loading

5.April.2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 5.April.2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပေါင်းလဆုတ်(၁၂)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၇)နာရီမှာ အရုဏ်တက််ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၅)နာရီမှာ နေ ဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင် ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်း ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ သမားညိုရက်ဖြစ်တာမို့ ညနေ ၂နာရီခွဲနောက်ပိုင်း အိုးအိမ်နေရာထိုင်ခင်းကိစ္စ မှန်သမျှ ရှောင်ရလိမ့်မယ်။

ဒီနေ့ဟာ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၂း၃၀)နာရီအထိလဆုတ်တီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက် နေပြီး လွန်လျှင် လဆုတ်တီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၁)လုံးအနေဖြင့် ပျော်စရာ၊စိတ်ချမ်းမြေ့စရာကိုပေးတဲ့နန္ဒတီထိကျရောက်တဲ့နေ့ရက်ပါပဲ။ ပရိ ဘော ဂ လုပ် ငန်းများ၊ ကုတင်၊မွေ့ယာ၊စောင်၊စတဲ့ခန်းဝင်ပစ္စည်းအရောင်းဆိုင်များအထူးရောင်းကောင်းပါတယ်။ 

လုပ်လက်စအလုပ်များ အပြီးသတ်အောင်လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ရပ်တန့်ထားသောအလုပ်တွေကို ပြန်လည်စ တင်လုပ်ကိုင်နိုင်ပါလိမ့်မယ်။ ၇ရက်သားသမီးများအားလုံး အလုပ်နဲ့ပတ်သက်ပြီးတော့ အထူးအဆင်ပြေတာမျိုး တွေ့ရပါတယ်။ ရပ်ဝေးနဲ့ဆက်စပ်လုပ်ကိုင်ရသောအလုပ်များ အကျိုးများပါလိမ့်မယ်။

အိမ်တက်မဂ်လာများ ပြုလုပ်ခြင်း၊ အိမ်ပြုပြင်ခြင်းများ ဆောင်ရွက်သင့်တဲ့နေ့ပါ။ ဆံပင်ပြုပြင်ခြင်း၊ဆံသခြင်းများ ဆောင် ရွက်လို့အထူးကောင်းပါတယ်။ဆိုင်းဘုတ်တင်ခြင်းများ နာမည်ပေးကင်းပွန်းတပ်ခြင်းများလဲဆောင် ရွက်နိုင် ပါလိမ့် မယ်။ဒီနေ့စောစောထပြီးတော့ မနက်8နာရီမတိုင်ခင်၊ ဂါထာမန္တန်များစတင်ရွတ်ဆိုခြင်း၊ အဓိဌာန်ဝင်ခြင်း များ၊အဆောင်တွေကို သိဒ္ဓိတင်ခြင်းများ လဲပြုလုပ်ဆောင်ရွက်လို့အထူးကောင်းပါတယ်။

မြေသန့်မင်္ဂလာပြုလုပ်ခြင်း၊ပန္နက်တင်ခြင်း၊အုတ်မြစ်ချခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။ ဒီနေ့မှာလဲ ထီထိုးလို့အလွန်ပဲသင့်တော်ပါတယ်။ ၄၊၇၊၈ ဂဏန်းများများပါတဲ့ ထီလက်မှတ်ကို ရွေးချယ်ကံစမ်းလိုက်ပါ။

ဒီနေ့မှာမိတ်ဆွေသစ်ဖွဲ့ခြင်းများအထူးကောင်းပါတယ်။စပ်တူရှယ်ယာလုပ်ကိုင်ခြင်းများလဲစတင်နိုင်ပါတယ်။ဥယျာဉ် ခြံလုပ်ငန်းများစတင်လုပ်ကိုင်ခြင်းတွေ၊ သီးနှံရွက်ဖြန်းအားတိုးဆေးများပက်ဖြန်းခြင်းတွေဆောင်ရွက်နိုင်ပါတယ်။

