”အိမ်ထောင်ရေးအတွေးမမှားရလေအောင်”
”အိမ်ထောင်ရေးအတွေးမမှားရလေအောင်” ဒီနေ့တော့ ခုနှစ်ရက်သားသမီးများအတွက် အိမ်ထောင်ရေးနဲ့ပက်သက်တဲ့သိသင့်တဲ့အချက်လေးတစ်ချို့ကိုတင်ပြချင်ပါတယ်။လက်မထပ်ရသေးပေမယ့် အနာဂတ်အချစ်ရေး အိမ်ထောင်ရေးအတွက်ပူပင်ကြောင့်ကျနေ ရ တဲ့သူတွေအတွက်ပါ။ ဘာတွေ ပြောပြချင်လဲဆိုတော့လက်ထပ်တဲ့အခါမှာ ဘယ်လိုနေ့သားတွေကို ရှောင်သင့်လဲ ဆိုတာပြောချင်ပါတယ်။ ဆရာအစဉ်အဆက်မှတ်သားဖူးတာက မိမိရဲ့ မူလမဟာဘုတ်မှာ ဘင်္ဂအိမ် ပုတိအိမ်တွေမှာ ရပ်တည်နေတဲ့ နေနံတွေကိုအိမ်ထောင်ဘက် အဖြစ်မရွေးချယ်သင့်ဘူးလိုဆိုပါတယ်။ ဆရာတွေပြောတဲ့စကားအရမ်းမှန်ပါတယ်။ ဗေဒင်ပညာနဲ့ဟောပြောအကြံဉာဏ်ပေးလာခဲ့တဲ့သက်တမ်းတလျှောက် ဗေဒင် လာမေးကြ သူတွေရဲ့ အိမ်ထောင်ဘက်နေ့နံ တွေ ဟာ ဇာတာရှင်ရဲ့မူလမဟာဘုတ်မှာ […]
”အိမ်အရောင်းထွက်အောင် ဓာတ်ရိုက်နည်း”
”အိမ်အရောင်းထွက်အောင် ဓာတ်ရိုက်နည်း” အိမ်ဓာတ်ရိုက်မည်ဆိုရင်တော့ အိမ်သားတွေထဲမှာ တနင်္ဂနွေသားရှိမရှိ အရင်ကြည့်ရပါမယ်။ တနင်္ဂနွေသားသားသမီး ရှိခဲ့မယ်ဆိုရင်တော့ အောက်ပါနည်းအတိုင်းစီရင်ကြပါ။ အိမ်ဂရန်စာရွက်(သို့)အိမ်ပိုင်ဆိုင်ကြောင်းပြသည့်စာရွက်တစ်ရွက်အား ဘုရားဆောင်ပေါ်တွင်ပလပ်စတစ် အိတ်ဖြင့်ထည့်၍တင်ထားပါ။ ထိုစာရွက်ပေါ်တွင် ငွေလာပန်းအိုးတစ်အိုးတင်ထားပါ။ငွေလာပန်းညှိုးရင်လဲ ပေးပါ။ ထိုနောက်တစ်ပတ်တကြိမ်လုပ်ရန်မှာ ဘုရား ဆောင်ရှေ့တွင်ခုံတစ်လုံးချပါ။ထိုခုံပေါ်တွင် ပုလင်းအလွတ်တစ်လုံးတင် အဲဒီထဲကို အမွှေးတိုင်ခုနှစ် တိုင်ထွန်းညှိပြီး ”ဤအိမ်နှင့်သက်ဆိုင်သော ပုဂ္ဂိုလ်များအား အမွှေးနံ့သာနှင့်ဒါနပြုပါတယ်။ သင်တို့မှတဆင့်ဘုရားရှင်ကိုပူဇော်ပါ။ကျွန်တော်တို့သည် ဒီအိမ်ကိုရောင်းတော့မှာဖြစ်၍ ဤအိမ်တွင်နေသင့်နေထိုက်သည့်ပုဂ္ဂိုလ်များ သင်တို့နှင့် ပဋ္ဌာန်းဆက်ရှိသည့်သူများအား […]
”ကားလုပ်ငန်းနှင့် ပါတ်သက်၍ အောင်မြင်စေသောယတြာ ”
