loading

13.November .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 13.November .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၁၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၄၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၃၅)နာရီဖြစ်ပြီး ၊ ညနေ(၅:၃၅)နာရီမှာ နေဝင်ပါတယ်။  

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က  အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက် အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့် သေးပါ။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထား သော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင် ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ နဂါးပေါ်ရက်နဲ့တိုက်ဆိုင်နေတဲ့နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  ကြည်လင်မှု၊စိတ်လက်အေးချမ်းမှုတွေကိုပေး တဲ့ ပုဏ္ဏတီထိကျရောက်တဲ့နေ့ရက်ပဲ ဖြစ်ပါ တယ်။ဒါကြောင့်ဒီလိုနေ့ရက်မျိုးမှာတော့ဘာသာရေးဆိုင်ရာမြင့်မြတ် သောကိစ္စတွေကို အထူးအလေးပေး ဆောင်ရွက် နိုင် ပါတယ်။အခက်အခဲပြဿနာတွေကိုငြိမ်းချမ်းအောင်ဖြေရှင်းဖို့ ရက်ကောင်းလဲဖြစ်ပါတယ်။ မင်းစိုး ရာဇာ နှင့်ဆက် စပ်သောကိစ္စရပ်များဆောင်ရွက်ရန်ကောင်းသောအချိန်အခါနေ့ရက်ဖြစ်ပါတယ်။အလုပ်လျှောက်ထားခြင်းများ ဆောင် ရွက်လို့ကောင်းတဲ့နေ့ရက်လဲဖြစ်ပါတယ်။

ငွေကြေးရင်းနှီးမြုပ်နှံခြင်းတွေကိုလဲဆောင်ရွက်နိုင်ပါတယ်။ လက်ကားအလုပ်များ၊ ကိုယ်စားလှယ်အလုပ် များနှင့် ဖြန် ချီရေးဖြန့်ဖြူးရေးအလုပ်များ ပိုမိုအားကောင်းမဲ့နေ့ရက်ပါပဲ။ ပညာဖြင့်ရပ်တည်အသက်မွေးသူများက တော့ ဒီနေ့မှာ အဘက်ဘက်ကတိုးတတ်အဆင်ပြေပါလိမ့်မယ်။ ဒီနေ့ဟာတီထိုးလို့အထူးပဲကောင်းပါတယ်။ ၁၊၅၊၈ ဂဏန်း များများ ပါတဲ့ထီလက်မှတ်ကိုရွေးချယ်ကံစမ်းလိုက်ပါ။

အစုရှယ်ယာဝင်ခြင်းတွေ၊ အသင်းအဖွဲ့စတင်ဖွဲ့စည်းခြင်းတွေ၊စုပေါင်းပရဟိတလုပ်ခြင်းတွေဆောင်ရွက်လို့ အထူး ကောင်းပါတယ်။ ကုမ္ပဏီများ ဝန်ထမ်းတွေကို သင့်တော်သလိုနေရာချထားခြင်းတွေ၊ လုပ်ငန်းနဲ့ပတ်သက် ပြီးရာထူး အပြောင်းအလဲလုပ်ခြင်းတွေဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။

ဒီလို နေ့မျိုးဟာ သမထဘာဝနာပွားများခြင်းကိစ္စများအထူးဆောင်ရွက်နိုင်ပါတယ်။ ပုတီးစိပ်ခြင်း၊ဂါထာမန္တာန်ရွတ် ဖတ် ခြင်း၊အစီအရင်များပြုလုပ်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။ အိုးအိမ်တည်ဆောက်ဖို့အတွက် အိမ် ဆောက် ပစ္စည်းဝယ်ယူခြင်းများ ဒီနေ့မှာဆောင်ရွက်လို့သင့်တော်ပါတယ်။

အလှူအတန်းအလုပ်များ၊ကုသိုလ်ရေးနဲ့ပတ်သက်သောအလုပ်များဆောင်ရွက်နိုင်ပါတယ်။ ဘုရားဖူးခရီးများ အလှူနဲ့ ပတ်သက်သောခရီးတွေအလွန်ကောင်းပါတယ်။နိုင်ငံခြားသားများနှင့် ပတ်သက်ဆက် နွယ်သောအလုပ် များ၊ နယ်စပ်၊ ဒါမှမဟုတ်နိုင်ငံရပ်ခြားမှာစီးပွားရှာခြင်းများ အဆင်ပြေကောင်းမွန်တဲ့နေ့ရက်ပါပဲ။ စီးပွားရေးလုပ်ငန်း များ မိမိတို့ထုတ် ကုန်များကိုအွန်လိုင်းကနေကြော်ငြာခြင်း၊ပြည်တွင်းပြည်ပသို့ဖြန့်ဖြူးရောင်းချခြင်းများကောင်းပါ တယ်။

