loading

Tag: Astrology

  • Home
  • Tag: Astrology

19.Feb.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တပို့တွဲလဆုတ်(၇)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ သမားညို၊ ရှမ်းရက် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့ လဆုတ်တီထိ(၇)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၇)လုံးအနေဖြင့် ဘုရားကျောင်းဆောင်များ ဝယ်ယူခြင်း ဘုရားဆင်းတုတော်များပင့်ဆောင်ခြင်း၊စတင်ပူဇော်ခြင်း၊ ဘုရားကားချပ်များ စတင်ချိတ်ဆွဲခြင်းများလဲ စတင် ပြုလုပ်နိုင်ပါတယ်။ အိမ်ရှေ့ခြံစည်းရိုးများ၊ တံခါးများဆေးပြန်သုတ် ခြင်း၊ အိမ်ခေါင်း ရင်းဘက်ပြုပြင်ခြင်း များ ဆောင် ရွက်လို့အထူးကောင်းပါတယ်။

            အထက်လူကြီး ၊မိမိအလုပ်ပိုင်ရှင်၊ မိဘတွေကို ဖွင့်ပြောစရာကိစ္စတွေအရေးကြီးတဲ့အကြောင်းအရာတွေ ရှိရင် တော့ ဖွင့်ပြောတိုင်ပင်သင့်တဲ့နေ့ရက်မျိုးပါပဲ။ ကျက်သရေမင်္ဂလာရှိတဲ့နေ့ရက်ဖြစ်တာကြောင့် ကျက်သရေ ယုတ်စေတဲ့ ကိစ္စတွေကိုရှောင်ရှားလိုက်စေချင်ပါတယ်။

            ရေတွင်းရေကန်များ၊  ကျောက်မျက်ရတနာများ၊ဆည်မြောင်းတာတံများ စတင်တူးဖော်ဆောင်ရွက်လို့ အထူး ကောင်း မွန် တဲ့နေ့ရက်ပါပဲ။ ဒီနေ့တစ်နေ့လုံးခရီးသွားလို့ကောင်းနေတတ်ပါတယ်။ အပျော်ခရီးပဲဖြစ်ဖြစ်၊ အလုပ်စီးပွားနဲ့ ပတ်သက်သောခရီးပဲဖြစ်ဖြစ် အဆင်ပြေချော့မွေ့ပါလိမ့်မယ်။

            ယနေ့တွင် အရောင်းအဝယ်၊ ကတိ သတိရှိရပါမည်။ ယခုအိမ်၊ ကျောင်း၊ အဆောက်အဦးများ စတင် ဆောက်လုပ်က မီးလောင်း၍ ဆုံးရှုံးနိုင်ပါသည်။ ထိမ်းမြားမင်္ဂလာပြုက မုဆိုးမဖြစ်တတ်ပါသည်။ အရောင်းအဝယ် ပြုလုပ်ပါက အရှုံးပေါ်နိုင်သည်။ ပညာစတင်သင်ကြားပါက ပညာရေးဆုံးခန်းတိုင်အောင် မရောက်ပါ။ တစ်ပိုင်း တစ်စ ဖြစ်မည်။ လူလိမ်၊ လူညာနှင့် တွေ့တတ်သည်။ ကံကောင်းခြင်းကို ဖေါ်ဆောင်သော ဘဒြာတီထိ အမျိုးအစားဖြစ်သဖြင့် အလှအပ အဆင်တန်ဆာများ၊ အဝတ်တန်ဆာများ ပြုလုပ်ခြင်း၊ သုံးစွဲခြင်း၊ ယာဉ်ရထား စီးနင်း၍ ခရီးသွားခြင်း၊ ယာဉ်ရထားနှင့် ပတ်သက်သော လုပ်ဆောင်ခြင်းများ၊ လမ်းဖေါက်ခြင်းနှင့် ဆီလိမ်းကျံ နှိပ်နယ်ပေးခြင်းများနှင့် သင့်တော်သည်။ ကောင်းမှုကုသိုလ်များ ပြုလုပ်ရန် အလွန်မင်္ဂလာရှိ၍ ကုသိုလ်ကောင်းမှုများ ပြုရန် အထူးသင့်တော်ပါသည်။  တီထိ(၇)လုံးတွင် အိမ်ထောင်ပြုခြင်း၊ ပညာသင်ခြင်း၊ ဉပုဒ်ထွက်ခြင်း၊ အိမ်သစ်ဆောက်ခြင်း၊ အိမ်သစ်တက်ခြင်း၊ ခရီးသွားခြင်းနှင့် သစ်ပင်စိုက်ခြင်းများ ရှောင်ကြဉ်သင့်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၁း၂၇)နာရီမှ နေ့လယ်(၁၂း၁၉)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ဝိသာခါနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် ကျက်သရေရှိမှု၊ လိမ္မာပါးနပ်မှုတို့ဖြင့် ဆက်သွယ်ပြောဆိုရာတွင် ထူးချွန်သူဖြစ် သည်။ လူ့သဘောသဘာဝ၏ ကွဲပြားမှုနှင့် ပရိယာယ်များကို မိမိနားလည်သဘောပေါက်ခြင်းက မိမိရဲ့ဆက်ဆံရေးနဲ့ သရုပ်ဆောင်နိုင်စွမ်းအတွက် အထောက်အကူဖြစ်စေပါတယ်။ ဆက်သွယ်ရေးသည် မိမိအတွက် အရေးပါပြီး လူအချင်းချင်းဆက်သွယ်မှုကို အများစုထက် ပို၍တန်ဖိုးထားပါသည်။ မျက်နှာ သို့မဟုတ် အမူအရာကို လျင်မြန်စွာ ဖတ်နိုင်သည်။ ချစ်ခြင်းမေတ္တာတွင် မိမိသည် စိတ်ခံစားမှု သို့မဟုတ် စိတ်လှုပ်ရှားဖွယ်ကောင်းသော လူများကို ဆွဲဆောင်နိုင်သည်။ စကားဖြင့် အသက်မွေးသူ၊သရုပ်ဆောင်အလုပ်များနဲ့ အောင်မြင်နိုင်ကြသူတွေဖြစ်ပါတယ်။ အချစ်ရေးနဲ့ သင်ကြားရေးအပိုင်းမှာ အထစ်အငေါ့လေးတော့ရှိလွယ်တဲ့သူတွေဖြစ်တတ်ပါတယ်။ တတ်နိုင် သမျှ ကားမောင်းပြီးအသက်မွေးတဲ့အလုပ်မျိုးတွေကို လုံးဝရှောင်သင့်ပါတယ်။ငွေကြေးကံမြင့်မားပြီး ငွေရှာရလွယ် ပေမဲ့ လောင်းကစားဘက်ကို စိတ်ရောက်သွားတာနဲ့ရှိသမျှကုန်သွားတတ်တဲ့ဇာတာမျိုးဖြစ်ပါတယ်။ ပွဲစားအလုပ် ၊အကျိုး ဆောင်အလုပ်၊ ကြားကနေ ဝန်ဆောင်မှုပေးရတဲ့အလုပ်များ၊အေဂျင်စီအလုပ်များနဲ့အောင်မြင်လွယ်ကြတဲ့ ဇာတာတွေ ဖြစ်ပါတယ်။ အစာအိမ်၊အူလမ်းကြောင်း အားနည်းချက်ရှိပြီး စားချိန်မမှန်ခြင်း၊ အရက်သောက်ခြင်းပြုလုပ် ပါက အစာအိမ်ရောဂါကို ရေရှည်ခံစားသွားရတတ်ပါတယ်။

ဝိသာခါ နက္ခတ်သည် ရောနှောထားသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး လုပ်ရိုးလုပ်စဉ်တာဝန်များ၊ ကျွမ်းကျင်မှု တာဝန်များ၊ အိမ်မှုကိစ္စများနှင့် နေ့စဉ်အရေးပါသည့် လှုပ်ရှားမှုများအတွက် ကောင်းမွန်ပါသည်။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာ ပွင့်ရာအရပ်သည် အရှေ့တောင်အရပ်ဖြစ်သည်။ ဂြဟဇာ ပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းပါသည်။

ဝုဒ္ဓိယုဂ် ကျရောက်နေသောကြောင့် “ကြီးပွားခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ်များ လုပ်ကိုင် ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဝဏိဇကရိုဏ်း ကျရောက်နေသောကြောင့် မြတ်သောယောဂမည်သည်။ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလာခြင်းနှင့် လုပ်ငန်းကိစ္စများအတွက် ကောင်းသောအကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သော အသိပညာရှိပြီး အရောင်းအဝယ်ကိစ္စရပ်များအတွက် အသင့်တော်ဆုံး ဖြစ်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၂၀)နာရီမှ မွန်းလွဲ(၀၁း၄၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ အင်္ဂါ၊ သောကြာ၊ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အညိုရောင် နှင့် ကြည်ပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၇၊ ၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့မြောက်အရပ်သို့ မျက်နှာမူ၍ “အရဟံ” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမို အဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သင်္ဘောသီးမှည့် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ

အောင်မှန်- အခါပေးဒိုင်ယာရီ

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

18.Feb.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တပို့တွဲလဆုတ်(၆)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြာက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ သမားဖြူ၊ သမားညို၊ ရက်ပုပ်ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ရက်ပုပ်ကျတဲ့ ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ဒီနေ့ဟာ တီထိအရတော့ ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၆)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။ ရပ်တန့် ထားသောတစ်ပိုင်းတစ်ဖြစ်နေသောအလုပ်များလဲ ပြီးဆုံးအောင် လုပ် ဆောင်နိုင်ပါလိမ့်မယ်။ငွေကြေးနဲ့ ပတ်သက်ပြီး တော့လဲ အထူးဝင်ငွေတိုးတတ်နိုင်တဲ့နေ့ရက်မျိုး ပါပဲ။ပြဿနာ ဟောင်းများကိုလဲကောင်းစွာဖြေရှင်းနိုင် ပါလိမ့်မယ်။ အိမ်ခြံမြေ ရောင်းချခြင်းကိစ္စများလဲ အထူးပဲဆောင်ရွက်လို့သင့်တော်ပါလိမ့်မယ်။သောကြာဂြိုဟ်အုပ်စိုး တဲ့နေ့ရက် ဖြစ်တာ ကြောင့် အကအခုန် ၊အတီးအမှုတ်များ၊ ပွဲလမ်းသဘင်နှင့် ဖျော်ဖြေရေးကိစ္စများ အထူးဆောင် ရွက်နိုင်ပါ တယ်။

