (၉)ခေါက် ရွတ်ဆို သွားပါ။ ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘုရားကပ်လှူပြီး စပျစ်သီးမှည့် လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

19.Jan.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလဆုတ် (၆)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၁)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၉)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၁)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင် ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ သမားညို၊ နဂါးပေါ်ရက် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ် လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၆)လုံး ကျရောက်နေတာဖြစ်ပြီး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့ဖြစ်ပါတယ်။ တီထိ (၆)လုံးအနေဖြင့် ပျော်ရွှင်ခြင်း၊ ကောင်းမြတ်ခြင်း၊ ကြွယ်ဝခြင်းတွေကိုပေးတဲ့ နန္ဒတီထိကျ ရောက်တဲ့နေ့လဲဖြစ်ပါတယ်။ သောကြာဂြိုဟ်တွေစိုးမိုးနေတာကြောင့် အကအခုန်များ၊ သီဆိုခြင်းများ၊ပွဲလမ်းသဘင်၊ Entertainment နှင့် ပတ်သက်သောအလုပ်ကိစ္စများ၊ ပန်းချီ၊ပန်းပုနှင့် ဥယျဉ်ခြံလုပ်ငန်းများလဲ အလွန်ပဲ အကျိုးပေးကောင်းမွန်တဲ့ နေ့ရက် ပါပဲဗျ။ဥပုသ်သီလဆောက်တည်တာ၊မိသားစုနဲ့အတူတူဘုရားဖူးတွက်တာစတဲ့အရေးကိစ္စတွေလဲ ကြုံရ တတ်ပါတယ်။ ပျော်စရာကိုရရှိနိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် မိမိချစ်ရသူတွေ၊ မိမိမိသားစုဆွေမျိုးသားချင်းတွေနဲ့ အတူပျော်စရာအချိန် လေးတွေကို ဖန်တီးလိုက်ပါဗျာ။

            ဒီနေ့မှာ ငွေကြေးကိစ္စတွေဖြစ်တဲ့ ငွေပေးခြင်း၊ငွေယူခြင်း၊ ချေးငှားခြင်းများနှင့် အာမခံလုပ်ငန်းများ၊ ဘဏ် လုပ်ငန်းများဒီနေ့မှာအလွန်ပဲ ဆောင်ရွက်လို့ကောင်းပါတယ်။ စတော့ရှယ်ယာလုပ်ငန်းများ၊ကုမ္ပဏီအစုစပ်လုပ်ငန်း များနှင့် ဖက်စပ်ရှယ်ယာလုပ်ငန်းများလဲ အထူးကောင်း တဲ့နေ့တစ်နေ့ပါပဲ။

            ဒီနေ့မှာ ယာဉ်ကားဝယ်ယူခြင်း၊ ရောင်းချခြင်းမျိုးလဲ ဆောင်ရွက်လို့ အဆင်ပြေပါတယ်။     ဆေးဝါးအမျိုးမျိုး၊ အလှကုန်ပစ္စည်းများ၊လူသုံးကုန်ပစ္စည်းများနှင့်အရည်နှင့်ဆိုင်သော စားသောက်ကုန် ပစ္စည်းများ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ထုတ်လုပ်ဖြန့်ဖြူးခြင်းများ ဒီနေ့မှာဆောင်ရွက်လို့သင့်ပါတယ်။အချစ်ရေးကံ၊မေတ္တာရေးကံမြင့်မားနေ တာကြောင့်မိမိချစ်ရသူကို ချစ်ရေးဆိုတာ၊မိမိခံစားချက်တွေကိုရင်ဖွင့်တာ ၊ လက်ထပ်ခွင့်တောင်းတာမျိုးတွေအထူး ပဲဆောင်ရွက်သင့်ပါတယ်။

