ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော်(၂)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဧပြီလ(၆)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၀၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၅၅)နာရီဖြစ်ပြီး ၊ ညနေ(၆:၁၆)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နေ့လည်(၁၁း၀၄)နာရီအထိ မိတ္တုမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် ကိတ်မြေခံအဖြစ် သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်း တွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက် အဦး တွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ သိကြားပြည်ပြဿဒါးရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နေ့လယ်(၁၁း၀၄)နာရီအထိ လပြည့်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ပျော်ရွှင်ခြင်း၊ကောင်းမြတ်ခြင်းတွေကိုပေးတဲ့ နန္ဒတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ စီးပွားရေးနယ်ပယ်တွေမှာအရေးပါသူတွေကို တွေ့ဆုံပြီး အလုပ်နဲ့ပက်သက်ပြီး အကြံဉာဏ်ယူသင့်တဲ့နေ့ရက်ပါပဲ။ ကြီးကဲသူများထံသွားရောက်၍ သြဝါဒခံယူနိုင်ပါတယ်။ လုပ်လက်စအပြီးမသတ် နိုင်တဲ့အလုပ်တွေ ကိုပိုမို တိုးတတ်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ကံကောင်းခြင်းတွေကိုလဲ ရရှိခံစားရပါလိမ့်မယ် ။ပဋိပက္ခအခက်အခဲ ရှိနေ သူများနှင့် အဆင်ပြေအောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။
ခရီးသွားလုပ်ငန်းများ၊ ဘုရားဖူးဝန်ဆောင်မှုလုပ်ငန်းများ၊ကုန်သွယ်စီးပွားများအထူးကောင်းပါလိမ့်မယ်။ အလုပ်နဲ့ ပတ်သက် သောခရီးကိစ္စတွေလဲ အဆင်ပြေနိုင်တဲ့နေ့ရက်ပါပဲ။စိတ်ချမ်းသာမှု တွေကိုကြုံရမဲ့နေ့ရက် ပဲဖြစ်ပါတယ်။ မျိုးစေ့ချခြင်း၊ပျိုးကြဲခြင်း၊နှစ်ရှည် ပင်များစတင်စိုက်ပျိုးခြင်းတွေကိုဒီနေ့မှာစတင်ဆောင်ရွက်နိုင်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အားရ စကားကောင်းတဲ့နေ့ရက်ပါ။ လူတော်တော်များများကျန်းမာရေးကောင်းနေပါလိမ့်မယ်။အရင်ကတည်းက ကျန်းမာ ရေးအားနည်းသူတောင်မှနလန်ပြန်ထူမဲ့နေ့ရက်ပါပဲ၊
ကဗျာ၊စာပေ၊အနုပညာနှင့်နွယ်သောအလုပ်များလဲ အထူးတိုးတတ်နေပါလိမ့်မယ်။ မိမိကိုးကွယ်တဲ့ မိရိုး ဖလာနတ် တွေကိုပူဇော်ခြင်း၊ပသခြင်းများပြုလုပ်ခြင်းဖြင့် အကျိုးများစေတာကိုတွေ့ရပါတယ်။အချစ်ရေးနဲ့ပတ်သက် သော ကိစ္စများအလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ချစ်ရသူကိုဖွင့်ပြောတာမျိုးတွေ၊ချစ်သူရည်းစားနဲ့လက်ထပ်ဖို့ တိုင်ပင်တာမျိုးတွေအထူးဆောင်ရွက်နိုင်ပါတယ်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ မနက်၅နာရီ၁၄မိနစ် မှ ၆နာရီ၄မိနစ်ထိ၊ညနေ၅နာရီ၂၉မိနစ်မှည၆နာရီ၁၈မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့် လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ ကြုံ ပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။
