loading

Tag: Horoscope

  • Home
  • Tag: Horoscope

11.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆုတ်(၉)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၁၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ မွန်းလွဲ(၁း၀၄)နာရီအထိ တနင်္လာမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် တနင်္ဂနွေမြေခံအဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြတ်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

မွန်းလွဲ ၁နာရီကျော်ပါကတနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ် ကိုင် သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး၊ ရသေ့ကျော်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၁း၀၄)နာရီအထိ လဆုတ်တီထိ(၈)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျ ရောက် နေပြီး လွန်လျှင် လဆုတ်တီထိ(၉)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန်ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေတာ ဖြစ်ပါတယ်။ ကဗျာစပ်ခြင်း၊ သီချင်းသံစဉ်ရှာခြင်း၊ စာကောင်းတစ်ပုဒ်ရေးသားခြင်းများ စတင်ဆောင်ရွက်နိုင်ပါ တယ်။ အိမ်ဆောက်ပစ္စည်းရောင်းခြင်း၊ဝယ်ခြင်းများဆောင်ရွက်သင့်ပါတယ်။ အိမ်ခြံမြေရောင်းခြင်း၊ ဝယ်ခြင်းများလဲ အဆင်ပြေချော့မွေတတ်ပါတယ်။ ယနေ့လုပ်သမျှ သတိမလွတ်အံ့။ သမားပြသခြင်းများ၊ ရောဂါဆေးကုခြင်းများ ပြုရန် ရက်ကောင်းဖြစ်သည်။ မင်္ဂလာယူပြီးလုပ်ဆောင်ရသောကိစ္စများ ရှောင်ကြဉ်ရမည်။

ကုန်ပစ္စည်းများ သိုလှောင်သင့်တဲ့နေ့မျိုးပါပဲ။ ဆေးဖော်ခြင်း၊ဆေးစပ်ခြင်းများ အထူးကောင်းးပါတယ်။ medical checkup လုပ်ခြင်း၊ ဆေးဝါးကုသမှုခံယူခြင်းများ ဆောင်ရွက်သင့်ပါတယ်။ သီးပင်စားပင်များစိုက်ပျိုးခြင်း အလုပ် တွေ၊ ဥယျဉ်ခြံအလုပ်တွေ စတင်ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ရေကြောင်းခရီး လေကြောင်းခရီးများ  သွားလာလို့ကောင်းးပါတယ်။ချစ်သူကိုစနောက်တာမျိုးရှောင်ပါ။ အရမ်းစိတ်ဆိုး သွားတတ်ပါ တယ်။နံနက်(၇း၃၀)နာရီမှ (၉း၀၀)နာရီအတွင်း အသွားအလာ အထူးဂရုစိုက်ရမည်။ နေ့(၁း၁၂)နာရီမှ (၃း၃၆)နာရီကြား ဆောင်ရွက်သော ကိစ္စမှန်သမျှ ထူးခြားသော အကျိုးဆက် များရရှိမည်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ ကြုံ ပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ဒီနေ့ဟာရသေ့ကျော်ရက် ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာ မြေတူး၊ မြေဆွခြင်းများ ပြုလုပ်ရန် မသင့်ပါ။ ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်း ဖြစ်သည်။ ဆေးဝါးဖေါ် စပ်ခြင်းများ၊ ဆေးဝါးကုသခြင်းများ ပြုက ဆေးစွမ်းထက်မြတ်မည်။ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန်မသင့်ပါ။ ရပိုင်ခွင့်များ ပြန်လည် တောင်းခံရန် ရက်ကောင်းဖြစ်သည်။ နံနက်(၈း၂၄)နာရီမှ (၁၀း၄၈)နာရီကြား ဆောင်ရွက်သောကိစ္စမှန်သမျှ ကောင်း သော အကျိုး ရရှိနိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၄း၀၈း၄၄)နာရီမှ နံနက်(၅း၀၀း၂၁)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ပြဗ္ဗာဘဒြပိုဒ်နက္ခတ်ကျရောက်တာမို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ် လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ် တင်ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေ ကြောင်း ခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူ ခြင်း ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ကုမ်စန်း နေ့စက်(၁)နာရီ (၁၇)မိနစ်လွန် စန်းမိန်ရာသီသို့ ပြောင်းသည်။  ပြဗ္ဗာဘဒြပိုဒ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ  ပညာအရာမှာ ထူးချွန် ထက် မြက် သူပါ။ ဆရာကောင်းနဲ့မတွေ့ရင်တော့ ပင်ကိုယ်စိတ်ကိုက self studyလုပ်နိုင်ကြသူတွေဖြစ်ပါတယ်။ မိဘအား ဆရာအားနဲ့သာ ပံ့ပိုးလိုက်မယ်ဆို အထူးချွန်ဆုံးပညာရှင်ဘဝကိုရရှိတတ်ပါတယ်။ အောင်မြင်မှုရဲ့ ဆိုးကျိုးလို့ပြောရ နိုင်တာက ရန်သူပေါများခြင်း၊ အများနဲ့တစ်ယောက်တိုက်ခိုက်ခံရခြင်းတွေကြုံရတတ်ပါတယ်။ အမည်ရဲ့ နောက်ဆုံးမှာ တနင်္လာ သို့မဟုတ် စနေနံဖြင့် အဆုံးသတ်ပြီး မှည့်ခေါ်မိထားမယ်ဆိုရင် အဆိုပါရန်အနှောက်အယှက်တို့သည် မလွှဲမသေ အားကြီးစွာ ကြုံကြိုက်ကြရတတ်စမြဲ။ဘဝမှာ အမိအဘက သာလုပ်ငန်းရှင်ဖြစ်မယ်ဆိုရင်လဲ မိဘအလုပ် တွေကိုလက်ဆင့်ကမ်းအမွေခံဖြစ်လာနိုင်တဲ့ထိကို မိဘကအားကိုးရနိုင် တာကိုတွေ့ရပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၅:၀၀) နာရီမှ ညနေ(၆:၃၈)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ရွှေအိုရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၉၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပြောင်းဖူးကြော် စားသွား ပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဟောလစ် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်း အကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

10.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆုတ်(၈)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၁၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မွန်းလွဲ(၂း၅၉)နာရီအထိ အင်္ဂါမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် တနင်္လာမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၂း၅၉)နာရီအထိ လဆုတ်တီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့ အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၈)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေတာ ဖြစ်ပါတယ်။ ဒါကြောင့်ဒီလိုနေ့ရက်မျိုးမှာတော့ အိမ်သစ်တတ်ခြင်း၊ အဝတ်အစားသစ်ဝတ်ဆင်ခြင်း၊ လက်ဝတ် ရတနာ များ ဆင်မြန်ခြင်းကိစ္စတွေ အထူးဆောင်ရွက်လို့ကောင်းပါလိမ့်မယ်။ ပန်းချီပန်းပု၊မြန်မာမှုနှင့် ဆိုင်သော အလုပ် များ တိုးတတ်အောင်မြင်မှုတွေရလာတတ်ပါတယ်။

စက်ကားများ ရောင်းခြင်း၊ဝယ်ခြင်းအလဲအထပ်လုပ်ခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။  အခွင့်အရေးနှစ်မျိုးနှစ်ခွ ပုံစံမျိုးတွေကြုံရတတ်ပါတယ်။   ရွေးချယ်ရခက်နေတယ်ဆိုရင်တော့ သံယောဇဉ်ကို ဦးစားမပေးဘဲ ရေရှည်ကြည့် ပြီး ဆုံးဖြတ်ပါလို့မှာချင်ပါတယ်။ ဂျာနယ်များ၊စာစောင်များ၊ စာအုပ်များ၊မဂ္ဂဇင်းများ စတင်ထုတ်ဝေဖြန့်ချီခြင်းများ အထူး အောင်မြင်တတ်ပါတယ်။ အစုရှယ်ယာများဝင်ခြင်း၊ ငွေကြေးအပေးအယူလုပ်ခြင်း၊ငွေချေးငှားခြင်းတွေလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။