            ယနေ့ ရာဇမင်းထံ ဝင်ထွက် သွားလာခြင်း မပြုရပါ။ သဗ္ဗသတ္တသိဒ္ဓိယုဂ် ရရှိမည်။ အလုံးစုံသော ကောင်းကျိုး များ ပြီးစီးအောင်မြင်မည်။ ခရီးသွား၍ အကျိုးရှိမည်။ အခက်အခဲများ ဖြေရှင်းနိုင်မည်။ အရပ်ဝေးနှင့် ဆက်စပ်သော လုပ်ငန်းများ အကျိုးပေးမည်။ အလုပ်ရှာခြင်း၊ တိုင်းတပါးနှင့် တိုက်ရိုက်ဆက်စပ်လုပ်ကိုင်ရခြင်းများ အကျိုးပေး မည်။ ပြဿနာအလုံးစုံကို ဖြေရှင်းအောင်မြင်နိုင်ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၃း၂၉)နာရီမှ မွန်းလွဲ(၁၄း၂၁)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ဉတ္တရဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ မကာရရာသီဖွားဖြစ်ပါ သည်။ယနေ့ မွေးဖွား သူများသည် စေတနာသဒ္ဓါတရားရှိ၍ စိုးရိမ်ကြောင့်ကြမှုကင်းသော ပုဂ္ဂိုလ်ဖြစ်သည်။ နှစ်သက် ဖွယ်ကောင်းပြီး ဖော်ရွေသောစိတ်ရှိသော်လည်း မိမိနှင့်ပတ်သက်သော ကိုယ်ရေးကိုယ်တာတွေကိုထုတ်ပြ လေ့မရှိသူလဲ ဖြစ်ပါသည်။ မိမိသည် နူးညံ့သိမ်မွေ့ပြီး မတရားမှုမှန်သမျှကို အလွန်ပင် မုန်းတီးရွံရှာသည်။ မိမိဘဝ လုံခြုံစိတ်ချစေရန် မိမိလုပ်တဲ့ အရာအများစုကို ထိန်းချုပ်မောင်းနှင်နိုင်သူလဲဖြစ်ပါတယ်။

မယုံနိုင်လောက်အောင် အကဲခတ်တော်သူ ၊ရိပ်မိသိရှိ လွယ်သူ ဖြစ်ပြီး အခြေအနေ (သို့မဟုတ် လူတစ်ဦး) ကို လျင်မြန်စွာ ခန့်မှန်း သုံးသပ်နိုင်သည်။ မိမိရဲ့အချစ် ရေးက မိမိအတွက် အရေးကြီးပေမယ့် မိမိရဲ့ ပေါင်းသင်း ဆက်ဆံရေဆိုင်ရာ ချစ်ခြင်းမေတ္တာသည်လည်း အတူတူပင် ဖြစ်ပါသည်။ ခိုင်မာသော တည်ရှိမှုနှင့် ကိုယ်ပိုင်ဆွဲဆောင်နိုင်မှု စွမ်းရည် သံလိုက်ဓာတ် အစုအဝေးများ ရှိသည်မှာ မိမိအား အောင်မြင်မှုနှင့် အောင်မြင်မှုဆီသို့ ကြီးမားစွာ ကူညီပေးသည့် အရည်အသွေးများပင် ဖြစ်ပါသည်။ ငွေရေး ကြေးရေးဆိုင်ရာ အောင်မြင်မှုရရှိရန် အလားအလာများ စွာရှိသည်။ ငွေလာဘ်ရွှင်သူတွေဖြစ်ပါတယ်။ ကံကောင်း တာက မိခင်၊ အဖွား၊အဒေါ် အကြီးအကဲတွေဆီကနေ အကူအညီ တွေရလာတတ်ပါတယ်။ လူချစ်လူခင်သိပ်များတဲ့ ဖွားဇာတာဖြစ်ပါတယ်။ မိန်းကလေးဆို သတိထားရမှာကအချစ်ကို  ပေါ့ပေါ့သေးသေး မတွက်မိပါစေနဲ့ ။အချစ် ကြောင့်ဒုက္ခရောက်နေတတ်ပါတယ်။ အချစ်နဲ့ အရွယ်မတိုင်ခင် ကင်းကင်း နေပါ။ သေချာကြိုးစားမယ်ဆိုရင်တော့ သက်လတ်ပိုင်း အသက် ၃၀ကနေ အသက် ၄၆အတွင်း အထူးကံကောင်းနေ တယ်။