ဒီနေ့ဟာ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။ ဆိုင်းငံ့ထားသော လုပ်ငန်းများ ပြန် လည် စတင်နိုင်မည်။ လှောင်ကုန်ပစ္စည်းများ ရောင်းချ၍ အကျိုးအမြက်ကောင်းများ ရရှိနိုင်ပါတယ်။ အရောင်းထိုင်း ပစ္စည်းများ၊ တစ်ပတ်ရစ်ပစ္စည်းများ ဈေးကွက်တင်၍ အကျိုးအမြတ်ကောင်းများ ရရှိနိုင်ပါတယ်။ ရှေးဟောင်းပစ္စည်း များ ရောင်းဝယ်ဖောက်ကားရန် ရက်ကောင်း ဖြစ်နေပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၈:၂၃)နာရီမှ နံနက်(၉:၁၅)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဟဿတနက္ခတ်ကျရောက်တာမို့အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ စာအုပ် စာရေး ကိရိယာလုပ် ခြင်း၊ စာပေဖြန့်ချိရေးလုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ လက်ဝတ်ရတနာဝတ်ဆင်ခြင်း၊ ချစ်မေတ္တာ စကားပြောဆိုခြင်း၊ ထီထိုးခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲများ၊ ပါတီပွဲများ၊ ဧည့်ခံပွဲများစတင်၍ ဖွင့်လှစ်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ဆံသလုပ်ငန်း၊ ဆိုင်ကယ်၊ အိုးဝေ၊သုံးဘီးဆိုင်ကယ်ရောင်းဝယ်ပြုလုပ်ခြင်း ကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ကန်စန်း၊ ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မွန်းလွဲ ၁နာရီ၄၀မိနစ်ကျော်ရင် စိတြနက္ခတ်ကိုကူးပြောင်းပါတယ်။မိန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ စိတ်ကူးကောင်း အယူ အဆကောင်းကြသူတွေဖြစ်ပါတယ်။ သို့သော်ကြွားဝါခြင်း၊မိမိအတ္တကိုသာ ရှေ့တန်းတင်ခြင်းတွေ ကိုပြုပြင်ရမှာ ဖြစ်ပါတယ်။ သတိထားရမဲ့အချက်က ဘဝမှာ တစ်ခုခုကို တစိုက်မတ်မတ်လုပ်ပါ။ အဲလိုမလုပ်ပါက ဟိုဟာ လုပ်ရနိုး ဒီဟာလုပ်ရနိုးနဲ့ဘဝမှာမရေမရာဖြစ်သွားတတ်ပါတယ်။ မိဘအထောက်အပံ့တွေအများကြီးရနိုင်သူ ဖြစ်သလို အိမ်ထောင်ရေးကံလဲ အထိုက်အလျောက်ကောင်းကြပါတယ်။ စိတ်ကူးကောင်းတယ်။ သို့သော်လက်တွေ့အကောင် အထည် ဖော်ဖို့ လေးဖင့်နေတတ် ပါတယ်။ ကံကောင်းစေတဲ့အချက်ကတော့ ငွေကြေးရလွယ်တယ်။ ဖခင်၊အဘိုး၊ ဦးကြီးဘကြီးတွေရဲ့ အထောက်အပံ့ရ တယ်။ ဒီလိုဇာတာမျိုးတွေကအများအားဖြင့် မိဘတွေက အိမ်ခြံ အလုပ်စသည် ဖြင့် အကုန်စီစဉ်ပေးပြီးဘဝမှာရေကန် အသင့် ကြာအသင့်ဆိုသလို အဆင်ပြေတတ်သူတွေဖြစ်ပါတယ်။ တစ်ကိုယ် ကောင်းဆန်တာ၊ ငါလောက်ဘယ်သူမှမသိ ဘူးဆိုတဲ့ အတ္တမာနတွေကြောင့်သာ ဘဝမှာအခက်အခဲများသွား စေနိုင်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉:၀၂) နာရီမှ နံနက်(၁၀:၁၅)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် မရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၇၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့မျက်နှာကိုသန့်ရှင်းအောင် မုတ်ဆိတ်ရိတ်ခြင်း၊ မိန်းကလေးတွေဆိုမျက်နှာအလှအပ ပြင်ပြီးမှသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကြက်သားဟင်းဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။