ခရီးသွားရာမှာတော့ အပျော်ခရီးများ၊ဘုရားဖူးခရီးများလဲ သွားလို့သင့်ပါတယ်။ လုပ်ငန်းစီးပွားနဲ့ဆိုင်သော ခရီးတွေ ကတော့သွားလို့မသင့်ပါဘူး။ ဆိုင်းဘုတ်တင်ခြင်း၊ လုပ်ငန်းသစ်တစ်ခုစတင်လည်ပတ်ခြင်းများ ဒီနေ့မှာဆောင် ရွက် ခြင်းဖြင့် ရေရှည်ကောင်းမွန် တာမျိုးကြုံရမှာပါ။ ပညာရေးဝန်ဆောင်မှုများ၊စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာရပ်နှင့် ဆိုင်သော ဟောပြောပွဲများဆောင်ရွက်လို့ အထူးကောင်းပါတယ်။မိမိကုန်ပစ္စည်းအသစ်များ စတင်မိတ် ဆက်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

            ယနေ့တွင် ကာမမကြူးအပ်ပါ။ အလုပ်ရှာခြင်း၊ အလုပ်လျှောက်ထားခြင်းများ ပြုသင့်ပါသည်။ စီးပွားရေးရာ ကိစ္စများ ဆောင်ရွက်လုပ်ကိုင်မှု အဆင်ပြေမည်။ တည်ဆောက်မှုကိစ္စအဖြာဖြာကို ဆောင်ရွက်နိုင်သည်။ အရပ်ဝေးနှင့် ဆက်စပ်သောလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။ 

ရက်ပုပ်ကျတဲ့ ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊ တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုး ငါးပါး ကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

သတ္တဘိသျှနက္ခတ်ကအထက်မျှော်နက္ခတ်ဖြစ်တာမို့ဘုရားတည်ခြင်း၊ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက် ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်း ဘုတ်တင်ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ တိုင်ထူခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ် ခူးခြင်း၊ လေကြောင်းခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန် တိုင် ထူးခြင်း ကောင်း၏။

ဒီနေ့ဟာ ကုန်ပစ္စည်းသစ်များ စတင်ဖြန့်ချီရန် ရက်ကောင်း ဖြစ်နေပါတယ်။ ဈေးကွက်အသစ်များ စတင်မိတ်ဆက် နိုင်ပါသည်။ အညံ့အဆိုးများ လွှမ်းမိုးသော နေ့ရက် ဖြစ်နေပါတယ်။ မင်္ဂလာယူပြီးဆောင်ရွက်သောကိစ္စများ ရှောင်ကြဉ် ပါ။ နံနက်(၉း၀၀)နာရီ မှ (၁၀း၃၀)နာရီအတွင်း ငွေကြေးအပေးအယူကိစ္စများ သတိနှင့်ဆောင်ရွက်ပါ။ ည(၉)နာရီ နောက်ပိုင်း ပြင်ပသို့ သွားလာခြင်း ရှောင်ကြဉ်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၄း၁၂း၄၀)နာရီမှ နံနက်(၅း၀၄း၁၇)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့ အတိတ် ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ် လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ကုမ်စန်း၊သတ္တဘိသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿ  ရာသီဖွားဖြစ်ပါသည်။ ဒီ နေ့မွေးသူများဟာ စိတ်ပျော်ရာလိုက်ကြသူတွေဖြစ်ပါတယ်။ ဘဝကိုပျော်ပျော်နေ သေခဲဆိုတဲ့ စိတ်မျိုးထားကြသူတွေ ဖြစ်ပါတယ်။ ပျော်ရွှင်နေရင် အရာရာကို စိတ်ပါလက်ပါ…လုပ်ကိုင်နိုင်ပေမဲ့ စိတ်ညစ်ပါက ဘာမှမလုပ်ချင်မကိုင်ချင် လောက်အောင် စိတ်ဓာတ်ကျသွားတတ်ပါတယ်။ ဘာသာစကားနယ်ပယ်၊ဂိုက်လမ်းပြသူ၊နိုင်ငံခြားမှာ ပညာရှာစီးပွားရှာ သူ၊ခရီးသွားလုပ်ငန်းများ၊ပညာရေး၊ကျောင်းနဲ့ပတ်သက်သောလုပ်ငန်းများနှင့် အဆင်ပြေတတ်ပါတယ်။သက်လတ်ပိုင်း ကာလမှာဘဝဟာ အတတ်အကျများတတ်ပေမဲ့ သက်ကြီးပိုင်းအိုဇာတာကံ အလွန်ကောင်းသူဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈း၄၈) နာရီမှ နံနက်(၁၀း၂၇)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အပြာနုရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လီမွန်တီးသောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ငါးကြော်ချက် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်း အကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်း စကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

9.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆုတ်(၇)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ ညနေ(၅း၁၈)နာရီအထိ ဗုဒ္ဓဟူးမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် အင်္ဂါမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ ရက်ပုတ်၊ သမားဖြူ၊ ဝါရမိတ္တုငယ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ညနေ(၅း၁၈)နာရီအထိ လဆုတ်တီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆုတ်တီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေတာ ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာတော့ ခရီးကိစ္စတွေအလွန်အဆင်ပြေအောင်မြင်တတ်ပါတယ်။ ပျော်ပွဲစားခရီးပဲ ဖြစ်ဖြစ်၊ ဘုရား ဖူးခရီးပဲဖြစ်ဖြစ်၊အလုပ်ကုန်သွယ်မှုနဲ့ပတ်သက်သောခရီးပဲဖြစ်ဖြစ် ခရီးကိစ္စတွေမှာ အဆင်ပြေချော့မွေ တတ် ပါတယ်

ခေါင်းဆေးမင်္ဂလာပြုလုပ်ခြင်း၊ခေါင်းဆေးခြင်းများလဲဒီနေ့မှာဆောင်ရွက်ခြင်း၊  အကြံအစည်များ  လိုအင်ဆန္ဒများ  ပြည့်ဝတတ်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းများလဲ အထူးအဆင်ပြေတတ်သလို ကုန်ပစ္စည်းသစ်များမိတ်ဆက်ခြင်း၊ အရောင်းမြင့်တင်ခြင်း၊ PROMOTION ပေးခြင်း၊Marketing ဆင်းခြင်းများလဲ  ဆောင်ရွက်လို့အထူးအောင်မြင် တတ်ပါတယ်။ အရေးကြီးတဲ့စာချုပ်စာတန်းများလက်မှတ်ရေးထိုးခြင်းတွေဆောင်ရွက်လို့သင့်တော်ပါတယ်။

            မေတ္တာရေးကောင်းနေတဲ့နေ့ဖြစ်တာကြောင့် အချစ်ရေးနဲ့ပတ်သက်သောကိစ္စအ၀၀မှာတော့ဆောင်ရွက်လို့ အဆင်ပြေနိုင်ပါတယ်။ ချစ်ခွင့်ပန်ခြင်း၊ မိမိဆီချစ်ရေးဆိုထားသူကို ပြန်အဖြေပေးခြင်း၊ လက်ဆောင်ပေးခြင်းများ ဆောင်ရွက်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ ကျောက်မျက်ရတနာများ၊တူးဖော်ခြင်းတွေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းတွေ၊ ဆည်မြောင်း တာတမံစတင်တူးဖော်ခြင်းတွေ အထူးကောင်းပါတယ်။

ရက်ပုပ်ကျတဲ့ ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ဓနသိဒ္ဓိ နက္ခတ်သည် ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ သူငယ်ချင်းများ လည်ပတ်ခြင်း၊ ဈေးဝယ် ထွက်ခြင်း နှင့် ယာယီသဘောသဘာဝအရ မည်သည့်အရာအတွက်မဆို ယာယီ လျင်မြန်စွာ ရွှေ့ပြောင်း နိုင်သော နက္ခတ်ဖြစ် သည်။ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ဗိမာန်၊တံတိုင်း (ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ / အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ အလံလွှင့် တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။

