loading

Tag: Zodiac

4.October.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆုတ်(၅)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်( ၅:၂၄ )နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၂)နာရီဖြစ်ပြီး ၊ ညနေ(၅:၅၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က  တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  တောင်အရပ် ဖြစ်ပါတယ်။

ယနေ့သည် တောင်လာဘ် ဖြစ်၍ အလုပ်ကိစ္စများ၊ အရေးကြီးကိစ္စများ ဆောင်ရွက်သည့်အခါ၊ ခရီးသွားသည့် အခါ တောင်အရပ်သို့ မျက်နှာပြု၍ လုပ်ကိုင်ဆောင်ရွက်သင့်သည်။ ယနေ့တွင် တောင်အရပ်သို့ မျက်နှာ ပြု၍ လာဘ်ပွင့် ဂါထာမန္တာန်များ ရွတ်ဆိုခြင်းဖြင့်လာဘ်လာဘပွင့်အောင်ပြုလုပ်နိုင်သည်။

ယနေ့တွင် မြောက်အရပ်သည် နတ်နေအရပ်ဖြစ်သဖြင့် ထိုအရပ်ကိုရှောင်ကြဉ်ရမည်။ မြောက် အရပ်သို့ မျက်နှာပြု၍ လုပ်ငန်းကိစ္စများ အရေးကြီးကိစ္စများပြုလုပ်ခြင်း မြောက်အရပ်သို့ ခရီးသွားခြင်း များကိုရှောင်ကြဉ်ရပါမည်။

စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်တာကြောင့် တောင်အရပ်ကို မျက်မှာမူပြီးတော့ ချစ်ခြင်းမေတ္တာရေးကိစ္စ၊ လူမှု ရေး ကိစ္စ၊ စကားအောင်လိုသောကိစ္စများပြောဆိုဆောင်ရွက်နိုင်ပါတယ်။

လက်သမားမြေခံ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထား သော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့် တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။ ဒါပေမဲ့ သမားညိုရက်နဲ့ တိုက် ဆိုင်နေ တာမို့ ရှောင်လိုက်တာကပိုကောင်းပါတယ်။

ဒီနေ့ဟာ လူပြည့်ပြဿဒါး၊သမားညို၊သမားဖြူရက်များ နဲ့ တိုက်ဆိုင်နေတဲ့နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆုတ်တီထိ ၆လုံးဖြစ်ပြီးတော့ရပ်တန့်ထားသောတစ်ပိုင်းတစ်ဖြစ်နေသောအလုပ်များလဲ ပြီးဆုံးအောင်လုပ်ဆောင်နိုင်ပါ လိမ့်မယ်။ငွေကြေးနဲ့ ပတ်သက်ပြီးတော့လဲ အထူးဝင်ငွေတိုးတတ်နိုင်တဲ့နေ့ရက်မျိုးပါပဲ ။ပြဿနာဟောင်းများကို လဲ ကောင်းစွာဖြေရှင်းနိုင် ပါလိမ့်မယ်။

အိမ်ခြံမြေ ရောင်း ချခြင်း ကိစ္စများလဲ အထူးပဲဆောင်ရွက်လို့သင့်တော်ပါလိမ့်မယ်။သောကြာဂြိုဟ်အုပ်စိုးတဲ့နေ့ရက် ဖြစ်တာကြောင့်အကအခုန် ၊အတီးအမှုတ်များ၊ ပွဲလမ်းသဘင်နှင့် ဖျော်ဖြေရေးကိစ္စများ အထူးဆောာင်ရွက်နိုင်ပါ တယ်။

ပညာရပ်အသစ်တစ်ခုကို စတင်သင်ကြားခြင်းများ အထူးကောင်းပါတယ်။ ထီဝါသနာပါသူများကတော့ 3/5/7 များများပါသောထီလက်မှတ်ကိုရွေးချယ်ကံစမ်းလို့အထူးကောင်းပါတယ်။ ဆေးဝါးအသစ်ဖော်စပ်ခြင်းများ၊ ဆေးဝါးနှင့် ပတ်သက်သော စူးစမ်းလေ့လာခြင်းများဆောင်ရွက်နိုင်ပါတယ်။ ဆေးကုသမှုခံယူခြင်း၊မေ့ဆေးပေးခြင်း များလဲ ပြုလုပ် နိုင်တဲ့နေ့ရက်ပါ။ ဖြတ်လမ်းမလိုက်ဘဲ ဖြေးဖြေးမှန်မှန်တိုး တတ်ခြင်းကိစ္စတွေကိုလဲ အထူး ဆောင်ရွက်နိုင် ပါလိမ့်မယ်။ လယ်ယာကိုင်းကျွန်းစတဲ့ စိုက်ပျိုးရေးနှင့်ပတ်သက် သောကိစ္စမှန်သမျှဆောင်ရွက်လို့ ကောင်းပါတယ်။

            ယနေ့တွင် ရန်ပြဿနာများကို ဖြေရှင်းနိုင်မည်။ မင်္ဂလာရေးရာ အဖြာဖြာကို ဆောင်ရွက်နိုင်သည်။ တည် ဆောက်ခြင်းကိစ္စများ ဆောင်ရွက်ရန် အခါကောင်း ကျရောက်နေပါသည်။ လက်မှုအနုပညာပစ္စည်းများ အရောင်း အဝယ် ပြုရန် ရက်ကောင်းဖြစ်သည်။ ယနေ့ရရှိသော သတင်းအချက်အလက်တို့ကို အသုံးချ၍ အကျိုးရှိသော လုပ်ငန်း များ ဆောင်ရွက်နိုင်မည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀:၃၂)နာရီမှ ည(၂၁:၂၄)နာရီ အတွင်းဖြစ် ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီ မဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ကြတ္တိကာ နက္ခတ်သည် လက်ငင်းလုပ်ဆောင်မှုများ၊ ပြိုင်ဆိုင်မှုများ၊ ပူပြင်းသောအငြင်းအခုံများ၊ သတ္တုများနှင့် အလုပ် လုပ်ရန်အတွက်ကောင်းမွန်သည်။ ဤနက္ခတ် သည် ရောနှောထားသော သဘာဝရှိသည်။ ပုံမှန်လုပ်ဆောင်မှုများ၊ နေ့စဉ်တာဝန်များကို လုပ်ဆောင်ရန် သင့်လျော်သည်။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ မိုင်းတူးခြင်း၊ စည်းစိမ်ဥစ္စာများမြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ သင်္ချာဘာာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကိုပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။ ကျောက်မျက် ရတနာတူးဖော်ခြင်း၊ ရေနံ ဓာတ်ငွေ့တူးဖော်ခြင်း၊ ရွှေတွင်းတူးခြင်း၊ ဓာတ်သတ္တုရှာဖွေတူးဖော်ခြင်း၊ အားကစားလုပ်ငန်း များဆောင်ရွက်ခြင်း၊ ဂီတ အနုပညာပြုလုပ်ခြင်း ကောင်း၏။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါ ဘူး။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊  ပြိဿစန်း၊ရောဟဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊  ကန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် ငွေကြေးကံအား ကောင်းကြသူတွေဖြစ်ပါတယ်။ စီးပွားကိုတစ်မျိုးမကဘဲ ကျယ် ပြန့် စွာရှာနိုင်သူတွေဖြစ်ပါတယ်။ အလုပ်နှစ်မျိုး သုံးမျိုး လုပ် ရခြင်း၊ အလုပ်တစ်ခုထဲကိုပဲ ဆိုင်ခွဲပေါင်း များစွာ ဖွင့် လှစ်လုပ်ကိုင် ရခြင်းမျိုးတွေကြုံရတတ်ပါတယ်။ စီးပွားရေး ငွေကြေးကံ ပညာရေး အထူး ကောင်း တဲ့ ဇာတာရှင်ပါပဲ။  အဲ……အား နဲချက် ကတော့ မေတ္တာရေးပါပဲ။ ဘယ်လိုနည်း နဲ့ပဲ တွက်တွက် ….မေတ္တာရေးကံအားနဲချက်ကတော့ အနဲနဲ့ အများ ရင် ဆိုင် ကြရမယ့်ကလေးငယ်ပါ။ အချစ်ရေးကံခေ တတ် ခြင်း ၊ ချစ်သူကသစ္စာမဲ့ခြင်းမျိုးတွေ ကြုံရ ပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့မွေးရင်သွေးများဟာ မိန်းကလေးဖြစ်မယ် ဆိုရင်နာမည်ပေးမမှားအောင် သေချာမှည့်ပေး ဖို့လိုပါတယ်။ နာမည်ကို ဗုဒ္ဓဟူးအစ တနင်္လာအဆုံးနာမည်တွေကို အထူးရှောင်ပြီးမှည့်စေချင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နေ့လယ်(၁၁:၅၄) နာရီမှမွန်းလွဲ(၀၁:၂၄)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး၊စနေသားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ရာဟု၊ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင်၊အဖြူရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂/၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကိတ်မုန့် စားသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ဒံပေါက် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့် ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

2.October .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆုတ်(၃)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၂၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၁)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၀)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အရှေ့အရပ် ဖြစ်ပါတယ်။