ဉတ္တရဖလဂုဏီနက္ခတ်ဖြစ်တာကြောင့် ဥတ္တရဖလဂုဏီ နက္ခတ်သည် တည်ကြည်တည်ငြိမ်သော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကောင်းသော ကိစ္စရပ်များ ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်းအတွက် သင့်လျော်သည်။ ဗိမာန်ဆောက်ခြင်း သို့မဟုတ် တည်မြဲခြင်း သို့မဟုတ် တည်မြဲသော အကျိုးကို လိုလားသော အခြားလုပ်ဆောင်မှု တစ်ခုခုတို့အတွက် သင့်လျော်သည်။

 ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော် နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ/ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာ ပွင့်ရာအရပ်သည် အထက်အရပ် ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော လုပ်ငန်းကိစ္စရပ်များကို ဆောင်ရွက်လုပ်ကိုင်နိုင်ပါသည်။

အတိဂဿယုဂ် ကျရောက်နေသောနေ့ ဖြစ်သောကြောင့် “အတားအဆီးနှင့်အန္တရာယ်များစွာ” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ်များ ဆောင်ရွက် လုပ်ကိုင်ရန် မသင့်တော်ပါ။

တေထိလကရိုဏ်း ကျရောက်နေသောနေ့ဖြစ်သောကြောင့် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှု၊ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများ အားလုံးအတွက် အထူးကောင်း ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄း၂၀)နာရီမှ ညနေ(၀၅း၅၄)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ အင်္ဂါသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ စနေ၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၃၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူကာ “ဘဂဝါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ငါးကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(18.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ဗြုဗ္ဗာဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် သူငယ်ချင်း သို့မဟုတ် ချစ်ရသူအား ကူညီရန် အမြဲတမ်း အသင့်ရှိနေပေးမည့် ကြင်နာ တတ်သော စိတ်စေတနာရှိသူဖြစ်သည်။ မိမိသည် လူများကို အထူးသတိထားလေ့လာမှုရှိပြီး စစ်မှန်သော လူသားချင်း စာနာထောက်ထားမှုရှိသူဖြစ်သည်၊ လုပ်ငန်းနဲ့ပတ်သက်ရင်မည်သည့်နေရာတွင် မည်သို့ ကိုင်တွယ်လုပ်ဆောင်ရ မည်ကို ကောင်း ကောင်းသိနားလည်ပါသည်။ ပန်းတိုင်ကို ဦးတည်ပြီး အောင်မြင်မှုများရရှိရန် ကြိုးပမ်းဆောင်ရွက် ထားပါက အောင်မြင် မှု အတွက် ဖြစ်နိုင်ချေရှိသော အချက်အားလုံးနှင့် ပြည့်စုံပါသည်။ နူးညံ့ကြင်နာမှုပုံသဏ္ဌာန်ကို ပုံဖော်နိုင်ပြီး မိမိ၏ကိုယ်ပိုင်ယုံကြည်ချက်နှင့် ခံယူချက်အတိုင်း ပြုမူလုပ်ဆောင်တတ်သူဖြစ်သည်။ ထူးချွန်ပြီး အောင်မြင် တဲ့သူတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်ပြီး မိမိလုပ်ငန်းအတွက် အသုံးချနိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။ ကျန်းမာရေး အထူးအားကောင်း ပြီး တော်ရုံကျန်းမာရေးအညံ့မရှိပေမဲ့ အရေပြားရောဂါတွေကို တော့ဂရုစိုက်ဖို့လိုပါ တယ်။ငွေကြေးကံအား ကောင်းကြ သူ တွေဖြစ်ပြီး သတ်လက်ပိုင်းမှာ ချမ်းသာကြသူ‌တွေဖြစ်ပါတယ်။ နေရာထိုင်ခင်း အပြောင်း အလဲများပြီး နေရာပြောင်း၊ မြို့ပြောင်း၊ရပ်ကွက်ပြောင်းလဲနေထိုင်ရသူမျိုးဖြစ်တတ်ပါတယ်။ အသက် ၄၂ ကျော် မှပဲ အိုးအိမ်အခြေကျတတ်ပါတယ်။ အားသာချက်က စန်းအားကောင်းပြီး အိမ်ထောင်ဘက်ကောင်း ရတတ် သလို လူကြီးတွေရဲ့ အပြည့်အဝတာဝန်လွှဲ ခြင်းမျိုး၊ လုပ်ငန်းတွေကို မျက်နှာလွှဲပေးအပ်တာမျိုး ကြုံရတတ်ပါ တယ်။ ကိုယ်ပိုင်စီးပွားကံအားကောင်းတာမို့ အချိန် တန် ကိုယ်ပိုင်အလုပ်ကိုအားထည့်လုပ်မယ်ဆို ထူးခြားကျယ်ပြန့်စွာ အောင် မြင်နိုင်တဲ့သူမျိုးဖြစ်လာတတ်ပါတယ်။ နာမည်ပေးတဲ့အခါ စနေအစ အင်္ဂါအဆုံးနာမည်မျိုးတော့လုံးဝမမှည့် သင့်ပါ ဘူး။

ကျန်းမာရေးအတွက်ကြည့်ရသော် သင်သည် ငယ်ရွယ်စဉ်မှစ၍ ကျန်းမာရေးကောင်းသူဖြစ်ကြောင်း တွေ့ရပါသည်။ အရွယ်ထောက် လာသောအခါ နှလုံးကျန်းမာသန်စွမ်းရေးကို ဂရုစိုက်သင့်သည်။ချစ်ခင် ညှာတာသော စိတ်ရှိ သည်။ သနားတတ်မည်၊ ကြင်နာတတ်မည်၊ အားနာလွန်း၍ ဆုံးရှုံးမှုများမည်။ အပေါင်းအသင်းနည်းနိုင် သလောက် နည်းပါ၊ မိမိဘဝ၌ ပို၍အောင်မြင်ရန်မှာ မိမိပေါ်မူတည်နေသည်။ မိမိက တစ်ခုခုကို ယတိ ပြတ်ဆုံးဖြတ်ပြီးလျှင် မည်သည့်အခါမှ ထိုဆုံးဖြတ် ချက်ကို မပြင်လိုပါ။

မိမိက ငြိမ်သက်ပိရိတတ်သည်။ တိကျသေချာစွာ အလုပ်လုပ်တတ်မည်။ မိမိ၌ စိတ်ကူးကောင်းသည်။ ဉာဏ်ပညာ ကောင်း မည်။ အတွေးအခေါ် ဆန်းသစ် သည်။ စိတ်များလွယ်သည်။ မိမိ၏ ပျော့ကွက်မှာ မကြာခဏ အပြောင်း အလဲ မြန်ခြင်းဖြစ် သည်။ မိမိက အားနာတတ်သောကြောင့် မကြာခဏ ပြောင်းလဲနေမည်။ မိမိ၌ မစ္ဆရိယစိတ်များသည်၊ သူများကို မနာလိုမည်၊ ပြိုင်ဆိုင် လိုမည်။ မိမိက သူများသြဇာပေးလျှင် သဘော မကျပါ။မိမိကသာ သြဇာပေးလိုမည်။ မိမိက သဘာဝ ခေါင်းဆောင်ဖြစ်မည်၊ အုပ်ချုပ်ကွပ်ကဲနိုင်သော် လည်း မိမိပင်ကိုယ် အရည်အချင်းညံ့လျှင် ထိရောက်စွာ အောင်မြင်လိမ့်မည်မဟုတ်ပါ။ မိမိက သူများလက် အောက်ခံ လုပ်ရမည်ဆိုလျှင် မိမိ၌ ထိရောက်စွာ မအောင်မြင်နိုင်ပါ။ မိမိက ခေါင်းဆောင်၍ လုပ်ရမှသာ အတော်ဆုံးအစွမ်းအစကိုထုတ်နိုင်ပါလိမ့်မယ်။

