ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလပြည့်နေ့၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မတ်လ(၅)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၂၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၅)နာရီဖြစ်ပြီး ၊ ညနေ(၅:၅၅)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ညနေ(၃း၀၈)နာရီအထိ တနင်္လာမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် တနင်္ဂနွေမြေခံ အဖြစ်သို့ ပြောင်းလဲကျရောက်နေပါသည်။တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီး မားမားရရှိ ကြွယ်ဝခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူ တာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ရက်တံခွန်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ညနေ(၃း၀၈)နာရီအထိ လဆန်းတီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျ ရောက် နေပြီး လွန်လျှင် လဆန်းတီထိ(၁၄)လုံး ပယ်ရှင်းခြင်းအတွက် သုံးရန်ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေပါသည်။အောင်မြင်မှုတွေကို ဖော်ဆောင်ပေးမဲ့ဇယာတီထိကျရောက်တဲ့ နေ့ရက်လဲဖြစ်တာမို့ဒီလိုနေ့ရက်တွေ မှာ တော့ အခက်အခဲတွေကိုကောင်းစွာကျော်ဖြတ်နိုင်ပါလိမ့် မယ်။ လုပ်လို့အဆင်မပြေလို့ လက်လျော့လိုက်တဲ့ အလုပ် တွေကိုပြန်လည်ဆန်းသစ်သင့်တဲ့ နေ့ရက်ပါပဲ။ ကျန်းမာ ရေးနဲ့ ပတ်သက် ပြီး အသေးအမွှားကုသတာကစလို့ ခွဲစိပ် ကုသတာတွေအထိ အထူးအဆင်ပြေ အောင်မြင်မှု တွေကို ရရှိတတ်ပါတယ်
ကျောက်မျက်ရတနာများသွေးခြင်း၊ရွှေငွေလက်ဝတ်ရတနာများဖန်တီးခြင်းတွေကိုလဲ အထူးဆောင်ရွက်လို့ ကောင်းပါတယ်။ ရွှေဆိုင်များ လက်ဝတ်ရတနာဒီဇိုင်းသစ်တွေကိုပြုလုပ်ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။
မိမိအိမ်ရိက္ခာအတွက်ဆန်၊ဆီ၊ကြက်သွန်စတာတွေများများစားစားဝယ်ယူထားလို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ စစ်လက်နက်ထီထွင်ခြင်း၊စမ်းသပ်ဖောက်ခွဲခြင်း၊စစ်ရေးလေ့ကျင့်ခြင်းများလဲဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ ကုန် သွယ်ခြင်း လုပ်ငန်းများ၊ စက်ပစ္စည်းအပိုရောင်းချတဲ့လုပ်ငန်းများ၊လျှပ်စစ်လုပ်ငန်း၊ လမ်းတံတားနှင့် အဆောက်အဦး လုပ်ငန်းများပိုမိုတိုးတတ်ပါလိမ့်မယ်။
မိန်းကလေးတွေအများဆုံးလုပ်ကိုင်ကြတဲ့ အလုကုန်လုပ်ငန်း၊အလှပြုပြင်ခြင်း၊ အထည်ချုပ်လုပ်ငန်း စတာတွေလဲ တိုးတတ်အောာင်မြင်အောင် စွမ်းဆောာင်နိုင်ပါလိမ့်မယ်။အိမ်မွေးတိရိစ္ဆာန်များ၊သတ္တဝါများ ရောင်းဝယ်ခြင်းလုပ်ငန်း တွေ၊ မိမိဖြစ်ချင်တဲ့ဆန္ဒတွေကိုစတင်အကောင်အထည် ဖော်တာမျိုးတွေ အထူးကောင်းပါတယ်။
ဒီလိုနေ့မျိုးဟာ အချိန်မဖြုန်းဘဲအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်သူတွေကတော့ အထူးတိုးတတ်အောင်မြင်မှု တွေ ရှိပါ လိမ့်မယ်။ဆေးဝါးဖော်စပ်ခြင်း၊ဖြန့်ဖြူးရောင်းချခြင်းတွေအထူးကောင်းပါတယ်။ ကျန်းမာရေးအတွက် သာမန် ဆေး ကုခြင်းမှ ခွဲစိတ်ကုသခြင်းအထိ ကောင်းပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊ မင်္ဂလာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။
ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့မနက် ၈နာရီ၅၅မိနစ် ကနေ မနက်၉နာရီ၄၈မိနစ်အတွင်း၊ည၁၀နာရီ၀၃မိနစ်မှ ည၁၀နာရီ၅၆မိနစ် အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း ကတော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
အဿလိဿနက္ခတ်မို့ ရေတွင်းရေကန်တူးဖော်ခြင်း၊ ဓာတ်သတ္တုရှာဖွေ တူးဖော်ခြင်း၊ ရွှေတူးခြင်း၊ ရေနံတူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကလေးထမင်းခွံ့ခြင်း၊ ကျောက်မျက်ရတနာတူးခြင်းလုပ်ငန်းများ ကောင်း၏။
တီထိအရ…လမပြည့်သေးပေမဲ့..မြန်မာရိုးရာလောကီအယူအဆတွင်တော့တပေါင်းလပြည့်နေ့ညမှာလရောင်အောက် တွင် ကျောက်ပျဉ်တစ်ချပ်ပေါ်တွင် နှမ်းဆီနှင့် စပါးကြီးသည်းခြေကို သုံး၍ သံလိုက်တုံးနှင့်သွေးကာ ရရှိလာ သော အဆီကို ခေါင်းလိမ်းဆီအဖြစ် လိမ်းပါက မျက်နှာပွင့် စန်းပွင့်ပါမည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၁၀:၂၉)နာရီမှ နေ့လယ်(၁၁:၂၀) နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ကရကဋ်စန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အခက်အခဲ တွေများစွာကြုံပေမဲ့ ကူညီမဲ့သူပေါများတဲ့ဇာတာတွေလဲ ဖြစ်ပါတယ်။ငွေကြေးကံအားကောင်းတဲ့ဇာတာမို့ ငွေရှာရ လွယ်တဲ့ ဇာတာပဲဖြစ်ပါတယ်။ အလုပ်အပေါ်မှာတော့ အခက်အခဲတွေများစွာကြုံပြီးမှအောင်မြင်တတ်ပါတယ်။ ဒီနေ့ မွေးသူများဟာ လူဘဝနဲ့နီးတဲ့ သူတွေဖြစ်တယ်။ ဒါကြောင့်ပဲ ပါးနပ်တယ်။ လိမ္မာတယ်။ အရိပ်အကဲသိတယ်။ လောကီ ထက် လောကုတ္တရာနယ်ပယ်တွေမှာ သိသာစွာ အားကောင်းတဲ့သူတွေဖြစ်ပါတယ်။ အတွေးအခေါ်တွေအယူ အဆ တွေက ရှေးရိုးဆန်ကြပါလိမ့်မယ်။ ကျန်းမာရေးကတော့ ဒီနေ့ဖွားတွေက အခြားသူတွေထက် ညံ့တာမို့သတိထား ဖို့လိုပါ တယ်။ ငွေကံကောင်းနေတဲ့သူ တွေဖြစ်ပြီး မိမိလိုတဲ့အချိန်ကူညီမဲ့သူတွေ၊ မိဘတွေကကိုယ့်အတွက် ရည်ရွယ် ပြီးလုပ်လေအောင်မြင်လေဖြစ်တတ် ပါတယ်။ သူတစ်ပါးတွေထက် ပိုမိုပြီး ဘဝအတက်အကျများပေမဲ့ အဲဒီလောကဓံ တွေရှိမှာပဲ အောင်မြင်မဲ့သူတွေဖြစ် ပါလိမ့်မယ်။ဒီနေ့မွေးရင်သွေး ငယ် များ ရဲ့ ဟောစာတမ်းအကျယ်ကို ဖတ်လိုပါက ➡️#https://www.facebook.com/ awbarmoeastro မှာ ဖတ်ရှုနိုင်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၄၄) နာရီမှ ညနေ(၆:၁၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အနီရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂/၉/၆ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့မုန့်ဟင်းခါးစား သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘိန်းမုန့်ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.????တစ်နေ့တာ အကျိုးပေးအရောင်များ
????တစ်နေ့တာ အကျိုးပေးဂဏန်းများ
????အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
????တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
????????????အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
????????ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695