ယနေ့သည် အနောက်လာဘ် ဖြစ်၍ အလုပ်ကိစ္စများ၊ အရေးကြီးကိစ္စများ ဆောင်ရွက်သည့်အခါ၊ ခရီးသွားသည့် အခါ အရှေ့မြောက်အရပ်သို့ မျက်နှာပြု၍ လုပ်ကိုင်ဆောင်ရွက်သင့်သည်။ ယနေ့တွင် အရှေ့မြောက်အရပ်သို့ မျက်နှာ ပြု၍ လာဘ်ပွင့် ဂါထာမန္တာန်များ ရွတ်ဆိုခြင်းဖြင့်လာဘ်လာဘပွင့်အောင်ပြုလုပ်နိုင်သည်။

ယနေ့တွင် အရှေ့အရပ်သည် နတ်နေအရပ်ဖြစ်သဖြင့် ထိုအရပ်ကိုရှောင်ကြဉ်ရမည်။ အရှေ့ အရပ်သို့ မျက်နှာပြု၍ လုပ်ငန်းကိစ္စများ အရေးကြီးကိစ္စများပြုလုပ်ခြင်း အနောက်တောင်အရပ်သို့ ခရီးသွားခြင်း များကိုရှောင်ကြဉ်ရပါမည်။

စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်တာကြောင့်အရှေ့အရပ်ကို မျက်မှာမူပြီးတော့ ချစ်ခြင်းမေတ္တာရေးကိစ္စ၊ လူမှုရေး ကိစ္စ၊ စကားအောင်လိုသောကိစ္စများပြောဆိုဆောင်ရွက်နိုင်ပါတယ်။

လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့် သေးပါ။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ   အမြိတ္တစုတ်၊နဂါးပေါ်၊ရှမ်းရက်များနဲ့ တိုက်ဆိုင်နေတဲ့နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မနက် ၈နာရီ ၃၆နောက်ပိုင်းလဆုတ်တီထိ ၄လုံးကိုပြောင်းတယ်။ ဗလာသဘော၊ အနိဋ္ဌ သဘော ဖြစ်တဲ့ ရိတ္တာတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒီနေ့ဟာ ခေါင်းဆေးမင်္ဂလာပြုရန် ကောင်းသောရက် ဖြစ်ပါတယ်။ဒီနေ့မှာခေါင်း ဆေးခေါင်းလျှော်ပြုပါက အနာရောဂါ ကင်းဝေးပြီး ကျန်းမာခြင်းကိုဖြစ်စေပါလိမ့်မယ်။ ပြတ်တောက်နေသောအရောင်း အဝယ်များ၊ကုန်သွယ် မိတ်ဖက်များနှင့် ပြန်လည်ချိတ်ဆက်ပြီး အဆက်အသွယ် ကောင်းတွေရပါလိမ့်မယ်။ နေ့လည် ၁း၃၀မိနစ်ကနေ၊ ညနေ၃း၀၀ အထိက အမှုအခင်းမဖြစ်အောင်နေပါ။ ရန်စ ဟောင်းတွေပြန် ပေါ်လာတတ်ပါတယ်။

ရွှေ၊ဓာတ်သတ္တု ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ခြင်း များဒီနေ့မှာစတင်လို့အလွန်ကောင်းပါ တယ်။ထီကံစမ်းလို့ အထူးကောင်းတဲ့ နေ့ရက်ပါပဲ။ ထိုးနေကျထီဆိုင်မှာမထိုးဘဲ ဆိုင်သစ်မှာဦးစားပေးထိုးပါ။

ဆိုင်ဘုတ်လုပ်ငန်းများ၊ယာဉ်နှင့် စက်အပိုပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ၊ကုန်ပစ္စည်းသိုလှောင်ခြင်းလုပ် ငန်းများလဲ ဒီနေ့မှာတိုးတတ်အဆင်ပြေတာကိုတွေ့ရပါတယ်။ထွန်ချခြင်း၊စပါးစိုက်ပျိုးခြင်းတွေဒီနေ့မှာစတင်နိုင်ပါ တယ်။ အလုပ်သစ်လျှောက်ခြင်းတွေ၊အိမ်မွေးတိရိစ္ဆာန်များစတင်မွေးမြူခြင်းများဒီနေ့မှာဆောင်ရွက်လို့အဆင်ပြေ ပါလိမ့်မယ်။

အနိဋ္ဌသဘောဆောင်တဲ့နေ့ရက်ဖြစ်တာကြောင့် အရက်ချက်ခြင်း၊သားသတ်ခြင်း၊လောင်းကစားပြုခြင်း၊ အမှုအခင်းများ ကိုရင်ဆိုင်ဖြေရှင်းခြင်း၊ပိုးသတ်ဆေး၊အဆိပ်ဖြန်းခြင်းများဆောင်ရွက်လို့သင့်တဲေ့န့ရက်ပဲဖြစ်ပါတယ်။ လူသတ်လက် နက်များထုတ်လုပ်ခြင်း၊ခဲယမ်းမီးကျောက်တွေကိုဖောက်ခွဲစမ်းသပ်ခြင်းများလဲ အလေးပေးဆောင် ရွက်လို့သင့် တော်ပါ တယ်။

ယနေ့တွင် ပြဿနာဟောင်းများ ဖြေရှင်းရန် ရက်ကောင်းဖြစ်သည်။ ပြတ်တောက်နေသော အဆက်အသွယ် များနှင့် ပြန်လည်ချိတ်ဆက်နိုင်သည်။ ရောင်းမှားဝယ်မှား ပြဿနာများ ဖြေရှင်းနိုင်မည်။ မင်္ဂလာယူပြီး ဆောင်ရွက် သော ကိစ္စမှန်သမျှ ရှောင်ကျဉ်ပါ။ ယနေ့တွင် စတင်သော ကိစ္စမှန်သမျှ တစ်ပိုင်းတစ်စ ဖြစ်မည်။

ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာ ဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့ အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀:၄၀)နာရီမှ ည(၂၁:၃၂)နာရီအတွင်း ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နက္ခတ်အရ ဘရဏီနက္ခတ်က အောက်ငုံ့နက္ခတ်ဖြစ်တာမို့ရေတွင်းရေကန်တူးခြင်း၊ အုတ်မြစ်ကျင်းတူးခြင်း၊ မြေတူး ခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကျောက်မျက်ရတနာ တူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ဓါတ်သတ္တုတူးဖော်ရှာဖွေခြင်း၊ ရွှေတွင်း တူးခြင်း၊ ကလေးထမင်းခွံ့ခြင်း မင်္ဂလာ ပြုရာ၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ဘရဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊  ကန်ရာသီဖွားဖြစ်ပါ သည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် ငွေကြေးကံကောင်းကြပါတယ်။ ကိုယ်တိုင် မရှာနိုင်ရင်တောင်မှ ငွေကြေး ထောက်ပံ့ နိုင်သူတွေအများအပြားရှိနေတတ်ပါတယ်။ ကျန်းမာရေးကတော့ ခြူခြာတတ် တာကိုသတိထားရမယ်။ အသက် ၂၄ကနေ အသက်၄၀အတွင်းကာလတွေမှာတော့  အအောင်မြင်ဆုံးဘဝကိုဖန်တီး နိုင်ပါလိမ့်မယ်။ နာမည်ကို တနင်္လာ အစ အင်္ဂါအဆုံးပေးလိုက်မယ်ဆိုရင်တော့ ဆိုးသွမ်းတဲ့ကလေးတစ်ယောက်ဖြစ်ဖို့ တွန်းအားဖြစ်စေပါတယ်။ အမည် ပေးမှန်ရင် ..မှန်သလို….အောက်ခြေနင်းပြားဘ၀ကနေ….သူဌေးသူကြွယ်ဘ၀ကို …တောင် ရောက်သွား နိုင်တဲ့… ဖွား ဇာတာ မျိုးဖြစ်ပြီး……နောင်တရစိတ် တစ်မျိုးမျိုးကို…ဘယ်လိုမှ ဖျောက်မရဘဲ… နက်နက်နဲနဲ စွဲနေတတ် တာလည်း …ဒီ ဇာတာဖွားတွေပဲလို့ ဆိုရပါလိမ့်မယ်။နေရာထိုင်ခင်း ဘယ်သောအခါမှမမြဲပဲ ပြောင်းလည်းနေထိုင် ရကံ ပါရှိ တတ်ကြပြီး ..တစ်ချို့တွေကတော့ စကားအပြောအဆို နဲ့ ဘာသာစကားပညာရပ်တွေမှာ သဒ္ဒါပိုင်းမှာအထူးကျွမ်း ကျင် လိမ္မာတတ် ကြပြန်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၀၇:၂၅) နာရီမှ မနက်(၈:၅၅)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ကြာသပတေး၊သောကြာသားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့တနင်္ဂနွေ၊အင်္ဂါ၊စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နီညိုရောင်၊အနက်ရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇/၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဖိနပ်ကိုသန့်ရှင်းရေး လုပ်ပြီးမှ သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကွတ်ကီးဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝ ကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

1.October .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆုတ်(၂)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၂၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၀)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၀)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

