loading

Tag: Zodiac

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(11.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ရောဟဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ မိမိသည်  နိုင်ငံခြားကံ အားကောင်းပြီးအဝေးသို့ ထွက်ခွာ သွားနိုင်သည်။ မိမိကိုယ်မိမိ ဆုံးမခြင်းသည် မိမိတို့ရဲ့ အကောင်းဆုံးအမှတ်သညာ တစ်ခုပဲဖြစ်ပါတယ်။ငွေကြေးကံအားကောင်းတဲ့ဇာတာမျိုးဖြစ်ပြီး လက်ထဲဘိုင်ပြတ်နေရင် တစ်နေရာရာကနေ ငွေဝင် လာတတ်ပါတယ်။ မိမိတွင် အကြံဥာဏ်များစွာနှင့် အရည်အချင်း များစွာရှိတတ်ပြီး တစ်ခုတည်းသာ ဖွံ့ဖြိုးတိုးတက်ရန် မဟုတ်ဘဲနယ်ပယ်များစွာမှာထွန်းပေါက်နိုင်ပါသည်။ မိမိနှလုံးသားမှ ခံစားချက်ကို လိုက်နာခြင်းထက် ဦးနှောက် စကားကိုလိုက်နာခြင်းက ပိုကောင်းတဲ့သူများအဖြစ်တွေ့ရှိနိုင်သည်။ မိမိ၏ ဥာဏ်ပညာ ကမိမိအတွက် စိန်ခေါ်မှုဖြစ် သည်။ ဥာဏ်ကြီးလေ ထူးခြားတဲ့အောင်မြင်မှုရလေပါပဲ။ ကံကောင်းတာ မိမိထက် ပညာ အားဖြစ်စေ၊ဓန အားဖြစ်စေ သာလွန်သောအိမ်ထောင်ဘက်ကိုရရှိတတ်ပါတယ်။ ကံအားနည်းချက်က သက်လတ်ပိုင်း ထိ နေရာထိုင် ခင်းမတည် ငြိမ်ကြသူတွေပါ။ ကြုံတဲ့နေရာနေ၊ကြုံတဲ့နေရာအိပ်ရတတ်တဲ့သူတွေဖြစ်နေတတ်ပါတယ်။

မကြာဏ ငွေရေးကြေးရေးတွင် ဒုက္ခရောက်မည်။ငွေရလွယ်သော်လည်း အဟောသိကံငွေကုန်ကြေးကျများနေမည်။ မိမိက စိတ်ဓာတ်ကျလျှင် ပြန်လည်ထူထောင်မိရန် မလွယ်တော့ပါ။ အောင်မြင်ရေးမှာ စိတ်အပေါ် မူတည်ပါသည်။ စိတ်ချမ်းသာလေ အောင်မြင်လေဖြစ်မည်။ကျန်းမာရေးအတွက် အရမ်းကြီးပူပန်စရာမလိုတဲ့သူတွေဖြစ်ပါတယ်။ မိန်းကလေးတွေဆိုရင်တော့ သွေးသားဓမ္မတာနဲ့ပတ်သက်ပြီးတော့ အားနည်းချက်ရှိကြသူတွေဖြစ်ပါတယ်။နှလုံးနှင့် အသည်းအားနည်းချက်ရှိကြတယ်။ အရက်သေစာကို စွဲစွဲမြဲမြဲသောက်ပါက အသက်တိုပါလိမ့်မယ်။

         မိမိမှာ စကားပြောဝါသနာပါမည်။ အတင်း အဖျင်းဝါသနာပါမည်။ ရပ်မှုရွာရေးကိုလိုက်၍ ဆောင်ရွက်ပေးမည်။ အများဝန်ထမ်းဇာတာခေါ် ရပါမည်။ မိမိက အရာရာကို ဝါသနာပါမည်။ စူးစမ်း လေ့လာတတ်ပါမည်။ မိမိလုပ်ခဲ့ သမျှအတွက် ဂုဏ်ယူတတ်မည်။ မိမိက လူများစု၏ အထင်ကြီးမှုအလိုရှိမည်။ အမြင်ကြီးအထင်ကြီးခံလိုမည်။ မိမိက အကျိုးမရှိသော အခွင့်အရေးများကို ယူတတ်မည်။ အလွန်အကျိုးရှိ သောအလုပ်များကို မလုပ်တတ်ပါ။ စေတနာထက် သန်တတ်မည်။ တည်တည်ငြိမ်ငြိမ် မနေတတ်ပါ။ဟိုသွား သည်သွား လှုပ်လှုပ်ရှားရှားသွားသောရမှ ကျေနပ်မည်။ တစ် နေရာတည်းနေရလျှင် စိတ်မတည် ဖြစ်မည်။ မိမိက တစ်ခုခုကို လုပ်မည်ကိုင်မည်နှင့် မလုပ်ဖြစ် သည် ကများပါတယ်။

မိမိစိတ်ထင်ရာ လုပ်တတ်မည်။ ရည်ရွယ်ချက်မဲ့လုပ်တတ်မည်။ ပျော်သလိုနေတတ်မည်။ မိမိထိပ်တိုက် ရင်ဆိုင်ရတိုင်း အရှုံးပေးသယောင်ရှိပေမဲ့အရှုံး၏ နောက်ကွယ်မှနေ၍ အနိုင်ယူတတ်မည်။ ရန်ငြိုးကြီးမည်။ အနုပညာဂီတကို ဝါသနာ ပါ၍ လိုက်စားမည်။ ဂီတသမားကောင်း ဖြစ်တတ်သည်။ သို့သော်အခြားကိစ္စမများတွင်တော့မိမိက ဒါလိုလို ဟိုဟာ လိုလို ဝိုးတဝါးလိုက် စားမည်။ တစ်ခုခုကို တီးမိခေါက်မိလျှင် စွန့်လွှတ်၍ အခြားတစ်ခုခုကို စူးစမ်းလိုသော စိတ်ရှိပါ မည်။

စိတ်ကူးယဉ်သလိုလည်း လက်တွေ့လုပ်ကိုင် မည်။ စိတ်နှစ်လုပ်တိုင်းအကျိုးရှိတတ်ပါတယ်။ မိမိကလူများ စိတ်ပျက်၍ ပစ်ထားသော အလုပ်များ၊သူများ မလုပ်နိုင်သော အလုပ်များကို ပို၍လုပ်မည်။ အပြိုင်အဆိုင်သဘော လုပ်မည်။ လုပ်၍လည်းအောင်မြင်မည်။ မိမိမှာ ကံ၏ အကျိုးခံစားရမည်။ ကံကောင်းသည် ။ဒုက္ခရောက်လျှင် ကူညီသူအမြဲရှိမည်။ စိတ်မတိုပါနှင့်၊ ဒေါသမကြီးပါနှင့်၊ အလကားနေရင်း သူများကိုမတိုက် ခိုက်ပါနှင့်။

မိမိတွင် အောင်မြင်ရမဲ့ကံပါမည်။ မည်သည့် ကိစ္စ နှင့်မဆို အဆုံးစွန်းရောက်အောင် မလုပ်နိုင်ပါ။ ဆုံးခန်းတိုင်အောင် မလုပ်ချင်တတ်ပါ။ လုပ်ရင်း လုပ်ရင်းနှင့် အခြား ကိစ္စအပေါ် စိတ်ဝင်စားသွားမည်။ အာရုံစူးစိုက်မှုနည်းမည်။ မိမိက ချစ်မေတ္တာနှင့် ပတ်သက်၍ သံသယစိတ် ဝင်တတ် သည်။ စိတ်ဓာတ်အတက်အကျမြန်မည်။အိမ်ထောင်ရေးတွင် အိမ်ထောင်ဘက်ကို မည်သည့် အခါမှ မယုံကြည်တတ် ပါ။ အမြဲသံသယစိတ်ဖြင့် ဆက်ဆံနေမည်။ မကောင်းပါ။

ကံကောင်းတဲ့အချက်ကငယ်ရွယ်စဉ်မှာပဲစောလျင်စွာအောင်မြင်မှုတွေရနိုင်တဲ့ဇာတာရှင်တွေဖြစ်ကြပါတယ်။  အသက် ၁၈ကနေအသက်၂၇အတွင်းကံကြမ္မာကအကောင်းဆုံးသောအခွင့်အရေးတွေ၊ကောင်းမွန်တဲ့အလုပ်တွေ၊ငွေကြေး ဥစ္စာ  တွေ မိမိရှေ့မှောက်ကို လာပုံပေးတတ်ပါတယ်။

“နှစ်” “ခုနစ်”ဂဏန်းနံပတ် ရက်စွဲများကိုဖြစ်ပေါ်စေသည့် ၂၊ ၇၊၁၁၊ ၁၆၊၂၀၊ ၂၅၊ ၂၉ စသည်တို့သည် အရေးပါလှသည်။ မည်သည့်လတွင်မဆို ထိုနေ့များတွင် ဆောင်ရွက်စရာတို့ကို ဆောင့် ရွက်ပါ။

အဖြူ၊နို့နှစ်ရောင်၊အစိမ်းဖျော့၊ ဂျိုးငှက်ရောင်၊ မီးခိုးရောင်၊ အစရှိသော အရောင်အသွေးများ ပါသော အဝတ်အစား အသုံး ဆောင်များကို အသုံးပြုပေးခြင်းဖြင့် ညှို့ဓါတ်စွမ်းအားတိုးတက်ပြီး “ကံ”ကောင်းလာနိုင်သည်။

ဘဝတစ်သက်တာအတွင်း မှတ်ထင်ထင် ဖြစ်စေမည့် အသက်အပိုင်းများမှာ ၇၊ ၁၁၊ ၁၆၂၀၊ ၂၅၂၉၊ ၃၄၊ ၃၈၊ ၄၃၊ ၄၇၊ ၅၂၊ ၅၆၊ ၆၁၊ ၆၅၊ ၇၀၊ ၇၄ နှစ်တို့ဖြစ်ကြသည်။တစ်နှစ်တာမှမည်သည့်လမှမဆို ၂၊ ၇၊ ၁၁၊ ၁၆၊ ၂၀၊ ၂၅၊ ၂ ၉ရက်ဖွားများနှင့် တွေ့ဆုံရင်းနှီးရဖန် များတတ်သည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

10.Jan.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလဆန်း (၁၂)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၂)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့ နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက် အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ. နဂါးပြည်ပြဿဒါး၊ ရက်ယုတ်မာ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆိုရင် တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူ မျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၂)လုံး ကျရောက်နေတာဖြစ်ပြီး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့ ဖြစ်ပါတယ်။ တီထိ(၁၂)လုံးအနေဖြင့် ဘုရားဆင်းတုတော်၊ဘုရားကားချပ်များ၊ ရဟန္တာကိုယ်တော်မြတ်ကြီးရဲ့ ပုံတော် ရုပ်ထုများအား စတင်ပူဇော် တာမျိုးတွေဒီနေ့မှာ အလွန်ပဲမြင့်မြတ်ကောင်းမွန်ပါတယ်။

တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်တာ၊ အလှပြင်တာ၊ ပွဲနေပွဲထိုင်အတွက် အဝတ်အစားဝယ်ယူတာ၊ စတင်ပြီးအပ်ချုပ် ဆိုင်အပ်တာ မျိုးတွေဒီနေ့မှာကောင်းပါတယ်။ ဘဒြာတီထိ ကျရောက်နေသောနေ့ ဖြစ်သောကြောင့် အလုပ်သစ်တစ်ခု စတင်လုပ်ဆောင်ရန် အကောင်းဆုံး ဖြစ်နေပါသည်။ သာသနာ့အခမ်းအနား၊ ဓမ္မမီးထွန်းညှိပေးခြင်းနှင့် တာဝန်ထမ်း ဆောင်ခြင်း၊ ကတိများပြည့်စုံစေခြင်း၊ အခြားသော ကောင်းသောကိစ္စရပ်များ ပြုလုပ်ခြင်းတို့အတွက် အထူးကောင်းမွန် ပါသည်။ ဆီချိုးခြင်းနှင့် ခရီးထွက်ခြင်း များကို ရှောင်ကြဉ်ပါ။ မင်္ဂလာပွဲအတွက် ကံမကောင်းတက်ပါ။

ဘဏ္ဍာရေးနဲ့ပက်သက်သော ကိစ္စတွေ စစ်ဘက်ဆိုင်ရာနဲ့ပက်သက်သောကိစ္စတွေ၊ လမ်းသစ်ဖောက်ခြင်းတွေ၊ ဒီနေ့မှာစတင်ဆောင်ရွက်လို့ အလွန်ပဲကောင်းမွန်ပါတယ်။ မိမိလုပ်ငန်းနယ်ပယ်မှာ ကုန်ပစ္စည်းအသစ်တစ်ခု ဖန်တီးတာ၊ ဈေးကွက်အသစ်တစ်ခု စတင်planချဆောင်ရွက်တာ မျိုးတွေ အလွန်ပဲကောင်းမွန်ပါလိမ့်မယ်။