ဒီနေ့ဟာ ဌာနဆိုင်ရာအကြီးအကဲများထံ ဝင်ထွက်သွားလာခြင်းများ မပြုသင့်ပါ။ ပစ္စည်းလှောင်ခြင်းမပြုရ။ ကုန်သွယ် စီးပွား မှန်သမျှ သတိနှင့် ဆောင်ရွက်လုပ်ကိုင်ပါ။ ရောင်းမှား၊ ဝယ်မှား ဖြစ်တတ်သောနေ့ရက် ဖြစ်နေပါတယ်။ ရန် ပဋိပက္ခများ ပြေပျောက်ရန် ငြိမ်းချမ်းရေးစကားဆိုက အေးချမ်းမည်။ တောက်ပြောင်လွန်းသော အဝတ်အထည်များနှင့် ရတနာပစ္စည်းများ ဝတ်ဆင်ရန် မသင့်ပါ။ ပြဿနာမှန်သမျှ ချက်ချင်းဖြေရှင်းပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၄း၁၆း၃၆)နာရီမှ နံနက်(၅း၀၈း၁၃)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ မကာရစန်း နံနက်(၁၀)နာရီ (၄၅)မိနစ်လွန် စန်း ကုမ်ရာသီသို့ ပြောင်းသည်။  ဓနသိဒ္ဓိနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အများအားဖြင့်အခက်အခဲတွေကို ပြေလည်အောင်ဖြေရှင်းသွားနိုင်မဲ့သူတွေဖြစ်ပါတယ်။ ဉာဏ်ရည်မြင့်တယ်၊လုပ်ရဲကိုင်ရဲတဲ့သတ္တိရှိတယ်။ ဖခင်နဲ့အနေ မနီးတာ၊ဖခင်အကျိုးကို မခံစားရတာမျိုးတွေ ကြုံရတတ်ပါတယ်။ စွန့်စားပြီးလုပ်ကိုင်ခြင်းဖြင့်အောင်မြင်တတ်ပါတယ်။ မိဘလက်ငုတ်အလုပ်တွေကို သွေဖယ်ပြီး ခေတ်ရှေ့ပြေးတဲ့အလုပ်မျိုးတွေကိုသာ စိတ်ဝင်စားတဲ့သူတွေဖြစ်ပါတယ်။ ငွေကြေးချေးငှားရလွယ်ခြင်း၊အရင်းအနှီးရလွယ်ခြင်း၊ လုပ်ရဲတဲ့သတ္တိရှိခြင်းတွေကြောင့် ဘဝမှာ ထူးထူးခြားခြားအသက် မွေးမှုလုပ်ငန်းအသစ်မျိုးတွေရဲ့ အောင်မြင်တတ်ကြပါတယ်။မိန်းကလေးရင်သွေးဖြစ်မယ်ဆိုရင်လဲ မိမိထက်အဘက် ဘက်ကသာတဲ့အိမ်ထောင်ဘက်မျိုးတွေကိုရရှိတတ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၁၀:၁၉) နာရီမှ မွန်းတည့်(၁၁:၅၉)နာရီအတွင်း ကျ ရောက်နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာ တွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူး ကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ပုလဲရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ လက်သည်းညှပ် လေးဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းထမင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

8.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆုတ်(၆)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ည(၈း၀၁)နာရီအထိ ကြာသပတေးမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ဗုဒ္ဓဟူးမြေခံ အဖြစ် သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာ မှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လု ပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။ ဒါပေမဲ့ သမားညိုရက်နဲ့ တိုက်ဆိုင်နေ တာမို့ အချိန်အခါသေချာရွေးပြီးဆောင်ရွက်ပါ။

ဒီနေ့ဟာ ရက်ရာဇာ၊ သမားညို၊ သမားဖြူ၊ ဝါရမိတ္တုကြီး၊ မဟာရက်ကြမ်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ည(၈း၀၁)နာရီအထိ လဆုတ်တီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ်ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ဒီလိုနေ့ရက်မျိုးမှာ အမွေကိစ္စများ၊ ပိုင်ဆိုင်မှုနှင့်ဆိုင်သောကိစ္စများ ဆောင်ရွက်လို့အဆင်ပြေ အောင် မြင် တတ်ပါ တယ်။ အထိုင်လုပ်ငန်းတွေပဲဖြစ်ဖြစ်၊ အငြိမ်မနေလှုပ်ရှားသွားလာနေရတဲ့အလုပ်ပဲဖြစ်ဖြစ်၊ အလုပ်နဲ့ ပတ် သက်ရင် အဘက်ဘက်က ချောမွေ့အောင်မြင်တတ်ပါတယ်။

အိုးအိမ်နဲ့ပတ်သက်သောကိစ္စများ၊ နေရာထိုင်ခင်းနဲ့ပက်သက်သောကိစ္စများ ဆောင်ရွက်လို့အဆင်ပြေအောင်မြင် တတ်ပါတယ်။ သစ္စာပြုခြင်းများ၊အောင်မြေနင်းခြင်းများလဲ ဆောင်ရွက်လို့အထူးသင့်တော်ပါတယ်။ မိမိခြံမြေကို မြေ သန့်မင်္ဂလာလုပ်ခြင်းများလဲဆောင်ရွက်လို့သင့်တော်ပါတယ်။

            ယနေ့တွင် အပျော်အပါးခရီးများ မသွားအပ်ပါ။ အကြီးအကဲများထံ ဝင်ထွက်သွားလာရန် ကောင်းသောနေ့ ဖြစ်ပါသည်။ စတင်ဆောင်ရွက်သော အလုပ်အကြံအစည် မှန်သမျှ ကောင်းသောအကျိုးဆက်များ ရရှိမည်။ ငွေကြေးကိစ္စ၊ လုပ်ငန်းကိစ္စများ ဆောင်ရွက်ရန်အတွက် အခါကောင်းကျရောက်သည်။ အတတ်ပညာများ စတင် သင်ကြား နိုင်ပါသည်။

            ပညာရေးနဲ့ပတ်သက်ပြီးတော့ မိမိတတ်သိနားလည်ထားတဲ့ပညာတွေကိုSHARING လုပ်ခြင်း၊တပည့်မွေး ခြင်း၊ သင်တန်းပေးခြင်းများ ဆောင်ရွက်လို့သင့်တော်တဲ့နေ့ရက်ပါပဲ။ မိမိလယ်မြေများ၊ မိမိစိုက်ပျိုးထားတဲ့သစ်ပင် ပန်းမန်များကို ဓာတ်မြေသြဇာကျွှေးခြင်းများလဲဆောင်ရွက်နိုင်ပါ လိမ့်မယ်။

ရှောင်သင့်တာတွေကတော့ငွေကြေးကိစ္စအ၀၀တွေဖြစ်တဲ့ ငွေချေးခြင်း၊ ကြွေးတောင်းခြင်း၊ အာမခံခြင်းများ၊ ငွေပေး ငွေယူကိစ္စများ၊ ဘဏ်လုပ်ငန်းကိစ္စများ ဆောင်ရွက်လို့မကောင်းသေးပါဘူး။ ငွေကြေးရင်းနှီးမြုပ်နှံမှုတွေမှားတတ်ပါ တယ်။ အမှုပြဿနာများမဖြစ်အောင်နေထိုင်လိုက်ပါ။ ဖြစ်ပါကဖြေရှင်းရန် ခက်ခဲသွားတတ်ပါတယ်။ ကျက်သရေ ယုတ်စေတဲ့ ကိစ္စများရှောင်သင့်တဲ့နေ့ရက်ပါပဲ။အရက်အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆဲဆိုခြင်းများဒီနေ့မှာလုံးဝ မလုပ်လိုက်ပါနဲ့။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေ အားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြော ခြင်း များလဲ ရှောင်သင့်ပါ တယ်။

မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီး ကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တောတောင် များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူးရှောင်အပ်ပါ တယ်။

ဒီနေ့ဟာ မြေပြင်ထက်၌ စစ်ဖြစ်တတ်သည်။ ကြောက်လန့်ထိတ်လန့်ဖွယ်ကောင်းသော ဘေးဖြစ်တတ်သည်။ မတော် တဆ အန္တရာယ် အထူးသတိပြုရတတ်သည်။ အရှေ့တောင်အရပ်သို့ ဦးတည်သွားလာခြင်းများ ရှောင်ကြဉ်ပါ။ ညနေ(၃း၀၀)နာရီမှ ည (၇း၃၀)နာရီကြားကာလများတွင် အနှောက်အယှက်နှင့် ရန်အန္တရာယ်များ အထူးသတိရှိ ရမည်။

သရဝဏ် နက္ခတ်သည် ယာယီ၊ အမြန်နှင့် ရွှေ့ပြောင်းနိုင်သော ကြယ်ဖြစ်ပြီး ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ လည်ပတ်ခြင်း၊သူငယ်ချင်းများ လည်ပတ်ခြင်း၊ ဈေးဝယ်ခြင်း နှင့် ယာယီသဘောသဘာဝ တစ်ခုခုကို လုပ်ဆောင်ခြင်း အတွက်အဆင်ပြေသည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ဗိမာန်၊တံတိုင်း (ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ / အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ် စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၄း၂၀း၃၁)နာရီမှ နံနက်(၅း၁၂း၀၉) နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ မကာရစန်း၊ သရဝဏ် နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿ ရာသီဖွားဖြစ်ပါ သည်။ဒီနေ့မွေးသူများဟာ အခက်အခဲတွေများစွာမကြုံရဘဲ ဘဝကိုသက်သောင့်သက်သာဖြတ်သန်းရသူတွေဖြစ်ပါ တယ်။ ကိုယ်တိုင်က အစွမ်းအစ မရှိသူဖြစ်ရင်တောင် မိဘအထောက်အပံ့ရတတ်သလို၊အိမ်ထောင်ပြုရင်လဲ အိမ်ထောင်ဘက်ရဲ့ ကြိုးစားမှုကြောင့် တင့်တောင်းတင့်တယ်နေရတတ်သူပါပဲ။ ပညာကံအားကောင်းသူတွေဖြစ်ကြပြီး တော့ အားနည်းချက်က အမြဲတမ်းသံသယစိတ်၊တွေဝေဒွိဟစိတ်တွေများပြားနေတတ်တာကိုတွေ့ရပါတယ်။ အသက် ၁၉နှစ်နောက်ပိုင်းကာလတွေကစလို့ ဘဝရဲ့အောင်မြင်မှုကို ငယ်ရွယ်စဉ်ကတည်းက ထိတွေ့ခွင့်ရတာကိုတွေ့ရပါ တယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၄၃) နာရီမှ ညနေ(၃း၂၁)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အပြာရောင် နှင့် ခရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၄၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့စက္ကုတစ်ရွက်ကို ငှက်ပုံစံ ခေါက်ပြီးဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒူးရင်းသီးမှည့် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းများ အကြောင်းသတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

6.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆုတ်(၄)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆုတ်တီထိ(၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ငွေကြေးကိစ္စအ၀၀ဖြစ်တဲ့ ငွေချေးခြင်း၊ ကြွေးယူခြင်း၊အာမခံခြင်း၊ငွေပေးငွေယူကိစ္စများ၊ ဘဏ်ကိစ္စများ အဆင်ပြေ အောင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ယနေ့တွင် သစ်ပင်စိုက်ခြင်း မပြုအပ်ပါ။ မင်္ဂလာယူပြီးဆောင်ရွက်သော ကိစ္စများ ရှောင်ကြဉ်ရမည်။ ပြဿနာများ ထိပ်တိုက်ရင်ဆိုင်ရန် ရက်ကောင်းဖြစ်သည်။ ယနေ့ရရှိသော သတင်းအချက် အလက်များကို အသုံးချ၍ အကျိုးရှိမည်။ အရေးကြီးသောကိစ္စများ ဆောင်ရွက်မည်ဆိုပါက နေ့လည် (၁း၁၂)နာရီ ကျော်မှ ဆောင်ရွက် လုပ်ကိုင်ပါ။

            အချစ်ရေးကံကောင်းနေတဲ့နေ့ရက်ဖြစ်တာကြောင့် ချစ်သူအား မေတ္တာတောင်းခံခြင်း၊ စိတ်ကောက်နေတဲ့ ချစ်သူကိုပြန်ချော့ခြင်း၊ ချစ်သူကိုလက်ဆောင်များပေးခြင်းတွေဆောင်ရွက်သင့်တဲ့နေ့မျိုးပါပဲ။

ထီဝါသနာပါသူများဒီနေ့မှာထီထိုးနိုင်ပါတယ်။  ၁ဂဏန်း၊၅ဂဏန်း၊၉ဂဏန်းပါတဲ့ထီလက်မှတ်ကို ရွေးချယ်ကံစမ်း သင့်ပါတယ်။ မိတ်ဆွေသစ်ဖွဲ့ခြင်း၊ မိတ်ဆုံစားပွဲများကျင်းပခြင်းတွေ ဒီနေ့မှာဆောင်ရွက်သင့်ပါတယ်။

ပွဲစားနဲ့တဆင့်ခံလုပ်ရတဲ့အလုပ်မျိုးတွေမလုပ်ပါနဲ့။ လူယုံသတ်တာ အောက်လက်ငယ်သားတော်လှန်တာမျိုးတွေ လဲကြုံနေရတတ်ပါတယ်။ ရွှေပျောက်တာ၊ အထားမှားတာမျိုးတွေဖြစ်လာတတ်ပါတယ်။ ပွဲစားနဲ့တဆင့်ခံလုပ်ရတဲ့ အလုပ်မျိုးတွေမလုပ်ပါနဲ့။ လူယုံသတ်တာ အောက်လက်ငယ်သားတော်လှန်တာမျိုးတွေ လဲကြုံနေရတတ်ပါတယ်။ ရွှေပျောက်တာ၊ အထားမှားတာမျိုးတွေဖြစ်လာတတ်ပါတယ်။