ယနေ့သည် အရှေ့မြောက်လာဘ် ဖြစ်၍ အလုပ်ကိစ္စများ၊ အရေးကြီးကိစ္စများ ဆောင်ရွက်သည့်အခါ၊ ခရီးသွားသည့် အခါ အရှေ့မြောက်အရပ်သို့ မျက်နှာပြု၍ လုပ်ကိုင်ဆောင်ရွက်သင့်သည်။ ယနေ့တွင် အရှေ့မြောက်အရပ်သို့ မျက်နှာ ပြု၍ လာဘ်ပွင့် ဂါထာမန္တာန်များ ရွတ်ဆိုခြင်းဖြင့်လာဘ်လာဘပွင့်အောင်ပြုလုပ်နိုင်သည်။

ယနေ့တွင် အနောက် တောင်အရပ်သည် နတ်နေအရပ်ဖြစ်သဖြင့် ထိုအရပ်ကိုရှောင်ကြဉ်ရမည်။ အနောက်တောင် အရပ်သို့ မျက်နှာပြု၍ လုပ်ငန်းကိစ္စများ အရေးကြီးကိစ္စများပြုလုပ်ခြင်း အနောက်တောင်အရပ်သို့ ခရီးသွားခြင်း များကိုရှောင်ကြဉ်ရပါမည်။

စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်တာကြောင့်အရှေ့အရပ်ကို မျက်မှာမူပြီးတော့ ချစ်ခြင်းမေတ္တာရေးကိစ္စ၊ လူမှုရေး ကိစ္စ၊ စကားအောင်လိုသောကိစ္စများပြောဆိုဆောင်ရွက်နိုင်ပါတယ်။

လက်သမားမြေခံ ကျား မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင် ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက် ရန် ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ သမားဖြူ၊မဟာရက်ကြမ်း နဲ့တိုက်ဆိုင်နေတဲ့နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မနက် ၁၁နာရီနီးပါးအထိက လဆုတ်တီထိ ၂လုံးဖြစ်ပြီးတော့ အသစ်ဖန်တီးခြင်းတွေ၊ ကျက်သရေ ရှိခြင်းတွေကိုပေးတဲ့ ဘဒြာတီထိကျရောက် တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ဒါကြောင့်ပဲဒီလိုနေ့တွေမှာတော့ ငွေ ကြေးနဲ့ပတ်သက်ပြီးတော့လဲ ရှာဖွေလို့အထူး ကောင်းပါတယ်။ ဘဏ်မှာငွေစာရင်းဖွင့်ပြီး စတင်စုဆောင်း တာမျိုးတွေ ဆောင် ရွက်သင့်ပါတယ်။

            ခရီးထွက်လို့အလွန်ပဲကောင်းပါတယ်။ အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊အခြားကိစ္စတွေကြောင့်ပဲဖြစ်ဖြစ်ခရီးထွက် မယ်ဆိုအဆင်ပြေချောမွေ့ပြီး ကြံစည်ထားတာတွေပြည့်မြောက်ရတတ်ပါတယ်။လိုအပ်တဲ့ကုန်စည်များကို ရောင်း ဝယ်ဖောက်ကားခြင်းတွေ၊ စတင်သိုလှောင်ခြင်းတွေပြုလုပ်နိုင်ပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီး အနည်းငယ်အားနည်းနေတတ်ပါတယ်။ ၇ရက်သားသမီးများဥတုကြောင့်ဖြစ်တဲ့ တုပ် ကွေးရောဂါတွေခံစားရတတ်ပါတယ်။ ခေါင်းဆေး၊ခေါင်းလျှော်ပြုပေးပါက အနာရောဂါကင်းဝေးပါလိမ့်မယ်။  အသက် ရှည် ပါလိမ့်မယ်။ကျက်သရေမင်္ဂလာကိုဖြစ်စေတဲ့နေ့ရက်ဖြစ်တာကြောင့် ဘုရားဆင်းတုတော်များ စတင် ထုလုပ် ခြင်းတွေအထူး ကောင်းပါတယ်။ ဘုရားကားချပ်များ၊ဘုရားရဟန္တာပုံတော်များစတင်ချိတ်ဆွဲခြင်း၊နေရာချ ပူဇော်ခြင်း များ အထူး ဆောင်ရွက်နိုင်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အထူးရပိုင်ခွင့်တွေ တောင်းဆိုလို့ အထူး ကောင်း ပါ တယ်။ ကြွေး တောင်းလို့သင့်တော်တဲ့နေ့ရက်ပါပဲ။

အဝတ်အစားအသစ်များဝယ်ယူခြင်းတွေ၊ အလှပန်းပျိုးပင်များစတင်စိုက်ပျိုးခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။ အိမ်ထဲအလှဆင်ခြင်း၊ မိမိဆိုင်မိမိရုံးခန်းအလှဆင်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။ စားသောက်ကုန်လုပ်ငန်း များ၊ရာသီပေါ်လုပ်ငန်းများတိုးတတ်မဲ့နေ့ရက်ပါပဲ။ ဌာနဆိုင်ရာနှင့်ပတ်သက်သောအလုပ်များ၊မင်းအစိုးရနှင့်ပတ် သက်သောအလုပ်များ အထူးအဆင်ပြေတိုးတတ်နိုင်ပါတယ်။ မိမိဆိုင်၊မိမိလုပ်ငန်းကို MEDIAမှာစတင်ကြော်ငြာ ခြင်းတွေဆောင်ရွက်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀:၄၄)နာရီမှ ည(၂၁:၃၆)နာရီအတွင်း ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါ ဘူး။

 မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီးကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တောတောင်များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူး ရှောင်အပ်ပါတယ်။

အဿဝဏီနက္ခတ်မို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ပန်းချီပန်း ပုလုပ်ငန်းလုပ်ခြင်း၊ တိုင်ထူခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်းခရီး သွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူးခြင်းကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊  မိဿစန်း၊ အဿဝဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ကန် ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ  ပညာအရာမှာ ထူးချွန် ထက် မြက် သူပါ။ ဆရာကောင်းနဲ့မတွေ့ရင်တော့ ပင်ကိုယ်စိတ်ကိုက self studyလုပ်နိုင်ကြသူ တွေဖြစ်ပါ တယ်။ မိဘအား ဆရာအားနဲ့သာ ပံ့ပိုးလိုက်မယ်ဆို အထူးချွန်ဆုံးပညာရှင် ဘဝကို ရရှိတတ်ပါတယ်။ အောင်မြင်မှုရဲ့ ဆိုးကျိုးလို့ပြောရ နိုင်တာက ရန်သူပေါများခြင်း၊ အများနဲ့တစ်ယောက် တိုက်ခိုက် ခံရခြင်းတွေကြုံရတတ်ပါတယ်။အဿဝဏီနက္ခတ်ရှင်ဖြစ်တာမို့ စိတ်ကူးဥာဏ်ကောင်းမည်။ ဥာဏ်ကြီးတယ်။ အကြံ အစည်ကောင်းရှိသူဖြစ်လာလိမ့်မယ်။ စိတ်တည်ကြည်တယ်။ ကတိတည်မည်။ချမ်းသာမဲ့ကံမျိုးစေ့ပါတယ်။ အမည်ရဲ့ နောက်ဆုံးမှာ တနင်္လာ သို့မဟုတ် စနေနံဖြင့် အဆုံးသတ်ပြီး မှည့်ခေါ်မိထားမယ်ဆိုရင် အဆိုပါရန်အနှောက် အယှက် တို့ သည် မလွှဲမသေ အားကြီးစွာ ကြုံကြိုက်ကြရတတ်စမြဲ။ဘဝမှာ အမိအဘက သာလုပ်ငန်းရှင်ဖြစ်မယ်ဆို ရင်လဲ မိဘအလုပ် တွေကိုလက်ဆင့်ကမ်းအမွေခံဖြစ်လာနိုင်တဲ့ထိကို မိဘကအားကိုးရနိုင် တာကိုတွေ့ရပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄:၂၅) နာရီမှ ညနေ(၀၅:၅၅)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ စနေ၊ကြာသပတေး၊သောကြာသားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ အင်္ဂါသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊တနင်္လာ၊ဗုဒ္ဓဟူး၊ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ သနပ်ခါးရောင်၊အဖြူရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅/၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သပြေပန်း တစ်ခက် ဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ဩဇာသီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

30.September .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆုတ်(၁)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၃၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၂၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၉)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၁)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။  

ဒီနေ့ဟာ ရက်ရာဇာ၊ သမားဖြူရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆုတ်တီထိ ၁လုံး မူလအနေအထားထက်တဆင့်မြှင့်တတ်မှုတွေကိုဖြစ်ပေါ်စေ တဲ့ နန္ဒတီထိလဲဖြစ်ပါ တယ်။ကျန်းမာရေးကတော့အကောင်းများပါတယ်။လူတကာရဲ့အကူအညီတွေကိုရရှိတတ်ပါ တယ်။ စုပေါင်း သွေး လှူ ခြင်းများအထူးပဲဆောင်ရွက်လို့ကောင်းပါတယ်။ ဆံပင်ညှပ်ခြင်း၊ခေါင်းဆေးမင်္ဂလာ ပြုလုပ်ခြင်းများ ဒီနေ့မှာ အလေးပေးဆောင်ရွက်လို့အထူးကောင်းပါတယ်။

ရေဝတီနက္ခတ်သည်ဘေးနှစ်ဖက်မြင်နက္ခတ်ဖြစ်တာမို့ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီး အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ စာအုပ်စာပေ၊ စာပုံနှိပ်စက်လုပ်ငန်း၊ စာပေဖြန့်ချိရေး လုပ်ငန်း၊ ခရီးသွားလာခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ်ခူးခြင်း ကောင်း၏။

ထီထွင်ဖန်တီးမှုကိစ္စတွေကိုဦးစားပေးလုပ်ကိုင်ဆောင်ရွက်ပါ။ တစစနဲ့မြင့်တတ်လာမဲ့အလုပ်တွေကိုဦးစားပေးပါ။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမျိုးတွေ အထူးဆောင်ရွက်နိုင်ပါတယ်။ အလှအပနှင့်ဆိုင်သောစီးပွားရေးများ၊ အနုပညာ၊ ဂီတ၊ဖျော်ဖြေရေးနှင့်ပတ်သက်သော အလုပ်များအထူးတိုးတတ်ပါ လိမ့်မယ်။

အလှကုန်ပစ္စည်းအရောင်းမြှင့်တင်ခြင်းတွေအလေးပေးဆောင်ရွက်နိုင်ပါတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ အခွင့် အလမ်းများ၊ ဟောပြောပွဲများကျင်းပလို့ကောင်းပါတယ်။ ပညာဝန်ဆောင်မှုလုပ်ငန်း များအထူးတိုးတတ်နိုင်ပါတယ်။ မြေသန့်မင်္ဂလာအခမ်းအနား၊ပန္နက်တင်အခမ်းအနားများလဲ ကျင်းပဆောင်ရွက်လို့ အထူးသင့်လျော်ပါတယ်။

ယနေ့တွင် သစ်ပင်မစိုက်ရပါ။ ခေါင်းဆေး၊ ခေါင်းလျှော်ပြုက အသက်ရှည်မည်။ ဘာသာရေးဆိုင်ရာ မြင့်မြက်သော ကိစ္စများ ဆောင်ရွက်ရန် အခါမပေးပါ။ နေအိမ်ရှိ ကြည့်မှန်တို့ကို ပြောင်လက်အောင် တိုက်ချွတ်ပါ။ လုပ်ငန်း ခွင်သုံး ပစ္စည်းများ ပြင်ဆင်ခြင်း၊ အသစ်အစားထိုးခြင်းတို့ ပြုလုပ်နိုင်သည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂ လာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင် ရွက် နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ လုပ်နေကြပစ္စည်းမဟုတ်ပါက ရောင်းမှာဝယ် မှား ဖြစ် တတ်တယ်။ကိုယ်မကျွမ်းကျင်ပါက နားလည်သူနဲ့တိုင်ပင်ပါ။သို့မဟုတ်ပါက လူလိမ်ခံရ တတ်ပါတယ်။ ဘဝ အတွက် အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ် လို့မကောင်း ပါ ဘူး။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည (၂၀:၄၈)နာရီမှည(၂၁:၄၀)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါ လိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ မိန်စန်း၊ရေဝတီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ကန်  ရာသီဖွားဖြစ်ပါသည်။ဒီ နေ့ မွေးသူ များဟာ စိတ်ပျော်ရာလိုက်ကြသူတွေဖြစ်ပါတယ်။ ဘဝကိုပျော်ပျော်နေ သေခဲဆိုတဲ့ စိတ်မျိုးထား ကြ သူတွေ ဖြစ်ပါတယ်။ ပျော်ရွှင်နေရင် အရာရာကို စိတ်ပါလက်ပါ…လုပ်ကိုင်နိုင်ပေမဲ့ စိတ်ညစ်ပါက ဘာမှမလုပ်ချင် မကိုင်ချင် လောက်အောင် စိတ်ဓာတ်ကျသွားတတ်ပါတယ်။ ဘာသာစကားနယ်ပယ်၊ဂိုက်လမ်းပြသူ၊နိုင်ငံခြားမှာ ပညာရှာစီးပွားရှာ သူ၊ခရီးသွားလုပ်ငန်းများ၊ပညာရေး၊ကျောင်းနဲ့ပတ်သက်သောလုပ်ငန်းများနှင့် အဆင်ပြေတတ်ပါ တယ်။ သက်လတ် ပိုင်း ကာလမှာဘဝဟာ အတတ်အကျများတတ်ပေမဲ့ သက်ကြီးပိုင်းအိုဇာတာကံ အလွန်ကောင်း သူဖြစ် ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၈:၅၅) နာရီမှ နံနက်(၁၀:၂၅)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ရာဟု၊သောကြာ၊စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အပြာနုရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇/၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဘိန်းမုန့်စား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းထမင်းဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

28.September .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆန်း(၁၄)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၂၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၂၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၈)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ် လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျိုးဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ် တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်ကန်း၊ ရက်တံခွန်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ၁၄လုံး..ရိတ္တာတီထိဖြစ်ပါတယ်။ ဒါကြောင့်ဒီလိုနေ့မျိုးမှာတော့ နိုင်ငံရပ်ခြား အလုပ်တွေအထူးကောင်းပါတယ်။ ပြည်တွင်း ပြည်ပသို့ ထွက်ခွာလုပ်ကိုင်ဖို့ ကြိုးစားခြင်းတွေလဲ အထူးတိုး တတ် ပါလိမ့်မယ်။ နိုင်ငံခြားသွားဖို့ကိစ္စတွေ အဆင်ပြေ တိုးတတ် ပါလိမ့်မယ်။

အနိဌအလုပ်တွေဖြစ်တဲ့ ပိုးသတ်ဆေးဖြန်းတာ၊ အမဲလိုက်တာ၊ရန်သူကို ဖမ်းဆီး တာမျိုးတွေဆောက်ရွက် နိုင်ပါတယ်။ ဒါအပြင်အနာရောဂါကိုခွဲစိပ်ခြင်း၊လက်နက်အသုံးပြုခြင်းများအထူးပဲဆောင် ရွက်နိုင်ပါတယ်။ အဖျော် ယာမက နှင့် ပတ်သက်သောအလုပ်များ ရန်ကိုဒီထက်တိုးမလာအောင်လို့ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းခြင်းများအထူး ပဲဆောင်ရွက် နိုင် ပါတယ်။

ဆေးခန်းများ၊ဆေးရုံများ၊ဆေးဆိုင်များစတင်ဖွင့်လှစ်ခြင်းဖြင့်ထူးခြားစွာအောင်မြင်မှုတွေကိုရလာတတ်ပါ တယ်။ အလှု ကုန်ပစ္စည်းများရောင်းချခြင်းအလုပ်များလဲ မိတ်တွေတိုးပါလိမ့်မယ်။မေတ္တာရေးကံကောင်းနေတဲ့နေ့ ရက်ဖြစ် တာ ကြောင့် မေတ္တာတောင်းခံခြင်း၊ချစ်ရေးဆိုခြင်း၊ ချစ်သူနဲ့လက်ထပ်ဖို့တိုင်ပင်ဆွေးနွေးခြင်းများအထူး  ကောင်းပါတယ်။

အလုပ်တွင်ဖြစ်စေ၊အဖွဲ့အစည်းတွင်ဖြစ်စေမိမိရသင့်ရထိုက်သောရပိုင်ခွင့်တွေကိုရအောင်တောင်းဆိုလို့ အထူး ကောင်းတဲ့ နေ့ရက်ပါပဲ။ရပ်ဝေးနဲ့ဆက်စပ်လုပ်ကိုင်ဆောင်ရွက်ရသောအလုပ်များ စတင်ဆောင်ရွက်ရန် အချိန်အခါ ကောင်းတဲ့နေ့ရက်ပါပဲ။

ပြဗ္ဗာဘဒြပိုဒ်နက္ခတ်ကျရောက်တာမို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ် လုပ်ငန်း စတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ် တင်ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေ ကြောင်း ခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူ ခြင်း ကောင်း၏။

ယနေ့တွင် တည်ဆောက်မှုကိစ္စများ စတင်ခြင်း မပြုရပါ။ တစ်ပိုင်းတစ်စ ဖြစ်တတ်သည်။ မင်္ဂလာအခါ မပေးရပါ။ အရောင်းထိုင်းပစ္စည်းများ ဈေးကွက်တွင် ပြန်လည်သွက်လက်လာမည်။ ကြွေးတောင်းခံခြင်း၊ လက်လွန်ထားသော ပစ္စည်း၊ ငွေကြေး၊များကို ပြန်လည်တောင်းခံရန် ရက်ကောင်းဖြစ်နေပါသည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီး လုပ်ရမဲ့ ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေး ပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေ နိုင်ပါတယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀:၅၆)နာရီမှ ည(၂၁: ၄၇)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ပြဗ္ဗာဘဒြပိုဒ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်စန်း၊ကန်  ရာသီဖွားဖြစ်ပါ သည်။ဒီနေ့မွေးသူများဟာ အခက်အခဲတွေများစွာမကြုံရဘဲ ဘဝကိုသက်သောင့်သက်သာဖြတ်သန်းရသူတွေဖြစ်ပါ တယ်။ ကိုယ်တိုင်က အစွမ်းအစ မရှိသူဖြစ်ရင်တောင် မိဘ အထောက်အပံ့ရတတ်သလို၊အိမ်ထောင်ပြုရင်လဲ အိမ်ထောင်ဘက်ရဲ့ ကြိုးစားမှုကြောင့် တင့်တောင်းတင့်တယ် နေရတတ်သူပါပဲ။ ပညာကံအားကောင်းသူတွေဖြစ်ကြပြီး တော့ အားနည်းချက်က အမြဲတမ်းသံသယစိတ်၊ တွေဝေဒွိဟ စိတ်တွေများပြားနေတတ်တာကိုတွေ့ရပါတယ်။ အသက် ၁၉နှစ်နောက်ပိုင်းကာလတွေကစလို့ ဘဝရဲ့အောင်မြင်မှုကို ငယ်ရွယ်စဉ်ကတည်းက ထိတွေ့ခွင့်ရတာကိုတွေ့ရပါ တယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၁:၂၇) နာရီမှ ညနေ(၀၂:၅၇)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့တနင်္ဂနွေ၊တနင်္လာ၊သောကြာ သားသမီးများပဲဖြစ်ပါတယ်။    

ကံညံ့သော နေ့သားများကတော့ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊ရာဟု၊ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ လိမ္မော်ရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃/၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သင်္ဘောသီးမှည့် စားသွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ဒံပေါက် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင် ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

27.September.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၂၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၇)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က  တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။ သမားညိုရက်နဲ့တိုက်ဆိုင်တာမို့အချိန်အခါရွေးပြီးမှ ဆောင််ရွက်ပါ..

