ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ နယုန်လဆန်း(၁၀)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ မေလ (၂၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၀)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။
ဒီနေ့ဟာ လူ့ပြည်ပြဿဒါး၊ ရက်ကန်း ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။
ဒီနေ့ဟာရက်ကန်း ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှ သတိရှိရမည်။ ဆောင်ရွက် တဲ့ကိစ္စလေးတွေမှာ အခက်အခဲလေးတွေကြုံတွေ့ရတတ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လဆန်းတီထိ(၁၀)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၁၀)လုံးအနေဖြင့် ပြည့်စုံခြင်းနှင့် ဓနကိုပေးတဲ့ ပုဏ္ဏတီထိကျရောက်တဲ့ နေ့ရက်လဲဖြစ်ပါတယ်။ဒီလိုနေ့မျိုးမှာတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့လဲ ပညာရှာခြင်း၊ပညာယူခြင်း၊တပည့်ခံ ခြင်းများလဲ အထူးကောင်းပါတယ်။
သစ္စာဆိုခြင်း၊ကတိပေးခြင်းများလဲပြုလုပ်နိုင်တဲ့နေ့ရက်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်သောကိစ္စ များလဲ ဆောင်ရွက်နိုင်ပါတယ်။ ရေနှင့်ပတ်သက်သော စားသောက်ကုန်လုပ်ငန်းများ၊ အထူးသဖြင့် ရေသန့်လုပ်ငန်း၊ အချိုရည်၊အအေးလုပ်ငန်းများ အထူးတိုးတတ်ပါလိမ့်မယ်။ မိမိစိုက်ပျိုးထားတဲ့သစ်ပင်ပန်းမန်တွေ ကို ဓာတ်မြေသြဇာ ကျွေးခြင်းများလဲ ပြုလုပ်နိုင်တဲ့နေ့ရက်ဖြစ်ပါတယ်။
အိဂါထာမန္တန်ရွတ်ဖတ်တာ၊အဆောင်လက်ဖွဲ့တွေကို သိဒ္ဓိတင်တာမျိုးတွေအထူး ဆောင်ရွက်နိုင်ပါတယ်။ယာဉ်ကားများ၊စက်များ၊ရောင်းခြင်း၊ဝယ်ခြင်းမျိုးတွေပြုလုပ်ဆောင်ရွက်နိုင်မဲ့နေ့ရက်လဲဖြစ် ပါတယ်။ပညာရေးအတွက်သင်တန်းဖွင့်တာတွေ၊ဟောပြောပွဲလုပ်တာတွေ၊မဟာဘွဲ့အတွက်စာတမ်းတင်တာမျိုး တွေအထူးဆောင်ရွက်သင့်ပါတယ်။
ဆေးဝါးသစ်များဖော်စပ်ခြင်း၊ အဆိပ်ဖြေဆေးများဖော်စပ်ခြင်းတွေကို အထူးပဲဆောင်ရွက်လို့ကောင်းမွန်ပါ လိမ့်မယ်။ အိမ်တွင်းရေးပြဿနာများ၊မိသားစုအတွင်းမကြေလည်စရာကိစ္စများကိုဖြေရှင်းနိုင်ပါလိမ့်မယ်။ သီးပင်၊စားပင်နှစ်ရှည်ပင်များစိုက်ပျိုးခြင်းတွေအထူးကောင်းပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၅း၁၀)နာရီမှ နံနက်(၆း၀၂)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ဉတ္တရဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးသူများဟာ မိဘကိုကောင်းစွာစောင့်ရှောက်နိုင်ကြတဲ့သူမျိုးတွေဖြစ်ပါတယ်။ အများအားဖြင့် ထိုးထွင်းတဲ့ဥာဏ် ရှိကြပါတယ်။ သူများတွေထက် အမြင်ကျယ်တဲ့သူမျိုးဖြစ်ဖို့ အထူးလို အပ်ပါတယ်။ ငွေကြေးကံအားကောင်းနေပြီးတော့ ငွေရှာရလွယ်ကူကြတဲ့သူမျိုးတွေဖြစ်ပါတယ်။ ဘယ်လောက်ပဲ ဆင်းရဲတဲ့သူမျိုးဖြစ်ပါစေ အကြံဥာဏ်ကြောင့် တစ်ချိန်မှာ ကြီးပွားနိုင်တာမျိုးတွေ့ရပါတယ်။ အိမ်ထောင်ရေးကံအား ကောင်းတဲ့ဇာတာမျိုးဖြစ်ပြီးတော့ အိမ်ထောင်ဘက်ကောင်း ရနိုင် တဲ့ဇာတာမျိုးပဲဖြစ်ပါတယ်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော် နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ/ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အောက်မြေကြီးအရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဝဇီရယုဂ် ကျရောက်နေသောကြောင့် “မိုးကြိုးသွား” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် လုံးဝသင့်တော်မှုမရှိပါ။
ကောလဝါကရိုဏ်း ကျရောက်နေသောကြောင့် မင်္ဂလာဆောင်၊ သတို့သမီးရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက် သို့မဟုတ် ကာလရှည်ကြာစွာ တည်မြဲစေမည့်အရာများကဲ့သို့သော ပုံသေလုပ်ထားသည့်အရာများအတွက် အထူးကောင်းမွန်ပါသည်။
မြန်မာလဆန်း(၁၀)ရက်နေ့ ဖြစ်ပေရာ အပျော်ခရီးသွားလာခြင်းများ ရှောင်ပါ။ မင်္ဂလာယူပြီး ပြုလုပ်ရမည့်အရာများ ရှောင်ကြဉ်ပါ။ မျက်မြင်မဟုတ်သောပစ္စည်းများ ပစ္စည်းများ ဝယ်ယူခြင်းမပြုရ။ ပြင်ပတွင် လူချင်းမမြင်ဖူးသော ပုဂ္ဂိုလ်များနှင့် အရောတဝင်နေခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း မပြုရပါ။ ကုန်ပစ္စည်းသစ်များ မဖြန့်ရ။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၁၀)နာရီမှ နံနက်(၈း၄၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မီးခိုးရောင်နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူ၍ “သမ္မာသမ္ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွား ပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “နို့မလိုင်မုန့်” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)