သတ္ထုတူးဖော်ခြင်းကိစ္စများ၊ ဆည်မြောင်း၊တာတမံတူးဖော်ခြင်းများနဲ့ ရေတွင်းရေကန်တူးဖော်ခြင်းများလဲ ဒီနေ့မှာ စတင်လို့ အလွန်ကောင်းပါတယ်။အချစ်ရေးကံကောင်းမွန်နေတဲ့နေ့ရက်ဖြစ်တာကြောင့် မိမိချစ်ရသူကို ချစ်စကားပြော တာ မျိုးကအလွန်ပဲကောင်းပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၄း၀၄)နာရီမှ မွန်းလွဲ(၁၄း၅၆)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ကြတ္တိကာနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ မိမိတွင် နူးညံ့သိမ်မွေ့သော၊ ငြိမ်းချမ်းသောအမူအရာရှိသည်။ ဉာဏ်ရည်ထက်မြက်ပြီး ခွဲခြမ်းစိတ်ဖြာတတ်သူဖြစ်သည်။ ကောင်းမွန်သော ရည်ရွယ်ချက်များအတွက် အခြားသူများကို အတင်းအကြပ် ခိုင်းစေသော်လည်း မိမိ၏ထင်မြင်ယူ ဆချက်များသည် လွဲမှားခြင်းမရှိ အလွန်ခိုင်မာသည်။ ယေဘူယျအားဖြင့် တိတ်ဆိတ်ပြီး နှစ်သက်ဖွယ်ဖြစ်သော်လည်း မိမိတွင် အခြားသူများခံစားနိုင်သော စရိုက်လက္ခဏာတစ်ခုရှိသည်။အဲဒါကတော့ အနုပညာခံစားချက်ရှိတဲ့အချက်ပါပဲ။ မိမိတွင် ရိုးရှင်းသောပုံစံရှိသော်လည်း၊ မိမိသည် အလွန်ဆွဲဆောင်နိုင်သော သံလိုက်ဓါတ်နှင့် အသံဩဇာရှိသူဖြစ်သည်။ အချစ်တွင် စံပြဆန်သောအချစ်သူရဲကောင်းတွေဖြစ်ပါတယ်။ မိမိဟာ အလွန်အရည်အချင်းရှိသူ၊ စိတ်ဓာတ်ခိုင်မာ သူဖြစ်ပါတယ်။ မိမိကိုယ် ရည်ကိုယ်သွေးနဲ့ မတူတဲ့ သူတွေကိုလဲ နားလည်အောင်ပေါင်းသင်းနိုင်တဲ့သူဖြစ်ပါတယ်။ အားသာချက်က သံလိုက်ဓာတ်ရှိကြသူတွေဖြစ်ပြီး လူအများရဲ့ ချစ်ခင်ခြင်းကိုခံရသူဖြစ်ပါတယ်။ ချွေးနံမနံအောင်၊ ခံတွင်းနံမနံအောင် နေသင့်တဲ့သူဖြစ်ပါတယ်။ရေမွှေးကောင်းကောင်းသုံးပြီး နေထိုင်တာကလဲ ပိုပြီးစန်းအားကောင်း စေတဲ့ ဇာတာပါ။

ကြတ္တိကာနက္ခတ်ဖြစ်တာကြောင့် ကြတ္တိကာ နက္ခတ်သည် လက်ငင်းလုပ်ဆောင်မှုများ၊ ပြိုင်ဆိုင်မှုများ၊ ပူပြင်းသော အငြင်းအခုံများ၊ သတ္တုများနှင့်အလုပ်လုပ်ရန်အတွက် ကောင်းမွန်သည်။ ဤနက္ခတ် သည် ရောနှောထားသော သဘာဝရှိသည်။ ပုံမှန်လုပ်ဆောင်မှုများ၊ နေ့စဉ်တာဝန်များကို လုပ်ဆောင်ရန် သင့်လျော်သော်လည်း အရေးကြီးသော လုပ်ဆောင်ချက်အသစ်များကို စတင်ရန် အကြံပြုထားခြင်းမရှိပါ။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ်သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့် လျော် သည်။

ဂြဟဇာပွင့်ရာအရပ်သည် အရှေ့အရပ်ဖြစ်သည်။ ဂြဟဇာပွင့်ရာအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များအတွက် အထူးကောင်းမွန်ပါသည်။

သုဘယုဂ် ကျရောက်နေသောနေ့ဖြစ်သောကြောင့် “မင်္ဂလာရှိခြင်း” ဟူသော အဓိပ္ပာယ်ကိုဆောင်ပါသည်။ ကောင်းသော ကိစ္စရပ်များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။

ဗိဌိကရိုဏ်း ကျရောက်နေသောနေ့ဖြစ်သောကြောင့် မကောင်းသောအကျင့်၊ ပျက်စိးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ် အားဖြင့် ရန်သူကို တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ စသည့် အဖျက်လုပ်ငန်းများအတွက် ၎င်းတို့အား သင့်လျော်စေ ပါသည်။


ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇၊ ၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့တောင်အရပ်သို့ မျက်နှာမူကာ “အရဟံဇိနော” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ငါးကြော်နဲ့ဘုရားဆွမ်းကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(10.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ကြတ္တိကာနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ မိမိတွင် နူးညံ့သိမ်မွေ့သော၊ ငြိမ်းချမ်းသောအမူအရာရှိသည်။ ဉာဏ်ရည်ထက်မြက်ပြီး ခွဲခြမ်းစိတ်ဖြာတတ်သူဖြစ်သည်။ ကောင်းမွန်သော ရည်ရွယ်ချက်များအတွက် အခြားသူများကို အတင်းအကြပ် ခိုင်းစေသော်လည်း မိမိ၏ထင်မြင်ယူ ဆချက်များသည် လွဲမှားခြင်းမရှိ အလွန်ခိုင်မာသည်။ ယေဘူယျအားဖြင့် တိတ်ဆိတ်ပြီး နှစ်သက်ဖွယ်ဖြစ်သော်လည်း မိမိတွင် အခြားသူများခံစားနိုင်သော စရိုက်လက္ခဏာတစ်ခုရှိသည်။အဲဒါကတော့ အနုပညာခံစားချက်ရှိတဲ့အချက်ပါပဲ။

 မိမိတွင် ရိုးရှင်းသောပုံစံရှိသော်လည်း၊ မိမိသည် အလွန်ဆွဲဆောင်နိုင်သော သံလိုက်ဓါတ်နှင့် အသံဩဇာရှိသူဖြစ်သည်။ အချစ်တွင် စံပြဆန်သောအချစ်သူရဲကောင်းတွေဖြစ်ပါတယ်။ မိမိဟာ အလွန်အရည်အချင်းရှိသူ၊ စိတ်ဓာတ်ခိုင်မာ သူဖြစ်ပါတယ်။ မိမိကိုယ် ရည်ကိုယ်သွေးနဲ့ မတူတဲ့ သူတွေကိုလဲ နားလည်အောင်ပေါင်းသင်းနိုင်တဲ့သူဖြစ်ပါတယ်။ အားသာချက်က သံလိုက်ဓာတ်ရှိကြသူတွေဖြစ်ပြီး လူအများရဲ့ ချစ်ခင်ခြင်းကိုခံရသူဖြစ်ပါတယ်။ ချွေးနံမနံအောင်၊ ခံတွင်းနံမနံအောင် နေသင့်တဲ့သူဖြစ်ပါတယ်။ရေမွှေးကောင်းကောင်းသုံးပြီး နေထိုင်တာကလဲ ပိုပြီးစန်းအားကောင်း စေတဲ့ ဇာတာပါ။

မိမိမှာ အရာရာကို စူးစမ်းလေ့လာတတ်မည်။စိတ်နှလုံးကြည်ပြုံး၍ ရွှင်မြူးစွာနေတတ်မည်။  ပျော်ပျော်နေ သေခဲ သမား ဖြစ်မည်။ လိုက်လျောရမည် သို့ ဆိုလျှင်လည်း အစွမ်းကုန်လိုက်လျောတတ်သလို၊ န်အတိုက်အခံပြုရမည် ဆိုလျှင်လည်း ထိပ်ဆုံးက အတိုက်ခံလိုတတ်မည်။ မိမိ မိသားစုအပေါ်ပတ်ဝန်းကျင်အပေါ် အထူးသံယောဇဉ်ကြီးမည်။ လူတိုင်းကို မယုံကြည်တတ်ပါ။ မည်သူ့ကိုမဆို အားမလိုအားမရနှင့် ပြောဆိုတတ်မည်။ အထင်ကြီး တတ်သော်လည်း မည်သူကိုမဆို မိမိက ဗြောင်ပြော မည်။ ပွင့်လင်းစွာပြောမည်။

မိမိက အေးအေးနေချင်မည်။ သူများပြဿနာ မရှုပ်တတ်ပါ။ လူတိုင်းနှင့် သင့်မြတ်အောင် ပေါင်း၊ သင်းတတ်မည်။ မိမိကသာ အေးဆေးတုံ့နှေးနေလျှင် ဘဝ၌ ထင်သလောက်အောင်မြင်မှုမရတတ်ပါ။ အရာရာကို သွက်လက်စွာ လုပ်ကိုင်ပါ။ မြန်ဆန်စွာ ကိစ္စပြီးအောင် ကြံစည်ပါ။ အထူးအောင်မြင်ပါမည်။ အပြောင်းအလဲမြန်ခြင်း၊ သေချာတိကျမှု နည်းခြင်း၊ ခိုင်မြဲမှုမရှိခြင်းများဖြစ်ပါလျှင် ဘဝတစ်ခုလုံး အောင်မြင်မှုနည်းပါးပြီး အမျိုးမျိုးဆုံးရှုံးမှုများ တွေ့ နေရပါမည်။ မိမိက လူတစ်ဘက်သားကို စေတနာမေတ္တာထားတတ်မည်၊ သူများကိုခင်မင် လိုက်လျောလွန်းတတ် သောကြောင့် သူများက မိမိကို ခုတုံးလုပ်လျက် အခွင့်အရေးများ ယူသွားမည်။ မိမိကို ချောက်တွန်းကြမည်။ အခွင့်အခါ ကောင်းများ ယူသွားတတ်မည်။

မိမိက အစိုးရအလုပ်ဖြစ်စေ၊ကိုယ်ပိုင်အလုပ်ဖြစ်စေလုပ်နိုင်သည်။အစိုးရ အလုပ်၌ ထိပ်တန်းရောက်နိုင်သည်။ ပါတီလုပ်ငန်း၊ နိုင်ငံရေးလုပ်ငန်းများနှင့် နာမည်ကြီး သတင်းကြီး ခံရမည်။ ဘဝ၌ သူတစ်ပါးကိစ္စနဲ့ဆက်စပ်ပြီး ရုံးဂါတ်ရောက်တတ်မည်။ မိမိက ရသမျှနှင့် တင်းတိမ်တတ်မည်။ စိတ်ထဲက လောဘကြီးမည်။ လိုချင် တပ်မက် မော မည်။ သို့သော် ရသမျှ ကုသိုလ်ကံဟူ၍ ကံကိုပုံချတတ်မည်။ အများအကျိုး ကို ဆောင်ရွက်တတ်မည်။ အများအကျိုး ဆောင်မှ ကိုယ်အကျိုးအောင်မည်ဟူသော အယူအဆကို လက်ခံရတတ်မည်။ မိမိက တစ်ယောက်တည်း တာဝန်ခံ၍ မလုပ်ချင်ပါ။ ဝိုင်းလုပ်ဝိုင်းစားလုပ်ချင်သည်။တာဝန်ကိုကြောက်သော်လည်း ပေးသောတာဝန်ကို သူများထက်ပို၍ ကျေပွန်အောင် ဆောင်ရွက်တတ် မည်။ မိမိမိသားစုတို့ကို အထူး ချစ်ခင်ပါသည်။

#ကျန်းမာရေး

ဇန်နဝါရီလ ၁၊ ၁၀၊ ၁၉၊ သို့မဟုတ် ၂၈ရက် ဖွားခဲ့သော်၊ မူးယစ်စေတတ်သော ဆေးဝါးနှင့် အရက်သေစာ သောက်စားခြင်း မရှိလျှင် လွန်စွာ ကျန်းမာရေးကောင်းသူဖြစ်လိမ့်မည်။ အရက်၊ဝိုင်၊ပင်လယ်စာ၊အချိုရည်၊ဟော့ပေါ့ စတဲ့အစားအသောက်တွေနဲ့မတည့်ပါဘူး။မကြာခဏဆိုသကဲ့သို့ပင် အအေးမိခြင်း၊ အကြောအခြင် ကိုက်ခဲ ခြင်း စသည်တို့ကို ခံစားရတတ်ပါသည်။ ထိုရောဂါမျိုးကို ရှောင်ရှား လိုပါက ခြောက်သွေ့ သောရာသီဥတုနှင့် ကုန်းမြင့်ဒေသတို့ကို ရွေး ချယ်၍ နေထိုင်သင့်ပါသည်။ အပူဒဏ်ခံနိုင်ပေမဲ့ အအေးဒဏ်ကိုမခံနိုင်ကြတဲ့ဇာတာမျိုးတွေ ဖြစ်ပါတယ်။