ဤpost ကိုရေးမယ် ရေးမယ်နဲ့ အလုပ်မအားတာရယ် လိုင်းပေါ်ကမေးတဲ့သူတွေကိုပြန်ဟောပေးဖြစ်နေတာရယ်ကြောင့် တစ်ဝက်တစ်ပျက်နဲ့ အဆုံးမသတ်ဖြစ်ခဲ့ပါဘူး။ တမြန်နေ့က ကား accident မိမိရှေ့မှာဖြစ်တာမြင်လိုက်တော့မှ ဒီpostကိုအမြန်ရေးတင်လိုက်တာပါ။ ဒီစာကိုဖတ်မိတဲ့သူတွေလဲတတ်နိုင်သလောက်ပြန် Shareပေးပါ။ ကားနဲ့ပက်သက်သူတွေအတွက် အန္တရာယ်ကင်းပြီးကောင်းကျိုးတွေအလွန်ပေးတာမို့ပါ။ ” ဆရာရေ ကားတွေစျေးချိုလာတာနဲ့ ကျွန်တော်လဲကားလေးတစ်စီးဝယ်စီးဖြစ်တယ်ဆရာ ကျွန်တော်ကားကိုဝပ်ရှော့ခဏခဏမပို့ရအောင်နဲ့ လမ်းခရီးမှာအန္တရာယ်တွေကင်းအောင် အစီအရင်တွေလုပ်ပေးပါဦး” ”ဆရာရေ အိမ်စီးပွားရေးကmini bus လေးနှစ်စီးဝယ်ပြီး လိုင်းဆွဲတယ်ဆရာရေ အဲဒါ ကားတွေအထိအခိုက်အပျက်အစီးနည်းအောင်နဲ့ […]
ကျောက်ပြင်
ယနေ့ခေတ်လူငယ်တော်တော်များများဆိုးလာကြပြီ။ လူကြီးတွေလည်းစည်းကမ်းမရှိ ထင်သလိုပြော အိမ်ထောင်ရေးဖောက်ပြန် အကျင့်ပျက် လာကြပြီ ဆိုးလာကြပြီ။ လူလတ်ပိုင်းတွေလည်း ငါကအခုမှအရွယ်ရောက်တာ ဒီအရွယ်ကဲထားမှ ရှုပ်ထားပွေထားအုံးမှဘဲ ဆိုပြီးတော့ဆိုးလာကြပြီ။ အဲ့ဒီ လိုမျိုးဆိုးတဲ့လူ အကျင့် ပျက်တဲ့လူ တယောက် မိသားစုတွင်း မိတ်ဆွေ စတဲ့တနေရာမှာရှိလာပြီဆိုလျှင် စိတ်ညစ်ရပြီ။ စိတ်ရှုပ်လာရပါပြီ။ အဲ့ဒီ လိုဖြစ်လာပြီဆိုလျှင်မိတ်ဆွေတွေနဲ့တိုင်ပင်ကြ နီစပ်ရာအကူအညီတောင်းကြပြီ။ တချို့ဆိုဗေဒင်ဆရာ ဆီမှာအကူအညီတောင်းကြပါတယ် ။အဲဒီလိုမျိုး အခက်အခဲ ကြုံလာတဲ့လူတွေကိုဗေဒင်ဆရာတွေ […]
သင့်ပိုက်ဆံအိတ်-မှာ ဘာတွေ ထည့်ထားသလဲ.. ========================
စွမ်းအင်တွေ အကြောင်းကို လေ့လာတဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်- ဝါစတု သျှတ္တရ ပညာရပ် အရ.. မထည့်ထားသင့်တဲ့ အရာတွေ သင့်ပိုက်ဆံအိတ် ထဲမှာ ထည့်ထား လျှင်- မကောင်းတဲ့ စွမ်းအင်တွေ သင့်ဆီမှာ ရှိနေတတ်ပြီး- – ငွေကုန်ကြေးကျ၊ ငွေယိုပေါက်တွေ။ – ကျန်းမာရေး၊ လူမှုရေး ထိခိုက်မှုတွေ။ – လာဘ်ပိတ် တာတွေ။ […]
ငယ်သူတို့ချစ်ခြင်း အပြစ်ကင်းကြပါစေ
အစိုးရ ရုံးပိတ်ရက်တစ်ရက်။ ရွှေမောဓောဘုရားရင်ပြင်မှာ ဘုရားဖူးတွေလွန်စွာ စည်ကားနေ၏။ အခုလိုရုံးပိတ်ရက်တွေမှာရန်ကုန်က ဘုရားဖူးကားတွေအလွန်လာလေ့ရှိလေသည်။ဒါကြောင့်ပဲ သနပ္ပင်လမ်း၊ရွှေသာလျောင်းဘုရားလမ်းတွေမှာ လမ်းတွေပိတ်သည်အထိ ကားတွေပြည့်နှက်နေ တတ်သည်။ အခုလဲရွှေမောဓောဘုရားရင်ပြင်မှာ ဘုရားဖူးတွေကြက်ပျံမကျ စည်ကားနေပြန်သည်။ကျွန်ုပ်လဲစနေထောင့်က