ဒီနေ့ အိုးအိမ်အသစ်တည်ဆောက်ခြင်း မပြုသင့်ပါ။ မီးလောင်ပျက်စီးဆုံးရှုံးရတတ်သည်။ သတင်းအချက်အလက်များ စုစည်းရန် ရက်ကောင်းဖြစ်သည်။ ကတိသစ္စာပြုရန် ရက်ကောင်းဖြစ်သည်။ စာရွက်စာတမ်းကိစ္စများ ဆောင်ရွက် လုပ်ကိုင်သင့်ပါတယ်။ ဦးတည်ချက်ပြောင်း၍ လုပ်ကိုင်ခြင်းများ အဆင်ပြေအောင်မြင်မည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၄း၂၈း၂၃)နာရီမှ နံနက်(၅း၂၀း၀၁) နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ပြုပ္ဗာသဠ်နက္ခတ်သည်အောက်ငုံနက္ခတ်ဖြစ်တာမို့ ကလေးထမင်းစခွံ့ခြင်း၊ကျောက်မျက်ရတနာတူးဖော်ခြင်း၊စူးစမ်းရှာ ဖွေခြင်း၊ဆည်မြောင်း၊တာတမံဆောက်လုပ်ခြင်း၊ရေတွင်းရေကန်နှင့်အဝိစိတွင်းတူးဖော်ခြင်းများ စာရေးသားခြင်းများ အထူးကောင်းပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ဓနုစန်း၊ ပြုပ္ဗာသဠ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿ ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးရင်သွေးများဟာ အများအားဖြင့် အားရစရာကောင်းတဲ့ဇာတာတွေဖြစ်ပါတယ်။ စီးပွားရေးမှာကျွမ်းကျင်လိမ္မာ တဲ့ဗီဇပါလာသူတွေဖြစ်ပါတယ်။ စီးပွားရေးသင်တန်းတွေမတက်ထားဘဲ စီးပွားရေးကိုလာဘ်မြင်ကြသူတွေဖြစ်ပါတယ်။ ရဲစွမ်းသတ္တိရှိခြင်း၊မဟုတ်မခံစိတ်ရှိကြသူတွေဖြစ်တာမို့၊ လာရောက်ရန်စရင် အရင်လက်ဦးအောင်ချတတ်သူတွေမို့ မိဘတွေလိုက်ရှင်းရတတ်တဲ့ဇာတာမျိုးဖြစ်ပါလိမ့်မယ်။ဇမသေးတဲ့သူမျိုး၊သူများအနိုင်ကျင့်မခံတဲ့သူမျိုးတွေဖြစ်ပါတယ် အသက် ၂၅ကစလို့ အောင်မြင်မှုတွေကိုစတင်ထိတွေ့ခွင့်ရတတ်တဲ့ဇာတာတွေပဲဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃:၂၀) နာရီမှ ညနေ(၄:၅၉)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒူဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင် နှင့် ဖက်ဖူးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၅၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဒိန်ချဉ်သောက် သွားပါ။ ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဂျင်းသုပ် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

4.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆုတ်(၂)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကျား မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  နံနက်(၁၀း၁၂)နာရီအထိ မိတ္တုမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ကိတ်မြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

နံနက်(၁၀း၁၂)နာရီကျော်ပါကကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင် ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါ တယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး၊ ရှမ်းရက်၊ သမားဖြူရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  နံနက်(၁၀း၁၂)နာရီအထိ လပြည့်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ပြည့်စုံခြင်းကိုဖော်ဆောင်ပေးတဲ့ ပုဏ္ဏတီထိကျ ရောက်တဲ့နေ့ရက်ပါပဲ။ မိဘဘိုးဘွားတွေကိုရှစ်ခိုးကန်တော့တာ ပုတီးစိပ်၊ဂါထာမန္တန် ရွတ်ဖတ်ခြင်းများ၊အဓိဌာန်ဝင်ခြင်းများလဲ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။ ကွယ်လွန် သွားတဲ့မိဘတွေကို ရည်စူးပြီးတော့ အမျှဝေခြင်းပြုသင့်တဲ့ နေ့ရက်ပါပဲ။

            လုပ်ငန်းသစ်များ ၊စတင်လည်ပတ်ခြင်းများအထူးကောင်းပါတယ်။ အလုပ်သစ်ရှာခြင်း၊အင်တာဗျူးဖြေခြင်း များလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။  လောကီနဲ့ပတ်သက်သော အဆောင်ယတြာများ စီရင်ပြုလုပ်ခြင် များလဲဒီနေ့မှာ ဆောင်ရွက်လို့အောင်မြင်တတ်ပါတယ်။တစ်ဦးတစ်ယောက်စီမှာငွေကြေးချေးငှားခြင်းများလဲ ဆောင်ရွက် လို့အဆင်ပြေပါလိမ့်မယ်။

ဒီနေ့ဟာ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန်မသင့်ပါ။ စတင်ဆောင်ရွက်သော ကိစ္စမှန်သမျှ တစ်ပိုင်းတစ်စ ဖြစ်တတ်သည်။ ကုန်သွယ်ခြင်း၊ ပစ္စည်းဝယ်ယူမြှုပ်နှံခြင်းများ မပြုရပါ။ ဆုံးရှုံးမည်။ ငွေကြေးလက် ပြောင်း၊ လက်လွှဲကိစ္စမှန်သမျှ ဆောင်ရွက်ပါ။ အရေးပါသောစာရွက်စာတမ်းများကို စနစ်တကျထိန်းသိမ်းပါ။ ပျောက် ရှတတ်သည်။

ဇေဌနက္ခတ်မို့အချစ်ရေး ၊ မေတ္တာရေး စကားပြောခြင်း၊ ထီထိုးခြင်း၊ အိမ်ခြံမြေ၊ ယာဉ်၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက် ကား ရောင်းဝယ်ခြင်း၊ ပညာစ၍သင်ခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ စာရေးသားခြင်း၊ ပန်းချီ ၊ ပန်းပု ထုခြင်း၊ ကျောက် ဆစ်ထုခြင်း၊ သံထည်ကြေးထည်များ သွန်းလောင်းခြင်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း ကောင်း၏။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပတ်သက်သော ရှင်ပြုခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ ကြုံ ပါ က နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊ တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၄း၃၆း၁၅)နာရီမှ နံနက်(၅း၂၇း၅၃)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ဗြိစ္ဆာစန်း၊ ဇေဌနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿ ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေး သူများဟာ အများအားဖြင့် အားနည်းချက်အားသာချက်ရောထွေးနေတတ်ကြသူတွေဖြစ်ပါတယ်။ အားနည်းချက်က ရန်သူပေါများခြင်း၊အများနဲ့တစ်ယောက် ရန်ရှာခံရခြင်း၊ကျန်းမာရေးမှာ ကိုယ်တွင်းကလိစာတစ်ခုခုအားနည်းချက်ပါရှိ လာခြင်းမျိုးရှိတတ်ပြီးတော့ အားသာချက်ကတော့ ပညာရေးမှာအလွန်ထူးချွန်ခြင်း၊ဥစ္စာဓနကံအားကောင်းခြင်း၊ ငွေကြေးစည်းစိမ်းနဲ့နေရခြင်း၊ ရပ်ဝေးနယ်ခြား၊နိုင်ငံခြားအကျိုးပေးခြင်းစသောကံတွေ အားသာချက်ရှိပါတယ်။ နာမည် မှည့်ခေါ်ရာတွင် နာမည်ရဲ့ အဆုံးသတ်ကို သောကြာနံနဲ့ အဆုံးသတ်ပေးခြင်း၊စနေနံနဲ့ အဆုံးသတ်ပေးခြင်းကိုအထူး ရှောင်နိုင်ပါက ဘဝမှာ အဆင်ပြေမှုပိုမိုများပြားနိုင်တာကိုတွေ့ရပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၅၈) နာရီမှ ညနေ(၆:၃၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သင်္ဘောသီးမှည့်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဖရုံယို ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

2.June.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လပြည့်နေ့ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါ တယ်။ စန်းပွင့်ရာအရပ်က  အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မွန်းလွဲ(၁း၅၁)နာရီအထိ တနင်္လာမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် တနင်္ဂနွေမြေခံ အဖြစ် သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။

တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြတ်ကြီးကြီးမားမား ရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက် အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

မွန်းလွဲ ၂နာရီနောက်ပိုင်းတနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင် သင့် သော အချိန်ကာလမျိုး ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ် မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မွန်းလွဲ(၁း၅၁)နာရီအထိ လဆန်းတီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျ ရောက် နေပြီး လွန်လျှင် လဆန်းတီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက် သုံးရန်ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေတာ ဖြစ်ပါတယ်။ စွမ်းအားများ၊အောင်မြင်မှုများကို ယူဆောင်လာပေးမဲ့ ဇယျာတီထိကျရောက်တဲ့ နေ့ရက်ပါပဲ။