စကား အပြောအဆို လိမ္မာယဉ်ကျေး မည်။ နူးညံ့သိမ်မွေ.၍ အလှအပမြတ်နိုးတတ် ပါမည်။ အလှအပအနွဲ့အယဉ်များကို သဘော ကျမည်။ စာပေအနုပညာနှင့် ဘာသာရေးတွင် ကျွမ်းကျင်မည်။ ဘာသာရေးအယူသီးတတ်မည်။ မိမိမှာ လူကြီးမိဘကို ရိုသေမည်။ ဘုရားတရားကို ယုံကြည်သက်ဝင်တတ်မည်။ မိမိမှာ မဟုတ်မခံစိတ် ရှိသည်။ အထိမခံစိတ်ရှိမည်။ မိမိကလည်း မတရား မလုပ်တတ်ပါ။ မိမိကို မတရားလုပ်လျှင်လည်း မခံ တတ်ပါ။

မိမိမှာ စိတ်ဆတ်သည်။ မိမိသည် အနေအထိုင် မှန်ရန်လိုအပ်သည်။ ဖော်လံဖားသင့်သောသူကို ဖော်လံမဖားဘဲ နှိမ်ရ မည့်လူကို မျက်နှာလိုမျက်နှာရ လုပ်တတ်မည်။ မိမိက စိတ်မထင်လျှင် မထင်သလို နေမည်။ စိတ်ထိခိုက်လွယ်သည်။ အားငယ်မည် ဝမ်းနည်းမည်။ မိမိကအားတက်လျှင် အလွန်အားတက် ပြီး စိတ်ဓာတ်ကျလျှင် အလွန်စိတ်ဓာတ်ကျတတ် မည်။ မိမိမှာ စိတ်နှလုံးကောင်းသည်။ သဘော ကောင်းသည်။ စေတနာကောင်းသည်။ သူများကို ကျွေးမွေးလိုစိတ်ရှိ သည်။ ကူညီလိုစိတ်ရှိသည်။ ပေးကမ်းတတ်သော်လည်း နောက်ဆုံးတွင် မိမိမှာ ပြည့်စုံစွာ ပြန်မရတတ်ပါ။မိမိက ဖော်ရွေသည်။ အသက်အရွယ်မရွေး ခင်မင်တတ်ပါမည်။ ပျော်ရွှင်စွာ နေတတ်ပါမည်။

“ကိုး”နှင့် ၎င်းကိုဖြစ်ပေါ်စေသော ဂဏန်းအတွဲများ (ဥပမာ- ၉၊ ၁၈၊ ၂၇) တွင် သင့်ဘဝအတွက် အရေးပါသော ကိစ္စများကို ဆောင်ရွက်သင့်သည်။ ၎င်းရက်များကို ရွေးချယ်သင့်ပါသည်။၎င်းပြင် ရှစ်နှင့်လေးဂဏန်းများနှင့် ၎င်းတို့ကို ဖြစ်ပေါ်စေသော ဂဏန်းတွဲများအပြင် တနှစ်တာအတွင်း မည်သည့်လတွင်မဆို ၄၊ ဂ၊၁၃၊၁၇၊ ၂၂ နှင့် ၂၆ ရက်ဖွားများသည် သင့်ဘဝအတွက် အရေး ပါလှပါသည်။