ကျောက်တော်ကြီးဘုရားမှာအဓိဋ္ဌာန်ပုတီးစိပ်ပြီး ခိုစာကျွေးဖို့ထွက်လာခဲ့လေသည်။ တစ်ညလုံးရေစိမ်ထားသော ကုလားပဲခြမ်းလေးတွေကိုခိုလေးတွေ အားပါးတရစားကြလေသည်။ “တူ…တူ” ခိုစာကျွေးနေတုန်း ဖုန်းကနေ vibrator မြည်လာလေသည်။ silent လုပ်ထားတဲ့အတွက်vibrator အသံသာကြားရလေသည်။ ” ဟဲလိုမင်္ဂလာပါဗျ” “ဟုတ် […]
လပြည့်ချိန်ခါ စီရင်စရာ
“ဆရာငြိမ်း” ဘာတွေလုပ်နေတာတုံး…” အိမ်နားက မိတ်ဆွေတစ်ဦး အိမ်လာလည်ရင်း မေးခြင်းဖြစ်လေသည်။ “အဝတ်အစားတွေထည့်နေတာ…ခရီးထွက်မလို့” ” သြော်.. ခရီးခဏခဏထွက်တယ်နော်… “ “ဟုတ်တယ်ဗျ … Personal ကိစ္စလေးတွေကြောင့်ပါ” “ဒါနဲ့ စကားမစပ် ဆရာငြိမ်းကို မေးစရာရှိလို့…” ဗေဒင်နဲ့ပက်သက်သော ကိစ္စတွေတိုင်း မရှင်းတာရှိရင် လာမေးနေကြပင်… အခုလဲ ဘာမေးအုန်းမလဲမသိ..။ “မေးလေဗျာ” “ဒီလိုဆရာငြိမ်းရဲ့ အခုဆို သီတင်းကျွတ်လပြည့်နေ့ ရောက်တော့မယ်ဗျာ […]
ဘာပဲရောင်းရောင်း အရောင်းသွက်စေဖို့
ဝါကျွတ်ပြီဆိုပေမဲ့ မိုးကကောင်းနေဆဲ။ ကောင်းကင်မှာ တိမ်သားညိုညိုတွေ စုဝေးနေပြန်ပြီ။ ဘယ်အချိန်ရွာချအုန်းမလဲ မသိ။ မိုးကြောင့် လမ်းပေါ်မှာ လုှပ်ရှားရုန်းကန်နေရသူတွေ ဒုက္ခများရသလို တောင်သူလယ်သမားတွေအတွက်လဲ စပါးရိတ်သိမ်းချိန်ဖြစ်တာကြောင့် သောကများရသည်မဟုတ်လား။ လိုအပ်ချိန်မှာ ရောက်ရှိလာတာဟာအဆင်ပြေပေမဲ့ မလိုအပ်ချိန်မှာ ရောက်လာတာဟာ ဒုက္ခပိုစေတယ်လို့ တွေးနေမိသည်။ မိုးစိုမှာ စိုးတာကြောင့်အပြင်မထွက်ဘဲ စာအုပ်ဖတ်နေမိသည်။ အခုလဲ… စာလဲဖတ်တာ တစ်အုပ်ပြီးသွားပြန်ပြီ..စာရေးရင်ကောင်းမလား ….ဘယ်အကြောင်းအရာရေးရမလဲ…? တိုက်တိုက်ဆိုင်ဆိုင်ပဲဒီနေ့မနက်ဗေဒင်လာမေးသူနှစ်ယောက်စလုံး ဈေးရောင်းမကောင်း၍လာမေးကြသူတွေပင်… ဒီအကြောင်းပဲပြောကြရအောင်… […]
ပျော်ရွှင်တဲ့တဲ့ဘဝ ….အောင်မြင်တဲ့ မိသားစု
ဝါကျွတ်ပြီးကတည်းက လက်ထပ်ဖို့ ရက်ရွေးကြတဲ့ သူတွေ ၊ ဇာတာတိုက်စစ်ကြသူတွေ မကြာခဏရောက်လာတတ်ပါတယ်။ မင်္ဂလာရက် မင်္ဂလာအချိန် ရွေးချယ်ရုံမျှမက ဒီဘက်ခေတ်မှာ တရားရုံးလက်မှတ်ထိုးမဲ့နေ့၊ အသုံးပြုရမဲ့ မင်္ဂလာပန်း၊ မင်္ဂလာဝတ်စုံအရောင် ၊ အဆင်ပြေမဲ့ မင်္ဂလာခန်းမ စသည်ဖြင့် အသေးစိပ်ရွေးချယ်ပေးရလေ့ရှိပါတယ်။ ဒါ့အပြင် လက်ထပ်ပြီးရင် အိမ်ထောင်ရေးသာယာချမ်းမြေ့ဖို့ ၊ရေရှည်မြဲဖို့၊ စီးပွားတတ်ဖို့ ၊သားကောင်းရတနာ ထွန်းကားဖို့ဆိုတာကလဲ […]