ဒီလိုနေ့မျိုးမှာ မိမိကုန်ပစ္စည်းအတွက် ကြေငြာဆိုင်းဘုတ်များထောင်ခြင်း၊ လက်ကမ်းစာရွက်များ ၊ပန်းဖလက်များ ဝေ ခြင်းမျိုးတွေလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ အစုရှယ်ယာလုပ်ကိုင်ခြင်းများ၊ ဘဏ်စာရင်းဖွင့်ပြီးငွေစတင်စုခြင်း များလဲ ဆောင်ရွက်နိုင်ပါတယ်။ဖုန်းရောင်းဝယ်ခြင်း၊ ဖုန်းအပိုပစ္စည်းရောင်းဝယ်ခြင်းများ၊ ပညာရေးနဲ့ပတ်သက် သောစာအုပ် စာတန်းများ ရောင်းချခြင်းများလဲ ဆောင်ရွက်လို့အထူးအောင်မြင်တတ်ပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့  သမားတော်နဲ့ပြသခြင်း၊ဆေးဝါးမှီဝဲခြင်း၊ ဆေးစစ်ခြင်း၊ ခွဲစိပ်ကုသခံယူခြင်းများ စတင် ဆောင်ရွက်ခြင်းဖြင့် ရလဒ်ကောင်းတွေရလာတတ်ပါတယ်။ မလုပ်ဖြစ်ဘဲ ရပ်တန့်ထားတဲ့လုပ်လက်စ အလုပ်တွေ ရှိရင်လဲ ဒီနေ့မှာ ပြန်လည်လုပ်ကိုင်ခြင်းဖြင့် ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာ လပြည့်နေ့နှင့် သောကြာနေ့တိုက်ဆိုင်နေပေရာ ဘုရားအနေကဇာတင်ရန် ရက်ကောင်းရက်မြတ် ဖြစ်နေပါ တယ်။ အနေကဇာ ဂါထာတော်ရွတ်ဆိုခြင်း၊ ဓမ္မဒါနလှူဒါန်းခြင်းတို့ကို ပြုလုပ်ရန် ရက်ကောင်း ဖြစ်နေပါတယ်။ နယုန်လပြည့်နေ့တွင် ပိတောက်(၂)လံကို (၄)ပိုင်းပိုင်းကာ ခြံထောင့်(၄)ထောင့်တွင် စိုက်ခြင်းဖြင့် ဓါးပြ၊ သူခိုးရန်မှ ကင်းစင်မည်။ အပူ(၁၁)မီး ငြိမ်းမည်။ ပိတောက်(၂)လံ မရပါက ပိတောက်ပင်ပေါက် (၄)ပင်ကို စိုက်ပျိုးရမည်။ ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်း ဖြစ်သည်။ သမားပြခြင်း ဆေးစစ်ခြင်းများ ပြုလုပ်နိုင်မည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၄း၄၄း၀၇)နာရီမှ နံနက်(၅း၃၅း၄၄)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဝိသာခါနက္ခတ်သည် ရောနှောထားသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး လုပ်ရိုးလုပ်စဉ်တာဝန်များ၊ ကျွမ်းကျင်မှု တာဝန် များ၊ အိမ်မှုကိစ္စများနှင့် နေ့စဉ်အရေးပါသည့် လှုပ်ရှားမှုများအတွက် ကောင်းမွန်ပါသည်။

ဤနက္ခတ်သည် အောက်သို့ မျက်နှာမူသော နက္ခတ်ဖြစ်ပြီးရေတွင်းတူးခြင်း၊သတ္တုမိုင်းတူးခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း၊ မီးရထားလမ်းများ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း၊ နက္ခတ်ဗေဒင် ၊သင်္ချာဘာသာရပ်၊ ပန်းပု ပညာ ၊ အနုပညာ၊ အရေးအသား ၊သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရားပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ တူစန်း၊ဝိသာခါနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿ ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေး ရင်သွေးများဟာ အများနဲ့မတူ သူတို့အတွေးအခေါ်တွေက မူလလူအများအတွေးတွေနဲ့ကွဲထွက်နေတတ်ပါတယ်။ဆန်း သစ်တယ်။ခေတ်ရှေ့ပြေးကြတယ်။ မိဘလက်ငုတ်အလုပ်တွေကို လုပ်ဖို့စိတ်ဝင်မစားကြသူတွေဖြစ်ပါတယ်။ အတွေး အခေါ်ကောင်းပြီး အသက် ၂၁ထိ မိဘက မလုပ်နဲ့ဆိုရင် လက်တည့်စမ်းပြီးလုပ်လိုစိတ်ရှိကြသူတွေဖြစ်ပါတယ်။ ငွေကြေးအကူအညီတွေရလွယ်ကြသူတွေဖြစ်သလို၊ မိမိတို့ထက်အဘက်ဘက်ကသာလွန်သော အိမ်ထောင်ဘက်များ လဲရရှိတတ်ပါတယ်။ အသက်၂၂ကနေ အသက် ၂၈အတွင်း လုပ်ငန်းခွင်မှာ ထူးထူးခြားခြားရာထူးတိုးတတ်ခြင်း၊ကိုယ် ပိုင်စီးပွားသမားများ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ခြင်းဆိုတဲ့အကျိုးကျေးဇူးကိုရရှိတတ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၂၆) နာရီမှ မွန်းလွဲ(၁၂:၀၄)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြည်ပြာရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ရေအေးအေးလေး သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့မလိုင် ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

30.May.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆန်း(၁၂)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မေလ(၃၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မွန်းလွဲ(၂း၁၀)နာရီအထိ ကြာသပတေးမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် ဗုဒ္ဓဟူးမြေခံအဖြစ် ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မွန်းလွဲ(၂း၁၀)နာရီအထိ လဆန်းတီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျ ရောက်နေပြီး လွန်လျှင် လဆန်းတီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုနေ့ရက်မှာ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းစတဲ့ အလှူနဲ့ပတ် သက်သောကိစ္စ တွေအထူးဆောင်ရွက်နိုင်ပါတယ်။

ဆံသခြင်း၊ဆံဖြတ်ခြင်း၊ခေါင်းဆေးခြင်းတွေလဲ ဆောင်ရွက်ခြင်းဖြင့်ကံတွေမြင့်လာတတ်ပါတယ်။လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း များ၊ ဆေးဝါးဖော်စပ်ခြင်းအလုပ်များ၊အထူးတိုးတတ်နေပါလိမ့်မယ်။ သောကြာဂြိုဟ်စိုးမိုးတဲ့နေ့ ရက်လဲဖြစ် တာကြောင့် ခန်းဝင်ပစ္စည်းများ၊ပရိဘောဂများဝယ်ယူတာမျိုးတွေ ၊ အိမ်တွင်းအလှအဆင်တာမျိုးတွေလဲ အထူးဆောင် ရွက် လို့သင့်ပါတယ်။ မိသားစုအပျော်ခရီးသွားခြင်းများ၊ မိတ်ဆွေတွေနဲ့ဖျော်ဖြေရေးပွဲများကျင်းပခြင်း တွေအထူး ကောင်း ပါတယ်။

အနုပညာလုပ်ငန်းများ၊ရုပ်ရှင်နှင့်သရုပ်ဆောင်လုပ်ငန်းများအထူးတိုးတတ်ပါတယ်။ အဝတ်အထည်ကောင်း များ ဝယ်ယူခြင်းတွေဒီနေ့မှာကောင်းပါတယ်။ အဝတ်ဒီဇိုင်းများချုပ်လုပ်ခြင်းတွေစတင်ဆောင်ရွက်နိုင်တဲ့နေ့တစ်နေ့ ပဲ ဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံထားတဲ့ပစ္စည်းတွေဈေးကောင်းရရှိမဲ့နေ့ရက်ပါပဲ။ မြုပ်နှံထားသောပစ္စည်းများ ဈေးကောင်း ရပါလိမ့်မယ်။ စတင်ဆောင်ရွက်သောကိစ္စမှန်သမျှအနှောက်အယှက်ကြုံပြီးမှ အဆင်ပြေတတ်ပါ တယ်။

အခက်အခဲပြဿနာတွေရှိရင်တော့ ကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။ ရပိုင်ခွင့်တွေကိုတောင်းဆိုလို့ ကောင်းတဲ့နေ့ ရက်ပါပဲ။အကြီးအကဲတွေနဲ့တွေ့ဆုံပြီး တင်ပြစရာကိစ္စတွေကိုတင်ပြတောင်းခံသင့်တဲ့နေ့ရက်ပါပဲ။

ကျောက်မျက်ရတနာများ၊ရေနံနှင့် ဓာတ်သတ္တုတူးဖော်ခြင်းများ စတင်လို့ကောင်းတဲ့နေ့ရက်မျိုးပါပဲ။ ရွှေလုပ် ငန်းများ တိုးတတ်မှုတွေကြုံရပါလိမ့်မယ်။မြေသန့်ခြင်းကိစ္စများကိုလဲ ဦးစားပေးဆောင်ရွက်လို့ကောင်းပါတယ်။ အချစ်ရေးမေတ္တာ ရေး ကံကောင်းပါတယ်။ ချစ်စကားများ ပြောဆိုခြင်းများပြုလုပ်သင့်တဲ့နေ့မျိုးပါပဲ။

ခြံ၊အိမ်၊မြေ အရောင်းအဝယ်များလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။ သီးပင်စားပင်စတင်စိုက်ပျိုးခြင်း တွေ၊ နှစ်ရှည်ပင်စိုက်ပျိုးခြင်း၊ဥယျာဉ်ခြံလုပ်ကိုင်ခြင်းတွေအထူးဆောင်ရွက်လို့ကောင်းပါတယ်။

ယနေ့ ကာမမကြူးအပ်ပါ။ ကောင်းခြင်းလာဘ်လာဘ အလုံးစုံပြည့်စုံမည်။ အလုပ်အကြံအစည်တို့ကို စတင်သင့်သည်။ အလုပ်ရှာခြင်း၊ အလုပ်လျှောက်ခြင်းများ ဆောင်ရွက်နိုင်သည်။ ခရီးကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။ ဝယ်ယူမြှုပ် နှံနိုင်မည်။ တည်ဆောက်မှုကိစ္စများ စတင်နိုင်သည်။

ဟဿတနက္ခတ်ကျရောက်တာမို့အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ စာအုပ် စာရေး ကိရိယာလုပ် ခြင်း၊ စာပေဖြန့်ချိရေးလုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ လက်ဝတ်ရတနာဝတ်ဆင်ခြင်း၊ ချစ်မေတ္တာ စကားပြောဆိုခြင်း၊ ထီထိုးခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲများ၊ ပါတီပွဲများ၊ ဧည့်ခံပွဲများစတင်၍ ဖွင့်လှစ်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ဆံသလုပ်ငန်း၊ ဆိုင်ကယ်၊ အိုးဝေ၊သုံးဘီးဆိုင်ကယ်ရောင်းဝယ်ပြုလုပ်ခြင်း ကောင်း၏။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၄း၅၅း၅၅)နာရီမှ နံနက်(၅း၄၇း၃၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ကန်စန်း၊ ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿ ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ ရဲရင့်သူ၊တည်ကြည်သူ၊အပြောနဲ့အလုပ်ညီသူ၊ ကြီးပွားချမ်းသာလိုစိတ်ရှိကြသူတွေဖြစ်ပါတယ်။ ငွေကြေးရှာဖွေးစုဆောင်းတာကို ဝါသနာပါသူဖြစ်ပါတယ်။ သတိထားရမှာကတော့ ပထမအကြိမ်ရင်းနှီးမြုပ်နှံမယ်ဆို ရင်တော့ အိတ်သွန်ဖာမှောက် ရှိတဲ့ငွေကို အကုန်ရင်းနှီးမြုပ်နှံတာမျိုးအထူးရှောင်ပါ။ ဘဝမှာရေနဲ့ပတ်သက်သော အန္တရာယ်ရှိတာမို့ ရေလမ်းခရီးနှင့် ရေနဲ့ဆက်စပ်သောအလုပ်များကိုတော့ အထူးရှောင်သင့်ပါတယ်။ ကြိုးစားရင် ကြိုး စားသလောက် အောင်မြင်မှုလဲ ကြီးမားနိုင်တာမို့ မိဘတွေကသာ သေချာပံ့ပိုးပေးနိုင်မယ်ဆိုရင် အအောင်မြင်ဆုံးဘဝ ကိုရရှိနိုင်ကြောင်းပါဗျာ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃:၁၉) နာရီမှ ညနေ(၄:၅၇)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြက်သွေးရောင် နှင့် ဆင်စွယ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၇၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့နွားနို့သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့ထမင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

26.May.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆန်း(၈)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မေလ(26)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၀)နာရီမှာ နေဝင် ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါ တယ်။ စန်းပွင့်ရာအရပ်က  မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ် တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  နံနက်ပိုင်း(၆း၁၉)နာရီအထိ ကိတ်မြေခံကျရောက်နေပြီး လွန်လျှင် ရာဟုမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက် တာမျိုး တွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ ရက်ယုတ်မာရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  နံနက်ပိုင်း(၆း၁၉)နာရီအထိ လဆန်းတီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျ ရောက် နေပြီး လွန်လျှင် လဆန်းတီထိ(၇)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲ ကျရောက် နေတာ ဖြစ်ပါတယ်။ဒီနေ့ဟာ အိုးအိမ်အသစ် စတင်တည်ဆောက်ခြင်းမပြုသင့်သော နေ့ရက်ဖြစ်နေ ပါတယ်။ ပြုလုပ်ပါက မီးလောင်၍ ပျက်စီးဆုံးရှုံး ရတတ်သည်။ ဆေးဝါးဖေါ်စပ်ခြင်း၊ စတင်ကုသခြင်းများ ပြုလုပ်နိုင် ပါတယ်။ ဆေးဝါးများ ဆေးစွမ်းထက်မြက်မည်။ လူ(၄)ယောက်စု၍ ခရီးသွားလာခြင်းများ ရှောင်ကျဉ်ပါ။ ကျောက်စိမ်း နှင့် ပြုလုပ်ထားသောပစ္စည်းများ ဝယ်ယူသုံးစွဲခြင်း မပြုရပါ။

အရေးကြီးသောကိစ္စများ ဆောင်ရွက်မည်ဆိုပါက နေ့(၁း၁၂)နာရီမှ ညနေ(၃း၃၆)နာရီအတွင်း စတင်ဆောင်ရွက် လုပ်ကိုင်ပါ။ အတီးအမှုတ်အကအခုန်နှင့်ပတ်သက်သော လုပ်ငန်းများ၊ အနုပညာ နှင့်ပတ်သက်သောကိစ္စများလဲ အထူးဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။လက်မှုအတတ်ပညာနှင့်ပတ်သက်သော လုပ်ငန်းဆောင်တာများ အထူးပဲ အဆင် ပြေ နေတာကိုတွေ့ရပါတယ်။

နည်းပညာနှင့် ပတ်သက်သောလုပ်ငန်းဆောင်တာများအဘက်ဘက်ကနေတိုးတတ်လာနိုင်တာကိုတွေ့ရပါလိမ့် မယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ အတိုက်အခိုက်တွေနဲ့ တိုးတတ်ပါလိမ့်မယ်။ customer တွေရဲ့ စိတ်ကျေနပ် မှုရအောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၅း၁၁း၃၈)နာရီမှ နံနက်(၆း၀၃း၁၆)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

