ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ သီတင်းကျွတ်လကွယ်ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၁၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၄၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၃၄)နာရီဖြစ်ပြီး ၊ ညနေ(၅:၃၆)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ ကောင်း ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါ များခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရ ပါ တယ်။
ဒီနေ့ဟာသိကြားပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ အနိဋ္ဌသဘော ၊ဆင်းရဲခြင်းသဘောဆောင်တဲ့ ရိတ္တာတီ ထိကျရောက်တဲ့နေ့ရက်ပဲ ဖြစ်ပါ တယ်။ဒီလိုနေ့ရက်တွေမှာတော့ အတတ်ပညာဒါမှမဟုတ် အသိပညာတစ်ခုခုကိုစ တင်လေ့လာခြင်းတွေ၊ကျောင်း သင်တန်း စတင် အပ်နှံခြင်းတွေဆောင်ရွက်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ကုန် သွယ်ရေးနှင့်စီးပွားရေးကိစ္စများ တိုးချဲ့ဆောင်ရွက်ရန်သင့်တော်တဲ့နေ့ရက်ဖြစ်ပါတယ်။
ရေတွင်း၊ရေကန်၊အဝီစီတွင်းတူးခြင်းများစတင်လုပ်ဆောင် လို့ကောင်းတဲ့နေ့ပါပဲ။ အသင်းအဖွဲ့အစည်းများ စတင် တည်ထောင်ခြင်းများပြုလုပ်လို့အထူးကောင်းပါတယ်။စိုက်ပျိုးထားတဲ့သီးနှံများကိုပိုးသတ်ဆေးဖြန်းခြင်းများ စတင် ဆောင်ရွက်ခြင်းများပြုလုပ်နိုင်ပါတယ်။
ဒီလိုနေ့ရက်တွေမှာပြဿနာတွေကိုထိပ်တိုက်ရင်ဆိုင်ဖြေရှင်းသင့်ပါတယ်။ ဘယ်ကိစ္စမဆိုမျက်နှာ စုံညီဖြေရှင်းတာ အကောင်းဆုံးပါပဲ။ကုမ္ပဏီလုပ်ငန်းတိုးတတ်ဖို့ပဲဖြစ်ဖြစ်၊အလုပ်နဲ့ပတ်သက်ပြီးလိုအပ်တဲ့ အကြောင်းကိစ္စတွေ ကြောင့် ပဲဖြစ်ဖြစ်ရှယ်ယာဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးလို့အလွန်ကောင်းတဲ့နေ့ပါပဲ။ ဘုရားထီးတင်ခြင်းများ၊ မိမိတို့ လှူဒါန်းထား တဲ့ကျောင်း၊သိမ်၊ပစ္စည်းဝတ္တုစတဲ့အရာတွေအတွက် ရေစက်ချလှူဒါန်း အမျှဝေခြင်းများ ဆောင်ရွက် နိုင်ပါတယ်။
ရှောင်သင့်တာတွေကတော့ တတ်နိုင်သမျှမည်သူတစ်ဦးတစ်ယောက်ကိုမျှယုံလို့မသင့်ပါဘူး။ ကံအးနည်း နေသူများ အများရဲ့ဝိုင်းဝန်ချောက်ချခြင်းကိုခံရတတ်ပါတယ်။ စကားအမှားတွေကြောင့် အရမ်းရင်းနှီးတဲ့မိတ်ဆွေ တွေနဲ့ ပြတ်စဲ သွားသည်အထိဖြစ်ရတတ်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၇:၅၉)နာရီမှ ည(၁၈:၅၀)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရ ပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ သွာတိနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊တူစန်း၊ တူရာသီဖွားဖြစ်ပါ သည်။ဒီနေ့မွေးသူ များဟာ အများအားဖြင့် နာမည် ပေးမှန်ဖို့အထူးလိုပါ တယ်။ မူလကံကအား ကောင်း ပြီး သားဆိုပေမဲ့ နာမည်ကို သော ကြာ နံတွေ၊စနေနံတွေနဲ့ အဆုံး သတ်မှည့် လိုက်ရင် တော့ အထူးကံညံ့သွား တာ၊ ကလေးဘဝဆို စာကို စိတ်မဝင် စား တာ၊ရိုင်းစိုင်းတာမျိုးတွေထိ ဖြစ်လာတတ်ပါတယ်။ နာမည်ပေးမှန်ရင်တော့ ပညာရေးကံ အထူးကောင်း တာ ကိုတွေ့ရ ပါတယ်။ သားသမီးတွေကို ပညာရေးမှာ ထိပ်ဆုံး ရောက်အောင်မြင်ချင်တဲ့မိဘများအတွက် စိတ် ချမ်း သာရမဲ့ ဖွားဇာ တာ မျိုးပဲဖြစ်ပါတယ်။ အရေ ပြား နဲ့ အာရုံကြော လေးတွေ အနဲငယ် အားနဲလွယ်သည့် ဇာတာရှင်လေး တွေ လည်း ဖြစ်တယ်။ အပူလောင်တာ၊ အရေ ပြားထိခိုက်တာ မျိုးလေးတွေ ၊ အာရုံကြောထိခိုက်တာမျိုးလေးတွေ မဖြစ်အောင် တော့ ဂရုစိုက်ပေးရမယ့် ဖွားဇာတာ လေးတွေပါ။
သွာတိနက္ခတ်ဖြစ်တာမို့ စာအုပ်စာရေးကိရိယာ လုပ် ခြင်း၊ စာပေဖြန့်ချိရေး လုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ လက်ဝတ် ရတနာ ဝတ်ဆင်ခြင်း၊ ချစ်မေတ္တာစကား ပြောဆို ခြင်း၊ ထီထိုးခြင်း၊ ခရီးသွား လာခြင်း၊ မိတ်ဆုံပွဲများ၊ ပါတီပွဲများ၊ ဧည့်ခံ ပွဲများစတင်၍ ဖွင့်လှစ်ခြင်း၊ ယာဉ်၊ စက်ပစ္စည်း များ ရောင်း ဝယ်ခြင်း၊ ဆံသ လုပ်ငန်း၊ ဆိုင်ကယ်၊ ဆိုက်ကား ရောင်းဝယ် ပြုလုပ်ခြင်း ကောင်း၏။ စာပေလုပ်ငန်း၊ စာပေ ဖြန့်ချိခြင်း ကောင်း၏။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄:၀၆) နာရီမှ ညနေ(၀၅:၃၁)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊ရာဟု၊စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ကြာသပတေး၊သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဝါရောင်၊ကြည်ပြာရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈/၂/၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပြောင်းဖူးကြော်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘိန်းမုန့်ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695