ဒီနေ့ဟာ လူ့ပြည်ပြဿဒါး၊ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့လဆန်းတီထိ ၁၃လုံး စွမ်းအားကိုပေးတဲ့ ဇယျာတီထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါ တယ်။ မိမိ အဖွဲ့အစည်းအတွက်၊မိမိကုမ္ပဏီဝန်ထမ်းတွေအတွက် သင်တန်းပေးခြင်းများ၊consaltခေါ်ပြီးအကြံဉာဏ်များ တောင်း ခံ ခြင်းများပြု လုပ်နိုင်ပါတယ်။ ကျန်းမာရေးနှင့်ပတ်သက်သောကိစ္စများ အထူးပဲဆောင်ရွက်နိုင်ပါတယ်။  ကျန်းမာရေး အတွက် ဆေးဝါးကုသခြင်းများ၊ဆေးစတင်မှီဝဲခြင်းကိစ္စများ အထူးဆောင်ရွက်နိုင်ပါတယ်။

စစ်ရေးစစ်ရာနှင့်ပက်သက်သောကိစ္စများ အထူးဆောင်ရွက်လို့ ကောင်းပါတယ်။ စစ်လက်နက်ပြုလုပ်ခြင်း၊ တပ်ဆင် ခြင်း၊စစ်ရေးလေ့ကျင့်ခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ အိမ်တတ်ပြုလုပ်ခြင်းများလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ခရီးသွားလို့အလွန်အဆင်ပြေမဲ့နေ့ရက်ပါပဲ။ မည်သည့် ခရီး မဆိုသွားလို့သင့်တော်ပါတယ်။ စီးပွားရေးနဲ့ပတ်သက် သောခရီးများ အကျိုးများပါလိမ့်မယ်။အလုပ်ခန်းများ၊ရုံးခန်းများစတင်ဖွင့်လှစ် လို့ကောင်း တဲ့နေ့ပါ။စာရွက်စာတမ်း နဲ့ပတ်သက်သောကိစ္စများအတွက်စကားပြောဆိုလို့အလွန်ပဲကောင်းပါတယ်။

အသက်မွေးမှုပညာရပ်များစတင်သင်ကြားလို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။မြေသန့်မဂ်လာပြုလုပ်ခြင်းတွေ ဆိုင်းဘုတ် တင်ခြင်းတွေအထူးကောင်းမွန်တာကိုတွေ့ရပါတယ်။ မိမိလုပ်ငန်းအတွက် ၊မိမိကုန်ပစ္စည်းအတွက်စတင်ကြော်ငြာလို့ အထူးကောင်း တဲ့နေ့ရက်ပါပဲ။ မေတ္တာရေးရာကိစ္စမျာ အစပျိုးဆောင်ရွက်နိုင်ပါတယ်။ ချစ်ရသူဆီချစ်ခွင့်ပန်တာ၊ သူ အတွက်အမှတ်တရလက်ဆောင်လေးတွေဝယ်ပေး ခြင်းဖြင့် ချစ်ခြင်းတွေခိုင်မြဲတတ်ပါတယ်။

မနက် ၈နာရီ ၁၀မိနစ်အထိကဓနသိဒ္ဓိနက္ခတ်ဖြစ်ပြီးတော့ ထိုအချိန်ကျော်ပါက သတ္တဘိသျှနက္ခတ်ဖြစ်ပြီး အထက် မျှော် နက္ခတ်ဖြစ်တာမို့ဘုရားတည်ခြင်း၊ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက် ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်း ဘုတ်တင်ခြင်း၊ ပန်းချီပန်းပု လုပ်ငန်းလုပ်ခြင်း၊ တိုင်ထူခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ် ခူးခြင်း၊ လေကြောင်း ခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန် တိုင် ထူးခြင်း ကောင်း၏။ဆေးဝါးကုသခြင်းများ စတင်ဆောင်ရွက်ရန် ရက်ကောင်းဖြစ်သည်။

ယနေ့တွင် တောင်တက်ခရီးမျိုးများ မသွားလာအပ်ပါ။ ယနေ့ သမားကောင်းနှင့် တွေ့ရခြင်း၊ ဆေးစစ်ခြင်း တို့အတွက် အခါကောင်း ကျရောက်နေပါသည်။ အဖိုးတန်ပစ္စည်းများ ဝယ်ယူခြင်း မပြုရပါ။ ငွေရေးကြေးရေး၊ ချေးငှားခြင်း၊ တာဝန်ယူခြင်း၊ အာမခံခြင်း ရှောင်ကျဉ်ပါ။ ပစ္စည်းလှောင်ခြင်း၊ ဂိုဒေါင်သွင်းခြင်းမပြုရ။ ဆုံးရှုံးတတ် ပါသည်။ အရောင်း အဝယ်နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာနှုတ်ကတိပေးတာမျိုး တွေရှောင်လိုက်စေချင်ပါတယ်။ သူများ ပြဿနာ တွေ၊အမှု အခင်းတွေမှာဝင်ရောက်စွက်ဖက်တာမျိုးတွေ အာမခံပေး တာမျိုးတွေသက်သေ လိုက်ပေးတာ မျိုး တွေအထူးရှောင် လိုက်ပါ။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁:၀၀)နာရီမှည(၂၁ :၅၁)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေ ရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာ ရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ကုမ်စန်း၊သတ္တဘိသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊  ကန်ရာသီဖွားဖြစ် ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် စီးပွားရေးပိုင်းမှာ အားရစရာကောင်းတဲ့အနေအထားကိုရရှိကြတာတွေ့ ရပါတယ်။ သက်လတ်ပိုင်းကာလတွေဖြစ်တဲ့ အသက် ၂၈ကနေ အသက် ၄၆အတွင်း အအောင်မြင်ဆုံး ဘဝကိုရ ရှိတတ်ပါတယ်။ အားနည်းချက်က မိဘတွေနဲ့ အလုပ်ကြောင့်ဝေးနေရ ခြင်း၊အရွယ်ရောက်ပါကအိမ်ထောင်ရေး ကံခေ ခြင်း၊ အစိုးရ အလုပ်နှင့်အကျိုးမပေးခြင်း စသောအားနည်းချက်တွေရှိ တာကိုတွေ့ရပါတယ်။ ငွေကြေးကံကတော့ ဘဝ တစ် လျှောက် လုံးပူစရာမလိုသလို ဘဝနေဝင်ချိန် အိုဇာတာလဲ ကောင်း တဲ့သူတွေအဖြစ်တွေ့ရပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နေ့လယ်(၁၁:၅၇) နာရီမှ မွန်းလွဲ(၁:၂၇)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊တနင်္ဂနွေ၊ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။          

ကံညံ့သော နေ့သားများကတော့ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊ရာဟု၊စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် ရွှေအိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄/၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပြောင်းဖူးကြော်စား သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့သင်္ဘာသီးမှည့် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

26.September .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆန်း(၁၂)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၂၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၇)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ကံကောင်းခြင်းကိုဖြစ်စေတဲ့ ဘဒြာတီထိကျရောက်တဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။စိတ်ချမ်းသာမှု ကိုယ်ချမ်းသာမှုတွေကိုဖြစ်စေပါတယ်။ မိမိဖြစ်ချင်တာတွေကိုလဲ ဖြစ်အောင်လုပ်ရပါ လိမ့်မယ်။ကောင်းသော လိုအင်တွေပြည့်ဝရပါလိမ့်မယ်။ မကောင်းမှုများ၊ဝိသမလောဘများကို လျှော့ချပြီးလုပ်မှပဲ အဆင်ပြေပါလိမ့်မယ်။

ကုန်သွယ်စီးပွားများဦးစားပေးဆောင်ရွက်နိုင်ပါတယ်။ အတတ်ပညာတစ်ခုခုကိုစတင်သင်ယူခြင်းများအထူး ဆောင်ရွက်လို့ကောင်းပါတယ်။ ဝန်ထမ်းများလခစားအလုပ်များအဆင်ပြေတိုးတတ်မှုတွေကိုဖြစ်စေပါလိမ့်မယ်။

လေကြောင်းခရီးများသွားလာလို့အထူးကောင်းပါတယ်။ အနုပညာကို တီထွင်ကြံဆခြင်းများဆောင်ရွက်လို့ အထူး ကောင်းပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အထူးတိုးတတ်မှုတွေကိုရရှိပါလိမ့်မယ်။ အိပ်ရာထဲ လဲ သူများ နလန်ပြန်ထလာတတ်ပါတယ်။

မနက် ၁၀နာရီ၄၀မိနစ်ထိ သရဝဏ်နက္ခတ်ဖြစ်ပြီးတော့ ထိုအချိန်ကျော်ပါက ဓနသိဒ္ဓိ နက္ခတ်မို့ ခရီးသွားခြင်း၊ သယ် ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ သူငယ်ချင်းများ လည်ပတ်ခြင်း၊ ဈေးဝယ် ထွက်ခြင်း နှင့် ယာယီ သဘော သဘာဝအရ မည်သည့်အရာအတွက်မဆို ယာယီ လျင်မြန်စွာ ရွှေ့ပြောင်း နိုင်သော နက္ခတ်ဖြစ် သည်။ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ဗိမာန်၊တံတိုင်း (ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ / အဆောက် အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ အလံလွှင့် တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဈေးများ၊စူပါမားကတ်များစတင်ဖွင့်လှစ်ခြင်းမျိုးအထူးကောင်းပါတယ်။ ကုန်စည်ဒိုင်များဖွင့်လှစ်ခြင်း၊ ဈေး ပွဲတော်များ ကျင်းပခြင်းတွေအထူးကောင်းပါတယ်။မိမိရဲ့ကုန်ပစ္စည်းတွေကိုစတင်ဖြန့်ဖြူးရောင်းချခြင်းမျိုးဆောင်ရွက် နိုင်တဲ့နေ့ ရက်မျိုးပါပဲ။ 

အခက်အခဲတွေကိုကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။ဒါပြင် စီးပွားရေးလူမှု ရေး၊ကျန်းမာရေး၊ပညာရေးနှင့် အလုပ် ကိစ္စရေးရာအဖြာဖြာတွေမှာ စတင်ဆောင်ရွက်ခြင်းဖြင့်ရေရည်အောင်မြင်မှု တွေကိုဖြစ်ပေါ်စေပါတယ်။ အကြွေးကိစ္စ တွေ ဖြေရှင်းတာ မိမိတို့ရပိုင်ခွင့်တွေကို တောင်းခံခြင်းများလဲ ဆောင်ရွက်နိုင်တဲ့နေ့ရက်လဲဖြစ်ပါတယ်။

ယာဉ်ကားနှင့်ပတ်သက်သောကားအရောင်းအဝယ်အလုပ်များ၊စက်ကားယန္တရားငှားရမ်းတဲ့အလုပ်များအထူးကောင်းပါတယ်။ မိမိလုပ်ချင်တာတွေကို အားထည့်လုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။လက်ရှိအလုပ်တွေကို ထပ်ချဲ့တာ၊ဆိုင်ခွဲဖွင့် တာ မျိုးတွေကောင်းပါတယ်။

ဒီနေ့မှာ လေကြောင်းခရီးကလွဲလို့ အခြားခရီးတွေအဆင်မပြေတာများပါလိမ့်မယ်။ ရေဆော့ခြင်း၊ မြစ် ချောင်းအင်း အိုင်တွေမှာ ရေကစားခြင်းမျိုးတွေရှောင်ပါ။ ခန္ဓာကိုယ်ကို နင်းခိုင်းနှိပ်ခိုင်းတာမျိုးတွေအထူးရှောင်လိုက် စေချင်ပါ တယ်။ ကိုယ်ကာယကို အထူးစိုက်ထုတ်ရတဲ့ အားကစားတွေကိုအထူးရှောင်လိုက်စေချင်ပါတယ်။

ယနေ့တွင် ခေါင်းဆေး၊ ခေါင်းလျှော်ခြင်းပြုက အသက်ရှည်မည်။ ။ လုပ်ငန်း စတင်ခြင်းများ မပြုရပါ။ အဆောက်အဦး စတင်တည်ဆောက်ခြင်းကို ရှောင်ကျဉ်ရမည်။ ကြွေးမြီးဟောင်းများကို ပြန်လည် တောင်းခံ နိုင်သည်။ အမှုပြဿနာ ဟောင်းများကို ပြန်လည်ဖြေရှင်း နိုင်မည်။

ဓနသိဒ္ဓိ နက္ခတ်သည် ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ သူငယ်ချင်းများ လည်ပတ်ခြင်း၊ ဈေးဝယ် ထွက်ခြင်း နှင့် ယာယီသဘောသဘာဝအရ မည်သည့်အရာအတွက်မဆို ယာယီ လျင်မြန်စွာ ရွှေ့ပြောင်း နိုင်သော နက္ခတ်ဖြစ် သည်။ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ဗိမာန်၊တံတိုင်း (ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ / အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ အလံလွှင့် တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(21:04)နာရီမှည(21:55)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များ အဓိပတိဖွား၊ ဓနသိဒ္ဓိ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊မကာရစန်း ည(၇)နာရီ (၂၉)မိနစ်လွန် စန်းကုမ်ရာသီသို့ ပြောင်းသည်။  ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးရင်သွေးများဟာ အများအားဖြင့် အားရစရာကောင်း တဲ့ဇာတာတွေဖြစ်ပါတယ်။ စီးပွား ရေးမှာ ကျွမ်းကျင်လိမ္မာ တဲ့ဗီဇပါလာသူတွေဖြစ်ပါတယ်။ စီးပွားရေးသင်တန်းတွေ မတက်ထားဘဲ စီးပွားရေးကိုလာဘ် မြင်ကြ သူတွေဖြစ်ပါတယ်။ ရဲစွမ်းသတ္တိရှိခြင်း၊မဟုတ်မခံစိတ် ရှိကြသူတွေဖြစ် တာမို့၊ လာရောက်ရန်စရင် အရင်လက် ဦးအောင် ချတတ်သူတွေမို့ မိဘတွေလိုက်ရှင်းရတတ်တဲ့ဇာတာမျိုးဖြစ်ပါလိမ့် မယ်။ဇမသေးတဲ့သူမျိုး၊သူများအနိုင် ကျင့်မခံတဲ့ သူမျိုးတွေဖြစ်ပါတယ် အသက် ၂၅ကစလို့ အောင်မြင်မှုတွေကိုစတင် ထိတွေ့ခွင့်ရတတ်တဲ့ ဇာတာတွေပဲ ဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၂:၅၈) နာရီမှ ညနေ(၄:၂၈)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ကြာသပတေး၊စနေသားသမီးများပဲဖြစ်ပါတယ်။   

ကံညံ့သော နေ့သားများကတော့ တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊‌ဗုဒ္ဓဟူး၊ရာဟု၊သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အညိုရောင် နှင့် ခရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃/၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဖရုံယိုစား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ဇီးဖျော်ရည် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

25.September.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆန်း(၁၁)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၂၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၆)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ ဝါရမိတ္တုငယ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ မနက် ၉နာရီနောက်ပိုင်း လဆန်းတိထိ ၁၁လုံး နန္ဒတီထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ကြွယ်ဝခြင်း၊ကောင်းမြတ်ခြင်းကိုပေးတဲ့ နန္ဒတီထိကျရောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီကာလဟာမိမိ ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အရာအားလုံးကိုပူပန်စိတ်မထားဘဲ စိတ်ပေါ့ပါးစွာလုပ်လေ အဆင်ပြေလေပါပဲ။

ဘာလုပ်လုပ်စိတ်ကိုကြည်လင် အောင်ထားပြီးတော့လုပ်စေချင်ပါတယ်။ အလုပ်သစ်အတွက် အင်တာဗျူး ခြင်း၊ စာမေးပွဲဖြေခြင်းများအထူးကောင်း ပါတယ်။ ဘုရားထီးတင်ခြင်းကိစ္စများလဲ အထူးအလေးပေးဆောင်ရွက် နိုင်ပါ လိမ့်မယ်။ခေါင်းဆေးခြင်း၊ခေါင်းလျှော် ခြင်းဆံသခြင်းများကို ဆောင်ရွက်ခြင်းဖြင့် လာဘ်ရွှင်တတ်ပါတယ်။

အဝတ်အထည်ဒီဇိုင်းနှင့်ပတ်သက်သောလုပ်ငန်းများ၊ဓာတ်ပုံနှင့်ဗီဒီယိုရိုက်ကူးရေးလုပ်ငန်းများအထူး တိုးတတ်ပါ လိမ့်မယ်။အလုပ်ကိစ္စနှင့်ပတ်သက်ပြီးတော့လဲ မိမိတင်ပြပြောဆိုခြင်းတာလေးတွေရှိရင်တော့ ဒီနေ့မှာဆောင်ရွက် လို့ အထူးကောင်းပါတယ်။ လယ်ယာကိုင်းကျွန်းစတဲ့ စိုက်ပျိုးရေးနှင့်ပက်သက် သောကိစ္စမှန်သမျှ ဆောင်ရွက်လို့ ကောင်းပါတယ်။

အလှူကိစ္စတွေဖြစ်တဲ့ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဖင်းခံခြင်းကိစ္စများအထူးဆောင်ရွက်နိုင်ပါတယ်။ အိမ်ခြံမြေ ရောင်းချ ခြင်း ကိစ္စများလဲ အထူးပဲဆောင်ရွက်လို့သင့်တော်ပါလိမ့်မယ်။သောကြာဂြိုဟ်အုပ်စိုးတဲ့နေ့ရက် ဖြစ်တာ ကြောင့် အက အခုန် ၊အတီးအမှုတ်များ၊ ပွဲလမ်းသဘင်နှင့် ဖျော်ဖြေရေးကိစ္စများ အထူးဆောာင်ရွက်နိုင်ပါ တယ်။ ပညာရပ် အသစ် တစ်ခုကို စတင်သင်ကြားခြင်းများ အထူးကောင်းပါတယ်။ ထီဝါသနာပါသူများကတော့ 3/5/7 များများပါသော ထီ လက်မှတ်ကိုရွေးချယ်ကံစမ်းလို့အထူးကောင်းပါတယ်။

ပန္နက်ရိုက်ခြင်း၊ တိုင်ထူခြင်း၊အုတ်မြစ်ချခြင်းတွေကိုအထူးဆောင်ရွက်နိုင်ပါတယ်။ အိမ်သစ်တတ်ခြင်း၊ အိမ် အသစ်မှာစတင်နေထိုင်ခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဒီနေ့မှာရှောင်သင့်တာတွေကတော့ စာချူပ်ချုပ် ဆိုခြင်းကိစ္စမှန်သမျှအဆင်မပြေဖြစ်ရတတ်ပါတယ်။ ငွေကြေးချေးငှားပေးကမ်းခြင်းမပြုသင့်ပါဘူး။ ဆုံးရှုံးနိုင်ပါ တယ်။ 

ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ  အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။  လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။

မနက် ၁၀နာရီနောက်ပိုင်းသရဝဏ် နက္ခတ်ဖြစ်တာမို့ ယာယီ၊ အမြန်နှင့် ရွှေ့ပြောင်းနိုင်သော ကြယ်ဖြစ်ပြီး ခရီးသွား ခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ လည်ပတ်ခြင်း၊သူငယ်ချင်းများ လည်ပတ်ခြင်း၊ ဈေးဝယ်ခြင်း နှင့် ယာယီသဘောသဘာဝ တစ်ခုခုကို လုပ်ဆောင်ခြင်း အတွက်အဆင်ပြေသည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ဗိမာန်၊တံတိုင်း (ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ / အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ် စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁:၀၈)နာရီမှ ည(၂၁:၅၉)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေ လိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ မကာရစန်း၊  သရဝဏ် နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်ရာသီဖွား ဖြစ်ပါ သည်။ဒီနေ့မွေးရင်သွေးများဟာ အများအားဖြင့်မိမိတို့ဆွေမျိုး သား ချင်း တွေ ပြန်ဝင်စားတဲ့ လူဝင်စားလေးတွေဖြစ် လေ့ရှိကြပါတယ်။ အတိတ်ကံအကျိုးပေးကောင်းပြီးတော့ ကောင်း သောကုသိုလ်တရားတွေ ရှိကြသူတွေဖြစ်ပါတယ်။ ဘာသာရေးလိုက်စားပါက တရားထူးတရားမြတ်ကိုရရှိနိုင်တာကို တွေ့ရပါတယ်။ငွေကြေးကံသင့်တင့်ကောင်းမွန်ကြပြီး မိမိတို့ ငွေကြေးလိုအပ်ရင်တော့ ပေးမဲ့ကမ်းမဲ့ ချေးမဲ့ငှားမဲ့သူတွေ ပေါများတဲ့ဇာတာမျိုးတွေဖြစ်ပါတယ်။ စစ်လက်နက်နဲ့ ဓာတ်မတည့်တာမို့ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ဝင် ရောက်လုပ်ကိုင်ခြင်းမျိုးအထူးရှောင်သင့်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၇:၂၅) နာရီမှ နံနက်(၀၈:၅၆)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊ရာဟု၊ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။          

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊သောကြာ၊စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင် နှင့် အပြာနုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃/၇/၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့နွားနို့သောက် သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘူးသီးကြော်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

24.September .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆန်း(၁၀)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၆)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲ တွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်။

ဒီနေ့ဟာ တီထိအရတော့  မနက် ၁၁း၂၄မိနစ်အထိ လဆန်းတီထိ ၉လုံး ထိုအချိန်ကျော်ပါက လဆန်းတီထိ ၁၀လုံးကို ပြောင်း မယ်။ဒါကြောင့် မနက် ၁၁း၂၄မိနစ်အထိက ရန်ကိုများစေတဲ့ ရိတ္တာတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒါ ကြောင့်ပဲ ဘာလုပ်လုပ်အားနာခြင်းကိုဘေးဖယ်ထားပြီး ပြတ်ပြတ်သားသား ပြောဆိုလုပ်ကိုင်သင့်ပါတယ်။

ရန်သူစခန်းအားသိမ်းပိုက်ခြင်း၊ တရားခံအားဖမ်းဆီးခြင်းများဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ အခက်အခဲအကြပ် အတည်းတွေကြားကနေလဲ လွတ်မြောက်အောက်စွမ်းဆောင်နိုင်မဲ့နေ့ရက်ပါပဲ။ သတ္ထုထုတ်လုပ်ရေးလုပ်ငန်းများ မိုင်းခွဲခြင်းတွေ အထူးဆောင်ရွက်နိုင်ပါတယ်။

ငွေကြေးနဲ့ပတ်သက်ပြီး ရဖို့ကြန့်ကြာနေတဲ့ ကိစ္စတွေ၊အကြွေးရစရာရှိတာတွေကို ဒီနေ့မှာပြန်တောင်းခံလို့အထူး ကောင်းပါတယ်။ အထားမှားပြီး ပျောက်ဆုံးနေတဲ့ ပစ္စည်းများ ပြန်ရှာတွေ့တတ်ပါတယ်။

အနုစိပ်အသေးစိပ်လုပ်ကိုင်ရသောအလုပ်များ အထူးအဆင်ပြေပါတယ်။ ဖုန်းပြင်တာ၊ ကွန်ပြုတာပြင်တာ၊ စတဲ့အလုပ် တွေကို ဆိုလိုတာပါ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ရောဂါဝေဒနာတွေကို အရှင်းပျောက်မဲ့နေ့မျိုးပါပဲ။ ဆရာကောင်း သမားကောင်းနဲ့ တွေ့ရတတ်ပါတယ်။

ဘုရားဆင်းတုတော်စတင်ထုလုပ်ခြင်း၊ဘုရားစတင်ပင့်ဆောင်ခြင်း၊ဘုရားနေကဇာတင်ခြင်းတွေအထူးဆောင်ရွက် နိုင်ပါတယ်။ ဖုန်းအစရှိသော စက်ပစ္စည်းများဝယ်ယူမယ်ဆိုရင်လဲအထူးကောင်းပါတယ်။ရတနာပစ္စည်းများစတင် ဆင်မြန်းခြင်းဖြင့် အထူးအောင်မြင်နိုင်ပါတယ်။

ယနေ့သည် ဆေးဝါးဖေါ်စပ်ခြင်း၊ သမားပြသခြင်းများအတွက် အထူးကောင်းသော ရက်ဖြစ်ပါသည်။ သဗ္ဗသတ္တသိဒ္ဓိယုဂ် ရရှိသောနေ့ဖြစ်ပါသည်။ အလုံးစုံသော အခက်အခဲပြဿနာများအားလုံးကို ဖြေရှင်း အောင်မြင် နိုင်ပါသည်။  ယနေ့ တွင် အိုးအိမ်တည်ဆောက်ခြင်းများ မပြုရပါ။ ရန်သူမျိုးငါးပါး အန္တရာယ်ကြောင့် ပျက်စည်း ဆုံးရှုံးတတ်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁:၁၁)နာရီမှည(၂၂:၀၃)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ဓနုစန်း ညနေ(၄)နာရီ (၅၂)မိနစ်လွန် စန်းမကာရရာသီသို့ ပြောင်းသည်။  နေ့လယ် ၁၁နာရီ၁၅မိနစ်အထိပြုပ္ဗာသဠ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေး သူများဟာ အများအားဖြင့် အားနည်းချက်အားသာချက်ရောထွေးနေတတ်ကြသူတွေဖြစ်ပါတယ်။ အားနည်း ချက် က ရန်သူ ပေါများခြင်း၊အများနဲ့တစ်ယောက် ရန်ရှာခံရခြင်း၊ကျန်းမာရေးမှာ ကိုယ်တွင်းကလိစာတစ်ခုခုအားနည်း ချက်ပါရှိ လာ ခြင်းမျိုးရှိတတ်ပြီးတော့ အားသာချက်ကတော့ ပညာရေးမှာအလွန်ထူးချွန်ခြင်း၊ဥစ္စာဓန ကံအားကောင်း ခြင်း၊ ငွေကြေး စည်းစိမ်းနဲ့နေရခြင်း၊ ရပ်ဝေးနယ်ခြား၊နိုင်ငံခြားအကျိုးပေးခြင်းစသောကံတွေ အားသာချက်ရှိပါတယ်။ နာမည် မှည့်ခေါ် ရာတွင် နာမည်ရဲ့ အဆုံးသတ်ကို သောကြာနံနဲ့ အဆုံးသတ်ပေးခြင်း၊စနေနံနဲ့ အဆုံးသတ်ပေးခြင်း ကိုအထူး ရှောင်နိုင် ပါက ဘဝမှာ အဆင်ပြေမှုပိုမိုများပြားနိုင်တာကိုတွေ့ရပါတယ်။

နေ့လယ်၁၁နာရီ၁၅မိနစ်အထိပြုပ္ဗာသဠ်နက္ခတ်ဖြစ်ပါတယ်။ ပြုပ္ဗာသဠ်နက္ခတ်သည်အောက်ငုံနက္ခတ်ဖြစ်တာမို့ ကလေးထမင်းစခွံ့ခြင်း၊ကျောက်မျက်ရတနာတူးဖော်ခြင်း၊စူးစမ်းရှာဖွေခြင်း၊ဆည်မြောင်း၊တာတမံဆောက်လုပ်ခြင်း၊ရေတွင်းရေကန်နှင့်အဝိစိတွင်းတူးဖော်ခြင်းများ စာရေးသားခြင်းများ အထူးကောင်းပါတယ်။

နေ့လယ် ၁၁နာရီ၁၅မိနစ်နောက်ပိုင်း ဥတ္တရာသဠ်နက္ခတ်ဖြစ်ပြီးတော့ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ် လုပ်ငန်း စတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာ လုပ်ငန်း၊ ဆိုင်း ဘုတ် တင်ခြင်း၊ ပန်းချီ ပန်းပု လုပ်ငန်းလုပ်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေ ကြောင်း ခရီးသွား လာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင် ထူခြင်း ကောင်း၏။ယနေ့တွင် အိမ်၊ ခြံမြေများ အရောင်းအဝယ် မပြုအပ်ပါ။ အလုပ်အကြံအစည်များ စတင် ဆောင် ရွက် ရန်မသင့်ပါ။ အိုးအိမ်တည်ဆောက်ခြင်း၊ စတင်ခြင်းများ မပြုအပ်။ တစ်ပိုင်းတစ်စ ဖြစ်တတ်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄:၃၀) နာရီမှ ညနေ(၀၆:၀၀)နာရီအတွင်း ကျရောက် နေပါ တယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ကြာသပတေး၊သောကြာ၊စနေသားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင် နှင့် မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅/၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လက်ဖက်ရည်သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဖက်ထုပ်ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

23.September .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆန်း(၉)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၂၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၅)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင် အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့မွန်းလွဲ ၁း၁၉မိနစ်အထိလဆန်းတီထိ၈လုံး စွမ်းအားတွေ၊ခံနိုင်ရည်တွေကိုပေးတဲ့ ဇယျာ တီထိကျရောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ဘာလုပ်လုပ်တွေဝေခြင်းမပြုဘဲလုပ်ရင်အထူးအဆင်ပြေပါတယ်။ ကျန်းမာရေးနဲ့ ပက်သက်ပြီး ဆရာကောင်းသမားတော်ကောင်းတွေနဲ့ တွေ့ဆုံကုသခွင့်တွေရတတ်ပါတယ်။ ဆေး ကောင်းဝါးကောင်းတွေမှီဝဲခွင့် ရတတ်ပါတယ်။ ဆေးစစ်သွေးစစ်လုပ်ချင်တယ်ဆို ဒီနေ့လုပ်ခြင်းဖြင့် မှန်ကန် တဲ့ရလဒ်တွေကိုရရှိလာပါလိမ့်မယ်။

ကုန်ပစ္စည်းအသစ်တွေကြော်ငြာလို့အထူးကောင်းပါတယ်။ အနုပညာနှင့်ပတ်သက်သောလုပ်ငန်းများတိုးတတ်နိုင် ပါတယ်။ လှောင်ကုန်များရောင်းထုတ်လို့အထူးကောင်းပါတယ်။ ရပ်ဝေးမှာတည်ဆောက်ထားတဲ့စီးပွားရေးတွေ အထူး တိုးတတ်ပါလိမ့်မယ်။ အခက်အခဲတွေ၊complain တွေကိုလဲ ကောင်းစွာဖြေရှင်းသွားနိုင်ပါလိမ့်မယ်။

အလုပ်အကိုင်အခွင့်အလမ်းများအတွက် အင်တာဗျူးဖြေခြင်း ၊အလုပ်သစ်လျှောက်ထားခြင်းတွေဆောင်ရွက်နိုင် ပါတယ်။ ရာထူးတိုးအတွက်လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်သင့်တဲ့နေ့ရက်လဲဖြစ်ပါတယ်။

ဆောက်လုပ်ရေးနှင့် စက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေ တိုးတတ်မှုတွေရှိတတ်ပါတယ်။ ကားနှင့်ယန္တရား လုပ်ငန်း များ၊တွင်းထွက်ပစ္စည်းတူးဖော်ရှာဖွေရေးလုပ်ငန်းများလဲ အောင်မြင်မှုတွေရလာတတ်ပါတယ်။ ဆေးပညာ များအသစ် များစူးစမ်းရှာဖွေခြင်း၊ ဆေးဝါးသစ်ထုတ်လုပ်ခြင်း၊နည်း ပညာနဲ့ပက်သက်ပြီး အားထုတ်လုပ်ကိုင်ခြင်း များဆောင်ရွက် လို့ကောင်းပါတယ်။ယနေ့တွင် မည်သည်အရာကို ပြုလုပ်သည်ဖြစ်စေ အထူးသတိရှိရမည်။ ဘာသာရေးဆိုင်ရာနှင့် မြင့်မြက်သော ကိစ္စများ ဆောင်ရွက်ရန် အခါမသင့်သေးပါ။ သိလိုသော သတင်းအချက် အလက်များကို စုစည်းရန် ရက်ကောင်းဖြစ်သည်။ ရန်ပြဿနာများ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရန် ရက်ကောင်း ဖြစ်သည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁:၁၅ )နာရီမှ ည(၂၂:၀၇)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊မူလနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဓနုစန်း၊  ကန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့ မွေးသူများဟာအခက်အခဲတွေဘယ်လိုပဲရှိ ပါစေ.. ကျော်  လွှားနိုင်ပါလိမ့်မယ်။ လူချစ်လူခင် ပေါ များ တယ်။ လုပ်ငန်းရှင်၊ သူဌေးကြီးတွေရဲ့ အားအကိုးရဆုံးလူယုံ တွေ ဖြစ် တတ်ပါတယ်။ကျန်းမာရေး အားကောင်း ကြ သူတွေဖြစ်တတ်ပြီးတော့ အိမ်ထောင်ရေးကတော့ ကမောက်ကမ ဖြစ်လွယ်ကြသူတွေဖြစ်ပါတယ်။ ငွေကြေးကံအား ကောင်းတဲ့သူမျိုးတွေဖြစ်ကြ ပါတယ်။ ခရီးသွားလုပ်ငန်း၊ပညာရေး လုပ်ငန်း၊ ဂိုက်လုပ်ငန်းများနဲ့ အကျိုးပေးအောင်မြင် တတ်ကြတဲ့သူတွေဖြစ်ကြပါ တယ်။ အရွယ်လွန်တတိယအရွယ် ရောက်တဲ့အခါ ဘာသာရေးဘက်ကိုနွယ်သွားပြီးတော့ တရားရှာ၊တရားရတတ်တဲ့ သူမျိုးတွေအဖြစ်လဲ ဒီလိုဇာတာမျိုး ကိုတွေ့ရလေ့ရှိကြပါတယ်။

နေ့လယ် ၁၂နာရီခွဲထိမူလနက္ခတ်မို့ ပန်းချီပန်းပု လုပ်ငန်း၊ ကျောက်ဆစ်လုပ်ငန်း၊ ဂီတနှင့်အနုပညာဆိုင်ရာများ၊ အဆိုအက သရုပ်ဆောင်ခြင်း၊ ကလေးထမင်းခွံ့ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ကျောက်မျက်ရတနာလုပ်ငန်း တူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ရေတွင်းရေကန်တူးခြင်း၊ အဝီစိ တွင်း တူး ခြင်းများ ကောင်း၏။

နေ့လယ် ၁၂နာရီခွဲနောက်ပိုင်းပြုပ္ဗာသဠ်နက္ခတ်ဖြစ်ပါတယ်။ ပြုပ္ဗာသဠ်နက္ခတ်သည်အောက်ငုံနက္ခတ်ဖြစ်တာမို့ ကလေးထမင်းစခွံ့ခြင်း၊ကျောက်မျက်ရတနာတူးဖော်ခြင်း၊စူးစမ်းရှာဖွေခြင်း၊ဆည်မြောင်း၊တာတမံဆောက်လုပ်ခြင်း၊ရေတွင်းရေကန်နှင့်အဝိစိတွင်းတူးဖော်ခြင်းများ စာရေးသားခြင်းများ အထူးကောင်းပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(08:56) နာရီမှမနက် (10:27)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊သောကြာ၊စနေသားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ တနင်္လာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ဗုဒ္ဓဟူး၊ရာဟု၊ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နက်ပြာရောင် နှင့် ဖက်ဖူးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅/၄/၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့မြေပဲကြော်စား သွားပါ။ ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့အေးဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695