အဿလိဿနက္ခတ်မို့ ရေတွင်းရေကန်တူးဖော်ခြင်း၊ ဓာတ်သတ္တုရှာဖွေ တူးဖော်ခြင်း၊ ရွှေတူးခြင်း၊ ရေနံတူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကလေးထမင်းခွံ့ခြင်း၊ ကျောက်မျက်ရတနာတူးခြင်းလုပ်ငန်းများ ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ကရကဋ်စန်း၊အသလိဿနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ စိတ်ကောင်းရှိကြသူတွေများပါတယ်။ စွန့်စားပြီးအောင်မြင်တတ်တယ်။သာမန်ရိုးကျနေထိုင် လုပ်ကိုင်တာမျိုးကိုစိတ်ဝင်စားလေ့မရှိပါဘူး။ သစ်ဆန်းတဲ့၊ခေတ်မှီတဲ့အလုပ်တွေကိုသာစိတ်ဝင်စားတဲ့သူတွေဖြစ်ပါ တယ်။ ကျန်းမာရေးအားကောင်းကြသူတွေဖြစ်ပြီး အဖျားအနာကင်းကြသူတွေဖြစ်ပါလိမ့်မယ်။ အသက် ၂၁ထိစိတ်ထင် ရာလုပ်တတ်ပေမဲ့ အသက် ၂၁ကျော်ချိန်ကစလို့ အသက် ၄၆ထိက တဟုန်ထိုးအောင်မြင်တတ်ပါတယ်။ ပညာရေးမှာ စူးစမ်းမှု၊စပ်စုမှုတွေကြောင့် ပဲ ပညာရေးမှာအားကောင်းတတ်ပါတယ်။ ဒီကလေးရဲ့သိလိုစိတ်ပြင်းပြမှုကြောင့်အစစ အရာရာသင်ရလွယ်တာမျိုးတွေ့ရပါလိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၂၅) နာရီမှ မွန်းလွဲ(၁၂:၀၃)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၅၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ရှူဆေးဗူးဆောင် သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးယို ဘုရားကပ်လှူပြီး လိုရာ ဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

20.May .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆန်း(၂)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မေလ(၂၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၂)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ညပိုင်း(၁၀း၃၄)နာရီအထိ ဗုဒ္ဓဟူးမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် အင်္ဂါမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ် ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ ရှမ်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ညပိုင်း(၁၀း၃၄)နာရီအထိ လဆန်းတီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆန်းတီထိ(၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျ ရောက် နေ တာ ဖြစ်ပါတယ်။ ဒီနေ့မှာပစ္စည်းတစ်ခုခုဝယ်တော့မယ်ဆိုရင်တော့သေချာစစ်ဆေးပြီး မှဝယ်စေချင်ပါ တယ်။ ငွေကြေးအပေး အယူလုပ်မယ်ဆိုရင်တော့ သက်သေတွေရှေ့မှာလုပ်ကိုင်ဆောင်ရွက်တာပိုမိုကောင်းပါတယ်။ ဖုန်းနဲ့ဆက်စပ် ပစ္စည်းရောင်းဝယ်ရေးအလုပ်များအထူးကောင်းပါတယ်။ စိတ်ထဲလိုချင်နေတဲ့အကူအညီတွေကို ကောင်း စွာ ရရှိတတ် ပါတယ်။ ရေကြောင်းခရီး၊လေကြောင်းခရီးများလဲသွားလာလို့အလွန်ကောင်းပါတယ်။

မိမိအိုးအိမ်များကို အလှဆင်ခြင်း၊ဆေးသုတ်ခြင်း မိမိရုံးခန်းကို မွမ်းမံပြင်ဆင်ခြင်းများလဲ ဆောင်ရွက်လို့အထူး ကောင်း ပါလိမ့်မယ်။  ငွေကြေးနဲ့ပက်သက်ပြီး ငွေပေးငွေယူကိစ္စများ၊အာမခံခြင်းများ၊ဘဏ်ကိစ္စများလဲ အထူး ဆောင်ရွက်နိုင်ပါ လိမ့် မယ်။

အချစ်ရေး၊မေတ္တာရေးနဲပတ်သက်တဲ့ ကိစ္စအ၀၀လဲ ဆောင်ရွက်နိုင်မဲ့နေ့ပါပဲ။ အလှကုန်လုပ်ငန်း၊လူသုံးကုန်ပစ္စည်း  ရောင်းချခြင်းလုပ်ငန်း၊  အရည်နှင့်ပက်သက်သောစားသောက်ကုန်လုပ်ငန်းများလဲ အထူးပဲတိုးတတ်အောင်မြင်နိုင် တဲ့နေ့ပါပဲ။ဒီနေ့ဟာ ခေါင်းဆေး၊ ခေါင်းလျှော်ခြင်းပြုက အသက်ရှည် ကျန်းမာခြင်းများ ပြည့်စုံမည်။ ဘာသာရေးဆိုင်ရာ မြင့်မြတ်သော ကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။ ကတိပျက်သူများနှင့် ကြုံတွေ့ရတတ်သည်။ တစ်ပါးသူအပေါ် ယုံစားလွှဲအပ်ပြီး လုပ်ဆောင်သော ကိစ္စမှန်သမျှ ရှောင်ကျဉ်ပါ။ ခက်ခဲသောပြဿနာကိစ္စရပ်များကို ရင်ဆိုင်ဖြေရှင်းနိုင်မည်။ သတင်းအချက်အလက်များ စုစည်းနိုင်မည်။ လျှို့ဝှက်သောကိစ္စများ ပေါက်ကြားတတ်သည်။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၅း၃၅း၁၄)နာရီမှ နံနက်(၆း၂၆း၅၀)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ကြတ္တိကာ နက္ခတ်သည် လက်ငင်းလုပ်ဆောင်မှုများ၊ ပြိုင်ဆိုင်မှုများ ပူပြင်းသောအငြင်းအခုံများ၊ သတ္တုများနှင့် အလုပ်လုပ်ရန်အတွက် ကောင်းမွန်သည်။ဤနက္ခတ် သည် ရောနှောထားသော သဘာဝရှိသည်။ ပုံမှန်လုပ်ဆောင် မှုများ၊ နေ့စဉ်တာဝန်များကို လုပ်ဆောင်ရန် သင့်လျော်သော်လည်း အရေးကြီးသော လုပ်ဆောင်ချက်အသစ်များကို စတင်ရန် အကြံပြုထားခြင်းမရှိပါ။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ မိုင်းတူးခြင်း၊ စက်ရေတွင်း မီးရထား လမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ်၊ ပန်းပုပညာ၊ အနုပညာ ၊ အရေးအသား၊ ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသောပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ပြိဿစန်း၊ ကြတ္တိကာ နက္ခတ်သည်မနက် ၉နာရီ၂မိနစ်အထိ စန်းယှဉ်ပြီး ထိုအချိန်ကျော်ပါကရောဟဏီနက္ခတ်နဲ့စန်းယှဉ်ပါလိမ့်မယ်။အရှေ့တိုင်းနိရာယနစနစ်အရ ပြိဿရာသီဖွားဖြစ်ပါ သည်။ ဒီနေ့မွေးသူများဟာ သတိထားစရာအချက်လေးတွေရှိပါတယ်။ မိဘအသွန်အသင်ကောင်းပါက ကောင်းမွန် သောဘဝ၊လူလေးစားရသောဘဝကိုရရှိတတ်ပေမဲ့ မိဘကလွှတ်ထားလိုက်ပါက အပေါင်းအသင်းမှားပြီးဘဝပျက်တတ် ပါတယ်။ ပညာရေးနယ်ပယ်များဟာ အောင်မြင်နဲ့ နယ်ပယ်တွေ၊ကုန်ထုတ်လုပ်ငန်းများဟာ အောင်မြင်တဲ့နယ်ပယ်တွေ ဖြစ်ပေမဲ့ ရေလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတွေကတော့ ကာယကံရှင်ကို ကောင်းကောင်းဒုက္ခပေးမဲ့လုပ်ငန်းမျိုးတွေ  ဖြစ်ကြပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈:၄၈) နာရီမှ နံနက်(၁၀:၂၅)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ စနေ ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် မိုးပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၀၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ရွှေကြည်အနည်းငယ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းနို့ကျောက်ကျော ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695