အနုပညာ၊ရုပ်ရှင်နှင့်ပတ်သက်သောအလုပ်များလဲ အထူးပဲအဆင်ပြေပါတယ်။အလုပ်သစ်စတင်လျှောက်ထားခြင်း ကိစ္စတွေ ၊အင်တာဗျူးဝင်ဖြေခြင်းကိစ္စတွေမှာ အဆင်ပြေအောင်မြင်ဖို့မလွယ် တာကိုတွေ့ရပါတယ်။ ရှင်ပြုခြင်း၊ နားသခြင်း၊ရဟန်းခံခြင်း၊ပဉ္ဖင်းတတ်ခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ ဆိုင်သစ်ဖွင့်ခြင်း၊စိတ်ကူးသစ် တွေကို အကောင်အထည်ဖော်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်သင့်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၈း၂၉)နာရီမှ နံနက်(၉း၂၁)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဓနသိဒ္ဓိနက္ခတ်နဲ့တိုက်ဆိုင်နေတာမို့ ထီးတင်ခြင်း၊ အလံထူခြင်း၊ နတ်ကွန်းတည်ခြင်း၊ ရှင်ပြုနားသမင်္ဂလာပြုခြင်း ကောင်း၏။ ပညာစ၍သင်ခြင်း ကောင်း၏။ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ်လုပ်ငန်း စတင် လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်းခရီး သွားလာခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်းကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ဓနသိဒ္ဓိနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကုမ်စန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ယနေ့ မွေးဖွားသူများသည် ဘက်စုံထူးချွန်ပြီး အနုပညာမြောက်တဲ့၊ ထူးခြားတဲ့ ရုပ်ရုည်ရူပကာကြောင့် လူအများအလယ်တွင် ထင်ပေါ်နေတက်ပါတယ်။ မိမိနောက်ကွယ်မှ ချောက်တွန်း တိုက်ခိုက်သော သူများအား ထိရောက်စွာ လက်တုန့်ပြန် ချေမှုန်းတက်သူ ဖြစ်ပါတယ်။ မိမိသည် တစ်စုံတစ်ရာကို အသည်းအသန် စိတ်ဝင်စား လိုချင်တပ်မက်နေတတ်သကဲ့သို့ တစ်ချိန်တည်းမှာပင် ၎င်းကို လှည့်၍မကြည််ချင်လောက်အောင်ပင် အခြားအသစ် တစ်ခုကို မျှော်လင့်နေတတ်ပြန်ပါ သည်။ စိတ်အားထက်သန်တဲ့အခါ မိမိခံယူချက်နဲ့ ပန်းတိုင်တွေကို မကြာခဏ ပြောင်းလဲနိုင်ပါတယ်။ လက်ရှိအနေ အထားကို မကျေနပ်ပါက မိမိအား သမားရိုးကျမဟုတ်သောစိတ်လှုပ်ရှားဖွယ် စွန့်စားခန်းများကို ရှာဖွေရန် ဦးတည် စေနိုင်သည်။အလွန်စူးစမ်းစိတ်ရှိသူ၊ စုံစမ်းရာတွင် မြန်ဆန်ပြီး …ထက်မြက်သူ၊ ဈေးကွက်ဖောက်နိုင်သူ၊ သူတစ်ပါး ကွန်ယက် နယ် ပယ်ကိုဖောက်ဝင်နိုင်သူ အဖြစ် တွေ့ရှိကြရပါမယ်။ဒါကြောင့်လည်း..လူ့လောက နယ်ပယ်မှာ… ထပ် ဆင့် ထိုး ဖောက်နိုင် သော  …စွန့်စားဝံ့သူများအဖြစ်ရပ်တည်နိုင်ကြခြင်း ဖြစ်ပါတယ်။ဒီဇိုင်းသစ်တီထွင် ဖန်တီးနိုင်သော စွမ်း ရည်လည်းရှိ ကြ ပါ တယ်။ သူတို့ရဲ့ စကေးကကို…မူလပုံစံကိုဖျက်ဆီးပြီး ဒီဇိုင်းသစ် အမြင်သစ်ဖြင့် စွန့်စား လုပ် ဆောင်နိုင်သော စကေး မျိုး ဖြစ်ပါတယ်။ဘဝတွင် ဥစ္စာဓန တိုးပွားရေးမှာ အထောက်အကူပြုခြင်း…လူမှုဆက်ဆံရေး နယ်ပယ်တွင် အရေး ပါ သော အဆက်အသွယ်များ ရရှိပြီး ထိုအဆက်အသွယ်များ ၏ အကူညီဖြင့် ကံကောင်း စေ တတ် ခြင်း ကံကို ရရှိစေတတ် ကြပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉း၃၅) နာရီမှ မွန်းလွဲ(၁၀း၀၈)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ရွှေအိုရောင် နှင့် မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ ကိုယ်လက်သန့်စင်ပြီး အရှေ့တောင်အရပ်သို့ မျက်နှာမူ၍ “အရဟံ ဇိနော” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဟောလစ်တစ်ခွက် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *