
ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နတ်တော်လဆုတ်(၆)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၁၃)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅း၅၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍ ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။
ဒီနေ့ဟာ သမားဖြူ၊ ရက်ပုတ် ရက်ကျရောက်နေတာဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ ၅လုံးပဲရှိသေးပြီးတော့ ပြည့်စုံခြင်းနှင့် ဓနကိုပေးတဲ့ ပုဏ္ဏတီထိကျရောက်တဲ့ နေ့ရက်လဲဖြစ်ပါတယ်။ဒီလိုနေ့မျိုးမှာတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့လဲ ပညာရှာခြင်း၊ပညာယူခြင်း၊တပည့်ခံ ခြင်းများလဲ အထူးကောင်းပါတယ်။
သစ္စာဆိုခြင်း၊ကတိပေးခြင်းများလဲပြုလုပ်နိုင်တဲ့နေ့ရက်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနှင့်ပက်သက်သောကိစ္စ များလဲ ဆောင်ရွက်နိုင်ပါတယ်။ ရေနှင့်ပက်သက်သော စားသောက်ကုန်လုပ်ငန်းများ၊ အထူးသဖြင့် ရေသန့်လုပ်ငန်း၊ အချိုရည်၊ အအေးလုပ်ငန်းများ အထူးတိုးတတ်ပါလိမ့်မယ်။ မိမိစိုက်ပျိုးထားတဲ့သစ်ပင်ပန်းမန်တွေ ကို ဓာတ်မြေသြဇာ ကျွေးခြင်းများလဲ ပြုလုပ်နိုင်တဲ့နေ့ရက်ဖြစ်ပါတယ်။
အိမ်တတ်မင်္ဂလာပြုလုပ်ခြင်း၊ ဂါထာမန္တန်ရွတ်ဖတ်တာ၊အဆောင်လက်ဖွဲ့တွေကို သိဒ္ဓိတင်တာမျိုးတွေအထူး ဆောင်ရွက်နိုင်ပါတယ်။ယာဉ်ကားများ၊စက်များ၊ရောင်းခြင်း၊ဝယ်ခြင်းမျိုးတွေပြုလုပ်ဆောင်ရွက်နိုင်မဲ့နေ့ရက်လဲဖြစ် ပါတယ်။ပညာရေးအတွက်သင်တန်းဖွင့်တာတွေ၊ဟောပြောပွဲလုပ်တာတွေ၊မဟာဘွဲ့အတွက်စာတမ်းတင်တာမျိုး တွေအထူးဆောင်ရွက်သင့်ပါတယ်။
ဆေးဝါးသစ်များဖော်စပ်ခြင်း၊ အဆိပ်ဖြေဆေးများဖော်စပ်ခြင်းတွေကို အထူးပဲဆောင်ရွက်လို့ကောင်းမွန်ပါ လိမ့်မယ်။အိမ်တွင်းရေးပြဿနာများ၊မိသားစုအတွင်းမကြေလည်စရာကိစ္စများကိုဖြေရှင်းနိုင်ပါလိမ့်မယ်။ မြေသန့် မင်္ဂလာပြုလုပ်ခြင်းတွေ၊ သီးပင်၊စားပင်နှစ်ရှည်ပင်များစိုက်ပျိုးခြင်းတွေအထူးကောင်းပါတယ်။
ယနေ့သည် သဗ္ဗသတ္တသိဒ္ဓိယုဂ် ရရှိသော နေ့ဖြစ်၍ အလုံးစုံသော အခက်အခဲ ပြဿနာများအားလုံးကို ဖြေရှင်းအောင်မြင်နိုင်ပါသည်။ ငွေကြေးအပေးအယူကိစ္စများ အငြင်းပွားရတတ်သည်။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစားခြင်း မပြုရပါ။ ညနေ (၃း၀၀)နာရီမှ (၄း၃၀)နာရီကြားကာလများတွင် ပြဿနာအခက်အခဲများ ကြုံတွေ့ရပါက ဖြေရှင်းရန် ခက်ခဲမည်။
ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၃း၅၆)နာရီမှ ညနေ(၄း၄၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။ရက်ပုပ်ကျတဲ့ရက် ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။ ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ကရကဋ်စန်း၊ ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ တစ်ပါးသူတွေ ရဲ့အကူအညီကိုရဖို့ခဲယဉ်ပါတယ်။ ကိုယ်ဒူးကိုယ်ချွန်ကြိုးစားရတတ်သလို ပညာအတွက် selfstudy လုပ်ရတတ်တဲ့ သူတွေဖြစ်ပါတယ်။ကျန်းမာရေးအတွက်စိတ်ပူစရာမလိုတဲ့သူတွေလဲ ဖြစ်ပါတယ်။ ဘဝမှာ လုပ်သလောက်ရပေမဲ့ အချိုအချောင်ရနိုင်တဲ့ ထီကံ၊ကံစမ်းမဲကံ၊အမွေအနှစ်ကံအားနည်းကြသူတွေဖြစ်ပါတယ်။ ကံကောင်းတာက မိမိကိုယ် တိုင်က ဘဝကို ကိုယ့်ဘာသာထိန်းညှိပြီးတည်ဆောက်နိုင်ကြတာမို့ တစ်ချိန်မှာမိမိဝါသနာပါရာနယ်ပယ်မှာ အကြီး အကျယ်အောင်မြင်မှုတွေရပါလိမ့်မယ်။ နိုင်ငံအဆင့်ထိအောင်မြင်ပေါက်မြောက်နိုင်ကြတဲ့သူတွေဖြစ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းတည့် (၁၂း၀၀)နာရီမှ မွန်းလွဲ(၁း၂၄)နာရီအတွင်း ကျရောက် နေတာ ဖြစ်ပါတယ်။ ဒီအချိန်တွေအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာ တွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ်ခွဲစိတ်မွေးဖွားတာကစပြီး ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ဒီနေ့မှာ ကံကောင်းသောနေ့သားများကတော့ ကြာသပတေး၊ စနေ၊ ဗုဒ္ဓဟူး သားသမီးများပဲ ဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မီးခိုးရောင်(သို့)ခဲရောင်၊ ဆင်စွယ်ရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ(၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇) ဂဏန်းများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဒိန်ချဉ်လေးသောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နွားနို့တစ်ခွက် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
Acc အတုအပသတိပြုပါ….လက်ရှိအောက်မှာပေးထားတဲ့acc တွေကိုသာအသုံးပြုပါတယ်။..