ပညာရပ်အသစ်တစ်ခုကို စတင်သင်ကြားခြင်းများ အထူးကောင်းပါတယ်။ ထီဝါသနာပါသူများကတော့ 3/5/7 များများပါသောထီလက်မှတ်ကိုရွေးချယ်ကံစမ်းလို့အထူးကောင်းပါတယ်။ ဆေးဝါးအသစ်ဖော်စပ်ခြင်းများ၊ ဆေးဝါးနှင့် ပတ်သက်သော စူးစမ်းလေ့လာခြင်းများဆောင်ရွက်နိုင်ပါတယ်။ ဆေးကုသမှုခံယူခြင်း၊မေ့ဆေးပေးခြင်း များလဲ ပြုလုပ် နိုင်တဲ့နေ့ရက်ပါ။ ဖြတ်လမ်းမလိုက်ဘဲ ဖြေးဖြေးမှန်မှန်တိုး တတ်ခြင်းကိစ္စတွေကိုလဲ အထူး ဆောင်ရွက်နိုင်ပါလိမ့်မယ်။ လယ်ယာကိုင်းကျွန်းစတဲ့ စိုက်ပျိုးရေးနှင့်ပက်သက် သောကိစ္စမှန်သမျှဆောင်ရွက်လို့ ကောင်းပါတယ်။

အိမ် ထောင်ပြု၊ မင်္ဂလာအခါ၊ ဘာသာရေးကိစ္စရပ်များ၊ ကဗျာ၊ စာပေ၊ အနုပညာကိစ္စရပ်များ၊ ပညာသင် လက်ခံခြင်း၊  နတ်ပူ ဇော်ခြင်း၊ ဉပုသ်သီလစောင့်တည်ခြင်း၊ ဘုရားဖူးသွားခြင်း၊ အိမ်သစ်တက်ခြင်း၊ အအေး စသော စားသောက်ကုန် များကို ထုတ် လုပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ကို လုပ်ဆောင်ရန် ကောင်းပါသည်။ ကြွယ်ဝခြင်း၊ ကောင်းမြတ်ခြင်း၊  ပျော်ရွှင်ခြင်း တို့ကို တာဝန်ယူသော နန္ဒာတီထိဖြစ်ပြီး သောကြာဂြိုဟ် အုပ်စိုးသောကြောင့် အဝတ်အထည်၊ အကအခုန်၊ သီဆိုခြင်း၊ ပွဲလမ်းသဘင်၊ ပန်းချီ၊ ပန်းပု၊ ဉယျာဉ်၊ ခြံမြေလုပ်ငန်းများအတွက် ကောင်းမွန်သော တီထိဖြစ်နေပါသည်။

            တီထိ(၆)လုံးရက်တွင် နန်းတက် ဘိသိပ်ခံခြင်း၊ အစိုးရများ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ မိတ်ဆွေသစ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပျော်ပွဲရွှင်ပွဲ၊ ပွဲလမ်းသဘင်များ အတွက် သင့်တော်ပါသည်။ ကြွယ်ဝခြင်း၊ ကောင်းမြတ်ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ကိုယ်စားပြုသော နန္ဒာ တီထိဖြစ်သဖြင့် အဝတ်အစား၊ အက၊ အခုန်၊ သီချင်း၊  အနုပညာ၊ ပန်းချီ၊ ပန်းပု၊ ဉယျာဉ်၊ အိုးအိမ်နှင့် ပတ်သက်သော လုပ်ငန်းများ၊  အလှအပနှင့်  အဝတ်တန်ဆာ ဆင်ယင်ခြင်း လုပ်ငန်းများ၊ ပျော်ရွှင်ခြင်းနှင့်  ပတ်သက်သောလုပ်ငန်းများ အထူးကောင်းပါတယ်။

ကဏ္ဍယုဂ် ကျရောက်နေသောကြောင့် “အန္တရာယ်”ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသောကြောင့် ကုသိုလ်ကံ မကောင်းခြင်းကို ဖြစ်စေသည်။ ဂရဇံကရိုဏ်း ကျရောက်နေသောကြောင့် မြေကြီးတွင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချခြင်း၊ အိမ်ဆောက်ခြင်းတို့အတွက် အထူးကောင်းပါသည်။ တိရစ္ဆာန်မွေးမြူရေးအလုပ်များနှင့် သို့မဟုတ်၊ အိမ်များ၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စသည်ဖြင့် သင့်လျော်မှုအရှိဆုံးဖြစ်ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၁း၃၁)နာရီမှ နေ့လယ်(၁၂း၂၃)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ သွာတိနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေးဖွားသူများသည် အလုပ်တာဝန်များစွာကို မိမိရဲ့ပခုံးပေါ်မှာ ဦးဆောင်ဦးရွက်ကောင်းကောင်းနဲ့ သဘောထားကြီးပြီး တာဝန်သိတတ်သူတစ်ယောက်ဖြစ်ပြီး လူအများကို လုံခြုံအေးချမ်းစေရာ “အိမ်” လို့ပင် ခေါ်ဆိုနိုင် ပါတယ်။ မိမိတွင် ကျက်သရေရှိပြီး မိမိ၏ကိုယ်ပိုင်ကျော်ကြားမှုသည် မိမိ၏စိတ်ခွန်အားလောက်မဟုတ်သော်လည်း မိမိဘ၀တွင် အမြဲပင် အကူအညီများ ပေးနိုင်သည်။ ဘဝလက်တွဲဖော်သည် မိမိအတွက် အရေးကြီးပြီး မိမိတို့၏ ဆက်ဆံရေးကို လူအများစုထက် ပိုတန်ဖိုးထားပါသည်။ မေတ္တာတရားပရဟိတကသာ မိမိကမ္ဘာကို လည်ပတ်စေနိုင် ပါတယ်။ မိမိရဲ့ စိတ်ကူးက ကန့်သတ်ချက်မရှိလွတ်လပ် ကျယ်ပြန့်နေတတ်ပါတယ်။

မိမိက စိတ်ကူးယဉ်ဆန်ဆန် ပုံပြင်ပြောသူ ကောင်းတစ်ယောက်ဖြစ်ပြီး မိမိရဲ့ပင်ကိုယ်က ယေဘုယျအားဖြင့် မိမိကို အကောင်းမွန်ဆုံး ဝန်ဆောင်မှု ပေးနိုင်ပါတယ်၊ အိပ်မက်ကြီးကြီးမက်တယ်။တစ်ကိုယ်တည်းနေရတာကို ပိုကြိုက်သူဖြစ် ပါတယ်။ သို့သော် တိရစ္ဆာန်လေးတွေကို ချစ်တတ်ပြီးတော့ အားနည်းသူတွေကို သနားကိုယ်ချင်းစာတတ်သူပဲဖြစ် ပါတယ်။ သတိထားရ မှာက အရမ်းအားနာတတ်တဲ့အကျင့်ကြောင့် အဲစိတ်ကိုခုတုံးလုပ်ပြီး မိမိဆီက ရသမျှနွှာယူမဲ့ သူတွေနဲ့လဲကြုံတွေ့ ရတတ်ပါတယ်။ မိဘတွေဆီက ရောဂါတွေ Generation လိုက်ပြီးမိမိဆီပါလာတတ်တာမို့ အများအားဖြင့် ကျန်းမာရေး ခြူခြာအားနည်းသူလို့ဆိုနိုင်ပါတယ်။ မိမိပြောမည့်အရာ၏ ထိရောက်မှုကို တိတိကျကျ မသိမချင်း ဘယ်သောအခါမှ တစ်ခုခုအကြောင်း မပြောတတ်ပါ။ မိမိရဲ့ ပင်ကိုယ်ဥာဏ်က ထူးထူးခြားခြားပါပဲ၊ မိမိ အဲဒါကို ယုံကြည်ရန်သင်ယူဖို့ပဲလိုတယ်။ပညာဥာဏ် အတွေးအခေါ်ကြောင့်ပဲ မိမိဘဝကမြင့်မားသွားနိုင်ပါတယ်။

သွာတိ နက္ခတ်သည် ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ အလည် အပတ်ခရီးထွက်ခြင်း၊ သူငယ်ချင်းများနှင့် ယာယီသဘာဝအတိုင်း လုပ်ဆောင်ရန် အဆင်သင့်ရှိသော ယာယီ၊ ရွေ့ပြောင်းနိုင်သော် အမြန်သဘာဝရှိသော နက္ခတ်တစ်လုံးဖြစ်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အရှေ့အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များကို လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၃း၁၄)နာရီမှ ညနေ(၀၄း၄၁)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊သောကြာသားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ လိမ္မော်ရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၄၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်တောင်အရပ်သို့ မျက်နှာမူ၍ “လောကဝိဒူ” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ တို့ဟူးကြော် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ

အောင်မှန်- အခါပေးဒိုင်ယာရီ

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

16.Feb.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တပို့တွဲလဆုတ်(၄)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ ရပါတယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ ရက်ယုတ်မာ၊ နဂါးပေါ်ရက်၊ မဟာရက်ကြမ်း ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆိုရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီးကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တောတောင်များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူးရှောင်အပ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက် သုံးရန်အထူးကောင်းတဲ့ လဆုတ်တီထိ(၄)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၄)လုံးအနေဖြင့် ရက်စက်ကြမ်းကြုတ်သော တီထိဟု သက်မှတ်ပြီး လူသက်၊ လက်နက်၊ ခဲယမ်း၊ မီးကျောက်၊ ဗြောက်အိုး စသည့်လုပ်ငန်းများ ရန်သူအား သုတ်သင်ခြင်း သေဒဏ်ချခြင်း၊ အနိဌလုပ်ငန်းများ ရန်သူစခန်း သိမ်းပိုက်ဖမ်းဆီးခြင်း၊ အဆိပ်ခက်ခြင်း၊ ပိုးသက်ဆေး စသည်ဖြင့် သုံးစွဲခြင်း၊ မီးပေါက်ခြင်း၊ လျှပ်စစ်နှင့် ပတ်သက်သော လုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် ကောင်းမွန်ပါသည်။ ဆင်းရဲခြင်း၊ ဗလာနတ္ထိဖြစ်ခြင်းကို ခေါင်းဆောင်သည့် ရိတ္တာ တီထိဖြစ်ပြီး စနေအုပ်စိုးသော တီထိဖြစ်သဖြင့် လုပ်ငန်းတို့ကို လုပ်ဆောင်နိုင်သော်လည်း မည်သည့်အရပ်မျက်နှာကိုမှ ခရီးသွားလာခြင်းမျိုး အကြံမပြုပါ။ ဒီလိုနေ့တွေမှာ ဆံသခြင်း၊ ခေါင်းလျှော်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းများ အထူးဆောင်ရွက်နိုင် ပါတယ်။  ပညာ ပေးဝေခြင်း၊သင်တန်းဖွင့်ခြင်း၊တပည့်မွေးခြင်းများ ဆောင်ရွက်လို့သင့်ပါတယ်။ ပညာသင်ယူခြင်း၊ စာမေးပွဲဖြေခြင်း၊ အင်တာဗျူး ဖြေခြင်းများလဲ အထူးကောင်းပါတယ်။

မိမိစိုက်ပျိုးထားတဲ့ သစ်ပင်ပန်းမန်တွေကို ဓာတ်မြေသြဇာကျွေးခြင်း၊ အာဟာရကျွေးခြင်းများလဲ ဆောင်ရွက်နိုင်ပါ တယ်။ရွှေငွေကျောက်သံပတ္တမြား တူးဖော်ခြင်း၊ရေနံတူးဖော်ခြင်းများ၊ ဆည်းမြောင်းတာတမံ တူးဖော်ခြင်းများစတင် ဆောာင်ရွက်လို့အထူးကောင်းပါတယ်။ တရားထိုင်ခြင်း၊ပုတီးစိပ်ခြင်း၊သမထဘာဝနာပွားများခြင်းများလဲစတင် ဆောင် ရွက် နိုင်ပါတယ်။

            ရိတ္တာတီထိ ကျရောက်နေသောကြောင့် ကုသိုလ်ကောင်းမှုမပြုသင့်ပေ။ ရန်သူများကို ဖျက်ဆီးခြင်း၊ အတား အဆီးများကို ဖယ်ရှားခြင်း၊ တိုက်ခိုက်ခြင်း၊ အိမ်သန့်ရှင်းရေး၊ ပွတ်တိုက်ခြင်း၊ ငြင်းခုံခြင်း၊ ရန်သူများနှင့် တိုက်ခိုက်ခြင်း၊ လက်နက်များ အသုံးပြုခြင်းများအတွက် ကောင်းမွန်ပါသည်။ အရေးကြီသောလုပ်ငန်းများ စတင်ရန် ကံမကောင်း သောနေ့ ဖြစ်ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၁း၃၉)နာရီမှ နေ့လယ်(၁၂း၃၀)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ဉတ္တရဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် သိသိသာသာ ပွင့်လင်းမြင်သာသော ရယ်မောပျော်ရွှင်ဖွယ်ရာ ခံစားချက်မျိုးရှိပြီး မိမိပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့်အရာများကို အလွန်စိတ်အားထက်သန်မှုမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ မိမိက အမိန့်ပေးစေခိုင်းရတာကို ကြိုက်တယ်၊ ရှေးရိုးစွဲလူမျိုးတွေကို ပိုပြီးမကြိုက်သလို၊ မိမိမှာ ဖြစ်ရပ်အမျိုးမျိုး အတွက် ဇွဲသတ္တိရှိတယ်။ မိမိသည် တိုးတက်မှုရှိပြီး မိမိ၏ထူးခြားမှုကို ဖော်ပြရန် အထူးမကြောက်သောသူဖြစ်သည်။ မိမိသည် မကြာခဏပြဿနာတက်နိုင်သော်လည်း ယေဘုယျအားဖြင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်သည်။ မိမိ တကယ် လက်တွေ့ကျတဲ့ ကိစ္စတွေမှာ၊ စိတ်အားထက်သန်ပြီး စိန်ခေါ်မှုရှိသော မိမိ၏ကိုယ်ရေးကိုယ်တာ ဆက်ဆံ ရေးများမှတစ်ဆင့် အပြောင်းအလဲများစွာကို မိမိတွေ့ကြုံခံစားရပေလိမ့်မည်။ လူအများ ကို အကောင်းအဆိုးကို ကွဲပြားစွာ မြင်တတ်စေရန် သင်ကြားပေးတတ်သူဖြစ် ဖြစ်ပါသည်။ မိမိသည် အများနားဝင် အောင် ပြောဆိုတတ် သူတစ်ဦးဖြစ်ပြီး၊ အလုပ်များကာ မကြာခဏ အနယ်နယ်အရပ်ရပ်ကိုလှည့်လည်သွားလာနေရသူ တစ်ဦးဖြစ်ပါတယ်။ မိမိသည် ခရီးသွားရတာကို နှစ်သက်သော်လည်း  မိမိရဲ့မွေးရပ်မွေးသည်သာ အလွန် အရေး ကြီးဆုံး ဖြစ်ပါသည်။ တတိယအရွယ်တွင် မွေးရပ်မြေကိုသာ ခေါင်းချနေထိုင်သင့်ပါတယ်။

ဥတ္တရဖလဂုဏီ နက္ခတ်သည် တည်ကြည်တည်ငြိမ်သော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကောင်းသော ကိစ္စရပ်များ ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်းအတွက် သင့်လျော်သည်။ ဗိမာန်ဆောက်ခြင်း သို့မဟုတ် တည်မြဲခြင်း သို့မဟုတ် တည်မြဲသော အကျိုးကို လိုလားသော အခြားလုပ်ဆောင်မှု တစ်ခုခုတို့အတွက် သင့်လျော်သည်။

 ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော် နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ/ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အောက်အရပ်ဖြစ်သည်။ ဂြဟဇာ ပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရန်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းပါသည်။

ဓိတိယုဂ် ကျရောက်နေသောကြောင့် “တည်ငြိမ်ခြင်း” ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ်များ လုပ်ကိုင် ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဗဗကရိုဏ်း ကျရောက်နေသောကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအားတိုးတက်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ (သို့မဟုတ်) ဖန်တီးမှုစွမ်းအင်ကို ကိုယ်စားပြုသည်။ ဤကရိုဏ်းသည် လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်း ကဲ့သို့သော ရွေ့လျားမှုဆိုင်ရာ ကောင်းသော ကိစ္စရပ်များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄း၄၁)နာရီမှ ညနေ(၀၆း၀၈)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု ဗုဒ္ဓဟူး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အနီရောင် နှင့် မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၂၊ ၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူ၍ “ဘဂဝါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘာလချောင်ကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ

အောင်မှန်- အခါပေးဒိုင်ယာရီ

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

14.Feb.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တပို့တွဲလဆုတ်(၂)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကျား မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၂)လုံး ကျရောက်နေတာဖြစ်ပြီး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့ ဖြစ်ပါတယ်။ အသစ်ဖန်တီးခြင်း၊ မင်္ဂလာကျက်သရေနှင့် ဆိုင်သော လုပ်ငန်းအမျိုးမျိုး လုပ်ဆောင်နိုင်သော တီထိရက်ဖြစ်ပြီး ကံကောင်းခြင်း၊ ကံကောင်းခြင်းသဘောဆောင်သည့် ဘဒြတီထိဖြစ်သောကြောင့် မင်္ဂလာဆောင်၊ အိမ်ထောင်ပြု၊ အမွှေးနံ့သာ လိမ်းကျံခြင်း၊ အဝတ်အစားနှင့် ပတ်သက်သည့် အလုပ်များ၊ ယာဉ်ကား စသည်တို့ဖြင့် ခရီးသွားခြင်း၊ လမ်းဖေါက်လုပ်ခြင်း၊ ဆီလိမ်းကျံခြင်းများအတွက် ကောင်းမွန်သော တီထိရက် ဖြစ်ပါသည်။ အိမ်ရှေ့ ခြံစည်းရိုးများ၊ တံခါးများဆေးပြန် သုတ်ခြင်း၊ အိမ်ခေါင်း ရင်းဘက်ပြုပြင်ခြင်းများဆောင်ရွက်လို့အထူးကောင်းပါတယ်။

            အထက်လူကြီး ၊မိမိအလုပ်ပိုင်ရှင်၊ မိဘတွေကို ဖွင့်ပြောစရာကိစ္စတွေအရေးကြီးတဲ့အကြောင်းအရာတွေ ရှိရင် တော့ဖွင့်ပြောတိုင်ပင်သင့်တဲ့နေ့ရက်မျိုးပါပဲ။ ကျက်သရေမင်္ဂလာရှိတဲ့နေ့ရက်ဖြစ်တာကြောင့် ကျက်သရေ ယုတ်စေတဲ့ ကိစ္စ တွေကိုရှောင်ရှားလိုက်စေချင်ပါတယ်။ အခက်အခဲပြဿနာတွေရှိရင်လဲ သေချာပေါက် ဖြေရှင်း ကျော်လွှားသွား နိုင်ပါလိမ့်မယ်။

            ယနေ့တွင် ဆံသခြင်း၊ဆံပင်ပြုပြင်ခြင်းပြုက ကြံတိုင်းအောင်မည်။ ကုန်ပစ္စည်းများ စတင်မိတ်ဆက်ရန် ရက်ကောင်းဖြစ်သည်။ ဖြန့်ဖြူးလိုသောပစ္စည်းများ ယနေ့တွင် စတင်၍ ဖြန့်ချီနိုင်သည်။ ယနေ့တွင် ပြောဆိုသော ကတိစကားများ ပျက်ယွင်းတတ်သည်။ လူအများတို့ စကားမတည်၊ စာချုပ်စာတမ်းများ ချုပ်ဆိုရန် မသင့်ပါ။ ငွေမချေးရ၊ ဆုံးတတ်ပါသည်။  

