loading

Tag: Zodiac

8.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆုတ်(၆)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၄)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ည(၈း၀၁)နာရီအထိ ကြာသပတေးမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ဗုဒ္ဓဟူးမြေခံ အဖြစ် သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာ မှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လု ပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။ ဒါပေမဲ့ သမားညိုရက်နဲ့ တိုက်ဆိုင်နေ တာမို့ အချိန်အခါသေချာရွေးပြီးဆောင်ရွက်ပါ။

ဒီနေ့ဟာ ရက်ရာဇာ၊ သမားညို၊ သမားဖြူ၊ ဝါရမိတ္တုကြီး၊ မဟာရက်ကြမ်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ည(၈း၀၁)နာရီအထိ လဆုတ်တီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ်ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၆)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ဒီလိုနေ့ရက်မျိုးမှာ အမွေကိစ္စများ၊ ပိုင်ဆိုင်မှုနှင့်ဆိုင်သောကိစ္စများ ဆောင်ရွက်လို့အဆင်ပြေ အောင် မြင် တတ်ပါ တယ်။ အထိုင်လုပ်ငန်းတွေပဲဖြစ်ဖြစ်၊ အငြိမ်မနေလှုပ်ရှားသွားလာနေရတဲ့အလုပ်ပဲဖြစ်ဖြစ်၊ အလုပ်နဲ့ ပတ် သက်ရင် အဘက်ဘက်က ချောမွေ့အောင်မြင်တတ်ပါတယ်။

အိုးအိမ်နဲ့ပတ်သက်သောကိစ္စများ၊ နေရာထိုင်ခင်းနဲ့ပက်သက်သောကိစ္စများ ဆောင်ရွက်လို့အဆင်ပြေအောင်မြင် တတ်ပါတယ်။ သစ္စာပြုခြင်းများ၊အောင်မြေနင်းခြင်းများလဲ ဆောင်ရွက်လို့အထူးသင့်တော်ပါတယ်။ မိမိခြံမြေကို မြေ သန့်မင်္ဂလာလုပ်ခြင်းများလဲဆောင်ရွက်လို့သင့်တော်ပါတယ်။

            ယနေ့တွင် အပျော်အပါးခရီးများ မသွားအပ်ပါ။ အကြီးအကဲများထံ ဝင်ထွက်သွားလာရန် ကောင်းသောနေ့ ဖြစ်ပါသည်။ စတင်ဆောင်ရွက်သော အလုပ်အကြံအစည် မှန်သမျှ ကောင်းသောအကျိုးဆက်များ ရရှိမည်။ ငွေကြေးကိစ္စ၊ လုပ်ငန်းကိစ္စများ ဆောင်ရွက်ရန်အတွက် အခါကောင်းကျရောက်သည်။ အတတ်ပညာများ စတင် သင်ကြား နိုင်ပါသည်။

            ပညာရေးနဲ့ပတ်သက်ပြီးတော့ မိမိတတ်သိနားလည်ထားတဲ့ပညာတွေကိုSHARING လုပ်ခြင်း၊တပည့်မွေး ခြင်း၊ သင်တန်းပေးခြင်းများ ဆောင်ရွက်လို့သင့်တော်တဲ့နေ့ရက်ပါပဲ။ မိမိလယ်မြေများ၊ မိမိစိုက်ပျိုးထားတဲ့သစ်ပင် ပန်းမန်များကို ဓာတ်မြေသြဇာကျွှေးခြင်းများလဲဆောင်ရွက်နိုင်ပါ လိမ့်မယ်။

ရှောင်သင့်တာတွေကတော့ငွေကြေးကိစ္စအ၀၀တွေဖြစ်တဲ့ ငွေချေးခြင်း၊ ကြွေးတောင်းခြင်း၊ အာမခံခြင်းများ၊ ငွေပေး ငွေယူကိစ္စများ၊ ဘဏ်လုပ်ငန်းကိစ္စများ ဆောင်ရွက်လို့မကောင်းသေးပါဘူး။ ငွေကြေးရင်းနှီးမြုပ်နှံမှုတွေမှားတတ်ပါ တယ်။ အမှုပြဿနာများမဖြစ်အောင်နေထိုင်လိုက်ပါ။ ဖြစ်ပါကဖြေရှင်းရန် ခက်ခဲသွားတတ်ပါတယ်။ ကျက်သရေ ယုတ်စေတဲ့ ကိစ္စများရှောင်သင့်တဲ့နေ့ရက်ပါပဲ။အရက်အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆဲဆိုခြင်းများဒီနေ့မှာလုံးဝ မလုပ်လိုက်ပါနဲ့။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေ အားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊  မင်္ဂလာစကားပြော ခြင်း များလဲ ရှောင်သင့်ပါ တယ်။

မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီး ကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တောတောင် များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူးရှောင်အပ်ပါ တယ်။

ဒီနေ့ဟာ မြေပြင်ထက်၌ စစ်ဖြစ်တတ်သည်။ ကြောက်လန့်ထိတ်လန့်ဖွယ်ကောင်းသော ဘေးဖြစ်တတ်သည်။ မတော် တဆ အန္တရာယ် အထူးသတိပြုရတတ်သည်။ အရှေ့တောင်အရပ်သို့ ဦးတည်သွားလာခြင်းများ ရှောင်ကြဉ်ပါ။ ညနေ(၃း၀၀)နာရီမှ ည (၇း၃၀)နာရီကြားကာလများတွင် အနှောက်အယှက်နှင့် ရန်အန္တရာယ်များ အထူးသတိရှိ ရမည်။

သရဝဏ် နက္ခတ်သည် ယာယီ၊ အမြန်နှင့် ရွှေ့ပြောင်းနိုင်သော ကြယ်ဖြစ်ပြီး ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ လည်ပတ်ခြင်း၊သူငယ်ချင်းများ လည်ပတ်ခြင်း၊ ဈေးဝယ်ခြင်း နှင့် ယာယီသဘောသဘာဝ တစ်ခုခုကို လုပ်ဆောင်ခြင်း အတွက်အဆင်ပြေသည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ဗိမာန်၊တံတိုင်း (ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ / အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ် စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၄း၂၀း၃၁)နာရီမှ နံနက်(၅း၁၂း၀၉) နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ မကာရစန်း၊ သရဝဏ် နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿ ရာသီဖွားဖြစ်ပါ သည်။ဒီနေ့မွေးသူများဟာ အခက်အခဲတွေများစွာမကြုံရဘဲ ဘဝကိုသက်သောင့်သက်သာဖြတ်သန်းရသူတွေဖြစ်ပါ တယ်။ ကိုယ်တိုင်က အစွမ်းအစ မရှိသူဖြစ်ရင်တောင် မိဘအထောက်အပံ့ရတတ်သလို၊အိမ်ထောင်ပြုရင်လဲ အိမ်ထောင်ဘက်ရဲ့ ကြိုးစားမှုကြောင့် တင့်တောင်းတင့်တယ်နေရတတ်သူပါပဲ။ ပညာကံအားကောင်းသူတွေဖြစ်ကြပြီး တော့ အားနည်းချက်က အမြဲတမ်းသံသယစိတ်၊တွေဝေဒွိဟစိတ်တွေများပြားနေတတ်တာကိုတွေ့ရပါတယ်။ အသက် ၁၉နှစ်နောက်ပိုင်းကာလတွေကစလို့ ဘဝရဲ့အောင်မြင်မှုကို ငယ်ရွယ်စဉ်ကတည်းက ထိတွေ့ခွင့်ရတာကိုတွေ့ရပါ တယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၄၃) နာရီမှ ညနေ(၃း၂၁)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အပြာရောင် နှင့် ခရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၄၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့စက္ကုတစ်ရွက်ကို ငှက်ပုံစံ ခေါက်ပြီးဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒူးရင်းသီးမှည့် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းများ အကြောင်းသတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

7.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆုတ်(၅)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၇)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၄)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ ညပိုင်း(၁၀း၅၂)နာရီအထိ သောကြာမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ကြာသပတေး မြေခံ အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါ များခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်။

