loading

Tag: Zodiac

11.December.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နတ်တော်လဆုတ်(၄)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၁၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ နဂါးပေါ်ရက်၊ သမားညို ၊ရက်ကန်း ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ညနေ ၅နာရီအထိက လဆုတ်တီထိ၃လုံးပဲ၊ကျော်ပါက လဆုတ်တီထိ ၄လုံးကိုကူးပြောင်း ပါတယ်။ ပြန့်ကျဲနေတဲ့ငွေကြေးတွေ၊ ဥစ္စာပစ္စည်းတွေ ပြန်လည်စုစည်းနိုင်ပါလိမ့်မယ်။ကျန်းမာရေးအတွက် လိုအပ် တဲ့ဆေးစစ်ခြင်းတွေအဆင့်ဆင့်ပြုလုပ် နိုင်ပါတယ်။ ဆေးကုသမှုတွေခံယူနိုင်ပါတယ်။ ဆေးစွမ်းကောင်း၊ သမားကောင်း တွေ့၍ကုသပျောက်ကင်းနိုင်မဲ့နေ့ ရက်ပါပဲ။

အားကစားပွဲများကျင်းပခြင်းတွေ၊အားကစားပစ္စည်းများစတင်ရောင်းချခြင်းတွေအထူးပဲဆောင်ရွက်လို့ကောင်းပါ တယ်။ငွေကြေးချေးငှားခြင်းတွေဆောင်ရွက်လို့အလွန်ကောင်းပါတယ်။ မိတ်ဆွေသစ်ဖွဲ့ခြင်းတွေဆောင်ရွက်လို့ အလွန်ကောင်းပါတယ်။ဖောက်သည်သစ်တွေတိုးလာမဲ့နေ့လဲဖြစ်ပါတယ်။စာချုပ်လက်မှတ်ထိုးခြင်းတွေ၊ထီကံစမ်း ခြင်းတွေ အထူးဆောင်ရွက်နိုင်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့လဲ အလုပ်သစ်လျှောက်လို့ကောင်းပါတယ်။

မေတ္တာရေးနဲ့ပတ်သက်သောကိစ္စများဆောင်ရွက်လို့ကောင်းပါတယ်။ရှင်ရဟန်းခံခြင်း၊ရှင်ပြု၊နားသခြင်းများအထူးပဲဆောင်ရွက်လို့ကောင်းပါတယ်။ ဆိုင်သစ်ဖွင့်ခြင်း၊ဆိုင်းဘုတ် တင်ခြင်း၊shopping mallများစတင်ဖွင့်လှစ်ခြင်းများ အထူးကောင်းပါတယ်။အွန်လိုင်းကနေအလုပ်ရှာခြင်း၊ အွန်လိုင်းကနေဈေးရောင်းခြင်းများအထူးကောင်းပါတယ်။

ဒီနေ့မှာ ဘာလုပ်လုပ်သတိကပ်ပြီးလုပ်ပါ။ နမောနမဲ့ ပျက်ချော်ချော်တွေမလုပ်ပါနဲ့။ အသေးအမွှားကအစ သတိ ထားဆောင်ရွက်ပါ။ ကိစ္စအသေးလေးတွေကနေပဲ ပြဿနာအကြီးကြီးတွေကိုဖြစ်သွားစေပါလိမ့်မယ်။ အလျင်လိုလေ အနှေးဖြစ်ရလေပါပဲ။ ယာဉ်ကားကို အရှိန်လွန်မောင်းခြင်းမျိုးတွေ၊အန္တရာယ်ရှိတဲ့ကိစ္စတွေကို သတိ လက်လွတ်လုပ်လို က်ခြင်းတွေအထူးသတိထားရမဲ့နေ့ပါပဲ။

ယနေ့တွင် မြောက်အရပ်သို့ ဦးတည်သွားလာစဉ် မတော်တဆ ထိခိုက်မှုအန္တရာယ် ကြုံတွေ့ရတတ်သည်။ နံနက်(၁၀း၃၀)နာရီမှ မွန်းတည့်(၁၂း၀၀)ကြားကာလများတွင် ရန်အန္တရာယ်များ အထူးသတိပြုရမည်။ ဆေးစား၊ ဆေးကုပြုနိုင်သည်။ သမားပြသခြင်းများ၊ ဆေးဝါးဖေါ်စပ်ခြင်းများ ပြုလုပ်ရန် အခါကောင်းကျရောက်နေပါသည်။ ယနေ့ အိုးအိမ် စတင်စတည်ဆောက်က မီးလောင်ပျက်စီးနိုင်ပါသည်။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၄း၀၄)နာရီမှ ညနေ(၄း၅၆)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  မရဏဖွား၊  မေထုန်စန်း၊နေ့စက်(၂)နာရီလွန် စန်းကရကဋ်ရာသီသို့ပြောင်းသည်။  ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ စိတ်နှစ်ခွဖြစ်ကြသူတွေများပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး နီးစပ်ကြ သူတွေဖြစ်သလို မိမိလိုရင် ငွေအမြောက်အများအရင်းအနှီးထောင်ပေးမဲ့သူတွေနဲ့လဲ ကြုံရတတ်ပါတယ်။ ဘာလုပ်လုပ် အခွင့်အရေးဆိုလဲ နှစ်မျိုးရတတ်သလို၊ဒုက္ခဆိုလဲ နှစ်မျိုးလာတတ်ပါတယ်။ အလုပ်အကိုင်ဆိုလဲ တစ်မျိုးထက်မက လုပ်ခွင့်ရကြသူတွေဖြစ်ပါတယ်။ ကျန်းမာရေးအညံ့အနည်းငယ်ရှိနေတတ်ပြီးတော့ရေလမ်းခရီးများနှင့် အပျော်သက် သက်ခရီးများကိုတော့ သတိထားသွားသင့်ပါတယ်။ဒါအပြင် အရက်ဘီယာတွေကိုတစ်သက်လုံးရှောင်သင့်တဲ့ဇာတာ ရှင်မျိုးတွေဖြစ်ကြပြီးတော့ အရွယ်ရောက်လို့ သောက်စားများလာရင်တော့အသက်တိုရတတ်ပါတယ်။

            ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၀၉)နာရီမှ ညနေ(၅း၃၃)နာရီအတွင်း ကျရောက်နေပါသည်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာက စပြီး ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့  တနင်္ဂနွေ၊ ဗုဒ္ဓဟူး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင်၊ အနက်ရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသေုံးအဆောင် ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင် ပါလိမ့်မည်။   

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Nujmber တွေကတော့ (၃၊ ၅) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ရေဗူးလေးဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သရက်ယို ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

9.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နတ်တော်လဆုတ်(၂)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကျား မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။

တီထိမြေခံ မွန်းတည့် ၁၂နာရီထိ ကိတ်မြေခံဖြစ်တာကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။မွန်းတည့် ၁၂နာရီကျော်ရင်တော့ ရက်ယုတ်မာနဲ့ တိုက်ဆိုင်နေတာကြောင့်ရယ်၊ ရာဟုမြေခံကူးပြောင်းတာရယ်ကြောင့်အထက်ပါကိစ္စများ ဆောင်ရွက်လို့မသင့်ပါဘူး။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်ယုတ်မာ ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့မွန်းတည့်ကာလထိ လဆုတ်တီထိ ၁လုံး၊မွန်းလွဲသွားပါကလဆုတ်တီထိ ၂လုံး ကျော်ကြား ခြင်း၊ငြိမ်းချမ်းခြင်းတွေကိုပေးတဲ့ ဘဒြာတီ ထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ တစ်ဝက်တစ်ပျက်၊တစ်ပိုင်းတစနဲ့ ရပ်တန့်ထားသောအလုပ်များ ပြန်လည် လုပ်ကိုင်ခြင်းဖြင့် ထင်ရှားတဲ့ အကျိုးကျေးဇူးကိုရရှိပါလိမ့်မယ်။

လူအများစုအတိုက် အခိုက်လေးတွေကြုံရတတ်တယ်။ အဆင်မပြေနေသူဆိုမနာလိုပုပ်ခပ်သူတွေနဲ့အထူးကြုံရ တတ်ပါတယ်။ မိမိဦး တည်ချက်ကို မည်သည့်ကိစ္စနှင့် မယိုင်ပါစေနဲ့။အလွန်မှအဖျက်ဝင်တတ်ပါ။

            သီလလုံအောင်နေပါ။ ဒုစရိုက်၁၀ပါးရှောင်သင့်တဲ့နေ့ရက်ပါပဲ။ကျောက်မျက်ရတနာသွေးခြင်း၊ ဖြတ်ခြင်း၊ အရောင်တင်ခြင်းများလဲအထူးဆောင်ရွက်လို့ကောင်းတာမျိုးတွေ့ရပါတယ်။ အသစ်တစ်ခုခုစတင်ဖန်တီးခြင်းတွေ ၊ စွန့်ဦးတီထွင်လုပ်ကိုင်ခြင်းမျိုးတွေ ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ တစ်ဦးတစ်ယောက်ထဲလုပ်ကိုင်ရတဲ့ အလုပ်များဖြစ်တဲ့ ပန်းချီဆွဲခြင်း၊ပန်းပုထုခြင်း၊ စာရေးခြင်းစတဲ့အလုပ်များ စိတ်ကူးသစ်တွေနဲ့အတူး ဖန်တီးမှုအသစ် တွေလဲရရှိပါလိမ့်မယ်။

ယနေ့တွင် ပွဲလမ်းသဘင်များ ကျင်းပပါက လူယုတ်မာတို့၏ နှောက်ယှက် ဖျက်ဆီးမှု တို့ ကြုံတွေ့နိုင်ပါသည်။ နံနက်(၁၀း၃၀)နာရီမှ မွန်းတည့်(၁၂း၀၀)နာရီအတွင်း ပြဿနာများနှင့် ကြုံတွေ့ရနိုင်ပါသည်။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၄း၁၂)နာရီမှ ညနေ(၅း၀၄)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ရက်ယုတ်မာကျရောက်တဲ့နေ့ဖြစ်တာကြောင့် အိမ်ဆောက် တာ၊တိုက်ဆောက် တာ၊ ဆိုင်ဆောက်တာ၊ ပန္နက်ရိုက် တာ၊တိုင်ထူတာမျိုးတွေ မလုပ်သင့်ပါ။ လုပ်မိတယ် ဆိုရင်တော့ ရေမီးမင်းခိုးသူ၊အမွေခံသားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါးကြောင့် ပြန်လည်ပျက်စီးရ တတ်ပါ တယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊  မေထုန်စန်း၊  ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အခက်အခဲတွေ ကိုအပျော်အဖြစ်ပြောင်းလဲနိုင်သူတွေဖြစ်ပါတယ်။ သတိထားရမှာက ငွေကြေးနဲ့ပတ်သက်ပြီး အသုံးအစွဲကြီး လက်လွယ်တာမို့ ငွေစုဆောင်းရခက်ခဲတတ်ပါတယ်။ မည်သည့်နယ်ပယ်မဆို ပြုပြင်ရသောအလုပ်တွေ၊ ထိန်းသိမ်း စောင့်ရှောက်ရသောအလုပ်တွေနဲ့အကျိုးပေးပါတယ်။ ဒါကြောင့် လူမျိုးခြား၊တစိမ်း၊ရပ်ဝေးနယ်ခြားတွေနဲ့ ပိုမိုအဆင် ပြေတတ်ပါတယ်။ ဒါနဲ့ဆန့်ကျင်ဘက်ဖြစ်သော သွေးသားရင်ခြာတွေနဲ့ ဆွေမျိုးသားချင်းတွေက မိမိတို့ကိုကောင်းစွာ ဒုက္ခပေးနိုင်တာကိုအထူးတွေ့ရပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၃၄)နာရီမှ နေ့လည် (၁၁း၅၈)နာရီအတွင်း ကျ ရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်အတွင်းမှာ မင်္ဂလာအခါတော်ပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိ ကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာက စပြီး ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများကတော့ စနေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။    

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အသားရောင်နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူး အလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းများကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၄) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ထန်းလျက် အနည်းငယ် စားသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အီကြာကွေး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

8.Dec.2022 မှ 14.Dec.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း         

       

#တနင်္ဂနွေ

            ဒီအပတ်အတွင်း အိမ်ပြောင်း၊နေရာပြောင်း၊ခရီးယာယီတွေကြုံရတတ်ပါတယ်။ အဝေးကအမိအဘအကြီး အကဲတွေလာလည်တာမျိုးလဲ ဒီအပတ်ထဲမှာကြုံနေရတတ်ပါတယ်။ ငွေကြေးအားကောင်းနေတတ်ပြီးတော့ အလှ အပနှင့်ဆိုင်သောလုပ်ငန်းများအထူးအကျိုးပေးပါတယ်။ဒီအပတ်ထဲ ခန္ဓာကိုယ်က ချွေးနံမထွက်ဘဲ အမြဲတမ်း အမွှေး နံ့သာလိမ်းခြယ်ထားခြင်းကလဲကံကောင်းမှုတွေပိုများစေပါလိမ့်မယ်။ ဝန်ထမ်းဖြစ်စေ၊လခစားဖြစ်စေငွေကြေး ထက် အလုပ်တိုးတတ်ဖို့ကိုသာ ဦးစားပေးအာရုံစိုက်ထားသင့်ပါတယ်။ ရတနာပစ္စည်းတွေအထွက်ပြနေတာမို့ ပွဲလမ်း သဘင်က အစ မလိုအပ်ရင်ရတနာပစ္စည်းတွေမဝတ်ဆင်တာပိုကောင်းပါတယ်။ ကျန်းမာရေးအားအနည်းဆုံးကာလ ထဲရောက်နေတာမို့ ကျန်းမာရေးယုတ်လျောစေမဲ့ကိစ္စမှန်သမျှ အလွန်အကျွံမလုပ်ဖို့သတိပေးချင်ပါတယ်။ ဆီမသန့် သောဆီကြော်မုန့်များနှင့် fast food တွေစားတာမျိုးဒီအပတ် မှာရှောင်နိုင်လေ ကောင်းလေပါပဲ။ စိတ်ရောလူပါ မနားမနေ လှုပ်ရှားအလုပ်များနိုင်တယ်။ ငွေကြေးအရ စွန့်စား မှု သိပ်များပြီးတော့ လောင်းကစားဆန်တဲ့ အလုပ်တွေ ပေါ်လာတတ်တယ်။ ဝင်ငွေကောင်းသလောက် သတိထားတဲ့ကြားက ဆုံးရှုံးမှုတချို့ ဖြစ်တတ်တယ်။ အချစ်ရေးကိစ္စ တွေမှာတော့ အဆင်ပြေစိတ်ချမ်းသာရပါလိမ်မယ်။ အိမ်ထောင်ရေးမှာလဲ အိမ်ထောင်ဘက်ရဲ့ကူညီဖေးမမှုတွေကို အထူးရရှိပါလိမ့်မယ်။

အကျိုးပေးဂဏန်း  ၄၈၃

အထူးဟော ကျန်းမာရေးတော့ ဂရုစိုက်ပေးပါ။

ယတြာ    သီးစုံဟင်းနဲ့ ရဟန်းသံဃာတွေကို ဆွမ်းလောင်းပါ…

#တနင်္လာ

            ဒီတစ်ပတ်အတွင်း စိတ်ချမ်းသာစွာနဲ့ဖြတ်သန်းနိုင်ပါလိမ့်မယ်။ ရေကူးခြင်း၊ခရီးအပန်းဖြေသွားခြင်းတွေကို လဲဒီကာလအတွင်းဆောင်ရွက်ခြင်းဖြင့် ကံကြမ္မာမြင့်မားမှုကိုဖြစ်စေပါတယ်။ ငွေကြေးစတင်စုဆောင်းတာဖြစ်ဖြစ်၊ စတင်ပြီးငွေကြေးရင်းနှီးမြုပ်နှံတာဖြစ်ဖြစ်ဆောင်ရွက်လို့ကောင်းပါတယ်။မင်္ဂလာကိစ္စတွေ၊အလှူအတန်းကိစ္စတွေ မဖြစ်မနေသွားရမဲ့ခရီးကိစ္စတွေရှိရင် ဒီအပတ်ထဲဆောင်ရွက်လိုက်တာက အဆင်ပြေပါတယ်။ နှစ်ဦးစပ်အလုပ်တွေ အဆင်ပြေနိုင်သလို၊ရေထွက်ကုန်ပစ္စည်း၊ရေသန့်၊အချိုရည်၊ငါးလုပ်ငန်း၊အဖျော်ယမကာအလုပ်တွေကလဲ ဒီကာလ တွေမှာတော့ တိုးတတ်နိုင်ဖွယ်ရှိပါတယ်။ငွေအပိုကုန်ကျမှုနည်းနိုင်ပါတယ်။ ကျန်းမာရေးကတော့ အထူးသဖြင့် အရေပြားနဲ့ပတ်သက်သောရောဂါတွေသတိထားပါ။ မျက်နှာအလှပြင်ခြင်း၊ဆံပင်ပြုပြင်ခြင်းတွေကနေ အရေပြား ထိခိုက်မှု လေးတွေဖြစ်ရတတ်ပါတယ်။အလုပ်စီးပွားကိစ္စမှာ လုပ်နေကျ သွားနေကျ မဟုတ်တဲ့ လမ်းကြောင်းကို ရောက်လာ မယ်။ ပုံစံသစ်တွေနဲ့အတူ ကောင်းသောအပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်။။ အရင်က ဆုံးရှုံးမှုတွေ ရှိခဲ့ရင် ဒီအပတ်မှာ ပြန်ကာမိမယ်(လောင်းကစားအလုပ်ကို ပြောတာမဟုတ်ပါ)။ အလုပ်အကြွေးများနေခြင်းများ ကိုလဲ ပြေလည်အောင် ရှင်းလာနိုင်မယ်။ မိသားစု၊ အိမ်ထောင်ရေးတွေမှာ နားလည်မှု ပြန်ပြီး ရလာနိုင်သလို ချစ်သူ၊ စုံတွဲတွေကြားမှာလည်း မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုတွေ ၊စိတ်ချမ်းသာစရာတွေရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း  ၂၄၅

အထူးဟော ကံမြင့်မားနေမယ်။

ယတြာ  ရွှေကြည်ဘုရားကပ်လှူပါ။

#အင်္ဂါ

            တစ်ခုခုကိုစိတ်နှစ်ပြီး လုပ်ချင်တာရှိနေတယ်ဆိုရင်ဒီအပတ်ထဲလုပ်လိုက်ပါ။ အာရုံစိုက်ပြီး လုပ်ရတဲ့အလုပ် တွေ၊ စိတ်ပျံ့လွင့်ပါက လုပ်ဖို့မလွယ်တဲ့အလုပ်တွေရှိရင်ဒီကာလထဲလုပ်ကြည့်ပါ…အဆင်ပြေပါလိမ့်မယ်။ ကိုယ့် အလုပ်မှာဝန်ထမ်း၊အလုပ်သမားခန့်ချင်တာဖြစ်ဖြစ်၊ စက်မောင်း opreator တွေ၊ ကား Driver တွေခန့်အပ်ချင်တာ တွေဖြစ်ဖြစ် ဒီအပတ်ထဲ ရွေးချယ်ခန့်အပ်မယ်ဆို လူကောင်းရတတ်ပါတယ်။ ဝင်ငွေတိုးပွားလာနိုင်တဲ့ကာလဖြစ်တာ မို့ ပုံမှန်လခစားဝန်ထမ်းတွေဆိုရင်တောင် ဘောနပ်ရတာမျိုး၊ ဘောက်ဆူးသဘောငွေရတာမျိုးလေးတွေကအစကြုံရ လာဖွယ်ရှိနေပါတယ်။ အားနည်းချက်ကတော့ လေပွစာတွေလုံးဝမစားသင့်ပါဘူး။ သားသမီးတွေရဲ့ ကိစ္စတွေမှာ မိမိ တို့အုပ်ထိန်းမှုက လွတ်သွားသူတွေကို(အိမ်ထောင်ကျပြီးသွားတဲ့သားသမီးတွေကိုဆိုလိုသည်) ဝင်ရောက်စွက်ဖက် တာမျိုး တွေမလုပ်သင့်ပါဘူး။လုပ်ငန်းခွင်အတွင်း ပျော်ရွှင် ချမ်းမြေ့စရာတွေ ကြုံတွေ့ရတတ်တယ်။ လုပ်ငန်းမှာ မိမိလုပ်ကိုင်ချင်တဲ့ ပုံစံမျိုးပြောင်းလဲပြီး လုပ်ကိုင်ရတတ်တယ်။ အရင်ကာလက အဆင်မပြေမှုတွေ ဒီကာလထဲမှာ အနေအထားအသစ်တွေနဲ့ ပြန်ကောင်းလာဖို့ ရှိနေတယ်။ အချစ်ရေးကတော့ ချစ်သူချင်း ကူညီဖေးမမှု ရလာမယ်။ အရင်က ပြဿနာဟောင်းတွေ ဖြေရှင်းနိုင်မယ်။ အိမ်ထောင်ရေးမှာတော့စိတ်ရှုပ်စရာ တချို့ ရှိတတ်ပေမယ့် ပြောပလောက်အောင်ညံ့နေတာမတွေ့ရပါဘူး။

အကျိုးပေးဂဏန်း  ၃၆၅

အထူးဟော  စိတ်ပျော်ရွှင်ရမယ်။

ယတြာ  သင်္ဘောသီးမှည့်(သို့)သင်္ဘောသီးသုပ်ဘုရားကပ်လှူပါ။

#ဗုဒ္ဓဟူး/ရာဟု

            ငွေအကုန်ခံနိုင်ဖို့လိုပါတယ်။ဘာလို့လဲဆိုတော့ ဒီအပတ်ထဲမှာ အရာရာငွေခင်းပြီးလုပ်မှအဆင်ပြေတတ်ပါ တယ်။စီးပွားရေးကအစ အချိုအချောင်ရဖို့ မမြင်ပါဘူး။ အလွယ်လမ်းလိုက်သူတွေတော့ သတိထားရမဲ့ကာလပါပဲ။ အိမ်တွင်းရေးအပူရှိတတ်ပါတယ်။ မိမိတို့ မိသားစုထဲမှာ ဆိုးသွမ်းတဲ့သူကိုအကြောင်းပြုပြီးတော့ သောကအပူများရ တတ်ပါတယ်။သားသမီးတွေနဲ့ဆက်စပ်ပြီးတော့ ငွေထွက်စရာကိစ္စတွေပေါ်လာတတ်ပါတယ်။ဒီအပတ်မှာ စေ့စပ် ဆွေးနွေးခြင်း၊ကြားဝင်ဆောင်ရွက်ပေးခြင်း၊အကျိုးဆောင်ပေးခြင်းတွေကိုရှောင်နိုင်သမျှရှောင်လိုက်စေချင်ပါတယ်။ တတ်နိုင်သမျှ အေးအေးဆေးဆေးနဲ့သာ ဒီကာလကိုဖြတ်သန်းတာအကောင်းဆုံးပါပဲ။ပေါ်ပင်အလုပ်တွေ တော့ဒီကာ လ  အတွင်းရှောင်စေချင်ပါတယ်။မိဘတွေကိုစိတ်ချမ်းသာအောင်ထားခြင်းကဒီအပတ်အတွင်းကံကောင်း စေဖို့ အထောက်အပံ့ဖြစ်စေပါလိမ့်မယ်။ဘယ်ကိစ္စမဆို အာရုံစူးစိုက်လို့မရ ဖြစ်နေတတ်တယ်။ အတွေးမှား အထင် မှားတွေကြောင့် လူမှုရေးမှာပါ ထိခိုက်လာပြီးမိတ်ဆွေရင်းတွေနဲ့တောင် မခေါ်နိုင်မပြောနိုင်ဖြစ်ရတတ်တယ်။ ကိုယ့် အချင်းချင်း အပြစ်မြင်ပေဖန်မိလို့ ရှင်းရတတ်တယ်။ အချစ်ရေးမှာ ပဋိပက္ခလေးတွေ ရှိနေတတ်ပေမယ့် ဆိုးရွားတဲ့ အနေအထားထိတော့မဖြစ်ပါ။ နားထားရတဲ့ အလုပ်တွေ ပြန်စရနိုင်တယ်။ကျန်းမာရေးပြဿနာလေးတွေပေါ်လာ တတ်ပါတယ်။ ရောဂါဟောင်းတွေကို ဖြစ်နေကြပါပဲဆိုပြီးမပေါ့လိုက်သင့်ပါဘူး…။

အကျိုးပေးဂဏန်း  ၆၇၀

အထူးဟော  အချောင်ရဖို့ လမ်းမရှိဘူးဗျ..။

ယတြာ     သားသမီး၊အောက်လက်ငယ်သားတွေကို မုန့်ဖိုးပေးလိုက်ပါ။

#ကြာသပတေး

            အလုပ်ပိုတွေများနေသလား ပြန်ချိန်ဆကြည့်ပါ။ မဆိုင်တဲ့ကိစ္စတွေကို လျှော့ချပြီးအရေးကြီးတာတွေကိုသာ ဒီအပတ်ဦးစားပေးပါ။ သတိထားရမှာက သူများအကြံတွေကိုနားထောင်သင့်ပေမဲ့ ယူမသုံးသင့်ဘူး။ တတ်သိနား လည်ထားတဲ့ကိစ္စတွေမှာတော့ သူတစ်ပါးကိုသင်ပေးလို့အထူးကောင်းပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ ကောင်းသောအကူအညီတွေရလာတတ်ပါတယ်။ ပညာပြန်သင်ပေးတဲ့ ဆရာတွေအနေနဲ့ ဒီတစ်ပတ်ထဲသင်တန်းစ တာမျိုးတွေ၊တပည့်လက်ခံတာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။အများအတွက် အကျိုးများစေမဲ့ကိစ္စတွေကိုမျှဝေ တာမျိုးကတော့ ဒီအပတ်မှာကံကောင်းစေဖို့အထောက်အပံ့ဖြစ်စေပါလိမ့်မယ်။ ရေတွင်းတူးခြင်း၊ ရေစုပ်စက်၊ ရေမော်တာဝယ်ခြင်းတွေ၊ရေကန်တည်ဆောက်တာတွေ၊overhead Tank လုပ်တာမျိုးတွေ ဒီအပတ်မှာဆောင်ရွက် ခြင်းဖြင့် အဆင်ပြေပြေနဲ့လွယ်ကူချောမွေ့စေပါလိမ့်မယ်။အစီအစဉ်တကျ လုပ်ထားတာတွေက တလွဲတချော်တွေ ဖြစ်တတ်ပြီး ဖြစ်ပေါ်လာတဲ့အခြေအနေအရရုတ်တရက်ဆုံးဖြတ်ပြီးလုပ်ချလိုက်တဲ့ အလုပ်တွေက ကြံဖန်ပြီးတော့ အောင်မြင်သွားတတ်တယ်။ အကြံကောင်းတော့ တစ်ချက်ဆိုသလိုပေါ့။ရွေးစရာလမ်းနှစ်ခုပေါ်လာရင်လဲမိမိတို့က တစ်ခုဆိုတစ်ခု တိတိကျကျ ရွေးချယ် လုပ်တတ်ဖို့အရေးကြီးပါတယ်။ နှလုံးသားရေး၊အိမ်ထောင်ရေးတွေမှာ အကောင်းအဆိုး ယှဉ် နေမယ်။ယတိပြတ်   ကောင်းမယ်..ဆိုးမယ် မပြောနိုင်ပါ။ ကျန်းမာရေးဂရုစိုက်ပေးပါ။

အကျိုးပေးဂဏန်း  ၁၀၇

အထူးဟော  အရေးကြီးတာကိုဦးစားပေးလုပ်ပါ..

ယတြာ ကြံရည်၊ကြံချောင်းလေးတွေ ဘုရားကပ်ပါ..။

#သောကြာ

            ရန်သူတစ်ဖက်၊မိတ်ဆွေတစ်ဖက်တည်ရှိနေတဲ့ကာလပါပဲ။ မုန်းသူတွေကလဲ ကိုယ်ဒုက္ခရောက်ဖို့ကြံစည်မှာ ဖြစ်သလို ချစ်သူခင်သူတွေကလဲ မိမိအဆင်ပြေဖို့ ကိုယ်အားဥာဏ်အားနဲ့ကူညီကြပါလိမ့်မယ်။ အတွေးများနေတာ တွေ၊ လေထဲတိုက်အိမ်ဆောက်နေတာတွေလျှော့ချပြီး လက်တွေ့ကျကျဆောင်ရွက်မှသာ လုပ်ငန်းစီးပွားတိုးတတ်ပါ လိမ့်မယ်။ ပျင်းနေသူ၊ငိုင်နေသူတွေကျန်ခဲ့ပါလိမ့်မယ်။ နေပူတဲ့နေ့တွေမှာ မိမိအိပ်ယာခင်းတွေ၊ ခေါင်းအုံးစွပ်တွေ၊ ခြင်ထောင်တွေ ကိုလျှော်ပြီး မွှေးပျံ့နေအောင်ထားခြင်းဖြင့် ဒီအပတ်အတွင်းကံကောင်းခြင်းတွေကို ဖြစ်ပေါ်စေပါ လိမ့်မယ်။ကိုယ်ပိုင်စီးပွားရေးသမားတွေဆို မိမိဆိုင်ကို လှပအောင်သန့်ရှင်းရေးလုပ်ခြင်းတွေက အထူးကောင်းပါ တယ်။ငွေကံအားကောင်းနေပေမဲ့.. ကုန်စရာတွေလဲရှိနေတာကိုတွေ့ရပါတယ်။ လှုပ်ရှားသွားလာရမဲ့အလုပ်များ လုပ်ကိုင်နေသူတွေ ကြီးပွားတိုးတတ်ပါလိမ့်မယ်။ စကားများများပြောတာမျိုးကတော့ ဒီအပတ်မှာကောင်းတဲ့ကိစ္စ ပါပဲ။အတွေးသစ်အကြံသစ်တွေ ရလာတတ်တယ်။ မမျှော်လင့်တဲ့ ရှုထောင့်က ကြည့်ပြီးဆောင်ရွက်တာကပိုအဆင် ပြေတယ်။ လူအများကြားမှာ ကိုယ့်အစွမ်းအစကိုပြသနိုင်ဖို့လိုမယ်။ အများက လေးစား အားကျအောင် နေဖို့လဲ  အထူး လိုအပ်ပါတယ်။ အိမ်ထောင်ရေးကံလဲ အားကောင်းလာမယ်။ မေတ္တာရေးမှာလည်း ပျော်ရွှင်ကြည်နူးစရာတွေ ကြုံရမယ်။ လူပျိုလူလွတ်တွေ စန်းပွင့်ပြီး ချစ်သူသစ်ရဖို့ ၊ချစ်ရသူကိုဖွင့်ပြောဖို့ အခွင့်အရေးရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁၆၈

အထူးဟော  ရန်သူတွေကိုလျှော့မတွက်ပါနဲ့။

ယတြာ   ငါးကင်နဲ့ ဆွမ်းပွဲပြင်ပြီး ဘုရားကပ်လှူပါ။

#စနေ

            အခက်အခဲတွေရှိနေတတ်ပေမဲ့ မိမိကိုယ်တိုင် ဆင်ခြင်နေထိုင်မယ်ဆိုရင်တော့အညံ့နည်းပါတယ်။  ငွေကြေး နဲ့ပတ်သက်သော အကြပ်အတည်းလေးတွေကြုံလာရတတ်ပါတယ်။ ပါးပါးနပ်နပ် နေသူတွေကတော့ဒီအပတ်မှာ  အဆင်ပြေပေမဲ့ ထုံအအနေတတ်သူတွေကတော့ ဒီအပတ်ထဲ လူလိမ်ခံရတတ်ပါတယ်။ ဒါကြောင့်မသိနားမလည်တဲ့ ကိစ္စတွေကိုတော့ တတ်နိုင်သမျှလုံးဝသာရှောင်စေချင်ပါတယ်။ အိမ်တွင်းရေး၊မိသားစုရေးကိစ္စတွေမှာတော့ အား နည်းချက်တော်တော်များများပါတယ်။ မိသားစုအတွင်းမတည့်သူတွေနဲ့ ရန်ဖြစ်သည်အထိ ပိုမိုဆိုးဝါးလာတတ်ပါ တယ်။ အမှုအခင်းဖြစ်လာနိုင်တဲ့ကိစ္စတွေကိုတော့ရှောင်ပါ။ ဝန်ထမ်းများအလုပ်များပေမဲ့ ဒီအပတ်ထဲအားစိုက်ပြီး စေတနာထားလုပ်ပေးမယ်ဆို လူကြီးတွေရဲ့ အသိအမှတ်ပြုခြင်းကိုရပါလိမ့်မယ်။ ဘယ်နယ်ပယ်ကသူဖြစ်ပါစေ..ပရ ဟိတဆန်ဆန် ကူညီပေးခြင်းက ဒီအပတ်အတွင်းကံကောင်းစေဖို့အထောက်အပံ့ဖြစ်စေပါလိမ့်မယ်။ တုံ့ဆိုင်းတွေဝေ စရာ တွေ မကြာခဏ ကြုံရမယ်။ အဲသလို ဆုံးဖြတ်ချက် မပြတ်သား တွေဝေနေလို့လည်း အခွင့်ကောင်းတွေ လက် လွှတ် ရတတ်ပါတယ်။လူပျို၊အပျိုတွေမှာတော့ မေတ္တာရေးကံ အားကောင်းလာနိုင်တယ်။ သူများစုံတွဲတွေကို အား ကျ ပြီးတော့ ချစ်သူရည်စားထားရင်ကောင်းမလားဆိုတဲ့အတွေးမျိုးဝင်လာတတ်ပါတယ်။  အိမ်ထောင်ရှင်တွေ က တော့ ကတောက်ကဆ ဖြစ်တာ များမယ်။ အလုပ်ကိစ္စမှာ ပြတ်သားဖို့ လိုမယ်။ ပြတ်သား ရဲရင့်လေ အောင် မြင်လေ ဖြစ်မယ်။ အဆင်မပြေလက်လျှော့ခဲ့တဲ့ အလုပ်တွေ ဒီကာလမှာ ပြန်လုပ်ရင် အောင်မြင်တတ်တယ်။

အကျိုးပေးဂဏန်း   ၂၃၉

အထူးဟော ကံအားနည်းနေတယ်ဗျ

ယတြာ  ကန်စွန်းဥပြုတ်ပြီး ဘုရားလှူပေးပါ

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

                                                                                             ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

                                                                                                            0977 5555 695

8.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နတ်တော်လဆုတ်(၁)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး၊ရှမ်းရက်ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ မနက် ၁၀နာရီခွဲနောက်ပိုင်း ပျော်ရွှင်ခြင်း၊ကြည်နူးခြင်းတွေကိုပေးတဲ့ နန္ဒတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ပဋိပက္ခများငြိမ်းချမ်းအောင်ဆောင်ရွက်နိုင်မဲ့နေ့ရက်ပဲဖြစ်ပါတယ်။အကြီးအကဲများ ထံဝင်ထွက်သွားလာရန်ကောင်းသောရက်ဖြစ်ပါတယ်။

ဒီနေ့မှာဆံသခြင်းတွေ၊ အလှပြုပြင်ခြင်းတွေ၊ အလှကုန်ပစ္စည်းနဲ့ပတ်သက်သောအလုပ်များ လုပ်ကိုင်ခြင်းတွေ အထူးဆောင်ရွက်နိုင်ပါတယ်။ စိတ်ကူးထားသမျှလက်တွေ့အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ မြေသန့်ခြင်းကိစ္စ များကိုလဲ ဦးစားပေးဆောင်ရွက်လို့ကောင်းပါတယ်။ အချစ်ရေးမေတ္တာရေး ကံကောင်းပါတယ်။ ချစ်စကားများ ပြောဆိုခြင်းများပြုလုပ်သင့်တဲ့နေ့မျိုးပါပဲ။

အဝတ်အထည်ရောင်းဝယ်ခြင်းများ၊ကုန်ပစ္စည်းသိုလှောင်ခြင်းများ၊ ဥယျာဉ်ခြံလုပ်ငန်းများအဆင်ပြေချော မွေ့ပါလိမ့် မယ်။မိမိစိုက်ပျိုးထားတဲ့အသီးအနှံတွေကိုဒီနေ့မှာ ဆွတ်ခူးလို့အလွန်ကောင်းပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းများ၊ ဆေးဝါးဖော်စပ်ခြင်းအလုပ်များ၊အထူးတိုးတတ်နေပါလိမ့်မယ်။ သောကြာဂြိုဟ်စိုးမိုးတဲ့နေ့ ရက်လဲဖြစ် တာကြောင့် ခန်းဝင်ပစ္စည်းများ၊ပရိဘောဂများဝယ်ယူတာမျိုးတွေ ၊ အိမ်တွင်းအလှအဆင်တာမျိုးတွေလဲ အထူး ဆောင် ရွက်လို့ သင့်ပါတယ်။ မိသားစုအပျော်ခရီးသွားခြင်းများ၊ မိတ်ဆွေတွေနဲ့ဖျော်ဖြေရေးပွဲများကျင်းပခြင်း တွေ အထူးကောင်းပါ တယ်။

ယနေ့တွင် ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်လုပ်ကိုင်ခြင်း ရှောင်ကြဉ်ပါ။ ငွေကြေး အပေးအယူကိစ္စများတွင် အငြင်းပွားရတတ်ပါသည်။ ဝယ်ယူသောပစ္စည်းများ စနစ်တကျ စစ်ဆေးပြီးမှ လက်ခံပါ။ ကတိစကားများ၊ စာချုပ်စာတမ်းများနှင့် ပတ်သက်၍ ပြဿနာများ ဖြေရှင်းရတတ်သည်။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၄း၁၆)နာရီမှ ညနေ(၅း၀၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များ ကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာ မျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပတ်သက်သော ရှင်ပြု ခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက် စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာ ရေး အညံ့ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ဘင်္ဂဖွား၊  ပြိဿစန်း၊  ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ လူကြီးမိဘတွေ ဆီက အထောက်အပံ့များစွာရရှိကြသူတွေဖြစ်ပါတယ်။ မိဘတွေရဲ့ အထောက်အပံ့ကြောင့်ပဲ..ကိုယ့်ရဲ့ဓနအင်အား တိုးတတ်မှုကိုဖြစ်စေတတ်ပါတယ်။ အားနည်းချက်က attention သိပ်လိုချင်ကြတဲ့ သူတွေဖြစ်လာကြပြီး ထိုသို့ လူအအများ အာရုံစိုက်ဖို့ မလုပ်သင့်တာတွေကိုလဲ လုပ်မိကြသူတွေဖြစ်ပါတယ်။ ငွေကြေးရှာဖွေရလွယ်ကူတတ်ပြီး အရည်နဲ့ပတ်သက်ဆက်နွယ်သော အလုပ်များနဲ့လဲ ကြီးပွားနိုင်ကြပါတယ်။ သင်္ဘာသား၊ရေလုပ်ငန်း၊အဖျော်ယမကာ အလုပ်များ ၊ကွန်ကရစ် လုပ်ငန်းများ၊ မြစ်ချောင်း၊ကမ်းနားတွေမှာ ဆိုင်ဖွင့်အသက်မွေးရသောအလုပ်များ၊ သင်ကြား ရေးအလုပ်များနဲ့ အသက်မွေးအောင်မြင်နိုင်ကြပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၂၁)နာရီမှ မွန်းလွဲ(၂း၄၅)နာရီအတွင်း ကျရောက် နေတာ ဖြစ်ပါတယ်။ ဒီအချိန်အတွင်းမှာ မင်္ဂလာအခါတော်ပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ် ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကစပြီး ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။    

ကံညံ့သော နေ့သားများကတော့ စနေ၊ ရာဟု၊ ဗုဒ္ဓဟူး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင် နှင့် မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။         

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးအပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ခရမ်းချဉ်သီးသုပ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

7.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီဗန့ဟာ မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်၊ နတ်တော်လပြည့်နေ့ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်ပေမဲ့ မနက် ၁၁နာရီခွဲအထိအိုးအိမ်တိုက်တာ အဆောက် အဦးဆောက်လုပ်လို့သင့်တော်ပါတယ်။နေ့လယ်ပိုင်းတွေမှာ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက် ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ မနက် ၉နာရီကစလို့ လဆန်းတီထိ ၁၅လုံး လပြည့်တီထိ ပြည့်စုံခြင်းတွေကိုပေးတဲ့ ပုဏ္ဏတီထိကျရောက်တဲ့နေ့ ရက်ပဲဖြစ်ပါတယ်။ပုတီးစိပ်တာ၊ဂါထာမန္တန် ရွတ်ဖတ်တာမျိုးတွေအထူး ဆောင်ရွက် လို့ကောင်းပါတယ်။မိမိအဆောင်ပစ္စည်းတွေ ကိုသိဒ္ဓိတင်ခြင်းများအထူးဆောင်ရွက်လို့ကောင်းပါတယ်။မုခ်ဦး၊ မဏ္ဍပ်၊ စေတီ၊ဘုရားတည်၊ထီးတင်၊တံခွန်တိုင် စတာတွေပြုလုပ်ခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။

အလုပ်သစ်လျှောက်လွှာတင်ခြင်းများ၊အင်တာဗျူးဖြေဆိုခြင်းများလဲဒီနေ့မှာစတင်လို့ကောင်းပါတယ်။ ငွေကြေးကိစ္စအ၀၀ကိုလဲ အလေးပေးဆောင်ရွက်လို့အထူးကောင်းတာကိုတွေ့ရပါတယ်။

ဘာသာရေးကိစ္စများ၊ အလှူရေစက်ချခြင်းများဆောင် ရွက်နိုင်ပါတယ်။ ကျောင်း၊သိမ်၊စတင်ဆောက် လုပ်ခြင်းများ၊ အလှူအတွက်ရည်ရွယ်ပြီး ငွေကြေးစတင်စုဆောင်း ခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့မှာအပျော်ခရီးတွေမသွားအပ်ပါဘူး။ အပျော်လွန်ပြီးမမှားသင့်တာတွေမှားတတ်ပါတယ်။ ညဘက်သန်းခေါင် စားသောက်မူးယစ်ခြင်းတွေရှောင်ပါ။ လူငယ်များအပေါင်းအသင်းဆိုးတွေနဲ့ ပေါင်းသင်းခြင်းကိုဒီနေ့မှာသတိထား ဆင်ခြင်လိုက်ပါ။ပညာရေးနဲ့ပတ်သက်ပြီး ကျောင်းပြောင်းရတာ၊နေရာပြောင်းရတာမျိုးတွေအထူးကြုံရတတ်ပါ တယ်။ ဆရာသင်တာနားလည်နိုင်ဖို့ခက်ခဲတဲ့နေ့ရက်မျိုးပါပဲ။

ယနေ့သည် ဘုရားအနေကဇာတင်ရန် အထူးကောင်းသော ရက်ကောင်းဖြစ်သည်။ အနေကဇာဂါထာကို ရွတ်ဆိုခြင်း၊ နာယူခြင်းဖြင့်လည်း ထူးခြားသော အကျိုးရလဒ်ကောင်းများ ရရှိနိုင်ပါသည်။ သဗ္ဗသတ္တသိဒ္ဓိယုဂ် ရရှိနေသော နေဖြစ်၍ အလုံးစုံသော အခက်အခဲပြဿနာများအားလုံးကို ဖြေရှင်းအောင်ဖြင်နိုင်ပါလိမ့်မည်။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၄း၂၀)နာရီမှ ညနေ(၅း၁၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ယနေ့တွင် ဘုရားအနေကဇာတင်ရန် ရက်ကောင်း၊ ရက်မြတ် ဖြစ်သည်။ အနေကဇာဂါထာတော်ကို ရွတ်ဆို ခြင်း၊ နာယူခြင်းဖြင့်လည်း ထူးခြားသော အကျိုးဆက်များ ရရှိမည်။ သဗ္ဗသတ္တသိဒ္ဓိယုဂ် ရရှိသောနေ့ ဖြစ်ပါသည်။ အလုံးစုံသော အခက်အခဲ ပြဿနာများအားလုံးကို ဖြေရှင်းအောင်မြင်နိုင်ပါသည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အထွန်းဖွား၊  ပြိဿစန်း၊  ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ကံကောင်း ကြတယ်။ ဆွေမျိုးသားချင်းတွေကို ကူညီထောက်ပံ့လို့  အကျိုးမယုတ်ဘူး။ ကိုယ်က ကူညီလေ …ကိုယ့်ကိုပြန်ကူညီမဲ့ သူတွေ ၂ဆပေါ်လေပါပဲ။ ဒါကြောင့် ဒီလိုနေ့မွေးသူများဟာ ဆွေမျိုးညီအကိုမောင်နှမများလေကောင်းလေပါပဲ။ ကံ ကောင်းတာက လပြည့်တီထိ ပြည့်ဝချိန်မှာမွေးထားသူတွေဆို  ကံအထူးကောင်းတတ်ပြီး ဘဝအခက်အခဲနည်းပါးကြ ပါလိမ့်မယ်။ ငွေကြေးပြတ်လပ်တာမျိုးမရှိဘဲ ငွေကြေးနဲ့ ရင်းနှီးတဲ့ဇာတာရှင်ကလေးတွေဖြစ်ပါလိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နေ့လည်(၁၁း၅၇)နာရီမှ မွန်းလွဲ(၁း၂၁)နာရီအတွင်း ကျရောက် နေတာဖြစ်ပါတယ်။ ဒီအချိန်တွေအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကစပြီး ရှောင်နိုင်ရင် အထူးကောင်းပါတယ်။ 

ဒီနေ့မှာ ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။          

ကံညံ့သော နေ့သားများကတော့ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီဗန့မှာ  အဖြူရောင်နှင့် ပုစွန်ဆီရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေး ထား ဝတ်ဆင် သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းများကို ရရှိခံစားနိုင်ပါလိမ့်မည်။        

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ရေသန့်ဘူးသေးတစ်ဗူး ဆောင်သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းနို့ခေါက်ဆွဲ ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

6.December .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နတ်တော်လဆန်း(၁၄)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ(၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၇)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျိုးဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက် တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

တီထိမြေခံ လဆန်းတီထိ ၁၄လုံးဖြစ်ပြီးတော့ ပျက်စီးခြင်း၊ ဗလာနတ္ထိသဘောဆောင်တဲ့ ရိတ္တာတီထိ ကျရောက်တဲ့ နေ့ရက် ပဲဖြစ်ပါတယ်။ကျန်းမာရေးအတွက် ဆေးစားဆေးကုပြုနိုင်ပါတယ်။ ဆေးစစ်ခြင်းအဆင့်ဆင့် တွေကိုလဲ ဆောင်ရွက်နိုင်ပါတယ်။ ဆေးစွမ်းကောင်းသမားကောင်းတွေနဲ့ ဆုံရတတ်ပါတယ်။

ဒီနေ့ဟာ ခရီးသွားလာခြင်းကိစ္စတွေ၊ကုန်သွယ်ခြင်းကိစ္စတွေအလေးပေးဆောင်ရွက်ပါ။ အိမ်ခြံမြေရောင်းဝယ်ခြင်း တွေကိုဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။ ကြော်ငြာလုပ်ငန်းနဲ့ပတ်သက်သမျှဆောင်ရွက်နိုင်ပါတယ်။ သရုပ်ဆောင် ခြင်းများ၊ video vlog များရိုက်ကူးခြင်းတွေကိုဒီနေ့မှာအလေးပေးဆောင်ရွက်နိုင်ပါတယ်။

ကျောက်မျက်ရတနာများ ရောင်းခြင်းဝယ်ခြင်းများကိုဒီနေ့မှာဦးစားပေးဆောင်ရွက်လို့ကောင်းပါတယ်။ပညာရပ် အသစ်တစ်ခုစတင်သင်ယူခြင်း၊ တပည့်ခံခြင်း၊ပညာအမွေခံခြင်းများဆောင်ရွက်နိုင်ပါတယ်။ရန်သူကိုဖမ်းဆီးခြင်း တွေ၊ ရန်သူ့စခန်းကိုသိမ်းပိုက်ခြင်းတွေလဲ အထူးဆောင်ရွက်လို့ ကောင်းပါတယ်။ မိမိဖြစ်ချင်တာကိုဖြစ်အောင် စွမ်းဆောင်ဖို့ မည်သည့်အတားအဆီးကိုမဆိုကျော်လွှားသွားသင့် တဲ့နေ့ရက်ပါပဲ။ ပြဿနာတွေ၊ အထင်လွှဲ အမြင်လွှဲဖြစ်နေတာ တွေကိုလဲ တတ်နိုင်သမျှထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလို့ အထူးကောင်းပါတယ်။

မိမိစိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံတွေကို ပိုးသတ်ခြင်းဖြန်းခြင်းတွေစတင်ဆောင်ရွက်လို့ကောင်းပါတယ်။ အင်းဆက် ပိုးမွှား တွေကိုအဆိပ်ချခြင်းများလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ ဒီနေ့မှာ သံဝေဂရစရာမျိုးတွေအထူး ကြုံရတတ် ပါတယ်။ မိမိအမှားတွေကို ဆင်ခြင်သုံးသပ်ပြီးတော့ လမ်းမှန်ကိုရောက်အောင်စွမ်းဆောင်နိုင်မဲ့နေ့ရက် လဲဖြစ်ပါတယ်။

အရောင်းမြှင့်တင်ခြင်းများ၊ promotion ပြုလုပ်ခြင်းတွေအထူးကောင်းပါတယ်။ အလုပ်နဲ့ပက်သက်ပြီးတော့ လဲ တင်ပြစရာရှိတာတွေကို အထက်လူကြီးတွေကိုရဲရဲတင်ပြပါ။ အလုပ်အတွက်ဆုံးဖြတ်စရာတွေကို မတွေဝေဘဲ ဆုံးဖြတ်ချသင့်တဲ့နေ့ရက်မျိုးပါပဲ။ယနေ့လုပ်ကိုင်ဆောင်ရွသမျှသတိမလွတ်သင့်ပါ။  ဆေးဖော်ခြင်းများ၊ဆေးဆိုင်၊ ဆေးခန်း၊ဆေးရုံစဖွင့်ခြင်း ၊ဆိုင်းဘုတ်တင်ခြင်းများအထူး ကောင်းပါတယ်။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၄း၂၄)နာရီမှ ညနေ(၅း၁၅)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

သောကြာဂြိုဟ်သည်ဓနုရာသီကိုကူးပြောင်းသည်။ ဓနုရာသီ သောကြာဂြိုဟ်တွင်တည်ရှိသောယခုလအတွင်း ဆန်စပါးရှားခြင်း၊ ကောက်ပဲသီးနှံကို ဂရုမစိုက်ပါက ပျက်စီးခြင်း၊ရာသီကြောင့်ပျက်စီးခြင်းတွေကြုံရတတ်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ရာဇဖွား၊  မိဿစန်း၊  ညနေ(၅)နာရီ (၄၈)မိနစ်လွန် စန်းပြိဿရာသီသို့ ပြောင်းသည်။  ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများအေးဆေးကြသူတွေဖြစ်တယ်။ ရန်လိုစိတ်မရှိဘူး။ ကြောက်စိတ်ရှိတယ်။ အနေအေးတယ်။ မိဘကျေးဇူးအထူးသိတတ်ပါတယ်။ ကြွားဝါတတ်ပေမဲ့ နှိမ့်ချဖို့လဲဝန်မလေးတတ်သူတွေဖြစ်ပါတယ် ။ အဝတ်အစားတွေကိုသိပ်မရုမစိုက်ဘဲ မိန်းကလေးဖြစ်စေ၊ယောကျာ်းလေးဖြစ်စေ ဖြစ်သလိုဝတ်ဆင်တတ်ကြသူတွေ ဖြစ်ပါတယ်။ ကိုယ့်ကျင့်တရားကိုတန်ဖိုးထားပြီး မိမိချွေးနည်းစာကိုသာ တန်ဖိုးထားတတ်သူတွေဖြစ်ပါတယ်။ လူအများကို နည်းပေး လမ်းပြနိုင်သူတွေဖြစ်တာမို့ သင်တန်းဆရာ၊ပါမေက္ခ၊နည်းပြ၊ အတိုင်ပင်ခံအလုပ်တွေနဲ့ အသက် မွေးအောင်မြင်ကြသူတွေ ဖြစ်ကြောင်းပါဗျ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၂း၄၄)နာရီမှ ညနေ(၄း၀၈)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်အတွင်းမှာ မင်္ဂလာအခါတော်ပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကစပြီး ရှောင်နိုင်ရင် အထူးကောင်းပါတယ်။  

ဒီနေ့မှာ ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။    

ကံညံ့သော နေ့သားကတော့ တနင်္လာ သားသမီးပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားကတော့ တနင်္ဂနွေ သားသမီးပဲ ဖြစ်ပါတယ။

ဒီနေ့မှာ အနက်ရောင် နှင့် လိမ္မော်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။    

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ရွှေကြည်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ စမူဆာ ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။    ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ

29.November .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နတ်တော်လဆန်း(၇)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၂၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၁)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ အမြိတ္တစုတ်၊ရသေ့ကျော် ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မြင့်တတ်ခြင်း၊ကြွယ်ဝခြင်းတွေကိုပေးတဲ့ နန္ဒတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲဒီလိုနေ့ရက်တွေမှာတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်လုပ် ကိုင်သမျှအဆင်ပြေ တိုးတတ်ပါ လိမ့်မယ်။

ရေနှင့်ဆက်စပ်သောလုပ်ငန်းများအထူးတိူးတတ်ပါလိမ့်မယ်။ ရေသန့်လုပ်ငန်းများ၊ အချိုရည်နှင့်အဖျော်ယာမကာ အလုပ်များတိုးတတ်ပါလိမ့်မယ်။ယာဉ်စက်အပိုပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းရောင်းချခြင်းများလဲ ဒီနေ့မှာ ရောင်း ပန်းဝယ်ပန်းတွေပွင့်တတ်ပါ တယ်။အနုပညာနှင့်ပတ်သက်သော ဂီတ၊သီချင်း၊ဖျော်ဖြေရေးလုပ်ငန်း များအထူးတိုး တတ်ပါ လိမ့်မယ်။

ဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းတွေကိုဦးစားပေးလုပ်ကိုင်လို့ အထူးကောင်းပါတယ်။  အိမ်ခြံမြေဝယ်ခြင်း ရောင်းခြင်း များလဲ အထူးကောင်းပါတယ်။

ကျောက်မျက်ရတနာများ ဝယ်ခြင်းများ၊ရောင်းခြင်းများလဲအထူးကောင်းပါတယ်။ ရွှေလုပ်ငန်းများ၊ရတနာနှင့်ပတ် သက်သောလုပ်ငန်းများ တိုးချဲ့နိုင်ပါလိမ့်မယ်။ လူအများနဲ့ အသင်းအဖွဲ့နဲ့လုပ်ရတဲ့ ပုံစံမျိုးလေးဖြစ်အောင်လုပ်ကိုင် စေချင်ပါတယ်။  တစ်ဦးတစ်ယောက်ထဲ လုပ်ခြင်းထက်လူအများနဲ့ လက်တွဲညီညီလုပ်မှအဆင်ပြေမဲ့နေ့ရက်ပဲဖြစ်ပါ တယ်။

ငွေကြေးအပေးအယူကိစ္စများသတိနှင့် ဆောင်ရွက်လိုက်ပါ။လူလိမ်လူကောက်တွေရဲ့အန္တရာယ်ကိုလဲသတိရှိ သင့်ပါတယ်။ အာမခံခြင်း၊တာဝန်ယူခြင်းများကိုသတိနဲ့ ဆောင်ရွက်သင့်တဲ့နေ့ရက်ပါပဲ။ယနေ့သည် ကုန်ပစ္စည်း အသစ်များ စတင်မိတ်ဆက်ရန် ရက်ကောင်းဖြစ်သည်။ စတင်ဖြန့်ချီခြင်း၊ ကြော်ညာခြင်းများ ပြုလုပ်နိုင်သည်။

ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၄:၄၃)နာရီမှ ညနေ(၅:၃၆)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်း များကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ရာဇဖွား  မကာရစန်း၊  ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအခက် အခဲမရှိ၊ အရာရာ အလိုကျဖြစ်စေတဲ့ဇာတာမျိုးပါ။ မွေးဖွားချိန်မှာ မိဘတွေကြွယ်ဝလာတာမျိုးဖြစ်စေ၊ မိဘစီးပွား တတ်တာမျိုးဖြစ်စေစတင်ကြုံရတတ်ပါတယ်။ ငွေကြေးအခက်အခဲတွေကို ကောင်းစွာကျော်လွှားသွားနိုင်ပြီးတော့ ငွေမရှာတဲ့ဇာတာရှင်ပဲဖြစ်ပါတယ်။ ဘဝတစ်လျှောက်လုံးသတိထားရမှာက ဥပဒေချိုးဖောက်တဲ့ကိစ္စမှန်သမျှရှောင် ပါ။ အခြားဇာတာတွေအပြစ်ပေါ့ရင်တောင် ဒီလိုဇာတာမျိုးက အပြစ်ပိုခံရတတ်ပါတယ်။ ဘဝတစ်လျှောက်လုံးဝန် ထမ်းအလုပ်နဲ့အကျိုးမပေးပါ။ မိမိတိုးတက်တဲ့စွမ်းအားတွေကို အပြည့်အဝအသုံးချနိုင်တဲ့ နေရာတွေမှာသာ မိမိဘဝ ကိုမြုပ်နှံပါ။

ဒီနေ့ဟာရသေ့ကျော်ရက် ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်လွဲ(၂း၄၂)မှ ညနေ(၄း၀၆)နာရီအတွင်း ကျရောက်နေပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါတော်ပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆိုတာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလမှာ ရှောင်နိုင်လျှဉ်အထူးကောင်းပါတယ်။

ဒီနေ့မှာကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံညံ့သော နေ့သားကတော့ သောကြာ သားသမီးပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မိုးပြာရောင် နှင့် ငွေရောင်၊မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။    

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လမ်းမှာငွေ၂၀၀ခန့် ပံ့သကူပစ် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ပူတင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

         09775555695

15.November .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၈)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၁၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၆)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိ ခိုက်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ် မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ရှောင်သင့်ပါ တယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး၊ ဝါရမိတ္တုကြီး ရက်ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆုတ်တီထိ ၇လုံးပဲရှိသေးပြီးတော့ကျက်သရေရှိခြင်းကို ပေးစွမ်းတဲ့တီထိဖြစ်တာ ကြောင့် ဘုရားဆင်းတုတော်တွေ၊ ပုံတော်ကားချပ်တွေ၊တပ်ဆင်ခြင်း၊နေရာချခြင်း၊ စတင်ပူဇော်ခြင်းများ ဆောင် ရွက်နိုင် တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။အိုးအိမ်သစ်၊ဆိုင်ခန်းသစ်ဝယ်ယူခြင်းမျိုးလဲဒီနေ့ကောင်းပါတယ်။ အသစ်တစ်ခုကို ဖန်တီး ခြင်း တွေရည်မှန်းချက်အသစ်တွေချမှတ်ခြင်းတွေကိုလဲ အလေးပေးဆောင်ရွက်နိုင်ပါတယ်။

ယာဉ်ကားနှင့်ပတ်သက်သော အလုပ်များ၊စက်ကားယန္တရားငှားရမ်းတဲ့အလုပ်များအထူးကောင်းပါတယ်။ မိမိ လုပ်ချင် တာတွေကို အားထည့်လုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။လက်ရှိအလုပ်တွေကို ထပ်ချဲ့တာ၊ဆိုင်ခွဲဖွင့်တာ မျိုး တွေကောင်းပါတယ်။

စာရေးခြင်း၊ ကဗျာရေးခြင်း၊ သီချင်းစပ်ခြင်း၊ ပန်းချီဆွဲခြင်း၊ပန်းပုထုခြင်း စတဲ့အနုပညာဖန်တီးမှုတွေကို ဆောင်ရွက် နိုင်တဲ့နေ့ရက်လဲဖြစ်ပါတယ်။ ဒီနေ့ညနေ ၄း၂၀ကနေညနေ၅း၀၀အတွင်း အကြွေးကိစ္စတွေဖြေရှင်းတာ မိမိတို့ ရပိုင်ခွင့်တွေကို တောင်းခံခြင်းများလဲ ဆောင်ရွက်နိုင်တဲ့နေ့ရက်လဲဖြစ်ပါတယ်။သမ္မာအာဇီဝဖြင့် အသက်မွေးခြင်း တွေ၊ သုစရိုက်ဆယ်ပါးဖြည့်ကျင့်ခြင်းတွေလဲ ဆောင် ရွက်နိုင်တဲ့နေ့ရက်ပါပဲ။

            ယနေ့တွင် ကုန်ပစ္စည်းသစ်များ စတင်ကြော်ငြာ မိတ်ဆက်ရန် အခါကောင်း၊ ရက်ကောင်း ကျရောက်နေ ပါသည်။ သဗ္ဗသတ္တသိဒ္ဓိယုဂ်ရရှိသော နေ့ရက်ဖြစ်ပါသည်။ အလုံးစုံသော အခက်အခဲများ ဖြေရှင်းရန် ရက်ကောင်း ကျရောက်နေပါသည်။ ကျန်းမာရေးအညံ့ကြုံက ချက်ချင်း သမားတော်ပြပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ညနေ(၁၅း၄၈)နာရီမှ (၁၆း၄၀)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်းလက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ရာဇဖွား၊  ကရကဋ်စန်း၊  တူရာသီဖွားဖြစ်ပါသည်။ သူတစ်ပါးတွေနဲ့ မတူ။ ဘဝက ခက်ခဲတယ်။ အသိအမှတ်ပြုမခံရဘူး။ ဒါကြောင့်ဒီနေ့ဖွား ဟာ အသိပညာကြီးဖို့လိုတယ်။ မခံယူတတ်ရင် လေလွင့် သွားနိုင်ပါတယ်။ တကယ်ကိုလောကဓံကို ရင်ဆိုင်နိုင်သူက တော့ မမျှော်မှန်းထားတဲ့အထိ အောင်မြင်မှုတွေရလာ လိမ့်မယ်။ ဒါကြောင့် ဒီနေ့မွေးသူဟာ ငယ်ရွယ်စဉ်ကတည်းက မိဘက စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုပါတယ်။ ဘဝမှာ ဘယ်တော့ လွယ်လွယ်ကူကူရတာမရှိ။ သူများတစ်နှစ်နဲ့ အောင်မြင် တဲ့အလုပ်ကို မိမိက ၂နှစ်လုပ်ရလိမ့်မယ်။ အောင်မြင်ဖို့ ခက်ခဲတဲ့အတွက်ကြောင့်လဲ အောင်မြင်လာခဲ့ရင်တော့ ကျဆုံး ဖို့ မရှိဘူး။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၂း၄၀) နာရီမှ ညနေ(၄း၀၅)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အနက်ရောင်၊ အနီရောင် နှင့် မီးခိုးရောင်(သို့)ခဲရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင် ပစ္စည်းများကို အထူးဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့မုန့်လက်ကောက်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

14.November .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၇)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၁၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ပျော်ရွှင်ခြင်းကိုပေးတဲ့ နန္ဒတီထိကျရောက်တဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ဒီလိုနေ့ရက်မှာတော့ စီးပွားရေးဆိုင်ရာကိစ္စများ၊ ငွေ ကြေးကိစ္စများဆောင်ရွက်ရန်ကောင်းသောရက်ဖြစ်ပါတယ်။တပါးသူကိုယုံကြည်ပြီးလွှဲအပ်ထားတဲ့ကိစ္စတွေကို သတိနဲ့ဆောင်ရွက်ပါ။မွန်းလွဲပိုင်း အရေးကြီးတဲ့ကိစ္စတွေကိုရှောင်ပါ။ အိမ်ခြံမြေနဲ့ပတ်သက်ပြီး ရောင်းခြင်း၊ ဝယ်ခြင်း၊အမွေခွဲခြင်းတွေလဲ အထူးဆောင်ရွက်နိုင်ပါတယ်။

မီဒီယာတွင် ကြော်ငြာခြင်း၊ အွန်လိုင်းကနေ ကြော်ငြာခြင်းတွေ ကိုအထူးအလေးပေးဆောင်ရွက်လို့ကောင်းတဲ့နေ့ ရက်လဲဖြစ်ပါတယ်။ မည်သည်လုပ်ငန်းမဆို ဝန်ဆောင်မှုကိုဦးစားပေးလုပ်ကိုင်ရတဲ့ အလုပ်မျိုးတွေအထူးအကျိုး ပေးအောင်မြင်တတ်တဲ့နေ့ရက်ပါပဲ။

မည်သည့်ကုန်ပစ္စည်းမဆို ကုန်ပစ္စည်းအသစ်မိတ်ဆက်ခြင်းများအထူးကောင်းပါတယ်။  ပြန်ပွားလိုသော၊ လူအများအပြားသိစေလိုသော သတင်းအချက်အလက်တွေကို ဒီနေ့မှာဖြန့်ချီလို့အထူးကောင်းပါတယ်။ယနေ့ ရာဇမင်းထံ အဝင်အထွက်၊ အပေးအယူ မပြုသင့်ပါ။ ပဋိပက္ခများ ဖြေရှင်းနိုင်မည်။ မင်္ဂလာကိစ္စများ ဆောင်ရွက်ရန် အခါကောင်း ကျရောက်နေပါသည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အဓိပတိဖွား၊  မေထုန်စန်း နံနက်(၆)နာရီ (၄၉)မိနစ်လွန် စန်း ကရကဋ်ရာသီသို့ ပြောင်းသည်။  တူရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူတွေဟာ ထက်မြက်ကြတယ်။ လူရည်လည်တယ်။ ဖင်ပေါ့ တယ်။ ပျင်းရိနေ တာမျိုး မရှိသလောက်နည်းတယ်။ လွန်စွာမှစူးစမ်းပြီး ပြန်လည်စမ်းသပ်လုပ်ကြည့်တတ်ပါတယ်။ ဒါကြောင့် ဒီနေ့မွေးရင်သွေးငယ်ရှေ့မှာ မိဘတွေအပြောအဆိုးကြမ်းတာ၊ရန်ဖြစ်တာကအစ မလုပ်မိပါစေနဲ့။ သူများလုပ်တာ ကြည့်ပြီး လိုက်လုပ်တတ်ကြသူတွေဖြစ်ပါတယ်။ အသက်၁၆ကနေ အသက်၂၃အထိက မိမိကြောင့် မိဘတွေစီးပွား တတ်တာမျိုးတွေကြုံရတတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၇း၅၀)နာရီမှ (၁၈း၄၂)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၃၄) နာရီမှ နံနက်(၈း၅၉)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

အကျိုးပေးအရောင် မီးခိုးရောင်(သို့)ခဲရောင်၊ အနက်ရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းများကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့စပျစ်သီးစား  သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လိမ္မော်သီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

   ✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

11.November .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာတမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၄)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၁၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၆)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက် တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ ရက်တံခွန်ကျတဲ့နေ့ရက်လဲဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ည ၇နာရီ ၂၀မိနစ်အထိ လဆုတ်တီထိ ၃လုံး အောင်မြင်မှုတွေ၊ ခံနိုင်ရည်အားတွေကို ပေးတဲ့ ဇယျ တီထိကျရောက်နေတဲ့နေ့ရက်ပဲဖြစ်ပါတယ်။ဒီနေ့ဟာအကောင်းအဆိုးဒွန်တွဲနေတတ်ပါတယ်။ ကောင်း တာတွေဖြစ်လာပြီးရင်ဆိုးတာတွေကိုလဲပူးတွဲလက်ခံရတတ်ပါတယ်။ကျန်းမာရေးကတော့အထူးတိုးတတ်ပါလိမ့်မယ်။ ဆေးကု သမှုခံယူနေသူများဒီနေ့မှာသိသာစွာကျန်းမာလာတတ်ပါတယ်။ ဆေးလုပ်ငန်းလုပ်ကိုင်သူများ ဆေးဝါး  အသစ်ကို စတင်ဖော်စပ်မယ်ဆိုဒီနေ့ကသင့်တော်ပါတယ်။ တစ်ပတ်ရစ်ပစ္စည်းများ အရောင်းအဝယ်လုပ်ရန် ရက် ကောင်းဖြစ် ပါတယ်။ အနုပညာပစ္စည်းများထုတ်လုပ်ခြင်းတွေ၊ ဖြန့်ချီခြင်း၊ထုတ်လုပ်ခြင်းတွေဆောင်ရွက် နိုင်ပါ တယ်။

ဆောက်လုပ်ရေးအလုပ်များ၊လျှပ်စစ်နှင့်ပတ်သက်သောအလုပ်များ၊ အသင်းအဖွဲ့နှင့်ပတ်သက်သောအလုပ်များ၊ အထူးကောင်းပါတယ်။ တစ်ဦးတစ်ယောက်ထဲ ဆောင်ရွက်ခြင်းထက် အများနဲ့စုပေါင်းလုပ်ကိုင်ခြင်းက ပိုမိုအောင် မြင်နိုင်တဲ့နေ့ရက်ပါပဲ။ အောင်မြေနင်းခြင်း၊စစ်ရေးလေ့ကျင့်ခြင်း၊ ကြီးမားတဲ့သံန္နိဌာန်ချမှတ်ခြင်းများလဲဆောင်ရွက် လို့အထူးကောင်းပါတယ်။ ကလေးကင်းပွန်းတပ်မင်္ဂလာနှင့် ကလေးထမင်းခွံမင်္ဂလာများလဲ ဆောင်ရွက်နိုင်ပါတယ်။

လူတော်တော်များများ ဒေါသဖြစ်လွယ်နေတတ်ပါတယ်။ မကောင်းသောစိတ်သဘာဝလွှမ်းမိုးနေတတ်ပါ တယ်။ အမှားတွေကိုကျူးလွန်မိတတ်ကြတယ်။ ဒါကြောင့်သတိကပ်ပါ။ အသွားအလာအနေအထိုင်ဆင်ခြင်လိုက်ပါ ညဉ့်နက်သည်ထိအပြင်မှာနေတာ၊အပျော်အပါးနောက်လိုက်တာတွေရှောင်ပါ။ တောင်တတ်ခရီးများ၊တောထဲသွား ရမဲ့ခရီးများတတ်နိုင်သလောက်ရှောင်လိုက်စေချင်ပါတယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာ  ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်း ဖြစ်သည်။ ယနေ့တွင် အိုးအိမ်အသစ်များ စတင်တည်ဆောက်က မီးလောင်ဆုံးရှုံးမည်။ အလုပ်အကြံအောင်မည်။ ငွေကြေးကိစ္စ ပြောဆိုမှုများ အဆင်ပြေမည်။ မင်္ဂလာကိစ္စများ ဆောင်ရွက်ရန် အခါသင့်သည်။ စတင်သောကိစ္စမှန်သမျှ ကောင်းသောအကျိုးကျေးဇူးများ ရရှိမည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့(၁၈း၀၂)နာရီမှ (၁၈း၅၄)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာ မျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  ပုတိဖွား၊  ပြိဿစန်း ည(၇)နာရီ (၁၈)မိနစ်လွန် စန်း မေထုန်ရာသီသို့ ပြောင်းသည်။  တူရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ စိတ်ကူးကောင်းတွေရှိတယ်။ အိုင်ဒီယာအသစ်တွေရှိနေတတ်ပါ တယ်။ အားနည်းချက်က လက်တွေ့အကောင်အထည်ဖော်ဖို့ပျင်းနေတတ်ပါတယ်။ အထောက်အပံ့ကောင်းတွေရ လွယ်ပြီး အရင်းအနှီးထုတ်ပေမဲ့သူတွေပေါများတတ်ပါတယ်။ ငွေကံအားကောင်းပြီးတော့ ကိုယ်တိုင်ကလဲ သုံးချင် ဖြုန်းချင်သူမို့ အကြိုက်တွေ့နေတတ်ပါတယ်။ အသက် ၄၂ထိ အတိတ်ကံအထောက်အပံ့ကြောင့် အဆင်ပြေနိုင်တာ မို့ မျောလိုက်နေကြသူတွေ၊ဝေလေလေလုပ်နေမိသူဆို အိုဇာတာညံ့သွားနိုင်တာမို့ ဒီနေ့မွေးရင်သွေးမိဘတွေအနေနဲ့ သေချာသွန်သင်ဖို့လိုပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၂၄) နာရီမှ နံနက်(၁၁း၄၉)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ သောကြာ၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြက်သွေးရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများကို အထူးအလေးထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းများကို ရရှိခံစားနိုင်ပါလိမ့်မည်။  

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊၄၊၈) ဂဏန်းများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဒိန်ချဉ်သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဟင်းနုနွယ်ရွက်ကြော် ဘုရား ကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီး များအားလုံးကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

 #၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။