            ရေတွင်းရေကန်များ၊  ကျောက်မျက်ရတနာများ၊ဆည်မြောင်းတာတံများ စတင်တူးဖော်ဆောင်ရွက်လို့ အထူး ကောင်းမွန်တဲ့နေ့ရက်ပါပဲ။ကုမ္ပဏီအစုစပ်လုပ်ငန်းများ၊ဖက်စပ်ရှယ်ယာလုပ်ငန်းများ၊စတော့ရှယ်ယာလုပ်ငန်းများ မကောင်းတာမျိုးတွေ့ရပါ တယ်။ အချစ်ရေးကိစ္စတွေမှာလဲချစ်သူနဲ့ နားလည်မှုလွဲနေရတတ်ပါတယ်။ အိမ်ထောင်ရေးကံ ကတော့နှစ်ဖက်အသိုင်းအဝိုင်းတွေရဲ့ စကားတွေကြောင့် လင်မယားချင်းသွေးကွဲရတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၁း၄၇)နာရီမှ နေ့လယ်(၁၂း၃၈)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ပြုပ္ဗဘရဂုဏီ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ ကုမ်ရာသီဖွား ဖြစ်ပါ သည်။ ယနေ့မွေးဖွားသူများသည် သေချာပေါက် မိမိကိုယ်ပိုင်ဗီဇကို လိုက်နာပြီး မိမိတွင် အလျှော့မပေးသော ဆန္ဒနှင့် ကွဲပြားသော စရိုက်လက္ခဏာကို ပိုင်ဆိုင်ထားသည်။ မိမိတွင် တိုးတက်ပြီး တစ်ခါတစ်ရံ ပုံမှန်မဟုတ်သော အတွေး အခေါ်များနှင့် ခံယူချက်များရှိသည်။ သေချာပါတယ်၊ မိမိရဲ့ဉာဏ်ရည်ဉာဏ်သွေးက ထက်မြက်ပြီး မိမိမှာ ပြင်းပြင်းထန်ထန် အရွဲ့တိုက် ထေ့ငေါ့တတ်တဲ့ သဘောရှိတယ်။ မိမိရဲ့ကိုယ်ပိုင်စတိုင်က ကွဲပြားပြီး ဆွဲဆောင်မှု မြင့်မားသော သံလိုက်ဓာတ်ရှိပြီး မိမိကိုယ်ပိုင် စိတ်နဲ့ကိုယ် တစ်သားတည်း ကျနေတတ်တာမျိုးပါ။ မိမိဟာ ချစ်ရသူ အတွက် အလွန်တာဝန်ယူတတ်တဲ့ မိသားစုတစ်ခုဖြစ်ပြီး မိမိရဲ့ မိသားစုဘဝကို ချစ်ခင်မြတ်နိုးသူပါ။အလုပ်နဲ့ ပတ် သက်ပြီး ငယ်ငယ်ကတည်းကလမ်းကြောင်းမှန်အောင်လျှောက်နိုင်သူတွေက ပိုမိုအောင်မြင်တတ်ပါ တယ်။ အရောင်အသွေးစုံ၊ နှစ်သက်ဖွယ်ကောင်းပြီး ဉာဏ်ရည်ဉာဏ်သွေးရှိသော်လည်း၊ အနည်းငယ် ဆန့်ကျင် ဘက် သဘော သဘာဝ  ကြောင့် အခက်အခဲအချို့ဖြစ်နိုင်သည်။ သို့သော်မိမိမှာ ဖြေရှင်းနိုင်မည့် စကားလုံးတွေနဲ့ နည်းလမ်း တွေရှိ နိုင်ပါတယ်၊ ဉာဏ်ကောင်းပြီး ထက်မြက်တဲ့ ပင်ကိုယ်သဘာဝရှိတယ်။ အယုံအကြည် ကင်းမဲ့သွားပြီ ဆိုလျှင် လည်း လုံးဝနောက်မဆုတ်တတ်သူ ဖြစ်ပါတယ်၊ ဒါပေမယ့် မင်းရဲ့ အလိုလိုနေရင်းနဲ့ မိမိရဲ့ စိတ်အာရုံအားလုံးကို အတတ်နိုင်ဆုံး ဆုပ်ကိုင်ထားနိုင်ပါတယ်။ မိမိဘဝလမ်းစဉ်သည် အမြဲတမ်းမလွယ်ကူသော်လည်း အသက်အရွယ်နှင့် အတွေ့အကြုံအရ အနာဂတ်အတွက် အလွန်အကျွံ မစိုးရိမ်မိစေရန် သင်ယူပါ။

ပြုပ္ဗဘရဂုဏီ နက္ခတ်သည် ရက်စက်ကြမ်းကြုတ်သော နက္ခတ်တာ့ရာများဖြစ်ပြီး တိုက်ခိုက်ရန်၊ အတင်းအကြပ်၊ မကောင်းမှု၊ လှည့်ဖြားမှုနှင့် ပဋိပက္ခ၊ ပျက်စီးခြင်းများအတွက် သင့်လျော်သည်။ ရန်သူ၊ ထောင်ချ၊ အဆိပ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ စစ်တိုက်ခြင်း၊ မီးတင်ရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ နာမည်ပျက်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ကြောင့် ကောင်းမှု မင်္ဂလာကိစ္စများအတွက် မသင့်တော်ပါ။ ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ်သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသောပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

အတိယုဂ်သည် အတားအဆီး/အန္တရာယ်များစွာကို ဆိုလိုသည်။ ကောင်းသော ကိစ္စရပ်များ လုပ်ဆောင်ရန် မသင့်တော်ပါ။ တေထိလကရိုဏ်းသည် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုများ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် ကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၅၃)နာရီမှ မွန်းလွဲ(၁၂း၂၀)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ သောကြာ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင် နှင့် နံ့သာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၆၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့တောင်အရပ်သို့ မျက်နှာမူ၍ “ဝိဇ္ဇာစရဏ သမ္ဗန္ဓော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဖရုံယို ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒတွေ ပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ

အောင်မှန်- အခါပေးဒိုင်ယာရီ

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

13.Feb.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၉)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၇)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

 ဒီနေ့ဟာ ရက်တံခွန်၊ ရက်ရာဇာ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁)လုံး ကျရောက်နေတာဖြစ်ပြီး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့ ဖြစ်ပါတယ်။ ဒီလိုနေ့ရက်မျိုးမှာတော့ အိမ်တွင်းရေး၊ အိမ်ထောင်ရေး၊လူမှုရေးတွေမှာ ပဋိပက္ခတွေရှိရင်ဖြေရှင်း နိုင်ပါလိမ့် မယ်။ ငြိမ်းချမ်းရေးလက်မှတ်ထိုးခြင်းများ၊ အလုပ်ရှင် အလုပ်သမား၊အိမ်ရှင် အိမ်ငှား စာချုပ်ချုပ်ဆိုခြင်းတွေအထူး ကောင်းပါတယ်။

            မင်္ဂလာကိစ္စတွေဖြစ်တဲ့ လက်ထက်ထိမ်းမြားခြင်း ၊ စေ့စပ်ခြင်း၊ရုံးတတ်လက်မှတ်ထိုးခြင်းများဆောင်ရွက် နိုင်သ လို ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဖင်းခံခြင်းများလဲ ဆောင်ရွက်လို့အထူးအဆင်ပြေချော့မွေ့ပါလိမ့်မယ်။

            ဒီနေ့မှာ လယ်ယာကိုင်းကျွန်း၊ဥယျဉ်ခြံတွေကို ဓာတ်မြေသြဇာတွေကျွေးခြင်း၊ ရွက်ဖြန်းအားဆေးပက်ဖြန်း ခြင်း များလဲဆောင်ရွက်နိုင်ပါတယ်။ တပည့်မွေးခြင်း၊သင်တန်းသားလက်ခံခြင်း၊ ပညာပေးဝေခြင်းများလဲ ဆောင် ရွက် နိုင် တဲ့‌နေ့ရက်ပါပဲ။ ရင်သွေငယ်မွေးဖွားခြင်းများ၊ ရောဂါဝေဒနာအတွက် ခွဲစိပ်ခန်းဝင်ကုသခြင်းများ၊ အထူး ကောင်းမွန်အဆင် ပြေပါလိမ့်မယ်။

            နည်းပညာနဲ့ပတ်သက်သော ဟောပြောပွဲများ၊ အောင်မြင်ရေးနဲ့ပတ်သက်သော ဟောပြောပွဲများ ဆောင်ရွက် အောင်မြင်နိုင်ပါလိမ့်မယ်။ဆေးဝါးအသစ်များမိတ်ဆက်ခြင်း၊ဈေးကွက်အတွင်းသို့စတင်ဖြန့်ဖြူးရောင်းချခြင်းများလဲ အလွန်ကောင်းပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၁း၅၁)နာရီမှ နေ့လယ်(၁၂း၄၂)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွား သူများသည် ယေဘုယျအားဖြင့် တည်ငြိမ်ပြီး ယုံကြည်စိတ်ချရတဲ့သူဖြစ်ပါတယ်။ သူ့အလိုလို ထူးခြားတဲ့ အားကိုးရတဲ့ သူတစ်ယောက်ပါ။ တစ်ချို့လူတွေက မိမိကို ခေါင်းမာတယ် လို့ ထင်ကြပါတယ်။ မိမိသည် လူအများစုထက် ပိုမိုတာ ကအတွေးအမြင်ထူးချွန်သည်။ လူတွေက မိမိရဲ့ ခံယူချက်နဲ့ ဉာဏ်ပညာကို သဘောကျကြပြီး မိမိရဲ့ “အဓိပ္ပါယ်ရှိသော” အနာဂတ်ကို ခန့်မှန်းနိုင်စွမ်းက တခြားသူ တွေအပေါ် ယုံကြည်မှုကို လှုံ့ဆော်ပေးတယ်။ မိသားစုကို ဦးတည်ပြီး လုပ် ဆောင်တတ်သူဖြစ်သလို အတော်လေး စည်းစနစ်ကျသူအဖြစ်တွေ့ရပါတယ်။မိမိတွင် တီထွင်ဖန်တီးမှုဉာဏ်များစွာရှိပြီး ထူးထူးခြားခြားအချက်ကတော့ မည်သည်နယ်ပယ် တွင် မဆို ကျော်ကြားထင်ရှားသည်။ အိမ်ထောင်ရေးအားနည်းချက် တော့ရှိတတ်သလို၊ အသက်၃၂ နောက်ပိုင်းထိ အိမ်ထောင်မကျသေးရင်လဲ လူပျိုကြီးအပျိုကြီးဖြစ်သွားတတ်ပါ တယ်။ မိမိတက်ကျွမ်းမှုကို ကြွားဝါတတ် ခြင်း မရှိဘဲ… ကြောင်လက်သည်းဖွက်ဆိုသလို မိမိတက်ကျွမ်းမှုတွေကိုလဲ ထုတ်ပြလေ့ မရှိကြတဲ့သူတွေဖြစ်ပါတယ်။