ဒီနေ့ဟာ သမားဖြူ၊ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ညပိုင်း(၁၀း၅၂)နာရီအထိ လဆုတ်တီထိ(၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့ အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲ ကျရောက် နေတာ ဖြစ်ပါတယ်။  ဒီလိုနေ့မျိုးမှာတော့ လျှပ်စစ်ဆိုင်သောလုပ်ငန်းများ၊ဆောက်လုပ်ရေးနဲ့ ဆိုင်သော လုပ်ငန်းများ အထူး ကောင်းနေတတ် ပါတယ်။ဓားလှံလက်နက်များ ထုတ်လုပ်တဲ့ပန်းပဲလုပ်ငန်းများ၊ သံရည်ကြို လုပ်ငန်းများဆောင် ရွက် လို့အထူးအောင်မြင်နေတတ်ပါတယ်။  အမှုဟောင်း၊ပြဿနာဟောင်းတွေကို ထိပ်တိုက်ရင် ဆိုင်ဖြေရှင်းလိုက်ပါ။ ပြေလည်မှုတွေရလာပါလိမ့်မယ်။

အနုစိပ်အသေးစိပ်လုပ်ငန်းများ၊  ပြုပြင်ထိန်းသိမ်းရသောအလုပ်များ၊အကျိုးပေးအောင်မြင်နေတတ်ပါတယ်။  ဖုန်း၊ ကွန်ပြုတာ၊ပြင်ဆင်ခြင်းလုပ်များ အထူးအဆင်ပြေတတ်ပါတယ်။ နိုင်ငံခြားသွင်းကုန်ထုတ်ကုန် လုပ်ငန်းများ၊ နိုင်ငံခြား သွားဖို့အင်တာဗျူးခြင်းများ၊ နိုင်ငံခြားသား၊လူမျိုးခြားနဲ့ဆက်စပ် လုပ်ကိုင်ခြင်းများ၊ အထူးအောင်မြင်တတ် ပါတယ်။ 

အထည်၊ထီး၊ဖိနပ်၊တွင်ခုံလုပ်ငန်းများစတဲ့စနေနံလုပ်ငန်းများလဲ မူလအခြေအနေထက်ပိုမိုအဆင့်မြင့် အောင်မြင် သွားတတ်တဲ့နေ့ပါပဲ။ လုပ်လက်စအလုပ်များ၊ အပြီးမသတ်ရသေးတဲ့အလုပ်တွေကို ဒီနေ့မှာ အပြီးသတ်ပြီးစီးအောင် လုပ်နိုင်မှာပါ။ လက် လွန်ထားတဲ့ငွေကြေးတွေဒီနေ့မှာပြန်လည်တောင်းခံလို့ အလွန်ကောင်းနေတတ်ပါတယ်။ရေတွင် အပျော်ဆော့ကစားခြင်းမပြုရ။ အရှေ့အရပ်သို့ ဦးတည်သွားလာစဉ် အန္တရာယ်ရှိတတ်သည်။ဒီနေ့ဟာ ဆေးဝါးကုသ ရန် ရက်ကောင်းဖြစ်သည်။ ယနေ့သမားတော်များ ဆေးစွမ်းထက်မြက်မည်။ ဆင်ရုပ်ပုံအမှတ်တံဆိပ် ပါသော ကုန် ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်း မပြုရပါ။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။ သို့သော်သောကြာမြေခံဖြစ်တာမို့ အချိန်အခါရွေးပြီးဆောင်ရွက်မယ်ဆို အဆင်ပြေပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၄း၂၄း၂၇)နာရီမှ နံနက်(၅း၁၆း၁၅)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဥတ္တရာသဠ်နက္ခတ်ဖြစ်ပြီးတော့ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ် လုပ်ငန်း စတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်း ဘုတ် တင်ခြင်း၊ ပန်းချီ ပန်းပု လုပ်ငန်းလုပ်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်း ခရီးသွား လာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူခြင်း ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ဓနုစန်း နံနက်(၈)နာရီ (၂၄)မိနစ်လွန် စန်း မကာရရာသီသို့ ပြောင်းသည်။  ဥတ္တရာသဠ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ အများအားဖြင့် စီးပွားရေးပိုင်းမှာ အားရစရာကောင်းတဲ့အနေအထားကိုရရှိကြတာတွေ့ရပါတယ်။ သက်လတ်ပိုင်းကာလတွေဖြစ်တဲ့ အသက် ၂၈ကနေ အသက် ၄၆အတွင်း အအောင်မြင်ဆုံးဘဝကိုရရှိတတ်ပါတယ်။ အားနည်းချက်က မိဘတွေနဲ့ အလုပ်ကြောင့်ဝေးနေရ ခြင်း၊အရွယ်ရောက်ပါကအိမ်ထောင်ရေးကံခေခြင်း၊ အစိုးရအလုပ်နှင့်အကျိုးမပေးခြင်း စသောအားနည်းချက်တွေရှိ တာကိုတွေ့ရပါတယ်။ ငွေကြေးကံကတော့ ဘဝတစ်လျှောက်လုံးပူစရာမလိုသလို ဘဝနေဝင်ချိန် အိုဇာတာလဲ ကောင်း တဲ့သူတွေအဖြစ်တွေ့ရပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၀၄) နာရီမှ မွန်းလွဲ(၁း၄၃)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင် နှင့် နံ့သာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၀၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဦးခေါင်းကိုရေမွှေးဆွတ် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒံပေါက်ဆွမ်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

6.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆုတ်(၄)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆုတ်တီထိ(၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ငွေကြေးကိစ္စအ၀၀ဖြစ်တဲ့ ငွေချေးခြင်း၊ ကြွေးယူခြင်း၊အာမခံခြင်း၊ငွေပေးငွေယူကိစ္စများ၊ ဘဏ်ကိစ္စများ အဆင်ပြေ အောင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ယနေ့တွင် သစ်ပင်စိုက်ခြင်း မပြုအပ်ပါ။ မင်္ဂလာယူပြီးဆောင်ရွက်သော ကိစ္စများ ရှောင်ကြဉ်ရမည်။ ပြဿနာများ ထိပ်တိုက်ရင်ဆိုင်ရန် ရက်ကောင်းဖြစ်သည်။ ယနေ့ရရှိသော သတင်းအချက် အလက်များကို အသုံးချ၍ အကျိုးရှိမည်။ အရေးကြီးသောကိစ္စများ ဆောင်ရွက်မည်ဆိုပါက နေ့လည် (၁း၁၂)နာရီ ကျော်မှ ဆောင်ရွက် လုပ်ကိုင်ပါ။

            အချစ်ရေးကံကောင်းနေတဲ့နေ့ရက်ဖြစ်တာကြောင့် ချစ်သူအား မေတ္တာတောင်းခံခြင်း၊ စိတ်ကောက်နေတဲ့ ချစ်သူကိုပြန်ချော့ခြင်း၊ ချစ်သူကိုလက်ဆောင်များပေးခြင်းတွေဆောင်ရွက်သင့်တဲ့နေ့မျိုးပါပဲ။

ထီဝါသနာပါသူများဒီနေ့မှာထီထိုးနိုင်ပါတယ်။  ၁ဂဏန်း၊၅ဂဏန်း၊၉ဂဏန်းပါတဲ့ထီလက်မှတ်ကို ရွေးချယ်ကံစမ်း သင့်ပါတယ်။ မိတ်ဆွေသစ်ဖွဲ့ခြင်း၊ မိတ်ဆုံစားပွဲများကျင်းပခြင်းတွေ ဒီနေ့မှာဆောင်ရွက်သင့်ပါတယ်။

ပွဲစားနဲ့တဆင့်ခံလုပ်ရတဲ့အလုပ်မျိုးတွေမလုပ်ပါနဲ့။ လူယုံသတ်တာ အောက်လက်ငယ်သားတော်လှန်တာမျိုးတွေ လဲကြုံနေရတတ်ပါတယ်။ ရွှေပျောက်တာ၊ အထားမှားတာမျိုးတွေဖြစ်လာတတ်ပါတယ်။ ပွဲစားနဲ့တဆင့်ခံလုပ်ရတဲ့ အလုပ်မျိုးတွေမလုပ်ပါနဲ့။ လူယုံသတ်တာ အောက်လက်ငယ်သားတော်လှန်တာမျိုးတွေ လဲကြုံနေရတတ်ပါတယ်။ ရွှေပျောက်တာ၊ အထားမှားတာမျိုးတွေဖြစ်လာတတ်ပါတယ်။

ဒီနေ့ အိုးအိမ်အသစ်တည်ဆောက်ခြင်း မပြုသင့်ပါ။ မီးလောင်ပျက်စီးဆုံးရှုံးရတတ်သည်။ သတင်းအချက်အလက်များ စုစည်းရန် ရက်ကောင်းဖြစ်သည်။ ကတိသစ္စာပြုရန် ရက်ကောင်းဖြစ်သည်။ စာရွက်စာတမ်းကိစ္စများ ဆောင်ရွက် လုပ်ကိုင်သင့်ပါတယ်။ ဦးတည်ချက်ပြောင်း၍ လုပ်ကိုင်ခြင်းများ အဆင်ပြေအောင်မြင်မည်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၄း၂၈း၂၃)နာရီမှ နံနက်(၅း၂၀း၀၁) နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ပြုပ္ဗာသဠ်နက္ခတ်သည်အောက်ငုံနက္ခတ်ဖြစ်တာမို့ ကလေးထမင်းစခွံ့ခြင်း၊ကျောက်မျက်ရတနာတူးဖော်ခြင်း၊စူးစမ်းရှာ ဖွေခြင်း၊ဆည်မြောင်း၊တာတမံဆောက်လုပ်ခြင်း၊ရေတွင်းရေကန်နှင့်အဝိစိတွင်းတူးဖော်ခြင်းများ စာရေးသားခြင်းများ အထူးကောင်းပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ဓနုစန်း၊ ပြုပ္ဗာသဠ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿ ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးရင်သွေးများဟာ အများအားဖြင့် အားရစရာကောင်းတဲ့ဇာတာတွေဖြစ်ပါတယ်။ စီးပွားရေးမှာကျွမ်းကျင်လိမ္မာ တဲ့ဗီဇပါလာသူတွေဖြစ်ပါတယ်။ စီးပွားရေးသင်တန်းတွေမတက်ထားဘဲ စီးပွားရေးကိုလာဘ်မြင်ကြသူတွေဖြစ်ပါတယ်။ ရဲစွမ်းသတ္တိရှိခြင်း၊မဟုတ်မခံစိတ်ရှိကြသူတွေဖြစ်တာမို့၊ လာရောက်ရန်စရင် အရင်လက်ဦးအောင်ချတတ်သူတွေမို့ မိဘတွေလိုက်ရှင်းရတတ်တဲ့ဇာတာမျိုးဖြစ်ပါလိမ့်မယ်။ဇမသေးတဲ့သူမျိုး၊သူများအနိုင်ကျင့်မခံတဲ့သူမျိုးတွေဖြစ်ပါတယ် အသက် ၂၅ကစလို့ အောင်မြင်မှုတွေကိုစတင်ထိတွေ့ခွင့်ရတတ်တဲ့ဇာတာတွေပဲဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃:၂၀) နာရီမှ ညနေ(၄:၅၉)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒူဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မီးခိုးရောင် နှင့် ဖက်ဖူးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၅၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဒိန်ချဉ်သောက် သွားပါ။ ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဂျင်းသုပ် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

4.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆုတ်(၂)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကျား မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  နံနက်(၁၀း၁၂)နာရီအထိ မိတ္တုမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ကိတ်မြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

နံနက်(၁၀း၁၂)နာရီကျော်ပါကကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင် ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါ တယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး၊ ရှမ်းရက်၊ သမားဖြူရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  နံနက်(၁၀း၁၂)နာရီအထိ လပြည့်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ပြည့်စုံခြင်းကိုဖော်ဆောင်ပေးတဲ့ ပုဏ္ဏတီထိကျ ရောက်တဲ့နေ့ရက်ပါပဲ။ မိဘဘိုးဘွားတွေကိုရှစ်ခိုးကန်တော့တာ ပုတီးစိပ်၊ဂါထာမန္တန် ရွတ်ဖတ်ခြင်းများ၊အဓိဌာန်ဝင်ခြင်းများလဲ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။ ကွယ်လွန် သွားတဲ့မိဘတွေကို ရည်စူးပြီးတော့ အမျှဝေခြင်းပြုသင့်တဲ့ နေ့ရက်ပါပဲ။

            လုပ်ငန်းသစ်များ ၊စတင်လည်ပတ်ခြင်းများအထူးကောင်းပါတယ်။ အလုပ်သစ်ရှာခြင်း၊အင်တာဗျူးဖြေခြင်း များလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။  လောကီနဲ့ပတ်သက်သော အဆောင်ယတြာများ စီရင်ပြုလုပ်ခြင် များလဲဒီနေ့မှာ ဆောင်ရွက်လို့အောင်မြင်တတ်ပါတယ်။တစ်ဦးတစ်ယောက်စီမှာငွေကြေးချေးငှားခြင်းများလဲ ဆောင်ရွက် လို့အဆင်ပြေပါလိမ့်မယ်။

ဒီနေ့ဟာ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန်မသင့်ပါ။ စတင်ဆောင်ရွက်သော ကိစ္စမှန်သမျှ တစ်ပိုင်းတစ်စ ဖြစ်တတ်သည်။ ကုန်သွယ်ခြင်း၊ ပစ္စည်းဝယ်ယူမြှုပ်နှံခြင်းများ မပြုရပါ။ ဆုံးရှုံးမည်။ ငွေကြေးလက် ပြောင်း၊ လက်လွှဲကိစ္စမှန်သမျှ ဆောင်ရွက်ပါ။ အရေးပါသောစာရွက်စာတမ်းများကို စနစ်တကျထိန်းသိမ်းပါ။ ပျောက် ရှတတ်သည်။

ဇေဌနက္ခတ်မို့အချစ်ရေး ၊ မေတ္တာရေး စကားပြောခြင်း၊ ထီထိုးခြင်း၊ အိမ်ခြံမြေ၊ ယာဉ်၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက် ကား ရောင်းဝယ်ခြင်း၊ ပညာစ၍သင်ခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ စာရေးသားခြင်း၊ ပန်းချီ ၊ ပန်းပု ထုခြင်း၊ ကျောက် ဆစ်ထုခြင်း၊ သံထည်ကြေးထည်များ သွန်းလောင်းခြင်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း ကောင်း၏။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပတ်သက်သော ရှင်ပြုခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ ကြုံ ပါ က နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊ တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၄း၃၆း၁၅)နာရီမှ နံနက်(၅း၂၇း၅၃)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ဗြိစ္ဆာစန်း၊ ဇေဌနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿ ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေး သူများဟာ အများအားဖြင့် အားနည်းချက်အားသာချက်ရောထွေးနေတတ်ကြသူတွေဖြစ်ပါတယ်။ အားနည်းချက်က ရန်သူပေါများခြင်း၊အများနဲ့တစ်ယောက် ရန်ရှာခံရခြင်း၊ကျန်းမာရေးမှာ ကိုယ်တွင်းကလိစာတစ်ခုခုအားနည်းချက်ပါရှိ လာခြင်းမျိုးရှိတတ်ပြီးတော့ အားသာချက်ကတော့ ပညာရေးမှာအလွန်ထူးချွန်ခြင်း၊ဥစ္စာဓနကံအားကောင်းခြင်း၊ ငွေကြေးစည်းစိမ်းနဲ့နေရခြင်း၊ ရပ်ဝေးနယ်ခြား၊နိုင်ငံခြားအကျိုးပေးခြင်းစသောကံတွေ အားသာချက်ရှိပါတယ်။ နာမည် မှည့်ခေါ်ရာတွင် နာမည်ရဲ့ အဆုံးသတ်ကို သောကြာနံနဲ့ အဆုံးသတ်ပေးခြင်း၊စနေနံနဲ့ အဆုံးသတ်ပေးခြင်းကိုအထူး ရှောင်နိုင်ပါက ဘဝမှာ အဆင်ပြေမှုပိုမိုများပြားနိုင်တာကိုတွေ့ရပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၅၈) နာရီမှ ညနေ(၆:၃၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သင်္ဘောသီးမှည့်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဖရုံယို ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

3.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆုတ်(၁)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၉)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မွန်းလွဲ(၁၂း၁၈)နာရီအထိ တနင်္ဂနွေမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် မိတ္တုမြေခံအဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာ မျိုး တွေ အထူးရှောင်သင့်ပါတယ်။

မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ် ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ သမားဖြူရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မွန်းလွဲ(၁၂း၁၈)နာရီအထိ လဆန်းတီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက် သုံးရန်ပေးတဲ့နေ့ အဖြစ် ကျရောက်နေပြီး လွန်လျှင် လပြည့်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ရန်ဓာတ်သဘောဆောင်တဲ့တီထိ၊ ဗလာ နတ္ထီသဘောဆောင်တဲ့ ရိတ္တာတီထိကျရောက်တဲ့နေ့ရက်ပါ။ ဒါကြောင့်လဲ စနေဂြိုဟ်တွေစိုးမိုးနေတဲ့နေ့ရက်ပါ

အနုစိပ်အသေးစိပ်လုပ်ကိုင်ရသော အလုပ်စီးပွားများ အောင်မြင်ခြင်းကိုဖြစ်ပေါ်စေပါတယ်။ မိမိတို့ ရစရာရှိတဲ့ ငွေ ကြေး တွေ ၊လက်လွန်ထားတဲ့ငွေကြေးတွေရှိရင် ဒီနေ့မှာ ပြန်လည်တောင်းခံလို့ကောင်းတဲ့နေ့ရက် ပါပဲ။ နိုင်ငံခြားနဲ့ ဆက်စပ်လုပ်ကိုင်ရသော စီးပွားရေးများ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများလဲအဆင်ပြေတတ်ပါ တယ်။

အနိဌသဘောဆောင်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဓားလှံလက်နက်များထုတ်လုပ်တဲ့အလုပ်များ၊ ခဲယမ်းမီး ကျောက်နဲ့ ပတ် သက်သောအလုပ်များ၊ ပိုးသတ်ဆေးဖြန်းခြင်းများဆောင်ရွက်နိုင်တဲ့နေ့တစ်နေ့ပါပဲ။ ရန်သူအား ဖမ်းဆီး ခြင်း၊ လက်နက်သုံးစွဲခြင်းများပြုလုပ်နိုင်တဲ့နေ့တစ်နေ့ပါပဲ။အိမ်ဆောက်ပစ္စည်းများရောင်းဝယ်ခြင်း၊ အထူးကောင်းပါတယ်။ ကုန် ပစ္စည်းများဝယ်လှောင်ခြင်း၊ ရင်းနှီးမြုပ်နှံခြင်း များလဲ အထူးဆောင်ရွက်နိုင်ပါတယ်။

 ဂီတနှင့်ပတ်သက်ပြီး သံစဉ် အသစ်များရှာခြင်း၊ သီချင်းရေးခြင်းများလဲ ဆောင်ရွက်လို့ ပေါက်မြောက်ပါလိမ့်မယ်။ ဖျော်ဖြေရေးနဲ့ပတ်သက်တဲ့ Instrumentပစ္စည်းများစတင်ဝယ်ယူလို့အလွန်ပဲကောင်းပါတယ်။  တွင်းထွက် ပစ္စည်း များ၊ရတနာတူးဖော်ခြင်းများ ဒီနေ့မှာဆောင်ရွက်လို့အထူးကောင်းပါတယ်။ 

ပျိုးကြဲခြင်း၊ မျိုးစေ့ချခြင်းများလဲဆောင်ရွက်လို့ကောင်းပါတယ်။ ပြည်တွင်းပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ အတွက်စတင်ပြီး အင်တာဗျူးတာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။ အလှူမင်္ဂလာကိစ္စတွေဖြစ်တဲ့ရှင်ပြုခြင်း၊နားသ ခြင်း၊ ပဉ္ဖင်းခံခြင်းများလဲ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ယနေ့ဟာ ရင်းနှီးမြှုပ်နှံခြင်းများ မပြုသင့်ပါ။ ပညာစတင်သင်းကြားက တစ်ပိုင်းတစ်စ ဖြစ်နေမည်။ မင်္ဂလာ ယူပြီး ဆောင်ရွက် သောကိစ္စမှန်သမျှ ရှောင်ကျဉ်ပါ။ အကြီးအကဲများထံ ဝင်ထွက်သွားလာရန် ရက်ကောင်းဖြစ်သည်။ ဉပဒေ နှင့်မကင်းသော ပြဿနာမှန်သမျှ ရှောင်ကျဉ်ပါ။ ဖြစ်ပွားပါက ဖြေရှင်းရန် ခက်ခဲမည်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၄း၄၀း၁၁)နာရီမှ နံနက်(၅း၃၁း၄၈)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

အနုရာဓနက္ခတ်အချိန်များတွင်ဘုရားတည်းခြင်း၊ အနေကဇာတင်ခြင်း၊ ရှင်ပြုနားသ၊ လက်ထပ်မင်္ဂလာပြုလုပ်ခြင်း၊ ထီထိုးခြင်း၊ မေတ္တာရေးစကား ပြောဆိုခြင်း၊ အလှပြင်ခြင်း၊ လက်ဝတ်ရတနာဝတ်ဆင်ခြင်း၊ ယာဉ်၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲ၊ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေဖြန့်ချိခြင်း ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ဗြိစ္ဆာစန်း၊ အနုရာဓနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿ ရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးသူများဟာအခက်အခဲတွေဘယ်လိုပဲရှိပါစေ..ကျော်လွှားနိုင်ပါလိမ့်မယ်။ လူချစ်လူခင်ပေါများတယ်။ လုပ်ငန်းရှင်၊ သူဌေးကြီးတွေရဲ့ အားအကိုးရဆုံးလူယုံတွေဖြစ်တတ်ပါတယ်။ကျန်းမာရေးအားကောင်းကြသူတွေဖြစ်တတ်ပြီးတော့ အိမ်ထောင်ရေးကတော့ ကမောက်ကမဖြစ်လွယ်ကြသူတွေဖြစ်ပါတယ်။ ငွေကြေးကံအားကောင်းတဲ့သူမျိုးတွေဖြစ်ကြ ပါတယ်။ ခရီးသွားလုပ်ငန်း၊ပညာရေးလုပ်ငန်း၊ဂိုက်လုပ်ငန်းများနဲ့ အကျိုးပေးအောင်မြင်တတ်ကြတဲ့သူတွေဖြစ်ကြပါ တယ်။ အရွယ်လွန်တတိယအရွယ် ရောက်တဲ့အခါ ဘာသာရေးဘက်ကိုနွယ်သွားပြီးတော့ တရားရှာ၊တရားရတတ်တဲ့ သူမျိုးတွေအဖြစ်လဲ ဒီလိုဇာတာမျိုးကိုတွေ့ရလေ့ရှိကြပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈:၄၈) နာရီမှ နံနက်(၁၀:၄၆)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဝါရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၉၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ရွက်လှညွှန့်လေးဆောင်သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘူးသီးကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

2.June.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လပြည့်နေ့ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၃)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါ တယ်။ စန်းပွင့်ရာအရပ်က  အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မွန်းလွဲ(၁း၅၁)နာရီအထိ တနင်္လာမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် တနင်္ဂနွေမြေခံ အဖြစ် သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။

တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြတ်ကြီးကြီးမားမား ရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက် အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

မွန်းလွဲ ၂နာရီနောက်ပိုင်းတနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင် သင့် သော အချိန်ကာလမျိုး ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ် မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မွန်းလွဲ(၁း၅၁)နာရီအထိ လဆန်းတီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျ ရောက် နေပြီး လွန်လျှင် လဆန်းတီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက် သုံးရန်ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေတာ ဖြစ်ပါတယ်။ စွမ်းအားများ၊အောင်မြင်မှုများကို ယူဆောင်လာပေးမဲ့ ဇယျာတီထိကျရောက်တဲ့ နေ့ရက်ပါပဲ။

ဒီလိုနေ့မျိုးမှာ မိမိကုန်ပစ္စည်းအတွက် ကြေငြာဆိုင်းဘုတ်များထောင်ခြင်း၊ လက်ကမ်းစာရွက်များ ၊ပန်းဖလက်များ ဝေ ခြင်းမျိုးတွေလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ အစုရှယ်ယာလုပ်ကိုင်ခြင်းများ၊ ဘဏ်စာရင်းဖွင့်ပြီးငွေစတင်စုခြင်း များလဲ ဆောင်ရွက်နိုင်ပါတယ်။ဖုန်းရောင်းဝယ်ခြင်း၊ ဖုန်းအပိုပစ္စည်းရောင်းဝယ်ခြင်းများ၊ ပညာရေးနဲ့ပတ်သက် သောစာအုပ် စာတန်းများ ရောင်းချခြင်းများလဲ ဆောင်ရွက်လို့အထူးအောင်မြင်တတ်ပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့  သမားတော်နဲ့ပြသခြင်း၊ဆေးဝါးမှီဝဲခြင်း၊ ဆေးစစ်ခြင်း၊ ခွဲစိပ်ကုသခံယူခြင်းများ စတင် ဆောင်ရွက်ခြင်းဖြင့် ရလဒ်ကောင်းတွေရလာတတ်ပါတယ်။ မလုပ်ဖြစ်ဘဲ ရပ်တန့်ထားတဲ့လုပ်လက်စ အလုပ်တွေ ရှိရင်လဲ ဒီနေ့မှာ ပြန်လည်လုပ်ကိုင်ခြင်းဖြင့် ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာ လပြည့်နေ့နှင့် သောကြာနေ့တိုက်ဆိုင်နေပေရာ ဘုရားအနေကဇာတင်ရန် ရက်ကောင်းရက်မြတ် ဖြစ်နေပါ တယ်။ အနေကဇာ ဂါထာတော်ရွတ်ဆိုခြင်း၊ ဓမ္မဒါနလှူဒါန်းခြင်းတို့ကို ပြုလုပ်ရန် ရက်ကောင်း ဖြစ်နေပါတယ်။ နယုန်လပြည့်နေ့တွင် ပိတောက်(၂)လံကို (၄)ပိုင်းပိုင်းကာ ခြံထောင့်(၄)ထောင့်တွင် စိုက်ခြင်းဖြင့် ဓါးပြ၊ သူခိုးရန်မှ ကင်းစင်မည်။ အပူ(၁၁)မီး ငြိမ်းမည်။ ပိတောက်(၂)လံ မရပါက ပိတောက်ပင်ပေါက် (၄)ပင်ကို စိုက်ပျိုးရမည်။ ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်း ဖြစ်သည်။ သမားပြခြင်း ဆေးစစ်ခြင်းများ ပြုလုပ်နိုင်မည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၄း၄၄း၀၇)နာရီမှ နံနက်(၅း၃၅း၄၄)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဝိသာခါနက္ခတ်သည် ရောနှောထားသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး လုပ်ရိုးလုပ်စဉ်တာဝန်များ၊ ကျွမ်းကျင်မှု တာဝန် များ၊ အိမ်မှုကိစ္စများနှင့် နေ့စဉ်အရေးပါသည့် လှုပ်ရှားမှုများအတွက် ကောင်းမွန်ပါသည်။

ဤနက္ခတ်သည် အောက်သို့ မျက်နှာမူသော နက္ခတ်ဖြစ်ပြီးရေတွင်းတူးခြင်း၊သတ္တုမိုင်းတူးခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း၊ မီးရထားလမ်းများ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း၊ နက္ခတ်ဗေဒင် ၊သင်္ချာဘာသာရပ်၊ ပန်းပု ပညာ ၊ အနုပညာ၊ အရေးအသား ၊သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရားပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ တူစန်း၊ဝိသာခါနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿ ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေး ရင်သွေးများဟာ အများနဲ့မတူ သူတို့အတွေးအခေါ်တွေက မူလလူအများအတွေးတွေနဲ့ကွဲထွက်နေတတ်ပါတယ်။ဆန်း သစ်တယ်။ခေတ်ရှေ့ပြေးကြတယ်။ မိဘလက်ငုတ်အလုပ်တွေကို လုပ်ဖို့စိတ်ဝင်မစားကြသူတွေဖြစ်ပါတယ်။ အတွေး အခေါ်ကောင်းပြီး အသက် ၂၁ထိ မိဘက မလုပ်နဲ့ဆိုရင် လက်တည့်စမ်းပြီးလုပ်လိုစိတ်ရှိကြသူတွေဖြစ်ပါတယ်။ ငွေကြေးအကူအညီတွေရလွယ်ကြသူတွေဖြစ်သလို၊ မိမိတို့ထက်အဘက်ဘက်ကသာလွန်သော အိမ်ထောင်ဘက်များ လဲရရှိတတ်ပါတယ်။ အသက်၂၂ကနေ အသက် ၂၈အတွင်း လုပ်ငန်းခွင်မှာ ထူးထူးခြားခြားရာထူးတိုးတတ်ခြင်း၊ကိုယ် ပိုင်စီးပွားသမားများ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ခြင်းဆိုတဲ့အကျိုးကျေးဇူးကိုရရှိတတ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၂၆) နာရီမှ မွန်းလွဲ(၁၂:၀၄)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြည်ပြာရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ရေအေးအေးလေး သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့မလိုင် ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

30.May.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆန်း(၁၂)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မေလ(၃၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ခွေး မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ မြေတူးဆွတာတွေကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မွန်းလွဲ(၂း၁၀)နာရီအထိ ကြာသပတေးမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် ဗုဒ္ဓဟူးမြေခံအဖြစ် ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မွန်းလွဲ(၂း၁၀)နာရီအထိ လဆန်းတီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျ ရောက်နေပြီး လွန်လျှင် လဆန်းတီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုနေ့ရက်မှာ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းစတဲ့ အလှူနဲ့ပတ် သက်သောကိစ္စ တွေအထူးဆောင်ရွက်နိုင်ပါတယ်။

ဆံသခြင်း၊ဆံဖြတ်ခြင်း၊ခေါင်းဆေးခြင်းတွေလဲ ဆောင်ရွက်ခြင်းဖြင့်ကံတွေမြင့်လာတတ်ပါတယ်။လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း များ၊ ဆေးဝါးဖော်စပ်ခြင်းအလုပ်များ၊အထူးတိုးတတ်နေပါလိမ့်မယ်။ သောကြာဂြိုဟ်စိုးမိုးတဲ့နေ့ ရက်လဲဖြစ် တာကြောင့် ခန်းဝင်ပစ္စည်းများ၊ပရိဘောဂများဝယ်ယူတာမျိုးတွေ ၊ အိမ်တွင်းအလှအဆင်တာမျိုးတွေလဲ အထူးဆောင် ရွက် လို့သင့်ပါတယ်။ မိသားစုအပျော်ခရီးသွားခြင်းများ၊ မိတ်ဆွေတွေနဲ့ဖျော်ဖြေရေးပွဲများကျင်းပခြင်း တွေအထူး ကောင်း ပါတယ်။

အနုပညာလုပ်ငန်းများ၊ရုပ်ရှင်နှင့်သရုပ်ဆောင်လုပ်ငန်းများအထူးတိုးတတ်ပါတယ်။ အဝတ်အထည်ကောင်း များ ဝယ်ယူခြင်းတွေဒီနေ့မှာကောင်းပါတယ်။ အဝတ်ဒီဇိုင်းများချုပ်လုပ်ခြင်းတွေစတင်ဆောင်ရွက်နိုင်တဲ့နေ့တစ်နေ့ ပဲ ဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံထားတဲ့ပစ္စည်းတွေဈေးကောင်းရရှိမဲ့နေ့ရက်ပါပဲ။ မြုပ်နှံထားသောပစ္စည်းများ ဈေးကောင်း ရပါလိမ့်မယ်။ စတင်ဆောင်ရွက်သောကိစ္စမှန်သမျှအနှောက်အယှက်ကြုံပြီးမှ အဆင်ပြေတတ်ပါ တယ်။

အခက်အခဲပြဿနာတွေရှိရင်တော့ ကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။ ရပိုင်ခွင့်တွေကိုတောင်းဆိုလို့ ကောင်းတဲ့နေ့ ရက်ပါပဲ။အကြီးအကဲတွေနဲ့တွေ့ဆုံပြီး တင်ပြစရာကိစ္စတွေကိုတင်ပြတောင်းခံသင့်တဲ့နေ့ရက်ပါပဲ။