” ချစ်ခရီးလမ်း သာယာ ချမ်းမြေ့စေချင်”
တပို့တွဲလပြည့်ပြီးလေ အချမ်းပိုလာလေလို့ ပြောရမလိုပါဘဲ။ ဒီနှစ်ဆောင်းကတော့ အေးလွန်းသည်ဟုထင်မိသည်။ မနေ့ညက ချည်ထည်ပါးပါးလေးဝတ်ရင်း အိပ်ပျော်သွားတာကြောင့် ယနေ့အအေးပတ်ပြီးလူကဖျားချင်သလို ဖြစ်နေသည်။ နှာစေးနှာမွှန်ရာကစလို့ လူကခေါင်းပါကိုက်လာလေသည်။ ဒါကြောင့်ပဲ အိပ်ရာထဲမှာ ဆေးသောက်ပြီး မှိန်းနေမိသည်။ ဖုန်းတွေလဲ Silent လုပ်ပြီး ဝေးဝေးမှာထားလိုက်သည်။ အိပ်ရာဘေးမှာရှိတဲ့ နံရံကပ်စာအုပ်စင် ကနေစာအုပ်တစ်အုပ်ယူပြီး ဖတ်နေမိသည်။ ရသစာပေလေးတွေ ကျွန်တော်မြတ်မြတ်နိုးနိုး ဖတ်လေ့ရှိသည်။ ဦးဝင်းငြိမ်းရဲ့ ရွှေစုစည်းမှုတွေ၊ လင်းလွန်းခင်စိတ်ကြိုက် […]
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေကြမဲ့ ကျောင်းသားကျောင်းသူများအတွက်
စာမေးပွဲကြီးနီးလေပြီ။ဒီကာလအတွင်း နှစ်စကတည်းက ပုံမှန်ကြိုးစားလာကြသူတွေဆို စာတွေပြန်နွေးပြီး အိမ်ချိန်မှန် စားချိန်မှန်စွာနေထိုင်ရမဲ့ကာလပါပဲ။ စာမေးပွဲနီးလေ ဦးနှောက်ကြည်ပြီး ကျန်းမာလန်းဆန်းနေဖို့လိုပါတယ်။ မိသားစုဝင်တွေကလဲ အိမ်တွင်းရေးပြဿ နာတွေရှိရင်တောင် ကလေးရှေ့မှာ ပြောဆိုတာ ပြုမူတာမျိုးမလုပ်မိပါစေနဲ့ ။ ကလေးကိုစိတ်ညစ်စေမဲ့ အကြောင်းတရားတွေကို ရှောင်နိုင်ရင်အကောင်းဆုံးပါ။ မိဘတွေကလဲ သားသမီးတွေအပေါ်အရမ်း pressure ပေးတာမျိုး မလုပ်ပါနဲ့ ။ သူဘာသာကြိုးစားပါစေ ။ ကြောက်စိတ် […]
ငွေကြေးအကြပ်အတည်း ကြုံနေသူများအတွက် ယတြာလက်ဆောင်
တပေါင်းလ…။ ရွက်ဟောင်းတွေကြွေ ရွက်သစ်တွေဝေပြီ။ ခြံရှေ့ ကြွေလွင့်နေတဲ့ ရွက်ခြောက်တွေကိုတံမြက်စည်းနဲ့ ညင်ညင်သာသာ လှည်းကျင်းနေမိသည်။ နံနက်စောစောဖြစ်တာကြောင့် လမ်းတစ်လျှောက်လူရှင်းနေသည်။ နံနက်ခင်းလေနုအေးနဲ့အတူ ကံ့ကော်ပန်းရနံ့တွေရမိသည်။ “သြော် နွေဦးကံ့ကော်တွေတောင် ပွင့်နေပါလား” ဟုစိတ်ထဲပြောနေမိသည်။ “ဆရာလေး …ဘာတွေစဉ်းစားနေတာတုန်း “ တစ်လမ်းထဲနေတဲ့ ကိုကျော်ဆန်းရဲ့အမေးစကား..။ “စဉ်းစားနေတာမဟုတ်ပါဘူးဗျာ…ကံ့ကော်ပန်းရနံ့လေးရလို့ ရှူရှိုက်နေတာပါ” “ဟုတ်တယ်ဆရာလေး …ရှေ့လမ်းဆုံက ကံ့ကော်ပင်ကြီး ပွင့်နေတာလေ…ဆရာလေး တံမြက်စည်းလှည်းလို့ ပြီးပြီမဟုတ်လား …ကော်ဖီဆိုင်သွားရအောင်လေ..” […]