သို့သော် များသောအားဖြင့် ရှစ်နှင့်လေးဂဏန်းကို ဖြစ်ပေါ်စေ သောဂဏန်းအတွဲများသည် သင့်အတွက် ကောင်း ကျိုးထက် ဆိုး ပြစ်ကိုဖြစ်စေသဖြင့် သတိထားရပေလိမ့်မည်။ ရှောင်နိုင်ကပို၍ကောင်း လှသည်။ညှို့ဓါတ်စွမ်းအား တိုးတက်ထက်မြက်လာစေရန်နှင့်ပိုမိုကံကောင်း လာစေရန် အနီရောင်အဆင်း အမျိုးမျိုးပါသော အဝတ်အစား အသုံး အဆောင်များကို သုံးဆောင်သင့်ပါသည်။သင့်ကို ကံကောင်းစေမည့် ရထနာများမှာ ပတ္တမြားနှင့် ကျောက်နီ-တို့ဖြစ်ကြပါသည်။

ဘဝတသက်တာတွင် အရေးကြီးသော အသက်ပိုင်းများမှာ ၉၊ ၁၈၊၂၇၊ ၃၆၊ ၄၅၊ ၅၄၊ ၆၃၊ ၇၂၊ ၈၁ နှင့် ၉ဝ နှစ်တို့ဖြစ်ပေ သည်။တနှစ်တာအတွင်း မည်သည့်လ၌မဆို ၃၊ ၆၊ ၉၊ ၁၂၊ ၁၅၊ ၁၈၊ ၂ ၁၊ ၂၄၊ ၂ ၇ နှင့် ၃ဝ ရက်ဖွားများသည် သင်နှင့်နီးစပ်သူများဖြစ် ပေသည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(17.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ မာဃနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် တိတ်တိတ်ဆိတ်ဆိတ်နေပေမယ့် အရည်အချင်းရှိတဲ့၊အတွေးကြီးသူ၊ စိတ်အားထက်သန်ပြီး မွေးရာပါခေါင်းဆောင်ကောင်းတစ် ယောက်ပါ။ ဘဝဖြတ်သန်းမှုပုံစံအရလျှို့ဝှက်ဆန်းကြယ်ပြီး မိမိကိုယ်တိုင်သိရန်ပင် တစ်ခါတစ်ရံ ခက်ခဲနိုင်ပါသည်။ သို့သော် လူအများစုသည် မိမိ၏ရိုးသားမှု၊ ကြင်နာမှုနှင့် နူးညံ့သောနှလုံးသားကို ခံစားကြသည်။ သေးငယ်သော တစ်ကိုယ်ကောင်းဆန်မှုသည် ယေဘုယျအားဖြင့် မိမိရင့်ကျက်မှုအောက်တွင် အနည်း ငယ်သာ ရှိတတ်သည်။ မိမိဟာ အောင်မြင်မှုကို ဦးတည်ပြီး မိမိရရှိတဲ့ အခွင့်အလမ်းတိုင်းအတွက် ကြိုးစားပါလိမ့်မယ်။ စီးပွားရေးနှင့် ပျော်ရွှင်မှုကို ရောနှောရန် မိမိအတွက် အတော်လေး လွယ်ကူသည်။ မိမိသည် တစ်ချိန်တည်းတွင် ယုတ္တိဗေဒနည်းအရ တိတိကျကျရှိပြီး အလိုလိုသိတတ်သည်၊ ဘဝတွင်စမ်းသပ်မှုများစွာနှင့် အမှားအယွင်းများစွာပြီး နောက်တွင် မိမိ၏ပင်ကိုယ် ဥာဏ်ရည်ကို ယုံကြည်ကိုးစားတတ်လာပါသည်။ ခိုင်မာသော စီးပွားရေး ဗီဇစိတ် ရှိသော်လည်း မိဘအုပ်ထိန်းသူတွေရဲ့တားမြစ်မှု တွေကြောင့် မိမိရဲ့ ကိုယ်စွမ်းကိုယ်စတွေပျောက်ဆုံးသွားတတ်ပါ တယ်။ တတ်နိုင်သမျှ မိမိအတွေးကိုချသုံးကြည့်ပါ။ ထူးခြားလက် ဆတ်ပြီးတကယ့်ဈေးကွက်မှာအသုံးဝင်နေတာတွေ့ရ တတ်ပါတယ်။မိမိနှင့် အလွန်နီးစပ်သူများကိုသာ မိမိမျှဝေနိုင် သော ထူးခြားသောစိတ်စွမ်းအားဘက်ကိုလည်း ပိုင်ဆိုင် ထားပါသည်။ တစ်ချို့က မိမိအား ကြွေတစ်လှည့် ကြက်တစ်ခုန် ကံဇာတာ တစ်ချက်ကောင်းခြင်းဟု သက်မှတ်ထားကြ သော်လည်း အမှန်တကယ်မှာ ထိုထက်ပိုသော ကံကောင်းခြင်းများကို ပိုင်ဆိုင်ထားသူ ဖြစ်ပါသည်။

မိမိက ချုပ်တီးတတ်မည်။ လျှို့ဝှက်တတ်မည်။ ရဲရင့်၍ ယောက်ျားပီသမည်၊ အောက်ခြေသိမ်းလုပ် ရင်း အောင်တတ် မည်။ အရာရာကို အောက်ခြေသိမ်း လုပ်မည်။ ဖြတ်လမ်းမှ လုပ်လျှင်လည်း အကျိုးမရှိပါ၊ အလှအပကို သဘောကျ မည်။ လိမ္မာရေးခြားရှိသော အိမ်ထောင်ဘက်ကောင်းနှင့် ရတတ်ပါသည်။ မိမိအိမ်ထောင်ဘက်အပြင်အခြားသူတွေကို မကြာခဏ စိတ်ဝင်စားမည်။ သို့သော် လက်တွေ့၌ ကြောက်တတ်မည်။

အလွန်ထက်မြက်ပြီး  …လူများစွာကို ရှေ့ဆောင်အုပ်ချုပ် …စီမံကွပ်ကဲနိုင်မယ့် ကလေးငယ်မျိုးပါပဲ။အနာဂတ်အရေး အတွက် ဘာမှ ပူပန်နေစရာမလိုတဲ့ ကလေးငယ်မျိုးတွေလို့ ဆိုနိုင်ပါတယ်။ (နာမည်ပေးပုံပေါ်တော့ မူတည်ပြီး …ကောင်းကျိုးအတိုင်းအဆ ကွာခြားပါလိမ့်မယ်)။

အရာရာ၌ လွန်ကဲသောသဘောရှိမည်။ ဝမ်းသာလျှင် လည်း လွန်ကဲစွာ ဝမ်းသာပြီး ဝမ်းနည်းလျှင်လည်း လွန်ကဲစွာ ဝမ်းနည်းမည်။ မိမိ၏ ကိုယ်နှုတ်အမူ အယာတို့မှာ လူများစုစိတ်ဝင်စားရာ ဖြစ်မည်။ မိမိမှာ ပူပင်သောက မရောက် အောင် နေထိုင်သင့်သည်။ မိမိကိုယ်ကို ယုံကြည်ပါ၊ မိမိလုပ်လျှင်ဖြစ်ရမည် ဟူသော စိတ်ထားကိုထားပါ၊ ဖြစ်ရမည် ဟူသော စိတ်မှာ မိမိအောင်မြင်ရေးဖြစ်သည်။

မိမိက လမ်းမှန်အတိုင်း သွားတတ်မည်။ စည်းစနစ်ကြီးမားမည်။ အမှား အယွင်းကို အမြဲတမ်းဆေးကြောပစ်တတ်မည်။ စိတ် ရင်းစေတနာကောင်းမည်။ မိမိမှာ စိတ်ဓာတ် ချောက်ချား၍ တွေဝေတတ်မည်။ မိမိ၌ အကူအညီ ကောင်းလိုမည်။ ရဲဘက်ကောင်းလိုသည်။မိဘတွေက ချီးမြှောက်ပေးဖို့လိုအပ်သည်။