ကျောက်မျက်ရတနာများ၊ရေနံနှင့် ဓာတ်သတ္တုတူးဖော်ခြင်းများ စတင်လို့ကောင်းတဲ့နေ့ရက်မျိုးပါပဲ။ ရွှေလုပ် ငန်းများ တိုးတတ်မှုတွေကြုံရပါလိမ့်မယ်။မြေသန့်ခြင်းကိစ္စများကိုလဲ ဦးစားပေးဆောင်ရွက်လို့ကောင်းပါတယ်။ အချစ်ရေးမေတ္တာ ရေး ကံကောင်းပါတယ်။ ချစ်စကားများ ပြောဆိုခြင်းများပြုလုပ်သင့်တဲ့နေ့မျိုးပါပဲ။

ခြံ၊အိမ်၊မြေ အရောင်းအဝယ်များလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။ သီးပင်စားပင်စတင်စိုက်ပျိုးခြင်း တွေ၊ နှစ်ရှည်ပင်စိုက်ပျိုးခြင်း၊ဥယျာဉ်ခြံလုပ်ကိုင်ခြင်းတွေအထူးဆောင်ရွက်လို့ကောင်းပါတယ်။

ယနေ့ ကာမမကြူးအပ်ပါ။ ကောင်းခြင်းလာဘ်လာဘ အလုံးစုံပြည့်စုံမည်။ အလုပ်အကြံအစည်တို့ကို စတင်သင့်သည်။ အလုပ်ရှာခြင်း၊ အလုပ်လျှောက်ခြင်းများ ဆောင်ရွက်နိုင်သည်။ ခရီးကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။ ဝယ်ယူမြှုပ် နှံနိုင်မည်။ တည်ဆောက်မှုကိစ္စများ စတင်နိုင်သည်။

ဟဿတနက္ခတ်ကျရောက်တာမို့အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ စာအုပ် စာရေး ကိရိယာလုပ် ခြင်း၊ စာပေဖြန့်ချိရေးလုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ လက်ဝတ်ရတနာဝတ်ဆင်ခြင်း၊ ချစ်မေတ္တာ စကားပြောဆိုခြင်း၊ ထီထိုးခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲများ၊ ပါတီပွဲများ၊ ဧည့်ခံပွဲများစတင်၍ ဖွင့်လှစ်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ဆံသလုပ်ငန်း၊ ဆိုင်ကယ်၊ အိုးဝေ၊သုံးဘီးဆိုင်ကယ်ရောင်းဝယ်ပြုလုပ်ခြင်း ကောင်း၏။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၄း၅၅း၅၅)နာရီမှ နံနက်(၅း၄၇း၃၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ကန်စန်း၊ ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿ ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ ရဲရင့်သူ၊တည်ကြည်သူ၊အပြောနဲ့အလုပ်ညီသူ၊ ကြီးပွားချမ်းသာလိုစိတ်ရှိကြသူတွေဖြစ်ပါတယ်။ ငွေကြေးရှာဖွေးစုဆောင်းတာကို ဝါသနာပါသူဖြစ်ပါတယ်။ သတိထားရမှာကတော့ ပထမအကြိမ်ရင်းနှီးမြုပ်နှံမယ်ဆို ရင်တော့ အိတ်သွန်ဖာမှောက် ရှိတဲ့ငွေကို အကုန်ရင်းနှီးမြုပ်နှံတာမျိုးအထူးရှောင်ပါ။ ဘဝမှာရေနဲ့ပတ်သက်သော အန္တရာယ်ရှိတာမို့ ရေလမ်းခရီးနှင့် ရေနဲ့ဆက်စပ်သောအလုပ်များကိုတော့ အထူးရှောင်သင့်ပါတယ်။ ကြိုးစားရင် ကြိုး စားသလောက် အောင်မြင်မှုလဲ ကြီးမားနိုင်တာမို့ မိဘတွေကသာ သေချာပံ့ပိုးပေးနိုင်မယ်ဆိုရင် အအောင်မြင်ဆုံးဘဝ ကိုရရှိနိုင်ကြောင်းပါဗျာ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃:၁၉) နာရီမှ ညနေ(၄:၅၇)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြက်သွေးရောင် နှင့် ဆင်စွယ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၇၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့နွားနို့သောက် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့ထမင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

21.May .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆန်း(၃)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မေလ(၂၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ညပိုင်း(၁၁း၁၂)နာရီအထိ အင်္ဂါမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် တနင်္လာမြေခံ အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင် တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက် အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါးရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ညပိုင်း(၁၁း၁၂)နာရီအထိ လဆန်တီထိ(၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့ အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆန်းတီထိ(၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေတာ ဖြစ်ပါတယ်။ ကံကောင်းခြင်းတွေ၊စိတ်ချမ်းသာခြင်းတွေကိုပေးတဲ့  ဘဒြာတီထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါ တယ်။ဒီနေ့ဟာအကြီးအကဲများထက် ဝင်ထွက်သွားလာရန် အထူးကောင်း ပါတယ်။ညရး၃၀ကနေ ၉း၀၀အတွင်း ပြဿနာအခက်အခဲတွေရှိပါလိမ့်မယ်။ ငွေကြေးလက်ပြောင်းလက်လွဲကိစ္စ မှန်သမျှသတိနှင့်ဆောင်ရွက်သွားသင့်တဲ့ နေ့ရက်ပါပဲ။

အိုးအိမ်နေရာထိုင်ခင်းနှင့်ပတ်သက်သောကိစ္စများ၊ မင်းအစိုးရဌာနဆိုင်ရာနှင့်ပတ်သက်သောအလုပ်များ အထူးပဲ ကောာင်းပါတယ်။ ဘဏ္ဍာရေးနဲ့ပတ်သက်သောကိစ္စများလဲ အထူးဆောင်ရွက်နိုင်ပါတယ်။အလှပြင်ခြင်းများ၊ အဝတ်အထည်သစ်ဝတ်ဆင်ခြင်းများစတင်လို့အထူးကောင်းပါတယ်။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊စီးပွားရေး နယ်ပယ် မှာ ပဲဖြစ်ဖြစ် အသစ်တစ်ခုလုပ်ကြည့်တာ ၊လမ်းသစ်ထွင်ကြည့်တာ မျိုးတွေ စမ်းသပ်လုပ်သင့်တဲ့နေ့ရက်ပါပဲ။

ဒီလိုနေ့မျိုးမှာ လုပ်ငန်းသစ်တစ်ခုစတင်ခြင်း၊ ရေရှည်စီမံကိန်းတွေအတွက်စတင်ဆောင်ရွက်ခြင်း၊ ပန်းတိုင်တစ်ခု အတွက်ပထမခြေလှမ်းတစ်လှမ်းစလှမ်းတာမျိုးတွေ လုပ်သင့်တဲ့နေ့ရက်ပါပဲ။

ရောဟဏီနက္ခတ်သည် မြဲမြံခိုင်ခံ့သော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်း၊ ရေရှည် တည်တံ့သော သို့မဟုတ် ထာဝရအကျိုးသက်ရောက်မှုကို အလိုရှိသော လုပ်ဆောင်ချက်များအတွက် သင့်လျော်သည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေး အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း ပ်ရန်သင့်လျော်သည်။