မဟာဘုတ် အကြွင်းဖွားအသီးသီး၏ ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများ
မြန်မာ မွေးသက္ကရာဇ်ကို ၇နဲ့စားလိုက်ပါက ရလာတဲ့အကြွင်းတွေကို တွက်ချက်ပြီးဟောပေးထားတာမျိုးပါပဲ။ ယေဘုယျသဘောလောက်လို့ပဲ ဆိုရမှာပါ။ ဥပါဒါန်ကြီး စွဲနေဖို့ မလိုပါဘူး၊ ဘာဖြစ်လို့လဲဆို တော့တစ်ဦးချင်းစီရဲ့ မွေးလ မွေးရက် မွေးချိန် အပြင် ..ပေးထားတဲ့ နာမည်တွေမတူညီတာကြောင့်အနုစိပ်ကွဲပြားမှုတွေ ရှိနေလို့ပါပဲ။ တွက်နည်းလေး ဥပမာပြောပြရအောင်…. ကိုယ်က မြန်မာခုနှစ် ၁၃၅၃ခုနှစ်မှာမွေးဖွားလာသူဆိုပါစို့။ ၁၃၅၃÷၇=၂ ကြွင်းပါတယ်ဗျ။ ဒါဆို ၂ကြွင်းအဟောကိုကြည့်ရုံပါပဲ။ နားလည်မယ်ထင်ပါတယ်။ […]
နိုင်ငံရပ်ခြား အမြန်သွားလိုသူများအတွက် ယတြာလက်ဆောင်
ကျွန်တော်ငယ်စဉ်ကာလ နိုင်ငံခြားသွားပြီးအလုပ်လုပ်တာဆိုလို့ နိုင်ငံခြားသင်္ဘောလိုက်တာ လောက်ပဲကြား ဖူး ခဲ့သည်။ နိုင်ငံခြားသွားတဲ့ ဦးလေးတစ်ယောက်ကို လေဆိပ်လိုက်ပို့တုန်းက ကိုယ်က ကလေးသာသာ။ အင်ဂျင်သံအကျယ်ကြီးကြားရတာကိုလန့်မိပေမဲ့ လေယာဉ်ပျံကြီးစီးပြီး နိုင်ငံခြားသွားချင်တာတော့ အမှန်ပင်။ နိုင်ငံခြားအတွေ့အကြုံကို အာပေါင်အာရင်းနဲ့ ပြောနေတဲ့ စကားဝိုင်းတွေကြား ငေးမောနားထောင်ခဲ့ရဖူးသည်။ “အဆောက်အဦးတွေက မိုးမြင့်အဆောက်အဦးတွေကွ။ အထပ်တွေက မရေတွက်နိုင်ဘူး။ မော့ကြည့်လိုက်မယ်ဆို ခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်တောင်ကျွတ်ကျတယ်” လူကြီးတွေရဲ့ပြောစကား….ကိုယ်အတွက်တော့ညဘက်ထည့်မက်ရတဲ့ […]
သိသင့် သိထိုက်သော အဆောင်ရတနာများအကြောင်း
တစ်နေ့တွင် အားလပ်ရက်ဖြစ်တာကြောင့် စာအုပ်ဆိုင်တွေဘက်ကို ခြေဦးလှည့်ဖြစ်သည်။ ဆိုင်ထဲကောင်းရာနိုးနိုး စာအုပ်လေးတွေရွေးနေတုန်းမှာပဲ ဖုန်းဝင်လာသည်။ ” ဟဲလို မဂၤလာပါ ကျွန်တော်ငြိမ်းအေးလူပါ” ” အေး ..ညီလေး …အကိုအောင်သန်းပါ “ “ေျပာ….အကို” ” အကိုအခုရွှေဆိုင်တန်းဘက်ရောက်နေတယ်၊ အကိုလက်စွပ်လေးတစ်ကွင်းလောက် ဝယ်ချင်လို့။ ရှင်းရှင်းပြောရရင် စိန်လက်စွပ်လေးတစ်ကွင်းလောက် ဝယ်ချင်တာ…. ဒာဲဒါအကိုနဲ့သင့်တော်ရဲ့လာလို့……” ” […]
မတော်တဆ ထိခိုက်မှု (accident) ဖြစ်လွယ်သော အသက်အပိုင်းအခြားများ
ပေးထားတဲ့ ခေါင်းစီးကိုကြည့်ပြီးတော့ မလန့်သွားပါနဲ့ဗျာ။ ကြောက်လန့်သွားစေလိုတဲ့ ရည်ရွယ်ချက်မျိုး ဥပါဒါန်စွဲသွားလိုတဲ့ ဆန္ဒမျိုးမြူတစ်မှုံမျှမရှိဘူးဆိုတာ နားလည်စေချင်ပါတယ်။ မိမိတို့ဆင်ခြင်နိုင်ဖို့နဲ့ သတိကပ်နိုင် ဖို့တင်ပြရတာပါ။ အသက်မှာ Spare Parts မပါဘူးဆိုတဲ့ စကားကလူတိုင်းကြားဖူးနားဝ ရှိပါလိမ့်မယ်။ မှန်ပါတယ်။ မဖြစ်ခင်ကတော့ ပေါ့ပေါ့နေ ပေါ့ပေါ့စားကြပြီး အရေးကြုံမှ အမိတလို့မရနိုင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လဲ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနဲ့ ပက်သက်တဲ့ သင်တန်းများတတ်ခဲ့ ဖူးပါ တယ်။သင်ကြားသူက […]
အကြွေးကိစ္စများအတွက် ယတြာလက်ဆောင်
အကြွေးလို့ပြောလိုက်တာနဲ့ လူနှစ်မျိုးရှိတယ်ဆိုတာသိကြပါလိမ့်မယ်။ အကြွေးယူသူနဲ့ အကြွေးရှင်ပါ။ ကျွန်တော်ကတော့ အကြွေးဆိုတဲ့စကားလုံးကို နှုတ်ထဲမှာ ရေရွတ်မိတိုင်း စိတ်ထဲမှာထိန့်လန့်အားငယ်စိတ်မျိုးဝင်မိတာတော့အမှန်ပါပဲ။ ငယ်ရွယ်စဉ် အလယ်တန်းကျောင်းသားဘဝတွေမှာတော့ အကြွေးရှင်တွေ အိမ်ရှေ့လာပြီးတောင်းတိုင်း အားငယ် ခဲ့ရသည်။ အကြွေးတွေဝိုင်းပြီး အဆင်မပြေတဲ့ဘဝတွေကို အချိန်အတော်ကြာဖြတ်သန်းခဲ့ရသည်။ ငွေကြေးတတ် နိုင်တဲ့ အမျိုးအရင်းကြီးတွေဆီကတောင် ပိုက်ဆံချေးရင် နှစ်ဆယ်တိုးနဲ့ယူတာမြင်ရတွေ့ရသည်။ ဆွေမျိုးမဟုတ် […]
အိမ်ထောင်ဘက်နှင့် ရွေးချယ်မှု
အရင်အပတ်က အိမ်ထောင်ဘက်ဟာမိမိထက် အသက်ကြီးတာကောင်းလား ငယ်တာကောင်းလား ဆိုတဲ့ခေါင်းစဉ်နဲ့ပက်သက်ပြီး voting တစ်ခုလုပ်ခဲ့ပါသေးတယ်။ အားလုံးသတိထားမိမယ် ထင်ပါတယ်။ voting result အရတော့ အသက်ကြီးတဲ့အိမ်ထောင်ဘက်က ပိုကောင်းတယ် ဆိုတဲ့ ရာခိုင်နှုန်းကပို များပါတယ်။ လက်တွေ့ဘဝထဲမှာတော့ ဘယ်ဖွားဇာတာတွေက ဘယ်လိုအိမ်ထောင်ဘက်ကို ရွေးရမလဲ …ဆိုတာက တော့ စဉ်းစားစရာပါပဲ။ အိမ်ထောင်ဘက်ဆိုတာကတော့ မိမိနဲ့ဖူးစာရေစက်ပါသူပါပဲ။ […]
ကံညံ့တော့မယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ?