မာဃ နက္ခတ်သည် ရက်စွက်ကြမ်းကြုတ်သော သဘောသဘာဝရှိသော နက္ခတ်ဖြစ်ပြီး မကောင်းမှု၊ လှည့်စားမှု၊ ပဋိပက္ခများ၊ ရန်သူများကို ဖျက်ဆီးခြင်း၊ ထောင်ကျခြင်း၊ အဆိပ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ စစ်တိုက်ခြင်း၊ မီးညှိခြင်း၊ ဖျက်ဆီးခြင်း လုပ်ရပ်များ၊ နာမည်ပျက်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့အတွက် သင့်လျော်သည်။ ကုသိုလ်ကောင်းမှုပြုရန် မသင့်တော်ပါ။ ခရီးများမစတင်ပါနှင့်။ချေးငွေမပေးပါနှင့်။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား၊ ဝိဉာဉ်သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသောပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

သောဘဏယုဂ်သည် အဓိပ္ပာယ်က ခမ်းနားခြင်းဖြစ်သည်။ ကောင်းသောကိစ္စများအတွက် ကောင်းသည်။ ဗလဝကရိုဏ်းသည် ကုသိုလ်ကောင်းမှု။ ဝိညာဏ၊ ဗြာဟ္မဏ၊ မွန်မြတ်သော အကျင့်၊ဝိညာဉ်ရေးရာ လွန်ကဲပြီး ကောင်းမွန်သောအချိန်များနှင့် လုပ်ရပ်များအတွက် ကောင်းမွန်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၁း၄၇)နာရီမှ မွန်းလွဲ(၀၃း၁၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။          

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ လိမ္မော်ရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၈၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့အရပ်သို့ မျက်နှာမူ၍ “သံဃာပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘယာကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ

အောင်မှန်- အခါပေးဒိုင်ယာရီ

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

12.Feb.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တပို့တွဲလပြည့်နေ့၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၉)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၇)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့နှင့်မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ် ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ သမားညိုရက်ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လပြည်တီထိကျရောက်နေတာဖြစ်ပြီး ပြည့်ဝခြင်းကိုပေးတဲ့နေ့လည်း ဖြစ်ပါတယ်။ ဒီနေ့မှာ စိတ်အလုပ်တွေကိုအားထားပြီးလုပ်ဆောင်သင့်ပါတယ်။ စိတ်ကြည်လင်အေးချမ်းစေမဲ့ကိစ္စများ ဖြစ်တဲ့ သမထဘာဝနာ များပွားများကာ၊ပရိတ်ပဌာန်းတွေရွတ်ဖတ်သရဇ္ဈာယ်တာမျိုးတွေအလွန်ကောင်းပါတယ်။

            မိမိတတ်သိနားလည်ထားတဲ့ပညာတွေကို sharing လုပ်တာ ၊တပည့်လက်ခံသင်ကြားပေးတာ ၊သင်တန်း ဖွင့်လှစ်တာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။ မေတ္တာရေးစန်းကောင်းတဲ့နေ့ရက်ဖြစ်တာကြောင့် ချစ်ခွင့်ပန်တာ၊ ချစ်သူ ကိုအမှတ်တရလက်ဆောင်မျိုးတွေဝယ်ပေးတာမျိုးဆောင်ရွက်နိုင်သလိုမိဘတွေကိုလဲ မိမိတို့အချစ်ရေးနဲ့ ပတ်သက် ပြီး ဖွင့်ဟတိုင်ပင်သင့်တဲ့နေရက်ပါပဲ။

            ငွေကြေးကိစ္စတွေဖြစ်တဲ့ငွေချေးခြင်း၊အကြွေးတောင်းခြင်း၊ငွေပေး၊ငွေယူခြင်းများလဲဆောင်ရွက်နိုင်ပါတယ်။ အာမခံအလုပ်၊ဘဏ်အလုပ်တွေလဲ အဆင်ပြေအောင်မြင်မှုတွေရတတ်ပါတယ်။ ကဗျာစာပေများ၊ ကျမ်းစာအုပ်များ၊ စာတမ်းတင်ဖို့စတင်ခြင်းများစတဲ့ကိစ္စအ၀၀အတွက် စတင်ကြံဆ ရေးသားလို့အထူးကောင်းပါတယ်။မိမိ တို့စိုက်ပျိုးထား တဲ့ ဆန်ရေစပါးကောက်ပဲသီးနှံများ ပျက်စီးနိုင်တဲ့နေ့ရက် ဖြစ်တာကြောင့် ဓာတ်မြေသြဇာကျွေးခြင်း၊ရေလောင်း၊ ပေါင်း သင်ခြင်းများ ဆောင်ရွက်သင့်တဲ့နေ့ပါပဲ။ပြဿနာဟောင်း၊အမှုဟောင်းတွေရှိရင်လဲ ဒီနေ့မှာဖြေရှင်းနိုင်ပါလိမ့်မယ်။ ဘုရားတည်ခြင်း၊ထီးတင်ခြင်း၊ သိမ်သမုတ်ခြင်းကိစ္စများ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ကျောက်မျက်ရတနာ များဝယ်ယူခြင်း၊ဆင်မြန်းခြင်း များလဲဆောင်ရွက်နိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၁း၅၅)နာရီမှ နေ့လယ်(၁၂း၄၆)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ အသလိသ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ မကာရရာသီဖွားဖြစ်ပါ သည်။ ယနေ့မွေးဖွားသူများသည် အခက်အခဲအမျိုးမျိုးကြားမှ လျှင်မြန်စွာ ဖေါက်ထွက်နိုင်သောသူဖြစ်သည်။ မိမိတွင် အလွန်အာရုံစိုက်ထားသော စိတ်ဝင်စားမှုများရှိပြီး မိမိယုံကြည်သည့်အရာတစ်ခုခုတွင် သဘာဝကျကျနှင့် လိုလို လားလား ကြိုးစားလုပ်ဆောင်နေပါသည်။ သို့သော် သင့်စိတ်ဝင်စားမှုများကို အာရုံစိုက်နေချိန်တွင် မိမိအရည်အချင်း များသည် များစွာကွဲပြားပါသည်။ ဒါပေမယ့် မိမိရဲ့စိတ်ခံစားမှုတွေက မိမိကို လမ်းလွဲသွားစေတတ်တယ်။ မိမိဟာ စိတ်အားထက်သန်သူဖြစ်ပြီး မိမိ၏ဉာဏ်ရည်ဉာဏ်သွေးက တောက်ပနေ ပါတယ်။မိမိလုပ်ရိုးလုပ်စဉ်ကို အလွန် မကြိုက် သော်လည်း၊ မိမိသည်လည်း လုံခြုံရေးသတိရှိပြီး အကောင်အထည် ဖေါ်ရန်ဥာဏ်အမြော်အမြင် ရှိပါသည်။ တရားအသိရှိသောသူ၊စာဖတ်အားကောင်းပြီးတော့ လေးလေးနက်နက် တွေးတတ်သူတစ်ယောက်ဖြစ်ပါလိ မ့်မယ်။ တစ်ခုသတိထားရမှာက နာမည်ပေးမှားယွင်းရင်တော့ ပညာတတ်လူရမ်း ကားဖြစ်သွားတတ်ပြီးတော့ အမှား တွေကို ဆက်ခါဆက်ခါလုပ်မိသွားတတ်ပါတယ်။ ကျန်းမာ‌ရေးအားနည်းချက်ရှိပြီး တော့အစာအိမ်အားနည်းချက်ပိုရှိ ပါတယ်။ ငွေကြေးကံစီမံခန့်ခွဲနိုင်သူဆိုရင်ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာနိုင်ပါတယ်။

အသလိသ နက္ခတ်သည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး စစ်ပွဲတွင်အောင်မြင်ရန်၊ ဒြပ်စင်များနှင့် အခြားဝိညာဉ်များကို ဖိတ်ခေါ်ခြင်း၊ ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်းလုပ်ရပ်များနှင့် အထက် အရာရှိများနှင့် မဟာမိတ်ဖွဲ့ခြင်းတို့ကို ဖြိုခွဲခြင်းအတွက် သင့်လျော်သည်။ ကောင်းသောကိစ္စများအတွက် မသင့်တော်ပါ။ ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့် လျော် သည်။

သောဘဂျယုဂ်သည် ကံကောင်းခြင်းဟု အဓိပ္ပါယ်ရသည်။ ကောင်းသောကိစ္စများအတွက် ကောင်းသည်။ ဗိဌိက ရိုဏ်းသည် မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ်အားဖြင့် ရန်သူကိုတိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲ ခြင်းစသည့် အဖျက်လုပ်ငန်းများအတွက် ၎င်းတို့အား သင့်လျော်စေသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၂၀)နာရီမှ မွန်းလွဲ(၀၁း၄၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ ကြာသပတေး၊ သောကြာ၊ စနေသားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၅၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့မြောက်အရပ်သို့ မျက်နှာမူ၍ “အရဟံအောင်သိဒ္ဓိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးသီး ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒတွေ ပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ

အောင်မှန်- အခါပေးဒိုင်ယာရီ

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

7.Feb.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တပို့တွဲလဆန်း (၁၀)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၀)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၀)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။ဒါပေမဲ့ သမားညိုရက်နဲ့ တိုက်ဆိုင်နေ တာမို့ ရှောင်လိုက်တာကပိုကောင်းပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၀)လုံး ကျရောက်နေတာဖြစ်ပြီး ပြည့်ဝခြင်းကိုပေးတဲ့နေ့ ဖြစ်ပါတယ်။ ဆေးဖော်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ ဆေးကုသမှုခံယူခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ ငွေစုဆောင်းဖို့အတွက် ဘဏ်စာရင်း စတင်ဖွင့်လှစ်ခြင်းများအထူးကောင်းပါတယ်။

            အိမ်ဆောက်ရန်အတွက် အုတ်၊သဲကျောက်၊သစ်စတဲ့အိမ်ဆောက်ပစ္စည်းများစုဆောင်းခြင်းမျိုးဒီနေ့မှာ ဆောင်ရွက်နိုင်ပါတယ်။ မိမိမြေမိမိခြံတွေကို မြေသန့်မင်္ဂလာပြုလုပ်ခြင်းများ ဆောင်ရွက်လို့အထူးကောင်းတဲ့နေ့ ရက်ပါ။ မင်္ဂလာယူပြီးဆောင်ရွက်ရသော ကိစ္စမှန်သမျှ စတင်လုပ်ဆောင်ရန် အခါကောင်း ကျရောက်ပါသည်။ နံနက်(၈း၂၄)နာရီမှ (၁၀း၃၀)နာရီကြား ကာလများတွင် ဆောင်ရွက်သမျှ အလုံးစုံ အောင်မြင်မည်။ 

အချစ်ရေးကံကောင်းနေတဲ့နေ့ရက်ဖြစ်တာကြောင့် မိမိချစ်ရသူကို ချစ်ကြောင်း၊ကြိုက်ကြောင်းစတဲ့ရင်ထဲကခံစား ချက်တွေကို ထုတ်ဖော်ပြောပြသင့်တဲ့နေ့ပါပဲ။ အလုပ်အတွင်းပဋ္ဋိပက္ခများ၊ အိမ်တွင်းရေးလူမှုရေားပဋိပက္ခများရှိရင် ဒီနေ့ပြေလည်အောင်ဖြေရှင်းနိုင်မှာပါ။

            အလုပ်သစ်ရှာခြင်း၊ အလုပ်လျှောက်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ ရှင်ပြု နားသ၊ပဉ္ဇင်းခံခြင်း၊ စတဲ့အလှူမဂ်လာတွေလဲဆောင်ရွက်နိုင်ပါတယ်။ မိမိနာမည်၊မိမိဆိုင်၊မိမိလုပ်ငန်း၊မိမိကုမ္ပဏီ တွေကိုဆိုင်းဘုတ်တင်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။ ခရီးနဲ့ပတ်သက်သော ကိစ္စများလဲ ဆောင်ရွက်လို့ အဆင်ပြေပါလိမ့်မယ်။အလုပ်ခရီးများ၊ ကုန်သွယ်ရေးခရီးများ၊ အပျော်ခရီးများ စသည့်ဖြင့် မည်သည့် ခရီးမဆို ဒီနေ့မှာသွားလို့ အဆင်ပြေချောမွေ့တတ်ပါတယ်။

ရှောင်သင့်တာတွေကတော့ ငွေကြေးကိစ္စအ၀၀ဖြစ်တဲ့ ငွေပေးခြင်း၊ငွေယူခြင်း၊အာမခံခြင်း၊ငွေကြေးချေးငှားခြင်း တွေရှောင်အပ်ပါတယ်။ ဒီနေ့မှာသတိထားရမှာကတော့ ဆရာတင်မှားတတ်ပါတယ်။ ဆရာကောင်းသမားကောင်း တွေနဲ့လဲတွေ့ဖို့ ခဲယဉ်းပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၂း၁၄)နာရီမှ နေ့လယ်(၁၃း၀၆)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ရောဟဏီ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ မကာရရာသီဖွား ဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် ဘဝနှင့် အတွေ့အကြုံအတွက် စူးစမ်းလေ့လာချင်စိတ်သည် ကြီးမားသော် လည်း မိမိလိုချင် သမျှကို ရရှိရန် မိမိလုပ်ဆောင်ရမည်ဟုလည်း သိနားလည်ပါသည်။ မိမိရဲ့စိတ်ခံစားမှုတွေက နက်နဲ ပေမယ့် မိမိဟာ ထက်မြက်တဲ့စိတ်နဲ့ ထက်မြက်တဲ့အမြင်ရှိတဲ့ လက်တွေ့ကျတဲ့လူတစ်ယောက်ပါ။ မိမိက သူများတွေနဲ့ မတူဘဲ မိမိစိတ်ဝင်စားမှုက လူအများကြီးနဲ့ ကွဲပြားခြားနားပါတယ်။ မိမိရဲ့ ဟာသဥာဏ်က ပွင့်လင်းမြင်သာမှု ရှိတယ်။ စိန်ခေါ်မှုကို တော်ရုံဆိုမကြောက်တတ်ပါဘူး။ ကျန်းမာရေးထိခိုက်မှာကိုတော့ အထူးကြောက်တတ်တယ်၊ ပြဿနာ တွေကို ငြင်သာပွေ့ဖက်ပြီး အနိုင်ယူနိုင်သူပါ။ မိမိဟာ သတ္တိရှိတယ်၊ ရဲရင့်တယ်၊ တောက်ပတယ်။ ကံကောင်း ခြင်းတွေကိုယူ ဆောင်လာတဲ့သူတွေဖြစ်သလို မိဘတွေနဲ့ကံစပ်ရင် စပ်သလောက် မိမိကံအရှိန်ကြောင့် မိဘတွေမှာ တိုးတတ်မှု၊ကြီး ပွားမှုတွေခံစားရတတ်ပါတယ်။ ငွေကြေးကံမြင့်မားနေတတ်ပြီး ငွေရှာရလွယ်ကူသူတွေအဖြစ်လဲ အတွေ့ရများပါတယ်။ နေရာကောင်းရရှိပြီး ဇိမ်ခံပစ္စည်းကောင်းတွေနဲ့ နေရတတ်တဲ့ဇာတာမျိုးပါပဲ။

ရောဟဏီ နက္ခတ်သည် မြဲမြံခိုင်ခံ့သော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်း၊ ဗိမာန်ဆောက်ခြင်း၊ ရေရှည်တည်တံ့သော သို့မဟုတ် ထာဝရအကျိုးသက်ရောက်မှုကို အလိုရှိသော လုပ်ဆောင်ချက်များအတွက် သင့်လျော်သည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ/ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဣန္ဒယုဂ်သည် သိကြားမင်း(အကြီးအကဲ)ဟု အဓိပ္ပါယ်ရသည်။ ကုသိုလ်ကောင်းမှုအားလုံးအတွက် ကောင်းမွန်သည်။ တေထိလကရိုဏ်းသည် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုများ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် ကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၅၄)နာရီမှ မွန်းလွဲ(၁၂း၂၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ သောကြာ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဝါရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၅၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့တောင်အရပ်သို့ မျက်နှာမူ၍ “ဗုဒ္ဓေါဇိနော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပုန်းရည်ကြီးသုတ် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ

အောင်မှန်- အခါပေးဒိုင်ယာရီ

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

6.Feb.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တပို့တွဲလဆန်း (၉)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၀)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၀)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က ‌တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက် လို့ရပါ တယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရသေ့ကျော် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရသေ့ကျော်ရက် ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၉)လုံးကျရောက်နေတာဖြစ်ပြီး ဖယ်ရှင်းခြင်းအတွက်သုံးရန် အထူးကောင်းတဲ့ နေ့ ဖြစ်နေပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေကိုပေးတဲ့ ရိတ္တာတီထိ ကျရောက်တဲ့နေ့ပါပဲ။ စနေအုပ်စိုး တဲ့နေ့ရက်ဖြစ် တာကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းမှာဖြစ်စေ၊ အရေးပြာပေါ်မှာ ရှိစေဖြစ်ပေါ်နေတဲ့အနာရောဂါတွေကို ခွဲစိပ်ကုသမယ်ဆို ရင်တော့ ဒီနေ့မှာကုသလို့ အောင်မြင်ပါလိမ့်မယ်။

            အနိဌသဘောဆောင်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဓားလှံလက်နက်များထုတ်လုပ်တဲ့အလုပ်များ၊ ခဲယမ်းမီး ကျောက်နဲ့ပတ်သက်သောအလုပ်များ၊ ပိုသတ်ဆေးဖြန်းခြင်းများဆောင်ရွက်နိုင်တဲ့နေ့တစ်နေ့ပါပဲ။ ရန်သူအား ဖမ်းဆီး ခြင်း၊ လက်နက်သုံးစွဲခြင်းများပြုလုပ်နိုင်တဲ့နေ့တစ်နေ့ပါပဲ။ ဒီလိုနေ့မျိုးမှာတော့ လုပ်ငန်းသစ်စတင်ခြင်းများ၊  အလုပ် အကိုင်အခွင့်အလမ်းအတွက် အင်တာဗျူးခြင်း များ၊ပြည်တွင်းပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများဖွင့်လှစ်ခြင်း တွေ အထူးကောင်းပါတယ်။

ကုန်ရောင်းကုန်ဝယ်အလုပ်များ ၊အိမ်ခြံမြေရောင်းဝယ်ခြင်းကိစ္စများ၊အထူးအဆင်ပြေတတ်ပါ တယ်။ကလေးနာမည် ပေး ကင်ပွန်းတပ်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။ဒီနေ့မှာရင်းနှီးမြုပ်နှံမှုတွေမှားတတ်ပါတယ်။ စီးပွားရေး နဲ့ ပတ် သက်ပြီး အကြီးစားရင်းနှီးမြုပ်နှံမှုတွေရှောင်လိုက်စေချင် ပါတယ်။ ယနေ့သည် ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်း ဖြစ်သည်။ သမားပြခြင်း၊ ဆေးရုံ၊ ဆေးခန်းသွားခြင်းများလည်း ပြုလုပ်နိုင်ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၂း၁၈)နာရီမှ နေ့လယ်(၁၃း၁၀)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ကြတ္တိကာ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် မရည်ရွယ်သော်လည်း၊ မိမိတွင် ထူးခြားဆန်းပြားပြီး လျှို့ဝှက်ဆန်းကြယ်သော ကိုယ်ပိုင် ဆွဲဆောင်နိုင်စွမ်း သံလိုက်ဓာတ်ကို စွမ်းအင်ဖြည့်သွင်းပေးသည့် အရာတစ်ခုရှိပါသည်။ မိမိရဲ့ဆန္ဒက အတော်လေးကို ခိုင်မာပြီး လူတွေကို လှုံ့ဆော်ပေးတဲ့အရာတွေကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ပါသည်။။ သဘာဝအရ စိတ်ပညာရှင် တစ်ဦးအဖြစ် မိမိသည် လူတို့ကို လေ့လာဆန်းစစ် သတ်မှတ််နိုင်သောအရာကို အလွယ်တကူ ကောက် ယူနိုင်သည်။ မိမိက မည်သည်နေရာသို့ ရောက်ရှိသည်ဖြစ်စေ တိကျပြတ်သားစွာ ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းရှိသည်။ မိမိရဲ့ဦးတည် ချက်ဟာ ထူးထူးခြားခြားပါပဲ။ မိမိရဲ့ ပင်ကိုယ်စွမ်းရည်က အားကောင်းပြီး မိမိချစ်တဲ့ လူတွေအပေါ် မိမိရဲ့သည်းခံကူညီ စောင့်ရှောက် တက်ခြင်းကတော့ မှတ်သားစရာပါပဲ။ စိတ်မြန်ခြင်းသည် မိမိနှင့် ယဉ်ပါးရန် လိုအပ်သော စရိုက်လက္ခ ဏာတစ်ခု ဖြစ်သည်။ဒီလိုဇာတာ တော်တော်များများက သမိုင်းနဲ့ သုတေသနကို ဝါသနာ ပါတယ်။ငယ်ငယ်ရွယ်နဲ့ အောင်မြင်နိုင်သူဖြစ်သလို..အောင်မြင်ပြီဆိုလဲ တော်ရုံနဲ့ ပြန်မကျတတ်ပါဘူး။ငွေကြေး ကံအား ကောင်းပြီး ငွေဝင်ပြီးဆို အစုလိုက်အပြုံလိုက်ဝင်တတ်ပါတယ်။ အမွေအနှစ်ရမဲ့ကံရှိတဲ့ဇာတာပါ။ တစ်ခုသတိ ထား ရမှာက ငွေတိုးပေးစားတဲ့ အလုပ်များကို အထူးရှောင်သင့်ပါတယ်။အသုံးအဖြုန်းကျစ်လစ်တဲ့သူတစ်ယောက်ဖြစ်ပြီး တော့ငွေကြေးကို သေချာစွာ စီမံ ခန့်  ခွဲနိုင်သူများဖြစ်ပါတယ်။

ကြတ္တိကာ နက္ခတ်သည် လက်ငင်းလုပ်ဆောင်မှုများ၊ ပြိုင်ဆိုင်မှုများ၊ ပူပြင်းသောအငြင်းအခုံများ၊ သတ္ထုများနှင့် အလုပ်လုပ်ရန်အတွက် ကောင်းမွန်သည်။ ဤနက္ခတ် သည် ရောနှောထားသော သဘာဝရှိသည်။ ပုံမှန်လုပ်ဆောင်မှုများ၊ နေ့စဉ်တာဝန်များကို လုပ်ဆောင်ရန် သင့်လျော်သော်လည်း အရေးကြီးသော လုပ်ဆောင်ချက်အသစ်များကို စတင်ရန် အကြံပြုထားခြင်းမရှိပါ။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။

ဗြဟ္မာယုဂ်သည် မြင့်မြတ်သော၊ ကောင်းသော ကိစ္စရပ်များအားလုံးအတွက် ကောင်းမွန်သည်။ဗလဝကရိုဏ်းသည် ကုသိုလ်ကောင်းမှု။ ဝိညာဏ၊ ဗြာဟ္မဏ၊ မွန်မြတ်သော အကျင့်၊ဝိညာဉ်ရေးရာ လွန်ကဲပြီး ကောင်းမွန်သောအချိန်များနှင့် လုပ်ရပ်များအတွက် ကောင်းမွန်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၁း၄၆)နာရီမှ ညနေ(၀၃း၁၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင် နှင့် မိုးပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၀၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့အရပ်သို့ မျက်နှာမူ၍ “သတ္တာဒေဝ မနုဿာနံ” (၉)ခေါက် ရွတ်ဆိုသွား ပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မက်မွန်သီး ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ

အောင်မှန်- အခါပေးဒိုင်ယာရီ

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

4.Feb.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တပို့တွဲလဆန်း (၇)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၁)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ အမြိတ္တစုတ်၊ ရက်ကန်း၊ ရက်ရာဇာ၊ သမားညို၊ ရှမ်းရက် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။

ဒီနေ့ဟာရသေ့ကျော်ရက် ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၇)လုံး ကျရောက်နေတာဖြစ်ပြီး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့ ဖြစ်နေပါတယ်။ အိမ်ရှေ့ခြံစည်းရိုးများ၊ တံခါးများဆေးပြန် သုတ်ခြင်း၊ အိမ်ခေါင်း ရင်းဘက်ပြုပြင်ခြင်းများဆောင်ရွက်လို့ အထူးကောင်းပါတယ်။

            အထက်လူကြီး ၊မိမိအလုပ်ပိုင်ရှင်၊ မိဘတွေကို ဖွင့်ပြောစရာကိစ္စတွေအရေးကြီးတဲ့အကြောင်းအရာတွေ ရှိရင်တော့ဖွင့်ပြောတိုင်ပင်သင့်တဲ့နေ့ရက်မျိုးပါပဲ။ ကျက်သရေမင်္ဂလာရှိတဲ့နေ့ရက်ဖြစ်တာကြောင့် ကျက်သရေ ယုတ် စေတဲ့ကိစ္စတွေကိုရှောင်ရှားလိုက်စေချင်ပါတယ်။ အခက်အခဲပြဿနာတွေရှိရင်လဲ သေချာပေါက် ဖြေရှင်း ကျော်လွှား သွားနိုင်ပါလိမ့်မယ်။

            ယနေ့တွင် ဆံသခြင်း၊ဆံပင်ပြုပြင်ခြင်းပြုက ကြံတိုင်းအောင်မည်။ ကုန်ပစ္စည်းများ စတင်မိတ်ဆက်ရန် ရက် ကောင်းဖြစ်သည်။ ဖြန့်ဖြူးလိုသောပစ္စည်းများ ယနေ့တွင် စတင်၍ ဖြန့်ချီနိုင်သည်။ ယနေ့တွင် ပြောဆိုသော ကတိ စကားများ ပျက်ယွင်းတတ်သည်။ လူအများတို့ စကားမတည်၊ စာချုပ်စာတမ်းများ ချုပ်ဆိုရန် မသင့်ပါ။ ငွေမချေးရ၊ ဆုံးတတ်ပါသည်။  

            ရေတွင်းရေကန်များ၊  ကျောက်မျက်ရတနာများ၊ဆည်မြောင်းတာတံများ စတင်တူးဖော်ဆောင်ရွက်လို့ အထူး ကောင်းမွန်တဲ့နေ့ရက်ပါပဲ။ကုမ္ပဏီအစုစပ်လုပ်ငန်းများ၊ဖက်စပ်ရှယ်ယာလုပ်ငန်းများ၊စတော့ရှယ်ယာလုပ်ငန်းများ မကောင်းတာမျိုးတွေ့ရပါ တယ်။ အချစ်ရေးကိစ္စတွေမှာလဲချစ်သူနဲ့ နားလည်မှုလွဲနေရတတ်ပါတယ်။ အိမ်ထောင်ရေး ကံကတော့နှစ်ဖက်အသိုင်းအဝိုင်းတွေရဲ့ စကားတွေကြောင့် လင်မယားချင်းသွေးကွဲရတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၂း၂၆)နာရီမှ နေ့လယ်(၁၃း၁၈)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ အသာဝဏီ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ မကာရရာသီဖွားဖြစ်ပါ သည်။ယနေ့မွေးဖွားသူများသည် ပုဂ္ဂိုလ်ရေးအရ ဆွဲဆောင်စည်းရုံးနိုင်သော သံလိုက်ဓါတ်ရှိသော်လည်း အချို့ကို အနည်းငယ် ကြောက်ရွံ့သော အမူအရာ ရှိတတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းများနဲ့ နီးစပ်ရန် အနည်းငယ် ခက်ခဲ စေသည်။ အသက်ကြီးလာချိန်တွင် မိမိဘဝတွင် လူသစ်များ အမှန်တကယ် မလိုအပ်တော့ကြောင်း သိလာပြီး တစ် ယောက် ထဲနေ တစ်စိတ်ထဲထားနိုင်ကြပါတယ်။ သိမ်မွေ့သော ခံစားချက်က မိမိထံတွင်ပါလာပြီး အနုပညာ ခံစားချက် ပေးဆောင်ထားသည်။ ခိုင်ခံ့မှု၊ စာရိတ္တခွန်အား၊ အားကိုးနိုင်မှု၊ ရိုးသားမှုတို့ကို မိမိဆီမှာအမြဲရှိနေသည်။ မိမိဟာ စိတ်ကူးယဉ်ဝါဒီတစ်ယောက်ဖြစ်ပြီး အမြော်အမြင်ရှိတဲ့သူတစ်ယောက်ဖြစ်ပေမယ့် မိမိရည်တည်နေသော ဘ ဝလမ်း ကြောင်းတစ်လျှောက် အမြဲပင် ကြိုးစားလျှက်ရှိသည်။ မိမိရဲ့ဆက်ဆံရေးတွေ အပါအဝင် တစ်ဝက်တစ်ပျက်ကို မိမိလုပ် နိုင်စွမ်းမရှိဘူးလို့ ထင်ပါတယ်။ မိမိဟာ ဘဝမှာ အောင်မြင်မှုရဖို့ အာရုံစိုက်နေရတယ်။မိသားစုအတွက် မောင်နှမ တွေအတွက် စဉ်းစားပေးလွန်းတာကြောင့် အောင်မြင်ဖို့အတွက် ထင်သလောက် မဖြစ်ထွန်းနိုင်ပါ။ ပညာရေးကို တစ်ဆက် တည်းကြိုးစားဖို့လိုအပ်ပြီးတော့ ပညာသင်ချိန် ခဏရပ်တန့်လိုက်ရင်တော့ ရေရှည်မှာ ပညာတစ်ပိုင်းတစ ဖြစ်သွားတတ်ပါတယ်။ ငယ်ငယ်ရွယ်နဲ့ အိမ်ထောင်မကျပါကအရွယ်လွန်ပါက အိမ် ထောင်ကျဖို့ ခဲယဉ်းသွားတတ် တဲ့သူတွေဖြစ်ပါတယ်။