တနင်္ဂနွေဂြိုဟ် (နေမင်း) နှင့် ယူရေးနပ်စ်ဂြိုဟ်အသီးသီးကို ကိုယ် စားပြုသော ““တစ်”နှင့် “လေး” တို့သည်..သင့်အတွက် အရေးပါ သော ဂဏန်းများဖြစ်ပါသည်။ ထို့ကြောင့် မည်သည့်လ၌မဆို ၁၊၄၊ ၁၀၊ ၁၃၊ ၁၉၊၂၂ ၊ ၂၈ နှင့် ၃၁ရက်တို့မှ တရက်ရက်တွင် ကိုယ့် အတွက် အရေးကြီးသည့်ကိုစ္စများကို ဆောင်ရွက်သင့်လှပေသည်။

  မိမိ၏ညှို့ဓါတ်စွမ်းအား တိုးတက်စေရန်နှင့် ပိုမိုကံကောင်းစေရန်ဝတ်စားဆင်ယင်ရာတွင် တနင်္ဂနွေဂြိုဟ်နှင့် ယူရေးနပ်စ်ဂြိုဟ်တို့နှင့်သက်ဆိုင်သော အောက်ပါအရောင်များကို ရွေး၍အသုံးပြုပါ။

#တနင်္ဂနွေဂြိုဟ်- ရွှေရောင်၊ ရွှေညိုရောင်၊ ကြေးနီရောင်နှင့် အဝါ ရောင်။

ယူရေးနပ်စ်ဂြိုဟ်- နီလာရောင်၊အပြာရောင်၊ မီးခိုးရောင်နှင့်အဖြူရောင်

 ကိုယ့်အတွက် ကံကောင်းစေမည့် ရတနာများမှာ စိန်၊ နီလာနှင့်ပယင်းတို့ဖြစ်သည်။

  သင့်ဘဝတွင် အမှတ်ထင်ထင် ဖြစ်စေမည့်. အသက်ပိုင်းများမှာ ၁၀၊ ၁၉၊ ၂၀၊ ၃၇၊၄၆၊ ၅၅၊ ၆၄၊ ၇၃နှစ်နှင့် ၄၊၁၃၊ ၂၂၊ ၃၁၊ ၄၀၊ ၄၉၊ ၅၈၊ ၆၇၊ ၇၆ နှစ်တို့ဖြစ်ပါသည်။

 တနှစ်တာအတွင်း မည်သည့်လ၌မဆို “တစ်”နှင့် “လေး”ဂဏန်း များကို ဖြစ်စေသော ရက်များ (ဥပမာ−၁၊ ၄၊ ၁၀၊ ၁၃၊ ၁၉၊ ၂၂၊ ၂၈နှင့် ၃၁) ရက်များတွင် ဖွားမြင်သူများနှင့် ဘဝတလျှောက်လုံး ရေစက်ဆုံနေပါလိမ့်မည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(9.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ဘရဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးသူများဟာ ဉာဏ်က ထက်မြက်ပြီး မိမိရဲ့ အရည်အချင်းတွေက အများကြီး။ အရာရာတိုင်းကို မိမိအနည်းငယ် ကိုသာသိရုံနှင့်ပင် မည်သည့် အခြေအနေမျိုးကိုမဆို မိမိ၏အကဲ ဖြတ်မှုသည် မြန်ဆန်ပြီး များသောအားဖြင့် တိကျပါ သည်။ မိမိရဲ့စိတ်ကူးတွေက စိတ်ဝင်စားဖို့ကောင်းရုံသာမကဘဲ မကြာခဏဆိုသလို စျေးကွက်ထဲမှာပေါက်မြောက်တဲ့ အတွေးတွေပါ၀င်ပါတယ်။ မိမိသည်လည်း စစ်မှန်သော ဘဝလက်တွဲဖော်ကို လေးစားတန်ဖိုးထားတတ်ပေမဲ့ အိမ် ထောင် ဘက်ကောင်းရဖို့တော့ အလွန်ခဲယဉ်းတဲ့သူတွေ ဖြစ်ပါတယ်။ မိမိသာအားထည့်ကြိုးစားမယ်ဆို ပထမအရွယ်ပြီး ခါနီး အသက်၂၀လောက် ကစပြီးမိမိနှင့်ထိုက်တန်သော အခြေ အနေများအားလုံး မကြာမီ ပြည့်ဝနိုင်မည် ဖြစ်ပါ သည်။

မိမိသည် အခြား သူများ၏ အကြံဉာဏ်ကို အမြဲမလိုက် နာ သော်လည်း၊ အခြားသူတွေရဲ့ အကြံဥာဏ်ကို နှစ်သက်ပါ သည်။ ရွှင်လန်း မှုနှင့် ထူးခြားသောရယ်မောခြင်းတို့သည် မိမိ၏ပင်ကို စရိုက်လက္ခဏာ ဖြစ်သည်။ခရီးသွားရင်းအန္တရာယ် ဖြစ်တတ်ခြင်း၊ ရေကူးရင်းအန္တရာယ်ဖြစ်တတ်ခြင်းတွေ ကိုသတိထားသင့်တဲ့သူမျိုးတွေဖြစ်ပါတယ်။ နံပါတ် ၉ နဲ့ အင်္ဂါဂြိုဟ်ကို အုပ်ချုပ်ပါတယ်။ တက်ကြွတယ်၊ ထက်မြက်တယ်၊ ရဲရင့်တယ်၊ စိတ်အားထက်သန်တယ်၊ ထက်မြက်တဲ့သူ။ သင့်တင့်လျောက်ပတ်သော အမူအကျင့်နှင့် ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသော စကားပြောများကြောင့် လူအများရဲ့ အာရုံစူးစိုက်မှုကို အလွယ်တကူ ဆွဲဆောင်နိုင်သည်။ မောက်မာမှု၊ ရန်လိုမှုနှင့် တိုတောင်းသော စိတ်သဘောထားများကို တစ်ခါတစ်ရံတွင် ထိန်းချုပ်ရန် လိုအပ်သည်။

ဘဝတွင် လှုပ်ရှားမှုများလျက် အဖြစ်အပျက်ပေါင်း မြောက်မြားစွာကို ကျော်လွှားရပါလိမ့်မည်။ သင်မပိုင်နိုင်သော အခြေ အနေများသည် သင့်ဘဝဖြစ်ရပ်များတွင် အရေးကြီးသော အပိုင်း၌ ဝင်ရောက်လာကြောင်းလည်း တွေ့ကြုံရ ပါလိမ့်မည်။

မည်သည့်ကိစ္စကိုဆောင်ရွက်သည်ဖြစ်စေ၊ သင်သည် ရှေ့သို့တိုက် ခိုက်တိုးတက်အောင်လုပ်ရပါလိမ့်မည်။ သို့သော် အစဉ်အလာမဟုတ်သော ဘဝအတက်အကျများကိုတွေ့ရန် အလားအလာရှိနေပါသည်။ ဘဝတွင် တခါတရံ အားလုံး အဆင်ပြေနေတတ်ပြီး တခါတရံ ကမောက်ကမ ဘဝ ဖြစ်နေတတ်သည်။ မိဘ ဘိုးဘွားတို့၏ အမွေအနှစ်ကြောင့် သင့် အတွက် ချမ်းသာသော အခြေအနေများတစ်ချိန်ချိန်တွင်ရောက်နိုင်သော်လည်း အစပိုင်း၌ သင်ကိုယ်တိုင် ရုန်းကန်ရ ပါလိမ့်မည်။ အသက် ၃၃နှစ် သို့မဟုတ် ၃၅နှစ်တိုင်အောင် မိမိကိုယ့်အားကိုယ်ကိုးလုပ်ကိုင်နေရတတ်ပေသည်။ ကြီးပွားချမ်းသာလိုသည့် စိတ်ဆန္ဒ လွန်စွာ ပြင်းပြသဖြင့် သင့် ပတ်ဝန်းကျင်မှလူများထက် ဝီရိယများစွာ ကျော်လွန် သည်အထိ ကြိုးပမ်းတတ်သူ လည်း ဖြစ်သည်။

မိမိကိုယ်ကို ယုံကြည်စိတ်နှင့် သတ္တိရှိနေသောကြောင့် ဘဝတိုက်ပွဲ များတွင် အနိုင်ရတတ်ပါသည်။ စီမံခန့်ခွဲရေးနှင့် စည်းရုံးရေး အရည်အသွေးများလည်း သာမန်အဆင့်ထက်ပိုမိုနေတတ်ပါသည်။ သို့သော် မှန်ကန်စွာဆုံးဖြတ်နိုင်ရန် အတွက် လက်တွေ့များများလိုအပ်လှပါသည်။အအုပ်အချုပ်သို့မဟုတ် အစိုးရအလုပ်များသည် သင့်သဘာဝနှင့် ကိုက်ညီလှသည်။ ၎င်းပြင် စီးပွားရေးလုပ်ငန်းများနှင့် စက်ရုံများ၌ အဆင့်များစွာ တာဝန်ယူရသည့် အလုပ်များ နှင့် လည်း သင့်လျှော်ပါ သည်။

စိတ်လှုပ်ရှားခြင်းနှင့် စွန့်စားခြင်းကိုဝါသနာပါတတ်သောကြောင့် အ န္တ ရာယ်မတွေ့ရလေအောင် သတိကြီးစွာ ထား အပ်လှပါသည်။ ကြုံတွေ့ရဖန်များတတ်သဖြင့် မမျှော်လင့်သော အဖြစ်အပျက်များကို သတ်စွန့်ဆံဖျားလုပ်ရမည့် ကိစ္စများကို ရှောင်သင့်ပေသည်။မည်သည့်လုပ်ငန်းကိုလုပ်လုပ် ဇွဲသတ္တိနှင့် စုဆောင်းထိန်းသိမ်းခြင်း ကြောင့် တိုးတက် ထွန်းကားနိုင်သည်။ သို့သော် ဖုံးကွယ်နေသည့် တဇွတ်ထိုးစိတ်၏တိုက်တွန်းချက်ကြောင့် မစဉ်းမစားပြုလုပ်တတ် ပါ သည်။

အိမ်ထောင်ကျကာမှသင်၏လူမှုရေးဘဝတိုးတက်လာတတ်သော် လည်း ထူးခြားသောအတွေ့အကြုံများကို အိမ်ထောင် သက်ကြာလာ သည့်အခါ တွေ့ရတတ်ပေသည်။စိတ်မြန်လျက် စိတ်တိုသူတဦးဖြစ်ပြီး ခေါင်းမာလျက် တရားသေ သမားလည်းဖြစ်တတ်သည်။ အသက်ကြီးလာသောအခါ၌ ရန်သူရန် ဖက်များနှင့် မိတ်ဆွေတုများ၏ လုပ်ကြံမှုကို သတိကြီးစွာ ထားအပ် ပါသည်။

စီးပွားရေးကိစ္စများတွင် ဇန်နဝါရီလ ၁၈ နှင့် ၂ ၇ ရက်ဖွားများဖြစ်ပါက၊ အသက် ၃၅ နှစ် မှ ၆ဝ နှစ်တိုင်အောင် ငွေကြေးအတော်များများကို ကိုင်တွယ်သုံးစွဲရ ပါသည်။ အသက် ၆၀ ကျော်သောအခါ ငွေကြေးသုံးစွဲကိုင်တွယ်ရာ တွင် အထူးသတိထားအပ်လှပေသည်။

ကျန်းမာရေးအတွက်ကြည့်ရသော် သင်သည် ငယ်ရွယ်စဉ်မှစ၍ ကျန်းမာရေးကောင်းသူဖြစ်ကြောင်း တွေ့ရပါသည်။ အရွယ်ထောက် လာသောအခါ နှလုံးကျန်းမာသန်စွမ်းရေးကို ဂရုစိုက်သင့်သည်။

“ကိုး”နှင့် ၎င်းကိုဖြစ်ပေါ်စေသော ဂဏန်းအတွဲများ (ဥပမာ- ၉၊ ၁၈၊ ၂၇) တွင် သင့်ဘဝအတွက် အရေးပါသော ကိစ္စများကို ဆောင်ရွက်သင့်သည်။ ၎င်းရက်များကို ရွေးချယ်သင့်ပါသည်။၎င်းပြင် ရှစ်နှင့်လေးဂဏန်းများနှင့် ၎င်းတို့ကို ဖြစ်ပေါ်စေသော ဂဏန်းတွဲများအပြင် တနှစ်တာအတွင်း မည်သည့်လတွင်မဆို ၄၊ ဂ၊၁၃၊၁၇၊ ၂၂ နှင့် ၂၆ ရက်ဖွားများသည် သင့်ဘဝအတွက် အရေး ပါလှပါသည်။

သို့သော် များသောအားဖြင့် ရှစ်နှင့်လေးဂဏန်းကို ဖြစ်ပေါ်စေ သောဂဏန်းအတွဲများသည် သင့်အတွက် ကောင်း ကျိုးထက် ဆိုး ပြစ်ကိုဖြစ်စေသဖြင့် သတိထားရပေလိမ့်မည်။ ရှောင်နိုင်ကပို၍ကောင်း လှသည်။ညှို့ဓါတ်စွမ်းအား တိုးတက်ထက်မြက်လာစေရန်နှင့်ပိုမိုကံကောင်း လာစေရန် အနီရောင်အဆင်း အမျိုးမျိုးပါသော အဝတ်အစား အသုံး အဆောင်များကို သုံးဆောင်သင့်ပါသည်။သင့်ကို ကံကောင်းစေမည့် ရထနာများမှာ ပတ္တမြားနှင့် ကျောက်နီ-တို့ဖြစ်ကြပါသည်။