 ဒီနေ့ဟာရှောင်သင့်တာတွေကတော့အပျော်ခရီးသွားခြင်းမျိုးတွေအထူးရှောင်သင့်ပါတယ်။ လောင်းကစား  လုပ်ခြင်း၊ အကုသိုလ်အလုပ်တွေလုပ်ခြင်း၊သီလပျက်မဲ့ကိစ္စတွေလုပ်ကိုင်ခြင်းမျိုးတွေအထူးရှောင်ရှားသင့်တဲ့နေ့ရက် ပဲဖြစ်ပါ တယ်။ ဝိသမလောဘနဲ့ စီးပွားရှာသူများဆုံးရှုံးနစ်နာစရာတွေများတတ်ပါတယ်။

 ဒီနေ့ကစတင်ဆောင်ရွက်တဲ့ကိစ္စတွေမှာ တစ်ပိုင်းတစနဲ့ အပြီးမသတ် ဖြစ်တတ်ပါတယ်။ အရောင်းအဝယ် ကိစ္စများ သတိရှိရှိဆောင်ရွက်ပါ။ပစ္စည်းလှောင်မယ်ဆို ဒီနေ့မှာ ဈေးသေချာစွာ စုံစမ်းပြီးမှသာ ဆောင်ရွက်ကြပါ။ အရေးကြီး ကိစ္စများဆောင်ရွက်မယ်ဆိုရင်တော့ နေ့လယ် ၁း၁၂ မိနစ်ကနေ ညနေ ၃း၃၆ မိနစ်အတွင်းဆောင်ရွက် ကြပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၇:၅၅)နာရီမှ ည(၁၈:၄၇)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

ဝိသာခါနက္ခတ်ဖြစ်ပါတယ်။ဝိသာခါနက္ခတ်သည် ရောနှောထား သော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး လုပ်ရိုး လုပ် စဉ်တာဝန်များ၊ ကျွမ်းကျင်မှု တာဝန် များ၊ အိမ်မှုကိစ္စများနှင့် နေ့စဉ် အရေး ပါသည့် လှုပ်ရှားမှုများအတွက် ကောင်း မွန်ပါသည်။

ဤနက္ခတ်သည် အောက်သို့ မျက်နှာမူသော နက္ခတ်ဖြစ်ပြီးရေတွင်းတူးခြင်း၊သတ္တုမိုင်းတူးခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း၊ မီးရထားလမ်းများ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း၊ နက္ခတ်ဗေဒင် ၊သင်္ချာဘာသာရပ်၊ ပန်းပု ပညာ ၊ အနုပညာ၊ အရေးအသား ၊သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရားပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ဝိသာခါနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊  တူစန်း၊  တူရာသီဖွားဖြစ်ပါသည်။ လူချစ် လူခင်များတတ်ပါတယ်။ ကူညီမဲ့သူ တွေ ပေါများကြတကိုအထူးတွေ့ရတယ်။ မိမိအခက် အခဲ ဖြစ်လာ ရင်တော့  ငွေအားလူအားထောက်ပံ့မဲ့သူတွေ အများ အပြား တွေ့ရတတ်ပါတယ်။ စက်ပစ္စည်းနှင့်စစ်လက် နက်ပစ္စည်း များကိုင် တွယ် အသုံးပြုရာမှာ အန္တရာယ်ရှိနိုင် တဲ့သူ ဖြစ် တာမို့ ထိုပစ္စည်းတွေနဲ့ခပ်ဝေးဝေးနေသင့်ပါတယ်။ သူတစ်ပါး တွေ ကြားမှာ လည်း မကြာခဏ ..ကြားညှပ်ခံ နေရ တတ်တဲ့ ကံပိုင်ရှင်တွေပါ။ပညာရပ်တွေ ခက်ခက်ခဲခဲ မရမက ..ကျား ကုတ်ကျားခဲ သင်ယူရင်း ကြီးပြင်းလာတတ် ကြ သူများ ဖြစ်ကြပြီး …မေတ္တာရေးကံ ကလည်း အားနဲလှ သူတွေ ပါပဲ။ပရဟိတ အသင်းအဖွဲ့တွေ၊ လူမှုကူညီရေးအသင်း တွေ၊ နိုင်ငံရပ်ခြား အသင်းအဖွဲ့တွေ၊ ပညာရေးအသင်း အဖွဲ့တွေမှာ ပတ်သက်ဆက်နွယ်နေရတတ်သော ကံပိုင်ရှင် ဖြစ်ပါ လိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၀၇:၃၄) နာရီမှ မနက်(၀၈:၅၉)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ကြာသပတေး၊သောကြာသားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊အင်္ဂါ၊စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင်၊အညိုရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅/၀/၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သီဟိုစေ့လှော်စား သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဖရုံယိုဘုရားကပ်လှူပြီး လိုရာဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *