ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပထမဝါဆိုလဆန်း(၁၂)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၂၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုနေ့မျိုးမှာ အိမ်အတွက်လိုအပ်တဲ့အိမ်ထောင်ပရိဘောဂများ။ မီးဖိုဆောင်သုံးပစ္စည်းများ ဝယ်ယူလို့ ကောင်းတဲ့နေ့ရက်ပါပဲ။ဒီလိုနေ့ရက်တွေမှာဆံသခြင်း၊တစ်ကိုယ်ရည်သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခေါင်းဆေးမဂ်လာ လုပ် ခြင်းများ ဆောာင်ရွက်နိုင်ပါတယ်။ သစ်ပင်စိုက်ပျိုးခြင်း၊ပျိုကြဲခြင်းများစတင်လို့အထူးကောင်းပါတယ်။
ဘာသာရေးနှင့်ပက်သက်သောကိစ္စများ၊ပရဟိတအလှူအတန်းနှင့်ဆိုင်သောကိစ္စများ ဆောင်ရွက်နိုင်ပါတယ်။ ဘယ် နယ် ပယ်တွင်မဆိုအသစ်တီထွင်ခြင်း၊မူလလက်ဟောင်းကို modifine ပြုလုပ်ခြင်းများလဲဆောင်ရွက်နိုင်ပါ တယ်။ အိမ် အလှဆင်လုပ်ငန်းများ တိုးတတ်အောင်မြင်တတ်ပါတယ်။
အနုပညာနှင့်ပတ်သက်သောအလုပ်များ၊ဖျော်ဖြေရေးနဲ့ပက်သက်သောအလုပ်များ တိုးတတ်ပါလိမ့်မယ်။ ပါတီပွဲများ ကျင်းပခြင်း၊ ပျော်ပွဲရွှင်ပွဲများကျင်းပခြင်းများလဲ ပြုလုပ်နိုင်ပါတယ်။ အားကစားရုံများစတင်ဖွင့်လှစ်ခြင်း၊ဘောလုံး ကွင်း များ၊GYM ခန်းမများစတင်ဖွင့်လှစ်ခြင်းများအထူးကောင်းပါတယ်။ ဆည်မြောင်းတာတမံများတူးဖော်ခြင်း၊ ရေတွင်း၊ ရေကန်၊အဝီစိတွင်းများ တူးဖော်ခြင်းတွေဆောင်ရွက်နိုင်ပါတယ်။
ကုန်ပစ္စည်းသစ်များ မိတ်ဆက်ခြင်း၊စတင်ဖြန့်ချီခြင်းများပြုလုပ်နိုင်ပါတယ်။အလှူမဂ်လာနှင့်ပတ်သက်သော ရှင်ပြု နား သခြင်း၊ပဉ္ဇင်းခံခြင်းများလဲ ဆောင်ရွက်နိုင်သလိုဘုရားထီတင်ခြင်း၊ဘုရားနေကဇာတင်ခြင်း၊ အလှူအတန်း ရေစက်ချ ခြင်းအမျှဝေခြင်းများအထူးကောင်းပါတယ်။
ဒီနေ့ ကာမမကြူးရပါ။ အလုပ်လျှောက်ခြင်း၊ အလုပ်ရှာခြင်းများ ကောင်းသည်။ အကြီးအကဲများထံ ဝင်ထွက်သွား လာနိုင်သည်။ လှောင်ကုန်ပစ္စည်းများ ငွေမြှုပ်နှံ၍ အကျိုးရှိနိုင်မည်။ နဲနက်(၁၀း၃၀)နာရီမှ နေ့(၁း၁၂)နာရီအတွင်း အရေးကြီးသောကိစ္စများ ဆောင်ရွက်ပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၂း၅၇း၅၈)နာရီမှ နံနက်(၃း၄၉း၃၅)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
မွန်းလွဲ ၂း၃၈မိနစ်အထိကသွာတိနက္ခတ်ဖြစ်ပြီးတော့ ထိုအချိန်ကျော်လွန်ပါက ဝိသာခါ နက္ခတ်သည် ရောနှော ထားသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး လုပ်ရိုးလုပ်စဉ်များ၊ကျွမ်းကျင်မှုတာဝန်များ၊ အိမ်မှုကိစ္စများနှင့် နေ့စဉ်အရေး ပါသည့် လှုပ်ရှားမှုများအတွက် ကောင်းမွန်ပါသည်။ဤနက္ခတ်သည် အောက်သို့ မျက်နှာ မူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ်၊ ပန်းပုပညာ ၊ အနုပညာ ၊အရေးအသား၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆထိန်းချုပ်ခြင်း၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံ ထားသောပစ္စည်းများကိုပြန်ယူခြင်း စသည့်အလုပ်များပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ တူစန်း၊ မွန်းလွဲ ၂း၃၈မိနစ်အထိကသွာတိနက္ခတ်နဲ့စန်းယှဉ်တာဖြစ်ပြီးတော့ ထိုအချိန်ကျော်လွန်ပါက ဝိသာခါ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊မေထုန် ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ကောင်းသော ကံ ကြမ္မာနှင့် ကောင်းသော အခွင့်အလမ်းတွေကိုရရှိတတ်ပါတယ်။ကြိုးစားသူတွေ၊ မယိမ်းမယိုင်ဘဲ အောင်မြင်နိုင်ကြ ပါ တယ်။ အပေါင်းအသင်း ကြည့်ပေါင်းတတ်ဖို့လိုပါတယ်။ မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ ပေါင်းမိတတ်ပါတယ်။ အားသာချက်က အတက် ပညာအမျိုးမျိုးတက်မြောက်လွယ်ပြီးတော့ အသက်မွေးမှုအတွက် ကတော့ ဘယ်သော အခါ မှာ စိတ်မညစ် ရမဲ့သူတွေ ဖြစ်ပါတယ်။ ငွေကြေးရှာလွယ်ခြင်း၊အိမ်ထောင်ဘက် ကောင်း ရရှိခြင်း၊ ပညာတက်မြောက် ခြင်း၊သင်္ချာပညာမှာကျွမ်းကျင် ခြင်းတွေက ဒီဇာတာရဲ့ထူးခြားချက်တွေဖြစ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁:၄၇) နာရီမှ ညနေ(၃:၂၆)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ကြည်ပြာရောင် နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၄၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အာလူးကြော်စား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်ကုလားမဲ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695