ဘဝတသက်တာတွင် အရေးကြီးသော အသက်ပိုင်းများမှာ ၉၊ ၁၈၊၂၇၊ ၃၆၊ ၄၅၊ ၅၄၊ ၆၃၊ ၇၂၊ ၈၁ နှင့် ၉ဝ နှစ်တို့ဖြစ်ပေ သည်။တနှစ်တာအတွင်း မည်သည့်လ၌မဆို ၃၊ ၆၊ ၉၊ ၁၂၊ ၁၅၊ ၁၈၊ ၂ ၁၊ ၂၄၊ ၂ ၇ နှင့် ၃ဝ ရက်ဖွားများသည် သင်နှင့်နီးစပ်သူများဖြစ် ပေသည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

8.Jan.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလဆန်း (၁၀)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ ကောင်း ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်။

ဒီနေ့ဟာ လူ့ပြည်ပြဿဒါး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၉)လုံး ကျရောက်နေခြင်းကြောင့် ဖယ်ရှင်းခြင်းအတွက်သုံးရန် ကောင်းတဲ့နေ့ ဖြစ်ပါတယ်။ တီထိ(၉)လုံးအနေဖြင့် မီးလက်နက်စမ်းသပ်ဖောက်ခွဲ ခြင်း၊သစ်ပင်ခုတ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ အဆောင်လက်ဖွဲ့များစတင်ဝတ်ဆင်ခြင်း၊ ဆေးပေါက်ခြင်၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ခွဲစိပ်ကုသခြင်းများလဲ အလွန်ကောင်း မွန်တဲ့နေ့ရက်ပါပဲ။ ဒီနေ့ဟာ ရန်သဘောကိုဆောင်တဲ့ တီထိဖြစ်တာကြောင့်  ရန်အလုပ်တွေဖြစ် တဲ့ ရန်သူအား တိုက် ခိုက်ခြင်း၊ အမဲလိုက်ခြင်း၊ စစ်တိုက်ခြင်း၊ စစ်လက်နက်ပြုလုပ်ခြင်း၊ ရန်သူအားဖမ်းဆီးခြင်းမျိုး ဒီနေ့မှာလုပ်ဆောင် နိုင် ပါတယ်။

            ဒီနေ့မှာဘုရားနေကဇာတင်ခြင်း၊ ထီးတင်ခြင်း၊ရှင်ပြုနားသခြင်း၊ နာမည်ကင်ပွန်းတပ်ခြင်းများလဲလုပ်ဆောင် လို့ကောင်းမွန်တဲ့နေ့မျိုးပါပဲ။ ဒီနေ့မှာကြန့်ကြာနေတဲ့ငွေကြေးတွေ၊ လက်လွန်ထားတဲ့ငွေကြေးတွေအတွက် ပြန်လည် တောင်းခံလို့အကောင်းဆုံးနေ့ရက်ပါပဲ။ သံသရာကလွတ်မြောက်ကြောင်းကိစ္စတွေဖြစ်တဲ့ ဝိပဿနာ အားထုတ် ခြင်းမျိုးတွေအထူးပဲလုပ်ဆောင်သွားနိုင်ပါတယ်။

ရိတ္တာတီထိ ကျရောက်နေသောနေ့ဖြစ်သောကြောင့် ကုသိုလ်ကောင်းမှု ပြုလုပ်ရန် မသင့်ပါ။ ရန်သူများကို သတ်ခြင်း ဖျက်ဆီးခြင်းနှင့် အကြမ်းဖက်မှုများအတွက် အထူးသင့်လျော်ပါသည်။ အရေးကြီးသောလုပ်ငန်းများအတွက် ကံ မကောင်းနိုင်သော နေ့ဖြစ်သည်။ ငြင်းခုံခြင်း၊ ပြိုင်ဆိုင်ခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ခြင်း၊ သေနတ်ပစ်ခြင်း စသည်တို့အတွက် အထူးကောင်းမွန်ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၄း၁၂)နာရီမှ မွန်းလွဲ(၁၅း၀၄)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ အဿာဝဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများသည်မိမိသည် အလွန်အလိုလိုသိတတ်၊ ကူညီတတ်ပြီး သဘာဝကျသော အတွေးအခေါ်သမားတစ်ဦးလဲ ဖြစ် သည်။အပေါင်းအသင်းမှားတာနဲ့ ဘဝမှာ အခက် အခဲ များသွားနိုင်ပြီး လမ်းမှားရောက်သွားနိုင်ပါတယ်။ နာမည်အဆုံးသတ်ကို  ဗုဒ္ဓဟူးနံနဲ့ မှည့်ပေးလိုက်မယ်ဆိုရင်တော့ အရမ်းကို အဆိုးဖက်ရောက်သွားတဲ့သူမျိုးဖြစ်သွား တတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး အသုံးကြမ်းသူဖြစ်တာမို့ ငယ်ငယ်ကတည်းကငွေစုတဲ့အကျင့်ကို မိဘတွေက လုပ်ပေးဖို့လိုပါတယ်။ အသက် ၂၈ကနေ အသက် ၄၆အတွင်း ကောင်းသောကံတွေဖြစ်ထွန်းနိုင်တာမို့ ထိုကာလ အတွင်း ကြိုးစားမယ်ဆိုရင် သေချာပေါက် ကြီးပွားတိုးတတ်နိုင် တာကိုတွေ့ရပါတယ်။နံပါတ် ၈ နှင့် စနေဂြိုဟ်တို့ လွှမ်း မိုး ထားသည်။ မင်းက တက်ကြွတယ်၊ တရားရှိတယ်၊ စနစ်ကျတယ်၊ သမ္မာသတိရှိပြီး နည်းလမ်းကျတဲ့လူဖြစ်တယ်။ သင့်တွင် ဆိုးရွားသောအခြေအနေများကို သတ္တိရှိရှိ တွန်းလှန်နိုင်သော မွေးရာပါအရည် အချင်း ရှိသော်လည်း တစ်ခါတစ်ရံတွင် သင်သည် အလွန်ခေါင်းမာသောအပြုအမူဖြစ်ပြီး အခြားသူများ၏ထင်မြင်ချက် ကို လျစ်လျူရှုတာဟာ သင့်အတွက်အကျိုးမရှိပေ။မိမိက စွန့်စွန့်စားစား ထမ်းဆောင်ရင်းနဲ့ သင့်ဘဏ္ဍာရေး အနေအထား တိုးတက် လာပါ လိမ့်မယ်။ မင်းရဲ့ ရှည်လျားလှတဲ့ အိပ်မက်တွေ ပြည့်စုံလာလိမ့်မယ်။ ကျန်းမာရေး၊ လက်အောက်ငယ်သားများနှင့် ဥပဒေရေးရာကိစ္စများသည် သင့်အား အနှောက်အယှက်ဖြစ်စေပါလိမ့်မယ်။

အဿာဝဏီနက္ခတ်ဖြစ်တာကြောင့် အသာဝဏီ နက္ခတ်သည် ခရီးသွားခြင်း၊ ကုသခြင်း၊ လက်ဝတ်ရတနာပြုလုပ်ခြင်း၊ လေ့လာခြင်းအစ၊ မော်တော်ယဉ်များ အဝယ်/ရောင်း၊ ခရီးအတွက် သင့်လျော်သည်။ ဤနက္ခတ် သည် ပေါ့ပါးပြီး လျင်မြန်သော သဘာဝရှိသည်။ အားကစား၊ အလှဆင်ခြင်းနှင့် အနုပညာ၊ ကုန်သွယ်မှု၊ ဈေးဝယ်၊ ခရီးတို၊ ကာယလေ့ ကျင့်ခန်း၊ ကျောက်မျက်ရတနာများ ဝတ်ဆင်ခြင်း၊ လုပ်ငန်းစတင်ခြင်း၊ ပညာရေးနှင့် သင်ကြားခြင်း၊ ဆေးဝါးသောက်ခြင်း၊ ပေးကမ်းခြင်း၊ ချေးငွေယူခြင်း၊ ဘာသာရေးဆိုင်ရာ လုပ်ဆောင်မှုများ၊ ဇိမ်ခံပစ္စည်းများကို နှစ်သက်ခြင်းတို့ကဲ့သို့သော လှုပ်ရှားမှုများအတွက် ကောင်းမွန်ပါသည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာ ပွင့်ရာအရပ်သည် မြေကြီးအရပ် ဖြစ်သည်။ ဂြဟဇာပွင့်ရာအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းသောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။

သိဒ္ဓယုဂ် ကျရောက်နေသောနေ့ဖြစ်သောကြောင့် “ပြီးမြောက်ခြင်း၊ ပြီးပြည့်စုံခြင်း” ဟူ၍ အဓိပ္ပာယ်ဆောင်ပါသည်။ ကောင်းသောကိစ္စရပ်များအားလုံး လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းပါသည်။

ကောလဝါကရိုဏ်း ကျရောက်နေသောနေ့ ဖြစ်သောကြောင့် သတို့သမီးရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက် (သို့မဟုတ်) ကာလရှည်ကြာ တည်မြဲ‌နေမည့် အရာများကဲ့သို့သော ပုံသေလုပ်ထား သည့်အရာများအတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၁၂)နာရီမှ မွန်းလွဲ(၀၁း၃၆)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေသားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ တနင်္ဂနွေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် ကြေးနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့မြောက်အရပ်သို့ မျက်နှာမူကာ “အနုတ္တရော ပုရိဿ ဓမ္မသာရတိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ငါးမုန့်ကြော်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(8.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ အဿာဝဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများသည်မိမိသည် အလွန်အလိုလိုသိတတ်၊ ကူညီတတ်ပြီး သဘာဝကျသော အတွေးအခေါ်သမားတစ်ဦးလဲ ဖြစ် သည်။အပေါင်းအသင်းမှားတာနဲ့ ဘဝမှာ အခက် အခဲ များသွားနိုင်ပြီး လမ်းမှားရောက်သွားနိုင်ပါတယ်။ နာမည်အဆုံးသတ်ကို  ဗုဒ္ဓဟူးနံနဲ့ မှည့်ပေးလိုက်မယ်ဆိုရင်တော့ အရမ်းကို အဆိုးဖက်ရောက်သွားတဲ့သူမျိုးဖြစ်သွား တတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး အသုံးကြမ်းသူဖြစ်တာမို့ ငယ်ငယ်ကတည်းကငွေစုတဲ့အကျင့်ကို မိဘတွေက လုပ်ပေးဖို့လိုပါတယ်။ အသက် ၂၈ကနေ အသက် ၄၆အတွင်း ကောင်းသောကံတွေဖြစ်ထွန်းနိုင်တာမို့ ထိုကာလ အတွင်း ကြိုးစားမယ်ဆိုရင် သေချာပေါက် ကြီးပွားတိုးတတ်နိုင် တာကိုတွေ့ရပါတယ်။

နံပါတ် ၈ နှင့် စနေဂြိုဟ်တို့ လွှမ်း မိုး ထားသည်။ မင်းက တက်ကြွတယ်၊ တရားရှိတယ်၊ စနစ်ကျတယ်၊ သမ္မာသတိရှိပြီး နည်းလမ်းကျတဲ့လူဖြစ်တယ်။ သင့်တွင် ဆိုးရွားသောအခြေအနေများကို သတ္တိရှိရှိ တွန်းလှန်နိုင်သော မွေးရာပါအရည် အချင်း ရှိသော်လည်း တစ်ခါတစ်ရံတွင် သင်သည် အလွန်ခေါင်းမာသောအပြုအမူဖြစ်ပြီး အခြားသူများ၏ထင်မြင်ချက် ကို လျစ်လျူရှုတာဟာ သင့်အတွက်အကျိုးမရှိပေ။မိမိက စွန့်စွန့်စားစား ထမ်းဆောင်ရင်းနဲ့ သင့်ဘဏ္ဍာရေး အနေအထား တိုးတက် လာပါ လိမ့်မယ်။ မင်းရဲ့ ရှည်လျားလှတဲ့ အိပ်မက်တွေ ပြည့်စုံလာလိမ့်မယ်။ ကျန်းမာရေး၊ လက်အောက်ငယ်သားများနှင့် ဥပဒေရေးရာကိစ္စများသည် သင့်အား အနှောက်အယှက်ဖြစ်စေပါလိမ့်မယ်။