အသာဝဏီ နက္ခတ်သည် ခရီးသွားခြင်း၊ ကုသခြင်း၊ လက်ဝတ်ရတနာပြုလုပ်ခြင်း၊ လေ့လာခြင်းအစ၊ မော်တော်ယဉ်များ အဝယ်/ရောင်း၊ ခရီးအတွက် သင့်လျော်သည်။ ဤနက္ခတ် သည် ပေါ့ပါးပြီး လျင်မြန်သော သဘာဝရှိသည်။ အားကစား၊ အလှဆင်ခြင်းနှင့် အနုပညာ၊ ကုန်သွယ်မှု၊ ဈေးဝယ်၊ ခရီးတို၊ ကာယလေ့ကျင့်ခန်း၊ ကျောက်မျက်ရတနာများ ဝတ်ဆင်ခြင်း၊ လုပ်ငန်းစတင်ခြင်း၊ ပညာရေးနှင့် သင်ကြားခြင်း၊ ဆေးဝါးသောက်ခြင်း၊ ပေးကမ်းခြင်း၊ ချေးငွေယူခြင်း၊ ဘာသာရေးဆိုင်ရာ လုပ်ဆောင်မှုများ၊ ဇိမ်ခံပစ္စည်းများကို နှစ်သက်ခြင်းတို့ကဲ့သို့သော လှုပ်ရှားမှုများအတွက် ကောင်းမွန်ပါသည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

သုဘယုဂ်သည် မင်္ဂလာရှိခြင်းဟု အဓိပ္ပာယ်ရပါသည်။ ကောင်းသော ကိစ္စရပ်များအားလုံးအတွက် ကောင်းမွန်သည်။ ဂရဇံကရိုဏ်းသည် မြေကြီးတွင် စိုက်ပျိုးခြင်း၊ မျိုးစေ့ချခြင်း၊ အိမ်ဆောက်ခြင်းအတွက် ကောင်းမွန်သည်။ တိရစ္ဆာန်မွေးမြူရေးအလုပ်များနှင့်/သို့မဟုတ် အိမ်များ၊ အဆောက်အအုံများ ဆောက်လုပ်ခြင်းစသည်ဖြင့် သင့် လျော်မှုအရှိဆုံးဖြစ်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၃း၁၁)နာရီမှ ညနေ(၀၄း၃၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး၊ စနေသားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြေးနီရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၃၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်တောင်အရပ်သို့ မျက်နှာမူ၍ “ဓမ္မံပူဇေမိ” (၉)ခေါက် ရွတ်ဆို သွား ပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကြာဇံဟင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ

အောင်မှန်- အခါပေးဒိုင်ယာရီ

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

3.Feb.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တပို့တွဲလဆန်း (၆)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၂)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ.လူ့ပြည်ပြဿဒါး၊ သမားဖြူ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၆)လုံး ကျရောက်နေတာဖြစ်ပြီး  ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့ ဖြစ်နေပါတယ်။ ဒီနေ့မှာအိမ်ပြင်ခြင်း၊ အိမ်တတ်လုပ်ခြင်း၊ ဆံသခြင်း၊ ခေါင်းဆေးခြင်းများလဲ ဆောင်ရွက်လို့အထူးကောင်းပါ တယ်။ အိမ်ထောင်ပရိဘောဂများဖြစ်တဲ့ ခန်းဝင်ပစ္စည်းများ ၊ဧည့်ခန်းပစ္စည်းများ၊ စားပွဲကုလားထိုင်များ ဝယ်ယူလို့ အထူး ကောင်းနေတတ်ပါတယ်။

ဆေးဖော်ခြင်း၊ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများ ဒီနေ့မှာဆောင်ရွက်လို့အဆင်ပြေအောင်မြင်တတ်ပါ တယ်။ လယ်ယာစိုက်ပျိုးခြင်းများစတင်ဆောင်ရွက်နိုင်တဲ့နေ့တစ်နေ့ပါပဲ။ သောကြာဂြိုဟ်စိုးမိုးနေတာကြောင့် ဖျော် ဖြေရေးနဲ့ပက်သက်သောလုပ်ငန်းများ၊ ဂီတ၊သီချင်း၊ရုပ်ရှင်များလဲ အထူးအဆင်ပြေအောင်မြင်တတ်ပါတယ်။

            ငွေကြေးစတင်စုဆောင်းခြင်း၊ အဝတ်အထည်ဒီဇိုင်းများ စတင်ချုပ်လုပ်ခြင်းများလဲဆောင်ရွက်နိုင်ပါလိမ့် မယ်။ စက်ပစ္စည်းများ၊ဝယ်ခြင်း၊ရောင်းခြင်း၊အလဲအထပ်လုပ်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်နိုင်ပါလိမ့်မယ်။ စက်ပစ္စည်းများကို စတင်တပ်ဆင်လည်ပတ်ခြင်းမျိုးလဲ  လုပ်ဆောင်သင့်တဲ့နေ့ပါပဲ။ အချစ်ရေးစန်းကောင်းနေတာကြောင့် ချစ်သူကို ချစ်စကားပြောခြင်း၊ မေတ္တာတောင်းခံခြင်းများဆောင်ရွက်နိုင်ပါ လိမ့်မယ်။ယနေ့သည် ခေါင်းဆေး၊ ခေါင်းလျှော် ခြင်းပြုရန် ရက်ကောင်းဖြစ်သည်။ ခေါင်းဆေး၊ ခေါင်းလျှော်ခြင်းပြုက ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်မည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၂း၃၀)နာရီမှ နေ့လယ်(၁၃း၂၂) နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင် ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ရေဝတီ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် တိုးတက်မှုရှိပြီး တက်ကြွမှုနှင့် စိတ်အားထက်သန်မှုများစွာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ စိတ်ခံစားမှု အတက်အကျတွေက မိမိဘဝကို ပုံဖော်ပေးနိုင်ပြီး မိမိဟာ မိမိပတ်ဝန်းကျင်ကနေ အများကြီး-သင်ယူနိုင်သူ ဖြစ်နိုင်သလို အားနာတတ်သူတစ်ယောက်ပါ။ တခါတရံမှာ မိမိဟာမိသားစုတာဝန်တွေများပြီး ဝန်ပိုနေတယ်လို့ ခံစားရပေမယ့် မိမိဆန္ဒက ခိုင်မာပြီး စိတ်ဓာတ်ကြံ့ခိုင်တယ်။ တကယ်တော့ မိမိဟာ တစ်ခါတလေ မယုံနိုင်လောက်အောင် ခေါင်းမာတတ်တယ်။ ဆွဲဆောင်စည်းရုံးနိုင်မှု သံလိုက်ဓာတ် မြင့်မားစွာ၊ မိမိ၏ ဆက်သွယ်မှု စွမ်းရည်သည် ထူးခြား ထင်ရှားသည်။ မိမိဟာ သဘာဝကျတဲ့ အနုပညာရှင်လဲဖြစ်နိုင်ပါတယ်။ဒီနေ့မွေးသူများဟာ အများအားဖြင့် လူပျိုကြီး အပျိုကြီးတွေဖြစ်တတ်ကြ ပါတယ်။ဘဝမှာ ထင်ထားသည်ထက် ပိုမိုသံဝေဂရလွယ်ပြီး တရားအားထုတ်ချင် စိတ် တွေ များ ပြားနေတတ်ပါတယ်။ အသက် ၄၀ကျော် လာ ချိန်ကစလို့ တရားစိတ်၊ကုသိုလ်စိတ်၊ ပရဟိတစိတ် တွေဝင် လာတတ် ပါတယ်။ ဘဝကိူ ပုံမှန်ပဲ ဖြတ်သန်းလိုစိတ်ရှိပြီး အနုပညာနယ်ပယ်၊ခံစားမှုနယ်ပယ် တွေမှာ အောင်မြင်နိုင်တဲ့ သူတွေဖြစ် ပါတယ်။

ရေဝတီ နက္ခတ်သည် နူးညံ့သိမ်မွေ့သော သဘောသဘာဝရှိသော နက္ခတ်ဖြစ်ပြီး အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ်အပျော်အပါး၊ အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ်ဝတ်ဆင်မှု၊ လက်ထပ်မှု၊ သီဆိုကခုန်မှု၊ စီတန်း လှည့်လည်ပွဲများ၊ မင်္ဂလာအခမ်းအနားများ၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလာမှုများအတွက် ကောင်းမွန်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

သိဒ္ဓယုဂ်သည် ပြီးမြောက်ခြင်း ၊ ပြီးပြည့်စုံခြင်း လို့ အဓိပ္ပါယ်ရပါသည်။ ကောင်းသော ကိစ္စရပ်များအားလုံးအတွက် ကောင်းမွန်သည်။ဗလဝကရိုဏ်းသည် ကုသိုလ်ကောင်းမှု။ ဝိညာဏ၊ ဗြာဟ္မဏ၊ မွန်မြတ်သော အကျင့်၊ဝိညာဉ်ရေးရာ လွန်ကဲပြီး ကောင်းမွန်သောအချိန်များနှင့် လုပ်ရပ်များအတွက် ကောင်းမွန်သည်

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၈း၀၂)နာရီမှ နံနက်(၀၉း၂၈)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာ၊ စနေသားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အနီရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၈၊ ၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူ၍ “သုဂတော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒတွေ ပြည့်ဝကြပါစေ။