လူတစ်ယောက်၏ အကဲကိုသိတတ် မည်။ စိတ်ရင်းကို သိနိုင်မည်။ လူတို့၏ အတွင်းစိတ် ကို ဖော်ထုတ်နိုင်သော အစွမ်းရှိသည်။ လူများစုနှင့် ဆက်ဆံရသော အလုပ်ဖြင့်ကောင်းသည်။ လူများစု၏ ယုံကြည်လေးစားမှု အားကိုးမှုများ ခံရမည်။ မိမိမှာ မကြာခဏ စိတ်ပြောင်းလဲမှုများဖြစ်မည်၊ တစ်ခါတစ်ရံ စိတ်ရှည်ပြီး တစ်ခါတစ်ရံ စိတ်တိုမည် ။လောဘကြီး မည်၊ အခွင့်အရေးကို ရအောင် သုံးတတ်မည်။ သူများ ကိုလည်း မတရားမလုပ်တတ်ပါ။

စည်းနှင့် ကမ်းနှင့် သုံးတတ်မည်။ ပွဲလမ်းသဘင် ဝါသနာပါမည် ။ လိုက်စားမည်၊ အပျော်အပါး ဝါသနာပါမည်။ စိတ် ရှည်သည်၊ သည်းညည်းခံနိုင်မည်။ အရင်းခံတရား၌ ပြည့်စုံမည်၊ လုပ်မည့်အလုပ်တစ်ခုကို ပထမအလွန် စဉ်းစားနေမည်။ အရည်အသွေးနှင့် ပြည့်ဝမည်။ မိမိကို မလိုလားသူများက ရိုးသည်၊ အသည်။ နသည်၊ လူရည်မလည် အကင်းမပါး ထုံထိုင်းမည်ဟု ထင်မြင်တတ်မည်၊ အမှန်မှာ မဟုတ်ပါ။ကျန်းမာရေးလွန်စွာမှကောင်းသည်။ အသက် ၄၀ ကျော်ရင်သာ ကျန်းမာရေးသတိထားဖို့လိုအပ်တာပါ။

အရေးပါသော ဂဏန်းများမှာ “လေး”နှင့် “ရှစ်” ဂဏန်းများ အပြင် ၎င်းတို့ကို ဖြစ်ပေါ်စေသော ဂဏန်းအတွဲများ ဖြစ်ကြသည်။ ထို့ကြောင့် ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂ ၂၆ နှင့် ၃၁ ရက်တို့တွင် အရေး ကြီးသောကိစ္စများကို ဆောင် ရွက်သင့်လှသည်။

ညှို့ဓါတ်စွမ်းအား တိုးတက် ထက်မြက်လာစေရန်နှင့် ပိုမိုကံ ကောင်းလာစေရန် အောက်ဖော်ပြပါ အရောင်အသွေးများ ပါသည့် အဝတ်အစား အသုံးအဆောင်များကို သုံးဆောင် သင့်ပါသည်။ (ခရမ်းရောင်အရင့်၊ နက်ပြာ၊ အနက်၊ အပြာရင့်၊ နီလာရောင်နှင့် မီးခိုးရောင်)

သင့်ကို ကံကောင်းစေမည့် ရတနာများမှာ ပုလဲ၊ စိန်နှင့် နီလာတို့ဖြစ်ကြပါသည်။ဘဝတလျှောက်လုံး အရေးကြီးသော အသက်ပိုင်းများမှာ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄၀၊ ၄၄၊ ၄၉၊ ၅၃၊ ၅၈၊ ၆၂၊ ၇၁နှင့် ၈ဝနှစ် တို့ဖြစ်ကြပေသည်။တနှစ်တာအတွင်း မည်သည့်လ၌မဆို ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆နှင့် ၃၁ ရက်တို့၌ မွေးဖွား ကြသူများသည် သင်နှင့် နီးစပ်သူများ ဖြစ်သည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695