ညအချိန်တွေ စာမရေးဖြစ်တာမျိုးနဲ့ လိုင်းပေါ်မှာ ဗေဒင်ဟောစရာ မကျန်တဲ့ နေ့မျိုးဆိုရင် ခပ်စောစော အိပ်ရာဝင်ဖြစ်ပါတယ်။ အဲလိုနေ့မျိုးဆို မနက်၄:၃၀လောက် အိပ်ရာနိုးနေတတ်ပါတယ်။ ဒီမနက်လဲ အိပ်ရာဝင်စောတာကြောင့် စောစောနိုးနေပြန်ပါပြီ။ ဒါကြောင့်ပဲ မျက်နှာသစ်ပြီး အိမ်နဲ့နီးတဲ့ ရွှေမောဓောဘုရားဆီ ခြေလျင်လျှောက်လာခဲ့မိတယ်။ အလုပ်ကလဲ အထိုင်များတဲ့ အလုပ်ဆိုတော့ ဝိတ်က သိသိသာသာတတ်နေတာပါ၊ ကျန်းမားရေးကောင်း ကုသိုလ်လဲရအောင် ဘုရားရင်ပြင်ပတ်ပြီး မေတ္တာသုတ်ပွားနေမိတယ်။ နံနက် […]
ဂဏန်းသမားများအားလုံးအတွက် အကျိုးပေးအရောင်နှင့် အဆောင်ရတနာများ
(1,10,19,28) ရက်မွေးသူများ (၁) ဂဏန်းဖွား တွေအတွက်အကျိုးပေးအရောင်-ရွှေရောင်၊ အဝါရောင် ။အကျိုးပေးကျောက်မျက်ရတနာ- စိန်၊ ပတ္တမြား၊ ပယင်း(2,11,20,29) ရက်မွေးသူများ (၂) ဂဏန်းဖွားများအတွက်အကျိုးပေးအရောင်-အစိမ်းရောင်အကျိုးပေးကျောက်မြတ်ရတနာ-ကျောက်စိမ်း၊ ပုလဲ။(3,12,21,30) ရက်မွေးသူများ (၃) ဂဏန်းဖွားများအတွက်အကျိုးပေးအရောင်- အပြာရောင်၊ ခရမ်းရောင်အကျိုးပေးကျောက်မြတ်ရတနာ- ကျောက်နီ၊ ဂေါ်မုတ်(4,13,22,31) ရက်မွေးသူများ (၄) ဂဏန်းဖွားများအတွက်အကျိုးပေးအရောင်- အညိုရောင်အကျိုးပေးကျောက်မြတ်ရတနာ- နီလာ(5,14,23) ရက်မွေးသူများ (၅) ဂဏန်းဖွားများအတွက်အကျိုးပေးအရောင်- […]
မင်္ဂလာရက်မြတ် လက်ထပ်ရာဝယ် ရွှေဂဟေတွဲ သစ္စာမြဲစေဖို့-၂
ဒီဆောင်းပါးရေးဖို့ဖြစ်လာတာက မိတ်ဆွေတစ်ဦးရဲ့မေးခွန်းကြောင့်ပါ။ လိုရင်းပဲပြောကြရအောင်ဗျာ။အားတဲ့ ရက်တွေမှပဲ ကျွန်တော်က လူတွေ့မေးမြန်းခြင်းကို လက်ခံလေ့ရှိပါတယ်။တစ်နေ့ အိမ်မှာဗေဒင်ဟောနေချိန် ကျွန်တော့်မိတ်ဆွေကလဲ ကျွန်တော်အိမ်မှာရှိနေချိန်ပါ။ အားလပ်ရက်ဆိုတော့ ကျွန်တော့်ရဲ့စာအုပ်စင်ကို သူလာပြီး မွှေတာပါ။ ကျွန်တော်ကလဲ ဗေဒင်မေးတဲ့ပရိတ်သတ်တွေကို ခြံထဲမှာပဲခုံခင်းပြီးတွေ့ဆုံလေ့ရှိပါတယ်။ သစ်ရိပ်ဝါး ရိပ်နဲ့ အာဝါသကောင်းတာကြောင့် ခြံထဲမှာပဲ ဟောဖြစ်တာပါ။ ၅ယောက်ခန့်ဟောပြီးတော့ ကျန်တဲ့ appointment တွေကနေ့လည်ခင်းမှာချိန်ဆိုထားတာကြောင့် ရေခဲ သေတ္တာထဲက ကော်ဖီအေးလေးတစ်ဘူးဖောက်သောက်ပြီး ခဏနားနေမိတယ်။ […]
” မင်္ဂလာရက်မြတ် လက်ထပ်မဲ့သူတွေ”