ဒီနေ့မှာ အတိုက်အခိုက်နဲ့ပက်သက်ပြီးတော့လဲ အထူးရင်ဆိုင်ရတတ်ပါတယ်။ အလုပ်ကောင်းသူ၊အလုပ်အဆင်ပြေ တိုးတတ်နေသူတွေပိုမို ချောက်ချတာခံရနိုင်ပါတယ်။ အမျိုးသားများ မိန်းမကိစ္စတွေရှုပ်မိတယ်ဆိုရင်တော့အထူးပဲ ပြဿနာများ အညံ့များရတတ်ပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း ၊နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ယနေ့ တောင်တက်ခရီးသွားလာခြင်းများ မပြုရပါ။ ဆေးဝါးစတင်ကုသရန် ရက်ကောင်းဖြစ်နေပါတယ်။ ဆေးဖေါ်ခြင်း၊ သမားပြခြင်းများလည်း ဆောင်ရွက်နိုင်ပါတယ်။ မင်္ဂလာယူပြီးဆောင်ရွက်ရမည့်ကိစ္စမှန်သမျှကို နေ့(၁၂း၀၀)နာရီ မတိုင်ခင် ဆောင်ရွက်လုပ်ကိုင်ပါ။ ညနေ(၃း၃၆)နာရီမှ (၆း၀၀)နာရီကြား ပြဿနာဖြစ်ပါက ပေါ့ပေါ့တန်တန် သဘောမထားရပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၅း၃၁း၁၈)နာရီမှ နံနက်(၆း၂၂း၅၅)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ပြိဿစန်း၊မနက် ၁၀နာရီ ၄မိနစ်အထိ ရောဟဏီနက္ခတ်နဲ့စန်းယှဉ်ပြီးတော့ ထိုအချိန်ကျော်ပါက မိဂသီနက္ခတ်နဲ့စန်းယှဉ်ပါ လိမ့်မယ်။ ပြိဿ ရာသီဖွားဖြစ်ပါသည်။ ချောမောလှပသော ရုပ်ဆင်း လက္ခဏာနှင့် ပြည့်စုံပြီး တောက်ပသော မျက်လုံးရှိကာ ဆွဲဆောင်မှုအားကောင်းတတ်ပါသည်။ မျက်နှာအနေ အထား မှာ ပြည့်ဖြိုးပြီး ကြီးမားကာ လည်ပင်းတုတ်ခိုင်တတ် ပါသည်။ ရင်အုပ်ကျယ်ပြန့်တတ်ပြီး ပခုံး၊ ခါး၊ ဒူးခြေဖဝါးကြီးမား တတ်ကာပေါင်တံအလွန်လှပ၍ ခြေသလုံးတုတ်ခိုင်တတ်ပါသည်။ ၎င်း အပြင် လက်ပြင်ကုန်းတတ်ပါသည်။ မျက်နှာ တွင် မှဲ့ (သို့မဟုတ်)အမှတ် အသားရှိတတ်ပြီး ယဉ်ကျေးသိမ့်မွေ့သော ဟန်ပန်အမှုအရာလည်းရှိ တတ်ပါသည်။ပညာ အားနှင့် ငွေကြေးဓနအင်အား ကောင်းတဲ့သူဖြစ်တာမို့ ကျန်းမာရေးကိုသာဂရုစိုက်ပေးဖို့အထူးလိုအပ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄:၅၄) နာရီမှ ညနေ(၆:၃၁)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး သောကြာ သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဝါရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၅၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့မရမ်းသီး(သို့)မရမ်းယိုစား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

20.May .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆန်း(၂)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မေလ(၂၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၂)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ညပိုင်း(၁၀း၃၄)နာရီအထိ ဗုဒ္ဓဟူးမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် အင်္ဂါမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ် ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ ရှမ်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ညပိုင်း(၁၀း၃၄)နာရီအထိ လဆန်းတီထိ(၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆန်းတီထိ(၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျ ရောက် နေ တာ ဖြစ်ပါတယ်။ ဒီနေ့မှာပစ္စည်းတစ်ခုခုဝယ်တော့မယ်ဆိုရင်တော့သေချာစစ်ဆေးပြီး မှဝယ်စေချင်ပါ တယ်။ ငွေကြေးအပေး အယူလုပ်မယ်ဆိုရင်တော့ သက်သေတွေရှေ့မှာလုပ်ကိုင်ဆောင်ရွက်တာပိုမိုကောင်းပါတယ်။ ဖုန်းနဲ့ဆက်စပ် ပစ္စည်းရောင်းဝယ်ရေးအလုပ်များအထူးကောင်းပါတယ်။ စိတ်ထဲလိုချင်နေတဲ့အကူအညီတွေကို ကောင်း စွာ ရရှိတတ် ပါတယ်။ ရေကြောင်းခရီး၊လေကြောင်းခရီးများလဲသွားလာလို့အလွန်ကောင်းပါတယ်။

မိမိအိုးအိမ်များကို အလှဆင်ခြင်း၊ဆေးသုတ်ခြင်း မိမိရုံးခန်းကို မွမ်းမံပြင်ဆင်ခြင်းများလဲ ဆောင်ရွက်လို့အထူး ကောင်း ပါလိမ့်မယ်။  ငွေကြေးနဲ့ပက်သက်ပြီး ငွေပေးငွေယူကိစ္စများ၊အာမခံခြင်းများ၊ဘဏ်ကိစ္စများလဲ အထူး ဆောင်ရွက်နိုင်ပါ လိမ့် မယ်။

အချစ်ရေး၊မေတ္တာရေးနဲပတ်သက်တဲ့ ကိစ္စအ၀၀လဲ ဆောင်ရွက်နိုင်မဲ့နေ့ပါပဲ။ အလှကုန်လုပ်ငန်း၊လူသုံးကုန်ပစ္စည်း  ရောင်းချခြင်းလုပ်ငန်း၊  အရည်နှင့်ပက်သက်သောစားသောက်ကုန်လုပ်ငန်းများလဲ အထူးပဲတိုးတတ်အောင်မြင်နိုင် တဲ့နေ့ပါပဲ။ဒီနေ့ဟာ ခေါင်းဆေး၊ ခေါင်းလျှော်ခြင်းပြုက အသက်ရှည် ကျန်းမာခြင်းများ ပြည့်စုံမည်။ ဘာသာရေးဆိုင်ရာ မြင့်မြတ်သော ကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။ ကတိပျက်သူများနှင့် ကြုံတွေ့ရတတ်သည်။ တစ်ပါးသူအပေါ် ယုံစားလွှဲအပ်ပြီး လုပ်ဆောင်သော ကိစ္စမှန်သမျှ ရှောင်ကျဉ်ပါ။ ခက်ခဲသောပြဿနာကိစ္စရပ်များကို ရင်ဆိုင်ဖြေရှင်းနိုင်မည်။ သတင်းအချက်အလက်များ စုစည်းနိုင်မည်။ လျှို့ဝှက်သောကိစ္စများ ပေါက်ကြားတတ်သည်။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၅း၃၅း၁၄)နာရီမှ နံနက်(၆း၂၆း၅၀)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ကြတ္တိကာ နက္ခတ်သည် လက်ငင်းလုပ်ဆောင်မှုများ၊ ပြိုင်ဆိုင်မှုများ ပူပြင်းသောအငြင်းအခုံများ၊ သတ္တုများနှင့် အလုပ်လုပ်ရန်အတွက် ကောင်းမွန်သည်။ဤနက္ခတ် သည် ရောနှောထားသော သဘာဝရှိသည်။ ပုံမှန်လုပ်ဆောင် မှုများ၊ နေ့စဉ်တာဝန်များကို လုပ်ဆောင်ရန် သင့်လျော်သော်လည်း အရေးကြီးသော လုပ်ဆောင်ချက်အသစ်များကို စတင်ရန် အကြံပြုထားခြင်းမရှိပါ။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ မိုင်းတူးခြင်း၊ စက်ရေတွင်း မီးရထား လမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ်၊ ပန်းပုပညာ၊ အနုပညာ ၊ အရေးအသား၊ ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသောပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ပြိဿစန်း၊ ကြတ္တိကာ နက္ခတ်သည်မနက် ၉နာရီ၂မိနစ်အထိ စန်းယှဉ်ပြီး ထိုအချိန်ကျော်ပါကရောဟဏီနက္ခတ်နဲ့စန်းယှဉ်ပါလိမ့်မယ်။အရှေ့တိုင်းနိရာယနစနစ်အရ ပြိဿရာသီဖွားဖြစ်ပါ သည်။ ဒီနေ့မွေးသူများဟာ သတိထားစရာအချက်လေးတွေရှိပါတယ်။ မိဘအသွန်အသင်ကောင်းပါက ကောင်းမွန် သောဘဝ၊လူလေးစားရသောဘဝကိုရရှိတတ်ပေမဲ့ မိဘကလွှတ်ထားလိုက်ပါက အပေါင်းအသင်းမှားပြီးဘဝပျက်တတ် ပါတယ်။ ပညာရေးနယ်ပယ်များဟာ အောင်မြင်နဲ့ နယ်ပယ်တွေ၊ကုန်ထုတ်လုပ်ငန်းများဟာ အောင်မြင်တဲ့နယ်ပယ်တွေ ဖြစ်ပေမဲ့ ရေလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတွေကတော့ ကာယကံရှင်ကို ကောင်းကောင်းဒုက္ခပေးမဲ့လုပ်ငန်းမျိုးတွေ  ဖြစ်ကြပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈:၄၈) နာရီမှ နံနက်(၁၀:၂၅)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ စနေ ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် မိုးပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၀၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ရွှေကြည်အနည်းငယ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းနို့ကျောက်ကျော ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

18.May.2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ကဆုန်လကွယ်နေ့ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊မေလ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၃)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၈)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ညပိုင်း (၁၀း၄၅)နာရီအထိ သောကြာမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် ကြာသပတေး မြေခံ အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့ အဆောက် အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦး တွေစတင်ဆောက် လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရ ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ညပိုင်း (၁၀း၄၅)နာရီအထိ လဆုတ်တီထိ(၁၄)လုံး ပယ်ရှင်းခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လကွယ်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ဆင်းရဲခြင်း၊ဗလာနတ္ထိသဘောကိုဆောင်တဲ့ ရိတ္တာတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲဒီလိုနေ့ရက် မှာတော့ ရတနာပစ္စည်းများရောင်းဝယ်ခြင်းကိစ္စတွေအ ထူးကောင်းပါတယ်။ အတတ်ပညာများစတင်သင်ကြားခြင်း၊ သင်တန်းအပ်ပြီးစတင်သင်ကြားခြင်းများအထူး ကောင်းပါတယ်။ အလုပ်နဲ့ပတ်သက်သောငွေကြေး အထောက်အပံ့ တွေကို လဲအထူးရရှိပါလိမ့်မယ်။ ဘာသာဆိုင်ရာ ကိစ္စများဆောင်ရွက်ရန်အထူးကောင်းပါတယ်။

အမည်ဆိုင်းဘုတ်တင်ခြင်းတွေ၊အလုပ်ခန်းစတင်ဖွင့်ခြင်းတွေဒီနေ့မှာအထူးဆောင်ရွက်လို့ကောင်းပါတယ်။ မည်သည့်ပြဿနာတတ်တတ် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလို့အထူးကောင်းပါတယ်။ မနက် ၉နာရီကျော်ရင် မင်္ဂလာ အခါပေးခြင်များဆောင်ရွက်လို့ကောင်းပါတယ်။ ဆိုင်းဘုတ်တင်ခြင်း၊ဆံရိတ်ဆံသခြင်း၊အလှပြင်ခြင်း၊ စေ့စပ်ခြင်း၊  ကလေးထမင်းခွံခြင်း၊အမည်မှည့်ခြင်းတွေ၊အိမ်ပြောင်းတာတွေ အထူးကောင်းပါတယ်။ဒီနေ့မှာအခက်အခဲအကြပ် တွေ ကနေဖောက်ထွက်ခြင်းတွေ၊ အညံ့အဆိုးတွေကနေ လွတ်မြောက် အောက်ကြိုးစား ခြင်းများအထူးကောင်းပါတယ်။

သံသရာကလွတ်မြောက်ကြောင်းဖြစ်တဲ့  ဝိပဿနာပွားများခြင်းနှင့်  နိဗ္ဗာန်သို့ဦးတည်ပြီးလုပ်တဲ့ ကုလိုလ်ရေးများ ဆောင်ရွက်နိုင်ပါတယ်။ ဒီနေ့ဟာဖြိုဖျက်ခြင်း၊ဖျက်စီးခြင်းတွေကို တွန်းအားပေးတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာအိုး အိမ်ဖြိုဖြတ်ခြင်းတွေ၊မြေနေရာရှင်းလင်းခြင်း၊သစ်ပင်ခုတ်လှဲခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ခွဲစိပ်ကုသရမဲ့ရောဂါတွေကို ဒီနေ့မှာခွဲစိပ်ကုသလို့အလွန်ပဲကောာင်းပါတယ်။ စနေဂြိုဟ်စိုးမိုးတဲ့နေ့ရက်ဖြစ်တာ ကြောာင့်အနုစိပ်အသေးစိပ်အလုပ်တွေ ခေါင်းစားပြီးဦးနှောက်သုံးပြီးဆောင်ရွက်ရမဲ့အလုပ်တွေ စတင်လို့အထူး သင့် လျော်ပါတယ်။

လှောင်ကုန်တွေ၊ရောင်းမထွက်ဘဲကြန့်ကြာနေတဲ့ပစ္စည်းတွေရှိရင် ရောင်းထွက်သွားပါလိမ့်မယ်။ အကြီးအကဲများ  အထက်လူကြီးများထံတွင် ဝင်ထွက်ညှိနှိုင်းတိုင်ပင်ခြင်းများ အထူးကောင်းပါတယ်။ နိုင်ငံရပ်ခြားကိစ္စများ နိုင်ငံခြား  သွားဖို့စီစဉ်ဆောင်ရွက်ခြင်းများအထူးကောင်းပါတယ်။

ဒီနေ့ဟာ  ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့် ပြီးပြည့်စုံသော နေ့ရက် ဖြစ်နေပါတယ်။ နံနက်(၇း၃၀)နာရီမှ (၉း၀၀)နာရီ ကြားဆောင်ရွက်သောကိစ္စများမှ ကောင်းသောအကျိုးများ ရရှိမည်။ တည် ဆောက်မှုကိစ္စများဆောင်ရွက်နိုင်သည်။ အလှူမင်္ဂလာကိစ္စများ ဆောင်ရွက်နိုင်မည်။ ကုန်ပစ္စည်းသစ်များ ဝယ်ယူမြှုပ်နှံရန် အခါကောင်း ကျရောက်နေပါတယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာစကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင် ရွက် နိုင်ပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၅း၄၃း၀၅)နာရီမှ နံနက်(၆း၃၄း၄၃) နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

မနက် ၈နာရီ ၂၁မိနစ်ထိ အာသာဝဏီနက္ခတ်ဖြစ်ပြီးတော့ ထိုအချိန်ကျော်ပါက ဘရဏီနက္ခတ်ကိုကူးပြောင်းပါတယ်။ အဿဝဏီနက္ခတ်မို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ပန်းချီပန်း ပုလုပ်ငန်းလုပ်ခြင်း၊ တိုင်ထူခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်းခရီး သွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူးခြင်းကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ မိဿစန်း၊  မနက် ၈နာရီ ၂၁မိနစ်ထိ အာသာဝဏီနက္ခတ်နဲ့စန်းယှဉ် မှာဖြစ်ပြီးတော့ ထိုအချိန်ကျော်ပါက ဘရဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ပြိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးတဲ့ရင်သွေး များဟာ ပညာစရိုက်အားကြီးကြသူတွေဖြစ်ပါတယ်။ငွေကြေးရှာဖွေရလွယ်ကူတယ်။ ကံစမ်းမဲကံ ထီကံတွေအား ကောင်းကြပြီး တော့ အတိတ်ကပါလာသော ကုသိုလ်အရှိန်အဟုန်ကြောင့်ပဲ ငွေကြေးပြည့်စုံသောဘဝကိုရရှိစေပါ တယ်။ သတိထားရမှာက မသနားမိသူကို သနားမိပြီး ဘဝထဲကို မကောင်းတဲ့လူတွေကို ခေါ်သွင်းမိတတ်ပါတယ်။ သနားရင်ပေးကမ်းလိုက်ပါ။ဘဝကြီးတော့ ပုံအပ်လိုက်တာမျိုး ရှောင်ပါ။ ပညာရေးကံအားကောင်းပြီး မိဘတွေကလဲ ပညာရေးကိုမြေတောင်မြှောက်ပေးမယ်ဆိုရင် ထူးခြားတဲ့ပညာရှင်၊ အသိပညာရှင်ဖြစ်ပါလိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁:၃၉) နာရီမှ မွန်းလွဲ(၃:၁၆)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ အင်္ဂါ သောကြာ သားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ ရာဟု ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အနီရောင် နှင့် ဆင်စွယ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကိုလာအနည်းငယ် သောက် သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ စမူဆာ ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695