ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၁)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မတ်လ(၂၁)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၁၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၅)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၆)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လကွယ်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပါတယ်။ ဒါကြောင့်ဒီလို နေ့ မျိုးဟာအလှူအတန်းတွေကိုအသားပေးလုပ်ကိုင်လိုက်ပါ။ ဘာသာရေးကိစ္စများ၊ အလှူရေစက်ချခြင်းများဆောင် ရွက်နိုင်ပါတယ်။ ကျောင်း၊သိမ်၊စတင်ဆောက်လုပ်ခြင်းများ၊ အလှူအတွက်ရည်ရွယ်ပြီး ငွေကြေးစတင်စုဆောင်း ခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။
ပုတီးစိပ်တာ၊ဂါထာမန္တန်ရွတ်ဖတ်တာမျိုးတွေအထူးဆောင်ရွက်လို့ကောင်းပါတယ်။မိမိအဆောင်ပစ္စည်းတွေကိုသိဒ္ဓိ တင် ခြင်းများအထူးဆောင်ရွက်လို့ကောင်းပါတယ်။မုခ်ဦး၊ မဏ္ဍပ်၊စေတီ၊ဘုရားတည်၊ထီးတင်၊တံခွန်တိုင် စတာတွေပြု လုပ် ခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။
အလုပ်သစ်လျှောက်လွှာတင်ခြင်းများ၊အင်တာဗျူးဖြေဆိုခြင်းများလဲဒီနေ့မှာစတင်လို့ကောင်းပါတယ်။ ငွေကြေးကိစ္စ အ၀၀ကိုလဲ အလေးပေးဆောင်ရွက်လို့အထူးကောင်းတာကိုတွေ့ရပါတယ်။ ယနေ့တွင် ခိုက်ရန်ဒေါသဖြစ်ခြင်းများ အထူးရှောင်ကျဉ်ရမည်။ အနောက်အရပ်သို့ ဦးတည်၍ သွားလာစဉ် အန္တရာယ်ဖြစ်တတ်သည်။
ပြဗ္ဗာဘဒြပိုဒ်နက္ခတ်ကျရောက်တာမို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ် လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ် တင်ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ တိုင်ထူခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်းခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူ ခြင်း ကောင်း၏။
ဒီနေ့ဟာ တန်ခူးလဆန်း(၁)ရက်နေ့ အင်္ဂါနေ့ဖြစ်သည့်အတွက် ယနေ့နံနက်(၉း၀၀)နာရီတွင် ဘုရားတစ်ဆူ၏ ဗုဒ္ဓဟူး ထောင့်တွင် ပိတောက်(၁၂)ညွန့်ကို သွားရောက်လှူဒါန်းပြီး အလိုရှိရာ ဆုတောင်းပါက အစစအရာရာ အဆင်ပြေ အောင် မြင် တိုးတက်ခြင်းများနှင့် ပြည့်စုံမည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၉:၂၆)နာရီမှ နံနက်(၁၀:၁၇)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ကုမ်စန်း နေ့စက်(၁)နာရီလွန် စန်းမိန်ရာသီသို့ပြောင်းသည်။ ပြဗ္ဗာဘဒြပိုဒ် နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊မိန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအနည်းငယ်ဝေါဟာရတီထိအရလပြည့်မို့အနည်း ငယ်လေးသူ တွေ၊နှေးသူတွေဖြစ်နေတတ်ပါတယ်။ တစ်ခုခုထလုပ်ဖို့အချိန်ဆွဲကြသူတွေဖြစ်သလို လုပ်မိရင်တော့ မပြီးဆုံးသည် အထိမနားဘဲ မရပ်မနားလုပ်ကြသူတွေပါပဲ။ ငယ်ဘဝမပြည့်စုံခဲ့ရင်တောင်၊မိဘအထောက်အပံ့ဘာမှ မရရင်တောင် သူအစွမ်းအစနဲ့သူ ထူထပြီးအောင်မြင်နိုင်ကြသူတွေဖြစ်ကြတာတွေ့ရပါတယ်။ အားနည်းချက်က ရက် ရော လွန်းသူ ပေးကမ်းလွန်းသူဖြစ်တာမို့ ရှိသမျှစည်းမထားဘဲ ပေးဖြစ်တဲ့အကျင့်ကိုပြင်ဖို့လိုပါတယ်။ နောက်တစ်ချက် က အားနာ တတ်သူတွေဖြစ်တာမို့ မိဘတွေကငယ်ကတည်းက အားမနာတတ်အောင်၊အားနာတဲ့အားနည်းချက် တွေ ကို သင်ပြပြောပြဖို့လိုပါလိမ့်မယ်။
လူအများကိုစာနာနားလည်ခြင်း၊အများအကျိုးကိုကြည့်ခြင်း၊ မိဘကျေးဇူးကိုနားလည်ခြင်းစသော ကောင်းသောစရိုက် တွေ ပါလာ တတ်သလို၊သူတစ်ပါးကိုစတတ်နောက်တတ် ခြင်း၊သူများကို ရုပ်တည်နဲ့ကြပ်တတ်ခြင်း၊လူများများနဲ့မှ ပျော်တတ်ခြင်းဆိုတဲ့အားနည်းချက်တွေပါရှိလာပါတယ်။ ဘဝစုံသလို အတွေ့အကြုံတွေစုံကြသူတွေဖြစ်ကြတယ် ။ဘဝ အဓိပ္ပါယ်ကိုသိနားလည်ပြီးရိုးရှင်းစွာနေထိုင်ကြသူတွေ ဖြစ်ကြပါတယ်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ မနက်၈နာရီ ၂၅မိနစ်မှ မနက် ၉နာရီ၀၈မိနစ်ထိ၊ည၈နာရီ၅၉မိနစ်မှည၇နာရီ၄၁မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း ကတော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃:၁၅) နာရီမှ ညနေ(၄:၁၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ လိမ္မော်ရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၈၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင် ရွက်ရမယ်ဆိုရင်တော့ဒိန်ချဉ်သောက်သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဟောလစ်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.????တစ်နေ့တာ အကျိုးပေးအရောင်များ
????တစ်နေ့တာ အကျိုးပေးဂဏန်းများ
????အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
????တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်????ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
????????????အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
????????ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695