ဝါလကင်းလွတ်သီတင်းကျွတ်ပြီဆိုတာနဲ့ ဟိုမှဒီမင်္ဂလာတေးသံ တွေပျံ့လွင့်လာပေအုံးမည်။ မင်္ဂလာရက်မြတ် ရွေးချယ်ကြသူတွေ ဇာတာတိုက်စစ်ကြသူတွေလဲ ဒီကာလမှာ ကျွန့်တော့်ဆီတဖွဲဖွဲလာမေးလေ့ရှိသည်။ ကျွန်တော့်အနေနဲ့ ပေါ့ပေါ့တန်တန်လုပ်လို့မရပေ။ တာဝန်ကြီးသည်။ပြဿ ဒါး၊ရက်ရာဇာလောက်နှင့် တွက်လို့မရ။ မင်္ဂလာ ဆောင်သင့်သည့်လ၊ဆောင်သင့်သည့်ရက် ဆောင်သင့်သည်အချိန်တွေကို အသေးစိပ်တွက်စစ်ရသည်။ မင်္ဂလာသတို့သားလောင်း သတို့သမီးလောင်းလျားတွေရဲ့ နေ့နံဇာတာအလိုက် အသုံးပြုရမဲ့ မင်္ဂလာပန်း ၊ ဆင်မြန်းရမဲ့ မင်္ဂလာဝတ်စုံအရောင်တွေကအစ […]
ကျန်းမာခြင်း (သို့)သက်တော်မြဲဂါထာ
ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ ကာလံ၊ ကရောန္တော အတိဒုက္ကရာနိ။ ခေဒံ ဂတော လောကဟိတာယ နာထော၊ နမော မဟာကာရုဏိကဿ တဿ ။ ယောနာထော – ဝေနေယျများစွာ သတ္တဝါ၏၊ ချမ်းသာစီးပွား၊ လိုလားတောင့်တ၊ ဂုဏ်ပေါင်းခသဖြင့်၊ နာထမည်ငြား၊ အကြင် ရှင်တော်မြတ်ဘုရားသည်၊ ကပ္ပကောဋီဟိပိ – ကုဋေကမ္ဘာ၊ အရေအတွက် သင်္ချာတို့ဖြင့်သော်လည်း၊ အပ္ပမေယျ […]
ကျွန်တော် မှတ်သားခဲ့ဖူးသော ရုက္ခစိုး ယတြာ
လွန်ခဲ့သောနှစ်များစွာက….။ ကဆုန်လပြည့်နေ..။ လူအများသိကြတဲ့ ကဆုန်ညောင်ရေသွန်းပွဲနေ့။ ကဆုန်လထဲ ရောက်ပေမဲ့ ကောင်းကင်တွင် မိုးရိပ်တိမ်ရိပ်ပင်မမြင်ရသေး။ နွေလေရူးက တဖြူ းဖြူ း တိုက်ခတ်ပေမဲ့ လေပူကြီးတွေသာ။ ရွှေမော်ဓောဘုရားရှိ ဗေဓိညောင်ပင်မှာ ညောင်ရေသွန်းဖို့အတွက် ရွှေမောဓောဘုရားနှင့် ဟင်္သာကုန်း ဘုရားကို ဆက်သွယ်ထားတဲ့ ဦးခန္တီတန်ဆောင်းအတိုင်း တရွေ့ရွေ့ လမ်းလျှောက်လာခဲ့သည်။ ရွှေမောဓောဘုရားရင်ပြင် အရှေ့ဘက်မုခ်အနီး ဗောဓိညောင်ပင်တွင် ညောင်ရေသွန်းသူတွေနဲ့ စည်ကားနေသည်။ လူတွေကြိတ်ကြိတ်တိုးနေတာကြောင့် […]
သစ္စာခိုင်မြဲ မယိုင်လဲတဲ့ ချစ်ခြင်းတွေ
သစ္စာခိုင်မြဲ မယိုင်လဲတဲ့ ချစ်ခြင်းတွေ (ချစ်သူ ရည်းစားရှိသူတိုင်းအတွက် ယတြာအစီအရင်နှင့်ဆောင်ရန်ရှောင်ရန် အကြံပြုချက်ဆောင်းပါး) လူငယ်တွေ နဲ့တွေ့ရဆုံရပြီဆိုရင် အများဆုံးကြားရတာကအချစ်ရေးအကြောင်းပင်။ သစ္စာရားရှိပါလျက်နဲ့…တစ်ယောက်ဆိုတစ်ယောက်လက်တွဲမယ်လို့ဆုံးဖြတ်ထားပါလျက်နဲ့…… ချစ်သူက ….အတွေ့မခံဘဲရှောင်နေတာ ချစ်သူက …ဖုန်းအဆက်အသွယ်မလုပ်တာ ချစ်သူနဲ့ …စကားများပြီးလမ်းခွဲမလို ဖြစ်နေတာ ချစ်သူက…ကြားစကားတွေယုံပြီးကိုယ့်အပေါ်အထင်လွဲနေတာ ချစ်သူက …အခြားတစ်ယောက်အပေါ် […]