မနိုင်ဝန်ကိုထမ်းရသည့်နှယ် ကြီးလေးသော တာဝန်များကို ယူထားရတတ်ပါသည်။ဂ၊ ၁၇ နှင့် ၂၆ ရက်တို့တွင် ဖွားခဲ့ သော် အတား အဆီး အခက်အခဲများနှင့်ကြုံတွေ့ကျော်ဖြတ်ရတတ်ပေသည်။ ကိုယ်ဒူး ကိုယ်ချွန် ကိုယ် အားကိုယ်ကိုး ရမည့် ဇာတာဖြစ်သည်။ သူတပါး ထံမှ အကူအညီကိုရနိုင်ခဲလှပေသည်။ မည်မျှပင် အခက် အခဲတွေ့ရစေကာမူ သင့်ရည်မှန်းချက်ကား ဆုံးခန်းတိုင် သွားနိုင် လောက်အောင်စိတ်ဓာတ် ခိုင်မြဲလှပေသည်။

အပြင်းအထန် စိတ်ဓာတ်ကျဆင်းခြင်းနှင့် နောင်တရခြင်းကိုလည်း တခါတရံကြုံရတတ်သည်။ သို့တည်းမဟုတ် မေ့ဖျောက်ရန် ခက်ခဲလှသော ဝမ်းနည်းဘွယ်ရာများနှင့်လည်း ဆုံရတတ်ပြန်သည်။ မိသားစုသံယောဇဉ်ကြိုးများနှင့် မိမိချစ်မြတ်နိုးသူ များ ဆုံးရှုံးသောကြောင့်လည်း ပူဆွေးရဖန် များတတ်သည်။စောစောအိမ်ထောင်မကျပါက သင့် အတွက် ပို၍ကောင်းလှပါသည်။အသက် ၃၀နားနီးမှ အိမ်ထောင်ပြုလေပိုကောင်းလေပါပဲ။ ၎င်းပြင် အလောင်းအစား ပြုခြင်းနှင့် တစ်ပွဲထိုး ကံစမ်းခြင်းအပြင် တချီတည်းနှင့် အပွကြံခြင်းစသည်တို့ကို ရှောင်ရှားသင့်သည်။

ဥာဏကို ပင်ပန်းကြီးစွာအသုံးချခြင်းဖြင့်သာ တဖြည်းဖြည်း ငွေကြေးများ စုဆောင်းမိလာပါလိမ့်မည်။ မြေယာ၊ ဓာတ်သတ္တုမိုင်း တူးခြင်း၊ကွန်ကရစ်လုပ်ငန်းများ၊အဆောက်အဦကြီးများတည်ဆောက် ခြင်းစသည်တို့ကား သင့်ကို အကျိုးပေးပါလိမ့်မည်။ ထိုလုပ်ငန်းများ ကြောင့် အဆင့်မြင့်လျက် တာဝန်ကြီးသော ဘဝသို့ ရောက်နိုင် ပါသည်။

သဘာဝအရ သင်သည် စေ့စပ် သေချာသော၊စည်းကမ်းကြီးသော စိတ်ရှိသူ ဖြစ်သည်။အတွေးနက်သူတဦးဖြစ်ပြီး အခြားသူများအတွက် စီမံကိန်း များကိုလည်း ကောင်းမွန်စွာတွေးခေါ်ပေးနိုင်သူဖြစ်ပါသည်။ စကား စစ်ထိုးကောင်း တယောက်လည်း ဖြစ်လေသည်။ပြတ်သားစွာ ဆုံးဖြတ်ချက် ရှိသူဖြစ်သည်။ မူလစိတ်ဓာတ်သည် ဂုဏ်နှင့် အာဏာ မက်မောမှုကို အခြေခံခြင်းမဟုတ်ဘဲ မူမှန်သော စိတ်မနော၏ လှုံ့ဆော်ချက်ကြောင့်ဖြစ်သည်။အထူးသဖြင့် တပါးသူကို အကူအညီ ပေးရန်အတွက်လည်းဖြစ်တတ်ပါသည်။

မိမိထက် အဖက်ဖက်မှ နိမ့်ကျသူများကိုလည်း ထူးထူးဆန်းဆန်း သံယောဇဉ်တွယ်နေတတ်သောကြောင့် ပြစ်တင်ဝေဖန်ခြင်း ခံရတတ် ပါသည်။ တပါးသူတို့၏ အပြစ်ကိုမြင်တတ်သော်လည်း ခွင့်လွှတ်၍ ကြားဝင်လျက် တာဝန်ယူတတ်သော ညာဉ်လည်းရှိတတ်ပါသည်။ မည်သည့်ဘဝမျိုးသို့ ရောက်ရောက် သင်သည် ရောက်ရာပတ်ဝန်း ကျင်တွင် ပေါ်လွင်သူဖြစ်ပါလိမ့်မည်။

တခါတရံ၌ မျှော်လင့်ချက်ကုန်ခမ်းပြီး စိတ်အားငယ်ရသည့် အခြေ အနေမျိုးနှင့်လည်းကြုံရတတ်သေးသည်။ အထူး သဖြင့် မိမိ၏ ရည် မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ထိုကဲ့သို့ အဖြစ်မျိုးကို တွေ့ရတတ်ပါသည်။လွန်စွာ လျှို့ဝှက်ဖုံးကွယ်တတ်သူဖြစ်သဖြင့် ရင်တွင်း ခံစားချက်များ ကို ပတ်ဝန်းကျင်မှ သိကြလိမ့်မည်မဟုတ်ချေ။

စီးပွားရေးအခွင့်အရေး ကောင်းများကို မကြာခဏ တွေ့ရသော်လည်း စုဆောင်းထားရန် မလွယ်ကူတတ်ပါ။ အကြံ ကောင်း ဥာဏ်ကောင်း များကို သူများအတွက် ပေးတတ်သော်လည်း မိမိအတွက် ထိုအကြံ ဥာဏ်ကောင်းများကို မလိုက်နာတတ်သည့်သူမျိုးလည်းဖြစ်သည်။မိမိအတွက် တပြားမှမကျန်အောင် ပေးကမ်းစွန့်ကြဲတတ်သူလဲဖြစ်ပါ တယ်။

ကျန်းမာရေးရုတ်တရက် မမျှော်လင့်ဘဲ အနာရောဂါများ ရတတ်ပါသည်။ အတွင်းအင်္ဂါအစိတ်အပိုင်းများ ပိတ်ဆို့ သွားတတ်၍ ခွဲစိတ်ကုသခံ တတ်သည်။ သို့သော် ထိုသို့ အကုသခံရခြင်းမှလွဲလျှင် အမြဲတန် ကျန်းမာနေ တတ် ပါသည်။အစားအသောက်နှင့်ပတ်သက်ပြီး မိမိနှင့်သင့်၏မသင့်၏ကို အခြား သူများထက် လေလာထားသင့်သည်။ စွတ်စိုထိုင်းမှိုင်းသည့် မြေစိုဒေသများတွင် အမြဲတမ်းမနေအပ်ပါ။ခြေထောက်ပိုင်းနှင့် ကြောရိုးတို့တွင် ထိခိုက်မိတတ် သဖြင့် စဉ်းစား ဆင်ခြင်၍ နေထိုင်သွားလာသင့်ပါသည်။

အရေးပါသော ဂဏန်းများမှာ “လေး”နှင့် “ရှစ်” ဂဏန်းများ အပြင် ၎င်းတို့ကို ဖြစ်ပေါ်စေသော ဂဏန်းအတွဲများ ဖြစ်ကြသည်။ ထို့ကြောင့် ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂ ၂၆ နှင့် ၃၁ ရက်တို့တွင် အရေး ကြီးသောကိစ္စများကို ဆောင် ရွက်သင့်လှသည်။

ညှို့ဓါတ်စွမ်းအား တိုးတက် ထက်မြက်လာစေရန်နှင့် ပိုမိုကံ ကောင်းလာစေရန် အောက်ဖော်ပြပါ အရောင်အသွေးများ ပါသည့် အဝတ်အစား အသုံးအဆောင်များကို သုံးဆောင် သင့်ပါသည်။ (ခရမ်းရောင်အရင့်၊ နက်ပြာ၊ အနက်၊ အပြာရင့်၊ နီလာရောင်နှင့် မီးခိုးရောင်)

သင့်ကို ကံကောင်းစေမည့် ရတနာများမှာ ပုလဲ၊ စိန်နှင့် နီလာတို့ဖြစ်ကြပါသည်။ဘဝတလျှောက်လုံး အရေးကြီးသော အသက်ပိုင်းများမှာ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄၀၊ ၄၄၊ ၄၉၊ ၅၃၊ ၅၈၊ ၆၂၊ ၇၁နှင့် ၈ဝနှစ်တို့ဖြစ်ကြပေသည်။တနှစ်တာအတွင်း မည်သည့်လ၌မဆို ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆နှင့် ၃၁ ရက်တို့၌ မွေးဖွားကြသူများသည် သင်နှင့် နီးစပ်သူများ ဖြစ်သည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(7.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ရေဝတီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်စန်း ဓနုရာသီဖွားဖြစ်ပါသည်။ မိမိသည် အလွန်အလုပ်ကြိုးစားပြီး ထူးချွန်သော အဖွဲ့အစည်းဆိုင်ရာ အရည်အချင်းများရှိသည်။ မိမိသည် အခြားသူ များ ကို အလွန်အထောက်အကူ ဖြစ်စေပြီး ထူးခြားသော ဟာသဉာဏ်လည်းရှိသည်။ ဉာဏ်ပညာလိုက်စားမှုတွင် အောင် မြင်မှုများစွာကို မိမိတွေ့ရှိနိုင်သည်။ မိမိဟာ အိပ်မက်ကြီးတွေကို မက်ပြီး တစ်ခါတစ်ရံမှာ နေ့စဉ်အခက် အခဲတွေကို အတော်လေး မကျေမနပ်ဖြစ်နိုင်ပါတယ်။ ဒါအပြင် မိမိစိတ်က ခွဲခြမ်းစိတ် ဖြာနိုင်လွန်းတာကြောင့် သံသယ ဖြစ်နိုင်ပါတယ်။လုပ်ကိုင်ဆောင်ရွက်သမျှအားလုံးကို လက်တွေ့ကျပြီး ကျိုးကြောင်း ဆီ လျော်သလို စေ့စပ်သေချာစွာ ဆောင်ရွက်တတ်သည်။ မိမိသည် သဘာဝအလှတရားနှင့် တီထွင်ဖန်တီးမှုလောကတွင် အလွန်ပင် အလိုလိုသိမြင်ကာ လိုက်လျောညီထွေဖြစ်နေပါသည်။ ခိုင်မာသော ဘဝအောင်မြင်ရေးအတွက် ရရှိလို သော ပြင်းပြသော ဆန္ဒသည် မိမိအား အမြဲတစေ တွန်းအားပေးသည်။အိမ်ထောာင်ရေးအနေနဲ့ အသက် ၃၀ကျော်ပါ က အိမ်ထောင်ကျဖို့ ခဲယဉ်း သွားတတ်သူတွေဖြစ်ပါတယ်။ သက်လတ်ပိုင်းကာလမှာကျန်းမာရေးအားနည်းသွားတတ် ပြီးတော့ အသည်းနှလုံး ကျောက်ကပ် အားနည်းတတ်ပါတယ်။

နံပါတ် 7 နှင့် နက်ပကျွန်းဂြိုဟ်တို့ လွှမ်းမိုးထားသောကြောင့် သင်သည် တာဝန်ယူမှု၊ ချစ်ခင်မှု၊ တီထွင်ဖန်တီးနိုင်မှု၊ ယုံကြည်စိတ်ချရပြီး စိတ်ခံစားမှုမြင့်မားသော ပုဂ္ဂိုလ်ဖြစ်သည်။ သင့်တွင် ဆိုးရွားသောအခြေအနေများကို သတ္တိရှိရှိ၊ ခံယူချက်ဖြင့် တိုက်ဖျက်ရန် မွေးရာပါအရည်အချင်းရှိသော်လည်း တစ်ခါတစ်ရံတွင် သင်သည် အလွန်ခေါင်းမာသော အပြု အမူဖြစ်ပြီး အခြားသူများ၏ထင်မြင်ချက်ကို လျစ်လျူရှုကာ သင့်အတွက် အကျိုးမရှိပေ။မတ်လ၊ ဇွန် နှင့် နိုဝင်ဘာ လများ သည် အလွန်ထူးခြားသောလများ ဖြစ်လိမ့်မည်။

စိတ်ပိုင်းဆိုင်ရာခံစားချက်များကို အသားပေးလျက် ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာကို တည်ဆောက်နေတတ်သူမျိုးလည်း ဖြစ်သည်။ ခရီးသွားလိုစိတ် အမြဲရှိတတ်၍ အထူးသဖြင့် ပင်လယ်ခရီးကို နှစ်သက်တတ်ပါသည်။

လက်တွေ့ဘဝနှင့် စီးပွားရေးဘဝတို့က မိမိ၏ စိတ်ပိုင်းဆိုင်ရာ အယူအဆပိုင်းကို အနှောက် အယှက် ပေးသလို ဖြစ်နေတတ်သည်။ အခြေအနေပေးပါက ဘဝတလျှောက်လုံး တနေရာထဲတွင် အခြေ မချဘဲ ပြောင်းရွှေ့နေထိုင် တတ်သူမျိုးလည်းဖြစ်ပါသည်။  ဇာတိ ချက်ကြွေမွေးရပ်မြေမှ အခြားသော ရေခြား မြေခြား တိုင်းတပါးတွင် အခြေ ကျပြီး အောင်မြင်နိုင်သည့်အလားအလာရှိနေပေသည်။ လူမျိုး ပေါင်းစုံနှင့်လည်း ဆက်ဆံပေါင်းသင်းရတတ်ပါ သေးသည်။

လူများအပေါ်တွင် စိုးမိုးအုပ်ချုပ်တာဝန်ခံရသော အဆင့်အတန်း သို့ တက်လှမ်းနိုင်သည့်အခြေအနေများနှင့် ကံကြမ္မာ များပေါ်ထွက်လာ နိုင်ပါသည်။ တချိန်တည်းမှာပင် အိမ်တွင်းရေး၊ဆွေမျိုးရေးတို့ကြောင့် စိတ်ပျက်ဝမ်းနည်းဘွယ်ရာ ကောင်းသော ဘဝလမ်းခရီးမျိုးကိုလည်း ကြုံတွေ့ကောင်းကြုံတွေ့ရပေလိမ့်မည်။ဆွေမျိုးတွေနဲ့ အစေးမကပ် ၊အဆင် မပြေတာတွေ့ရတယ်။ အိမ်ထောင်ကျပြီးရင် နေရာသစ်မှာ အခြေချနေထိုင်တာမျိုး ဒီလိုဇာတာတွေကို အများအပြား တွေ့ရလေ့ရှိပါတယ်။

သင်ရောက်နေသည့်အဆင့်အတန်းက သင်၏ကျော်ကြားမှုကို ဖန် တီးပေးနေတတ်သော်လည်း လက်ထဲတွင်ငွေကြေး ဥစ္စာ မတည်မြဲတတ် ချေ။ ကောင်းမွန်စွာအိမ်ထောင် ကျသော်လည်း အိမ်ထောင်ရေးဘဝ ကို မကြာခဏ အစမ်းသပ်ခံရတတ်သဖြင့် ကြံ့ကြံ့ ခံနိုင်အောင် သတိ ရှိရပေလိမ့်မည်။

ငယ်စဉ်အခါက ကျန်းမာရေးညံ့ဖျင်းတတ်ပေသည်။ စမ်းသပ်ရှာဖွေမရနိုင်သော ရောဂါဆန်းများကိုလည်း ခံစားရတတ် ပေသည်။ အဆုပ်၊နှလုံးနှင့် လည်ချောင်းတို့ကို အထူးဂရုစိုက်သင့်ပါသည်။

အရေးပါသောဂဏန်းများမှာ ခုနစ်နှင့် နှစ်ဂဏန်းများနှင့် ၎င်း တို့ကို ဖြစ်ပေါ်စေသည့် ဂဏန်းအတွဲများဖြစ်သည်။ ထို ့ကြောင့် ၂၊၇၊ ၁၁၊၁၆၊၂ ဝ၊၂၅နှင့် ၂ ၉ရက်များတွင် သင့်ဘဝအတွက် အရေးကြီး သောကိစ္စများကို ဆောင်ရွက်သင့်ပါ သည်။

လေးနှင့် ရှစ်ဂဏန်းများကို ဖြစ်ပေါ်စေသော ၊ဂ၊၁၃၊၁၇၊၂၂၊ ၂၆နှင့် ၃၁ရက်နေ့များကား သင့်အတွက် အကျိုးမပေး တတ်သဖြင့် ရှောင်သင့်လှပေသည်။

ညှို ့ဓါတ်စွမ်းအားတိုးတက်ထက်မြက်လာစေရန်နှင့် ပိုမိုကံကောင်း လာစေရန် အောက်ဖော်ပြပါအရောင်အသွေးများ ပါသော အဝတ် အစားအသုံးအဆောင်များကို သုံးဆောင်ထားသင့်ပါသည်။ ၎င်းတို့ မှာ မီးခိုးရောင်၊ အဖြူသွေးပါသော အရောင်များ၊ ရောင်ပြေးများ၊ အစိမ်းရောင်အသွေးအမျိုးမျိုး၊နို့ နှစ်ရောင်အဖြူ၊ စသည်တို့ ဖြစ်ကြပါ သည်။

သင့်ကို ကံကောင်းစေမည့်ရတနာများမှာ ကျောက်စိမ်းနှင့်ပုလဲတို့ ဖြစ်ပါသည်။

ဘဝတလျှောက်လုံး အရေးကြီးသော အသက်ပိုင်းများမှာ ၂၊၇၁၁၊၁၆၊၂၀၊၂၅၊၂၉၊၃၄၊၃၇၊၄၃၊၄၇၊၅၂၊၅၆၊၆၁၊၆၅နှင့် ၇ဝ တို့ဖြစ်ကြပါသည်။

တနှစ်တာအတွင်း မည်သည့်လ၌မဆို ၂၊၁၁၁၆၂၀၊နှင့် ၂ ၉ရက်နေ့ဖွားသောသူများသည် သင်နှင့် ရေစက်ဆုံသူများဖြစ် ကြပေသည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

7.Jan.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလဆန်း (၉)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့နှင့်မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၈)လုံး ကျရောက်နေခြင်းကြောင့် အောင်မြင်ခြင်းကိုပေးတဲ့ နေ့ရက်ဖြစ်ပါတယ်။ တီထိ(၈)လုံး နေ့ အနေဖြင့် နေအိမ်ရှိ ကြည့်မှန်တို့ကို သန့်ရှင်းအောင် ဆောင်ရွက်ပါ။ သတင်း အချက်အလက်များ စုစည်းခြင်း၊ အခက်အခဲ  ပြဿနာများကို ဖြေရှင်းရန် ရက်ကောင်း ဖြစ်ပါသည်။ အမွှေးနံ့သာလိမ်းကျံခြင်းများ၊အဝတ် အစား ဖက်ရှင် ဒီဇိုင်း ကိစ္စများ၊ယာဉ်ကားတို့ဖြင့် ခရီးသွားခြင်းများ၊ လမ်းစတင်ဖောက်လုပ်ခြင်းများများအတွက် ကောင်း တဲ့နေ့ပါပဲ။

            ဒီနေ့မှာ ညှိနှိုင်းဆောင်ရွက်ခြင်းကိစ္စများ၊ ငြိမ်းချမ်းရေးယူခြင်းများ၊တိုင်ပင်ဆွေးနွေးခြင်းကိစ္စများ၊ အသိ ပညာ တွေ ဖလှယ်ခြင်းများအတွက် အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။ဒီနေ့မှာနာမည်ကင်ပွန်းတတ်ခြင်း၊ ရှင်ပြု နားသခြင်း၊ ပဉ္ဇင်း ခံခြင်းများလဲဒီနေ့မှာဆောင်ရွက်လို့ သင့်ပါတယ်။

အလုပ်အကိုင်များအတွက် အင်တာဗျူးဖြေဆိုခြင်း၊၊ဆိုင်းဘုတ်တင်ခြင်း၊ မိမိ လုပ်ငန်းကို မီဒီယာကနေ စတင် ကြေငြာ ခြင်းများလဲဒီနေ့မှာအလွန်ကောင်းပါတယ်။ မိမိစိုက်ပျိုးထားသောသစ်ပင် ပန်းမန်များကို ဓာတ်မြေသြဇာ ကျွေးတာ၊ အာဟာရစတင်ကျွေးတာမျိုးတွေဆောင်ရွက်လို့သင့်ပါတယ်။ဒီနေ့ဟာ ဇေယျာတီထိ ဖြစ်တာကြောင့် “အောင်မြင်ခြင်း” ကို ကိုယ်စားပြုသည်။ လက်နက်များကိုင်ဆောင်ခြင်း၊ ကာကွယ်ရေးတည်ဆောက်ခြင်း၊ ခံတပ်တည်ဆောက်ခြင်း၊ ဗိသုကာပညာ၊ ငြင်းခုံခြင်း၊ ကခုန်ခြင်း၊ အားကစား၊ အနုပညာ လေ့လာခြင်း၊ အိမ်များနှင့် အိမ်ခြံမြေများဆိုင်ရာ လှုပ်ရှားမှုများ၊ လေ့လာခြင်းနှင့် ဆောက်လုပ်ရေး၊ အရေးကြီးသော စီးပွားရေးလုပ်ငန်းများ စတင်ရန် အထူးကောင်း ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၄း၁၆)နာရီမှ မွန်းလွဲ(၁၅း၀၈)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ရေဝတီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်စန်း ဓနုရာသီဖွားဖြစ်ပါသည်။ မိမိသည် အလွန်အလုပ်ကြိုးစားပြီး ထူးချွန်သော အဖွဲ့အစည်းဆိုင်ရာ အရည်အချင်းများရှိသည်။ မိမိသည် အခြားသူ များ ကို အလွန်အထောက်အကူ ဖြစ်စေပြီး ထူးခြားသော ဟာသဉာဏ်လည်းရှိသည်။ ဉာဏ်ပညာလိုက်စားမှုတွင် အောင် မြင်မှုများစွာကို မိမိတွေ့ရှိနိုင်သည်။ မိမိဟာ အိပ်မက်ကြီးတွေကို မက်ပြီး တစ်ခါတစ်ရံမှာ နေ့စဉ်အခက် အခဲတွေကို အတော်လေး မကျေမနပ်ဖြစ်နိုင်ပါတယ်။ ဒါအပြင် မိမိစိတ်က ခွဲခြမ်းစိတ် ဖြာနိုင်လွန်းတာကြောင့် သံသယ ဖြစ်နိုင်ပါတယ်။လုပ်ကိုင်ဆောင်ရွက်သမျှအားလုံးကို လက်တွေ့ကျပြီး ကျိုးကြောင်း ဆီ လျော်သလို စေ့စပ်သေချာစွာ ဆောင်ရွက်တတ်သည်။ မိမိသည် သဘာဝအလှတရားနှင့် တီထွင်ဖန်တီးမှုလောကတွင် အလွန်ပင် အလိုလိုသိမြင်ကာ လိုက်လျောညီထွေဖြစ်နေပါသည်။ ခိုင်မာသော ဘဝအောင်မြင်ရေးအတွက် ရရှိလို သော ပြင်းပြသော ဆန္ဒသည် မိမိအား အမြဲတစေ တွန်းအားပေးသည်။အိမ်ထောာင်ရေးအနေနဲ့ အသက် ၃၀ကျော်ပါ က အိမ်ထောင်ကျဖို့ ခဲယဉ်း သွားတတ်သူတွေဖြစ်ပါတယ်။ သက်လတ်ပိုင်းကာလမှာကျန်းမာရေးအားနည်းသွားတတ် ပြီးတော့ အသည်းနှလုံး ကျောက်ကပ် အားနည်းတတ်ပါတယ်။

နံပါတ် 7 နှင့် နက်ပကျွန်းဂြိုဟ်တို့ လွှမ်းမိုးထားသောကြောင့် သင်သည် တာဝန်ယူမှု၊ ချစ်ခင်မှု၊ တီထွင်ဖန်တီးနိုင်မှု၊ ယုံကြည်စိတ်ချရပြီး စိတ်ခံစားမှုမြင့်မားသော ပုဂ္ဂိုလ်ဖြစ်သည်။ သင့်တွင် ဆိုးရွားသောအခြေအနေများကို သတ္တိရှိရှိ၊ ခံယူချက်ဖြင့် တိုက်ဖျက်ရန် မွေးရာပါအရည်အချင်းရှိသော်လည်း တစ်ခါတစ်ရံတွင် သင်သည် အလွန်ခေါင်းမာသော အပြု အမူဖြစ်ပြီး အခြားသူများ၏ထင်မြင်ချက်ကို လျစ်လျူရှုကာ သင့်အတွက် အကျိုးမရှိပေ။မတ်လ၊ ဇွန် နှင့် နိုဝင်ဘာ လများ သည် အလွန်ထူးခြားသောလများ ဖြစ်လိမ့်မည်။

ရေဝတီနက္ခတ်ဖြစ်တာကြောင့် ရေဝတီ နက္ခတ်သည် နူးညံ့သိမ်မွေ့သော သဘောသဘာဝရှိသော နက္ခတ်ဖြစ်ပြီး အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ်အပျော်အပါး၊ အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ်ဝတ်ဆင်မှု၊ လက်ထပ်မှု၊ သီဆိုကခုန်မှု၊ စီတန်းလှည့်လည်ပွဲများ၊ မင်္ဂလာအခမ်းအနားများ၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလာမှုများ အတွက် ကောင်းမွန်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်ရာအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းသောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းပါသည်။

သီဝယုဂ် ကျရောက်နေသောနေ့ဖြစ်သောကြောင့် “မြင့်မြတ်ခြင်း” ဟူသောအဓိပ္ပာယ်ကိုဆောင်ပါသည်။ ကောင်းသော ကိစ္စရပ်များအားလုံး လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းပါသည်။

ဗဗကရိုဏ်း ကျရောက်နေသောနေ့ဖြစ်သောကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအားတိုးတက်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ (သို့မဟုတ်) ဖန်တီးမှုစွမ်းအင်ကို ကိုယ်စားပြုသည်။ ဤကရိုဏ်းသည် လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်းကဲ့သို့သော ရွေ့လျားမှုဆိုင်ရာ ကောင်းသောကိစ္စရပ်များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၂း၅၉)နာရီမှ မွန်းလွဲ(၀၄း၂၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြက်သွေးရောင် နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၂၊ ၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး တောင်အရပ်သို့ မျက်နှာမူကာ “နမောတဿ” (၉)ခေါက် ရွတ်ဆိုသွား ပါ။ပိုမို အဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့  နာနတ်သီးဖျော်ရည်ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(6.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ဉတ္တရာဘဒြပိုဒ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်စန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် ကောင်းမွန်သည်ဖြစ်စေ ဆိုးသည်ဖြစ်စေ စကားလုံးများဖြင့် လူအများကို သိမ်းသွင်းနိုင် တာမျိုးတစ်ခုရှိသည်။ မိမိသည် အလွန်ပျော်စရာကောင်းပြီး ဉာဏ်ကောင်းနိုင်သော်လည်း တစ်ခါ တစ်ရံ တွင် လူဂွစာ မျိုးဖြစ်နေတတ်ပါတယ်။ မိမိသည် မိမိချစ်ရသူအား အထူးကြင်နာတတ်ပြီး ကူညီတတ်သူ ဖြစ်သည်။ မိမိသည် လေ့လာသင်ယူ ရတာကို နှစ်သက်ပြီး မိမိဘဝတစ်လျှောက်လုံး အသိပညာကို တိုးပွားစေမယ့် အတွေ့ အကြုံတွေကို အဆက်မပြတ် ရှာဖွေနေပါလိမ့်မယ်။ ပရောဂျက်များနှင့် အလုပ်များကို စိတ်ပါဝင်စားနေရန် စိတ်ပိုင်း ဆိုင်ရာ လှုံ့ဆော်မှုများစွာ လိုအပ်ပါသည်။ မိမိသည် လွန်စွာမှ စွယ်စုံရရှိသူလဲဖြစ်ပါတယ်။လိုက်လျောညီထွေရှိပြီး တစ်ခါတစ်ရံ တစ်ခုခုလုပ်ဖို့ကို ဖင်လေးနေပြီး လွယ်ကူတဲ့ကိစ္စကို အချိန်ဆွဲမိတာကြောင့် ခက်ခဲစေသည်။ အလုပ်တစ်ခုခုလုပ်ရာမှာလဲ လွယ်တာကို ကျော်ပြီးခက်ခဲတာကို ပင်ပန်းခံပြီးလုပ်ကြသူများလဲဖြစ်ပါတယ်။ အမိ အဘ ဒါမှမဟုတ် အကြီးအကဲတွေ ထံကနေ သေချာပေါက် အထောက်အပံ့ရခြင်း၊အမွေရခြင်းတွေ ကြုံရတတ်သူ လဲဖြစ်ပါတယ်။

နံပါတ် ၆ နဲ့ သောကြာဂြိုဟ်ကို အုပ်ချုပ်ပါတယ်။ သောကြာဂြိုဟ်နှင့် ဆိုင်သော အရည်အသွေးများကို ရနေပါလိမ့် မည်။ဒါကြောင့် အလှအပကိုခံစားတတ်ကြတယ်။ ဂီတကိုမြတ်နိုးတယ်။ ဘရန်းအကောင်းစားတွေကို ကြိုက်တယ်။ပျော် ရမဲ့ ကိစ္စဆို ရှေ့ဆုံးက ပါကြတဲ့ရင်သွေးငယ် တွေဖြစ် ပါတယ်။

အချစ်၊ မေတ္တာနှင့် အိမ့်ထောင်ရေးတို့၏ အခန်း ကဏ္ဍသည် ဒီဇာတာရှင်ဘဝအတွက် လွန်စွာ အရေးပါလှသည်။ မိန်းကလေးများ ဒီနေ့မွေးဖွားပါက အိမ်ထောင်ရေးအလွန်သတိပြုရမယ်။အိမ်ထောင်ရေးတို့ကြောင့် သင့်ဘဝ လမ်းကြောင်း၌ အပြောင်းအလဲများ ပေါ်ပေါက်လာပေသည်။ သင့်တွင်သာယာသောကိုယ်ရည်ကိုယ်သွေးရှိသည်။ ထက်မြက်တဲ့ မှတ်ဉာဏ်နဲ့ သင်ဟာ လောကီအပျော်အပါးတွေကို နှစ်သက်တယ်။ အသစ်အဆန်းများနှင့် နည်းပညာ အသစ်များကို စိတ်ဝင်စားသောကြောင့် သင်သည် အခြားသူများထက် သာလွန်နေသော်လည်း စိတ်ဓာတ်ကျခြင်း၊ ရှက်ရွံ့ခြင်းနှင့် အခြားသူများ၏အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းအပေါ် စိတ်သဘောထားကို ထိန်းချုပ်ရန် လိုအပ် သည်။ခါးနာခြင်း၊ လည်ပင်းတောင့်တင်းခြင်း သို့မဟုတ် ခန္ဓာကိုယ်နာကျင်ခြင်းကဲ့သို့သော အသေးစား ကျန်းမာ ရေး ပြဿနာများသည် ရေရှည်ပြဿနာများဖြစ်လာနိုင်သည်။ ဖေဖေါ်ဝါရီ၊ မေလ၊ ဇူလိုင် နှင့် အောက်တိုဘာ လများသည် ထူးထူးခြားခြားမိမိဇာတာနဲ့ ဆက်စပ်နေတဲ့လတွေဖြစ်ပါတယ်။

ဉတ္တရာဘဒြပိုဒ်နက္ခတ်နဲ့စန်းယှဉ်မွေးတာကြောင့် မိမိက သစ္စာရှိမည်၊ သမာဓိရှိသည်၊ ရိုးသားသည်၊ မိမိကို နည်းနည်း ကောက်ကျစ်လျင် မိမိက သူများထက် ပိုမို၍ ကောက်ကျစ်တတ်မည်။ မိမိကို ငါးထောင်ဖိုးကောင်းလျင် မိမိက တစ်သောင်းဖိုး ပြန်ကောင်းတတ်ပါမည် မိမိစိတ်မှာ ပါးကိုက်လျင် နားကိုက်ရမှ ကျေနပ်တတ်မည်၊ မိမိက လက်စားချေ တတ်မည်၊ အညှိုးကြီးတတ်မည်၊ မိမိကလည်း သူများကို မစတတ်ပေ၊ မိမိကို စလျင်လည်း မခံတတ်ပါ၊ အမြဲတမ်း အားနည်းရာဖက်က ရပ်တည်နေတတ်မည်း သူများကို ဖော်လံဖားခြင်း မရှိတတ်ပါ၊ မျက်နှာလိုမျက်နှာရ မလုပ်တတ်ပါ။ မိမိအကျိုးအတွက် သူများကိုလည်း ခုတုံးမလုပ်တတ်ပါ၊ မိမိက တည်ကြည်ပါသည်။ အများအပေါ် ကောင်းမွန် ပါသည်။

မိမိမှာ ပညာဂြိုဟ်ကောင်းပါသည်၊ နည်းနည်းပြလျင် များများ တတ်မြောက်တတ်ပါမည်၊ မိမိမှာ ဦးနှောက် ဉာဏ်ကောင်း ပါမည်၊ ပညာတွင် မိမိသင်သလောက် တတ်မြောက်တတ်ပါမည်၊ မိမိမှာ ပညာကိုအထင်မကြီး တတ်ပါ၊ကျောင်း ဆရာအလုပ် တစ်သက်လုံး မလုပ်ရ၊ မိမိဘဝကံကို ရောင်းချထားသည်နှင့် တူနေပါမည်၊ မိမိမှာ စာမေးပွဲများကို ဆက်တိုက်အောင်မြင်ပါမည်၊ ပေါ့ပေါ့ပျင်းပျင်း အောင်မြင်ပါမည်၊ မိမိက ကြိုးစားပါ။

သင်၏ ညှိုဓါတ်ပါ သော ဥပတိရုပ်ကြောင့် အောင်အောင်မြင်မြင် ဖြစ်ဘတ်သည်။ လူအများနှင့် ဆက်ဆံရသော စီးပွားရေးနှင့် သက်မွေး လမ်းကြောင်းလုပ်ငန်းများတွင်အကျိုးပေးတတ်ပါသည်။ သမရိုးကျမဟုတ်သော တီထွင်ခြင်း များ နှင့် စာပေ၊ ဂီတ၊ အနုပညာတို့တွင်လည်းအောင်မြင်နိုင်ပေသည်။

 ဘဝစောစောပိုင်း၌ မိသားစုအခြေအနေအရ၎င်း၊ ဆွေမျိုးသားချင်း တို့ကို ငဲ့ရသောကြောင့်၎င်း၊ ကျန်းမာရေးကြောင့် ၎င်း၊ ဘာကိုမျှ ပွင့်လင်းထင်ပေါ်အောင်မလုပ်နိုင်ဘဲရှိနေတတ်သည်။အသက်၂၇နောက်ပိုင်းတွင် ဖော်ပြပါအခက်အခဲ အတားအဆီးများကိုကျော် လွှား၍ ဆုံးဖြတ်ထားသည့် လုပ်ငန်းများကို လွတ်လပ်စွာ လုပ်နိုင် ပြီး အောင်မြင်သွားပါလိမ့် မည်။

 ဒီလမှာ  ၁၅ ရက်နှင့် ၂၄ ရက်ဖွားများကား ဤလအတွင်း “ခြောက်” ဂဏန်းရသူများထဲတွင် ပိုမိုကံကောင်းသူများ ဖြစ်ကြပါ သည်။ အများနည်းတူ ဘဝစောစောပိုင်း၌ အတားအဆီးများရှိ တတ်သော်လည်း အခက်အခဲဟူသမျှကို လျင်မြန်စွာကျော်ဖြတ် ​ေအာင်မြင်နိုင်သူများဖြစ်ပေသည်။

ဇန်နဝါရီလ ၆ ရက်နေ့ဖွားများကား မည်မျှပင် ဝင်ငွေကောင်း စေကာမူ၊ စုဆောင်းထားလိုသူများ မဟုတ်ကြပါ။ ၁၅ ရက်နှင့် ၂၄ ရက်ဖွားတို့မှာမူ သူတို့၏ငွေကြေး အခြေအနေကို ဖြည်းဖြည်း လေးလေးဖြင့် တောင့်တင်းအောင်ကြိုးပမ်း တတ်သူများဖြစ်ကြပါသည်။ ၎င်းတို့သည် အနာဂတ်အတွက် ကြိုတင်စုဆောင်းတတ်သူများ ဖြစ် ကြသောကြောင့် ချမ်းချမ်းသာသာ နေနိုင်ကြမည့်သူများဖြစ်၏။

ကျန်းမာရေးကတော့ ၆ ရက်၊ ၁၅ ရက်နှင့် ၂၄ ရက်ဖွားများ၏ ဘဝတလျှောက် လုံး ကျန်းကျန်းမာမာနေရသည့်အချိန် များတတ်ပေသည်။ မီးနှင့်ပတ် သက်သောအန္တရာယ်၊ မော်တော်ကားအန္တရာယ်တို့ကိုမူ သတိထားရ ပါလိမ့်မည်။

အရေးပါသောဂဏန်းမှာ “၆” နှင့် ၎င်းဂဏန်းကို ဖြစ်ပေါ်စေ သော ၆၊ ၁၅နှင့် ၂၄တို့ဖြစ်ကြသည်။ ထိုရက်များ၌ သင့်အတွက် အရေးကြီးသော ကိစ္စများကို ဆောင်ရွက်သင့်လှသည်

“လေးနှင့် ရှစ်ဂဏန်းကို ဖြစ်ပေါ်စေသော ၄၊ ၈၊ ၁၃၊ ၁၇၊၂၂၊ ၂၆ နှင့် ၃၁ ဂဏန်းများနှင့် ရက်များကို ရှောင်သင့်ပေ သည်။

သင်၏ ညှို့ဓါတ်စွမ်းအားတိုးတက် ထက်မြက်လာစေရန်နှင့် ပိုမို ( ကံကောင်းလာစေရန် သောကြာဂြိုဟ်၏ အရောင်များအမြဲတမ်း ဝတ်စားဆင်ယင် သုံးဆောင်သင့်သည်။၎င်းတို့မှာ အပြာ၊ခရမ်း အရောင်အသွေး အနုဆုံးမှ အရင့်ဆုံးအထိဖြစ်သည်။ သင့်ကို ကံကောင်းစေမည့်ရတနာများမှာ ‘ စိမ်းပြာနှင့် အပြာရောင်အသွေး ပါသော ကျောက်များဖြစ်ပေသည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(5.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကုမ်စန်းညနေ(၄)နာရီ(၂၄)မိနစ်လွန် စန်းမိန်ရာသီသို့ ပြောင်းသည်။ ဓနုရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် အနုပညာစွမ်းရည်တွေ အထူး ပြင်းပြတဲ့ မွေးနေ့ပိုင်ရှင်ပါ။ မိမိဘဝအတွေ့အကြုံများ သည် ပိုမိုကြီးမားသောအသိဥာဏ်နှင့် ပင်ကိုယ်စွမ်းအားကိုပိုမို မြင့်မားစေသည်။ မိမိတွင် လိင်ဆွဲဆောင်မှုအားကောင်း ပြီး အချစ်ရေးတွင် အလွန်ဆွဲဆောင်မှုရှိသည်။ အကြံဉာဏ်၊ အကူအညီနှင့် နှစ်သိမ့်မှုများအတွက် အခြားသူများကို မိမိထံ အလိုလိုဆွဲဆောင် သိမ်းသွင်းနိုင်ပါတယ်။ မိမိ၏ ပင်ကိုယ်ဥာဏ်သည် သူတစ်ပါးထက် ကောင်းမွန်စွာ ဖွံ့ဖြိုးနေပြီး အကန့်အသတ်မရှိဟု ထင်ရသည်။မိမိ၏ စိတ်ကူး စိတ်သန်းမှာလည်း ထိုနည်းလည်းကောင်းပင်။ မိမိက နည်းနည်းတော့ ထိလွယ်ရှလွယ်ရှိသော်လည်း၊ မည်သည့် ကိစ္စကိုမဆို မိမိကိုယ်တိုင်လုပ်ရန် မကြောက်ပါ။

ကြိုးစာရင် ကြိုးစား သလောက် လုပ်ငန်းပိုင်းအောင်မြင်မှုမြင့်မားပြီး ဆိုင်ခွဲပေါင်းများစွာဖွင့်နိုင်သည်အထိအောင်မြင် တတ်သူ ဖြစ်ပါတယ်။  နိုင်ငံခြားကံ အကျိုးပေး အားကောင်းပြီး မွေးရပ်မြေရဲ့အဝေးမှာ အခြေချနေထိုင်နိုင်ကြသူတွေလဲ ဖြစ်ပါတယ်။ မိခင်စွမ်း အား ကောင်းသူဖြစ်တာမို့ မိခင်အကြီးအကဲတွေနဲ့ပတ်သက်သော ကံကောင်းမှုမျိုးကိုရရှိတဲ့ သူတွေဖြစ်ပါတယ်။ အသက် ၂၂ကနေ အသက် ၂၉နှစ်အတွင်း လိင်ကိစ္စရှုပ်ထွေးမှုတွေများပြားပြီးတော့ အခန့် မသင့်ရင် အချစ်ရေး အိမ် ထောင်ရေးကြောင့်ပဲ နာမည်ပျက်လွယ်တဲ့ကာလတွေပဲဖြစ်ပါတယ်။ မိန်းကလေး ဇာတာရှင် များအထူး သတိပြုရမဲ့ နှစ် အပိုင်းအခြားပဲဖြစ်ပါတယ်။

နံပါတ် ၅ နှင့် ဗုဒ္ဓဟူးဂြိုဟ်တို့ အုပ်ချုပ်သည်။ သင်သည် လက်တွေ့ကျကျ၊ ထက်မြက်သူ၊ ဂုဏ်သိက္ခာရှိသော၊ ထိလွယ် ရှလွယ်သူ၊စီးပွားရေးမှာပြောင်မြောက်သော ပုဂ္ဂိုလ်ဖြစ်သည်။ သင်သည် ဖော်ရွေပြီး အလွန်အကူအညီပေးတတ် သော်လည်း တစ်ခါတစ်ရံတွင် စိတ်မရှည်ခြင်းနှင့် ခေတ္တခဏအမူအကျင့်ကို ထိန်းချုပ်ရန် လိုအပ်ပါသည်။သင်သည် မူလဇာတာအရ ရင်းနှီးမြုပ်နှံမှုတွေမှာ ဂရုတစိုက် ရင်းနှီးမြုပ်နှံသင့်သည်။ ဖေဖေါ်ဝါရီ၊ဧပြီ၊အောက်တိုဘာလ များသည် ထင်ရှားလိမ့်မည်။သိလွယ်တတ်လွယ် မြင်လွယ်သူ ဖြစ်သဖြင့် တခုတည်းသော အသက်မွေးပညာကို ရွေးတော့မည် ဆိုသောအခါမျိုး၌ အခက်ကြုံရ တက်ပြန်သည်။ ထို ့ကြောင့်လည်း မည်သည့် အရာမျိုး၌မဆိုကြာကြာ စွဲမြဲခြင်း မရှိတတ်ချေ။

ဘဝ လမ်းတလျှောက်အံ့ဩစရာ ကောင်းလှသည့် မထင်ထားသော အခွင့်အရေးများ ကျရောက်လာရန်လည်း ရှိပါ သည်။အခြားသူအပေါ် စူးရှထက်မြက်သော – ဝေဖန်တက်သည့် ညာဉ် ရှိနေတတ်သဖြင့် ပထမဆုံးအကြိမ် ဆုံတွေ့ရ သောသူများအပေါ် တစ်ကြိမ်တည်းနှင့်ယုံကြည်ရန် မလွယ်ကူလှချေ။စာနာသနား စိတ်ဖြင့်သာလျှင် မိမိကို သိမ်းသွင်း လိုကသိမ်းသွင်းနိုင်ကြောင်းတွေ့ရပါသည်။

လိမ္မာပါးနပ်လျက် ပရိယာယ်ကြွယ်သူလည်းဖြစ်သည်။ တပါးသူ၏ လျှို့ဝှက်ချက်တို့ကိုလည်း ရရှိအသုံးချနိုင်စွမ်းရှိ သူလည်း ဖြစ်ပါသည်။ စာပေကိုမြတ်နိုးပြီး စာဖတ်ဝါသနာထုံသူလည်း ဖြစ်သည်။ သိပ္ပံ၊ ဓါတုဗေဒနှင့်တီထွင်ခြင်း၊ အင်း၊ ဆေး၊ ပြဒါး၊ မန္တာန် ပညာရပ်ကို လေ ့လာလိုသော်လည်း မိမိသည် လက်တွေ့ဆန်သူသာ ဖြစ်သည်။ ဒါကြောင့် ဒီလို ဇန်နဝါရီလမွေး ၅ဂဏန်းသမားတွေဟာ ရုပ်ဝါဒီဆန်သွားတတ်သည်။ အထူးသဖြင့် ဇန်နဝါရီ ၂၃ မွေးသူတွေဟာ ရုပ်ဝါဒီအဆန်ဆုံးနေ့ဖွားများဖြစ်တယ်။

အကောင်းဘက်ကိုသာ မျှော်လင့်တတ်သော စိတ်ဓါတ် မျိုးကို မွေးမြူပြီး အပျက်ကိုသာ မျှော်တတ်သည့် စိတ်ထားမျိုးကို တိုက်ထုတ် ပစ်သင့်ပါသည်။ငွေရေးကြေးရေးနှင့်ပတ်သက်လျှင် သတိနှင့်ချွေတာ တတ်သည်။ ကြွေးတင်မခံလိုသည့် စိတ်လည်းရှိသည်။ ရင်းနှီးမြှုပ်နှံရာတွင် ကောင်း သော လက်တွေ့ဆန်လှသည့် အတွေးမျိုးလည်း ရှိနေတတ်ပါသည်။ သို့သော် တခါတရံ သတိကြီးလွန်း နေတတ်ပြန်သည်။ ထို ့ကြောင့် အခွင့်အရေးများ လက်လွတ်သွားတတ် ပေ သည်။ချိန်ဆလွန်းအားကြီးတာကြောင့် အချို့အခွင့်အရေး လက်လွတ်ဆုံးရှုံးရတတ်သည်။ကံကောင်းတာက ဖခင်ဆီ ကနေ အထောက်အပံ့အလွန်ရတဲ့သူတွေဖြစ်ကြတာတွေ့ ရတယ်။

ဒီနေ့မွေးသူများသည်. ဘက်စုံ ကျွမ်းကျင်သူဖြစ်သည်။ ထို ့ကြောင့် သင်၏ ရည်မှန်းချက်များနှင့် ပါရမီတို့ အံဝင်မည့် အလုပ်မျိုးကို ရွေးချယ်ရန် မလွယ်ကူလှချေ။ အလုပ်မျိုးစုံကို စမ်းသပ်လုပ်ကိုင်ဖူးသောသူလည်း ဖြစ်ပါသည်။မိမိတို့သည် လူမျိုးစုံနှင့်၎င်း၊ လေ့လာခြင်းအမျိုးမျိုးနှင့်၎င်း၊ လိုက် လျောညီထွေဖြစ်အောင် စွမ်းဆောင်နိုင်သူ လည်းဖြစ်သည်။ တည်ငြိမ် ခြင်းထက် လှုပ်ရှားခြင်းကိုပိုမိုနှစ်သက်သူဖြစ်ခြင်းကြောင့် ခရီးသွားရဖန်များတတ်ပါသေးသည်။

 အာရုံကြောများ မပန်းအောင် မကြာခဏအနားယူပေး သင့်သည်။ အရာရာတိုင်းနှင့် ပတ်သက်ပြီး စိတ်ခံစားချက် ပြင်းပြ တတ်သည်။ စိတ်မထိန်း နိုင်လောက်အောင် ခံစားချက် ပြင်းထန် သဖြင့် အကျိုးယုတ်တတ်ပါသည်။ မကြာခဏ ဆိုသကဲ့သို့ ဝမ်းနည်း ကြေကွဲစရာများကြောင့် စိတ်မထိန်းနိုင်ဘဲ ပေါက်ကွဲ တတ်ပြန်သည်။ ယင်းသို့ဖြစ်ခြင်းကြောင့် အစာခြေ အင်္ဂါအစိတ်အပိုင်း များမှ အချဉ်ဓါတ်များသည် သွေးကြောများအတွင်း၌ လိုသည်ထက် ပိုမို ပြန့်နှံ့စေ တတ်သည်။ ထိုမှတဆင့် အရိုးအဆစ်များ နာကြင်သည့်ဝေဒနာကို ခံစားရတတ်လေသည်။ အခြေခံအားဖြင့် ကိုယ်ခန္ဓာ တည်ဆောက်ပုံစံ ကြံ့ခိုင် သော ကြောင့် ကျရောက်လာသည့် ရောဂါအပေါင်းကို တွန်းလှန် နိုင်စွမ်း ရှိနေပါသည်။ ဒီနေ့မွေးရင်သွေးများဟာ ပိန်ပိန်ပါးပါးဖြစ်ရင်တောင် မာမာချာချာ ရှိတဲ့သူတွေဖြစ်ပါတယ်။

မိမိတို့အတွက်အရေးပါသော ဂဏန်းမှာ ငါးနှင့်၎င်းဂဏန်းကို ဖြစ်ပေါ်စေသော ၅၊ ၁၄ နှင့် ၂ ၃ တို့ ဖြစ်ပါသည်။ ၎င်းအပြင်လေးနှင့်ရှစ်ဂဏန်းများမှလွဲ၍ အခြားသောဂဏန်းများသည်လည်း သင့်ကိုအကျိုးပြုတတ်ပါသည်။ ထို ့ကြောင့် ၄၊၁၃၊၂၂၊ ၃၁ နှင့် ၈၊ ၁၇၊ ၂၆ တို့ကို ရှောင်သင့်ပေသည်။ မိမိတို့ဘဝ အတွက်အရေးကြီး သောကိစ္စများ ကိုဆောင်ရွက်တော့မည် ဆိုလျှင် ငါးဂဏန်းနှင့် ၎င်းဂဏန်းတို့ကို ဖြစ်ပေါ်စေသော ၅၊၁၄၊၂ ၃ ရက်တို့ကို ရွေးရန် တိုက်တွန်းလိုပါသည်။

မိမိ၏ ညှို့ဓါတ်စွမ်းအား တိုးတက်ထက်မြက်လာစေရန်နှင့် ပိုမို၍ ကံကောင်းလာစေရန် မည်သည့်ကာလာဖြစ်စေ အရောင်နုများကို အတတ်နိုင်ဆုံး ဝတ်ဆင် သုံးဆောင်သင့်လှပေသည်။မိမိကိုကံကောင်းစေမည့် ရတနာမှာ စိန်နှင့်အရောင် တောက်ပ သော ကျောက်များဖြစ်သည်။

သင့်ဘဝတလျှောက် အမှတ်ထင်ထင် ဖြစ်စေမည့်. အသက်ပိုင်း တို့မှာ ၅၊ ၁၄၊ ၂၃၊ ၃၂၊ ၄၁၊ ၅၀၊ ၆၀၊ ၇၇ နှင့် ဂ၊ ၁၇၊ ၂၆၊ ၃၅၊ ၄၄၊ ၅၃၊ ၆၂၊ ၇၁ တို့ဖြစ်သည်။

တနှစ်တာအတွင်း မည်သည့်လမဆို ၅၊ ၁၄ နှင့် ၂ ၃ ရက်ဖွား များနှင့် သင်သည် အလွန်နီးစပ်သူဖြစ်ပါသည်။ ၈၊ ၁၇ နှင့် ၂၆ ရက်ဖွားများနှင့်လည်း နီးနီးစပ်စပ် ရှိတတ်သော်လည်း သင့်အတွက် အကျိုးမရှိတတ်ချေ။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695