loading

30. Jun.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 30. Jun.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ပထမဝါဆိုလဆုတ်(၁)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ မဟာရက်ကြမ်း၊ ရက်ကန်း၊ သိကြားပြည်ပြဿဒါး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

မဟာရက်ကြမ်းကျရောက်တဲ့နေ့မျိုးတွေမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်သင့်ပါဘူး။ ဒီနေ့မှာ ခရီးကိစ္စတွေ တတ်နိုင်သရွေ့ရှောင်သင့်ပါတယ်။ အထူးသဖြင့် ရေလမ်းခရီးများ၊ မသွားဖူးတဲ့အရပ် ဒေသများ၊ တော တောင်များ သွားရောက်ခြင်းမျိုးကို အထူးပဲရှောင်စေချင် ပါတယ်။မင်္ဂလာကိစ္စများလဲ အလုံးစုံရှောင်လိုက် စေချင် ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်း၊ ရုံးတတ်လက်မှတ် ထိုးခြင်းများလဲ အထူးရှောင် အပ် ပါတယ်။

ဒီနေ့ဟာရက်ကန်း ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှ သတိရှိရမည်။ ဆောင် ရွက် တဲ့ကိစ္စလေးတွေမှာ အခက်အခဲလေးတွေကြုံတွေ့ရတတ်ပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၁)လုံး ကျရောက်နေတာဖြစ်ပါတယ်။

တီထိ(၁)လုံးဖြစ်သည့်အတွက် ပျော်ရွှင်ခြင်း၊ကြွယ်ဝခြင်းတွေကိုပေးတဲ့ နန္ဒ တီထိ ကျရောက်တဲ့နေ့ရက်ပါပဲ။ ဒီလို နေ့မျိုးမှာတော့ မိမိဆရာသမားတွေဆီမှာ ၊မိမိကိုးကွယ်တဲ့ဆရာတော်ဘုရားတွေ ဆီမှာ သြဝါဒခံယူတာမျိုးတွေအထူး ဆောင်ရွက်လို့ကောင်းပါတယ်။ 

ရပ်ဝေးမှာချဲ့ထွင်ထားတဲ့အကျိုးစီးပွားတွေတိုးတတ်အောင်မြင်မယ်။ ရပ်ဝေးသွားပြီးတော့စတင်စီးပွားရှာ ခြင်းမျိုးတွေ အထူးကောင်းပါတယ်။ မိမိတို့ဆီမှာ ပြဿနာဟောင်းတွေရှိခဲ့မယ်ဆိုရင်ကောင်းစွာဖြေရှင်းသွားနိုင်ပါ လိမ့်မယ်။

နတ်ပူဇော်ခြင်း၊ တိုင်တည်ဆုတောင်းခြင်းတွေပြုလုပ်လို့ကောင်းတဲ့နေ့ရက်ပါပဲ၊သောကြာဂြိုဟ်ပိုင်စိုးတဲ့နေ့ ရက်ဖြစ် တာ ကြောင့် အသံ၊ဂီတ၊ရုပ်ရှင်နှင့် အနုပညာနဲ့နွယ်သောအလုပ်အကိုင်များဦးစားပေးဆောင်ရွက်လို့ကောင်း ပါတယ်။ လုံခြုံရေး ဝန်ထမ်းခန့်အပ်ခြင်း၊ အိမ်ခြံလုံခြုံဖို့အတွက် စည်းရိုးကာခြင်း၊cctv တပ်ဆင်ခြင်းတွေကိုလဲ အထူး ဆောင် ရွက် လို့ကောင်းပါတယ်။

ပါတီပွဲများကျင်းပခြင်း၊မိတ်ဆုံစားပွဲများကျင်းပခြင်းတွေ၊အလှကုန်ပစ္စည်းများမိတ်ဆက်ခြင်းတွေပြုလုပ်လို့ အထူးကောင်းပါတယ်။ ကလေးငယ်တွေကို နာမည်ပေးကင်ပွန်းတပ်မင်္ဂလာပြုလုပ်ခြင်းတွေ၊မိမိဆိုင်လုပ်ငန်းကို နာမည်ပေး ခြင်းတွေ၊လိုဂိုဒီဇိုင်းစတင်ရေးဆွဲခြင်းတွေဆောင်ရွက်လို့ကောင်းပါတယ်။

နှစ်ဦးနှစ်ဖက် ကတိကဝတ်စာချုပ်ချုပ်ခြင်းတွေကိုတော့ ဒီနေ့မှာရှောင်လိုက်ပါ။ ဘယ်သူစကားကိုမှယုံစား လို့မသင့်ပါဘူး။ အလုပ်စီးပွားသစ်များစတင်လုပ်ကိုင်တာမျိုးတော့ဒီနေ့မှာရှောင်လိုက်ပါ။ယနေ့အတွင် ငွေကြေး အပေး အယူကိစ္စများ အငြင်းပွားစရာများ ဖြစ်တတ်သည်။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစားခြင်း မပြုရပါ။ ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်းရန် ရက်ကောင်းဖြစ်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၂း၄၉)နာရီမှ နံနက်(၃း၄၀)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ပြုဗ္ဗာသာဋ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဓနုစန်း၊ မေထုန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ နာမည်ပေးမှားရင် စိတ်ဆတ်တတ်သူများ ဒေါသထွက်လွယ်သူများဖြစ်တတ်ပါတယ်။ ဖွားဇာတာ အရ ကတော့လူချစ်လူခင်များပြီးတော့ ကူညီတတ်သူများဖြစ်ပါ တယ်။မိဘက ချမ်းသာပြီး လိုလေသင့်မရှိထား တယ် ဆိုရင် သတိထားဖို့လိုပါတယ်။ ကလေးက မိဘအပေါ်မှီခိုလွန်းပြီး တော့ ကိုယ်စွမ်းကိုယ်စ နည်းသွားတတ်ပါတယ်။ ကျန်း မာရေးအညံ့အဆိုးမရှိပေမဲ့ ဆီးဝမ်းသွေးလေ မမှန်တာမျိုးတွေ သတိထားဖို့ အထူးလိုအပ်ပါတယ်။ အသက် ၂၈ကစလို့ ဘဝကံမြင့်မားလာတတ်ပြီး ဥာဏ်၊ဝီရိယသာထည့်မယ်ဆိုရင် သိသိသာသာ ချမ်းသာအောင်မြင်တဲ့ ဘဝကို ရတတ် ပါတယ်။ နိုင်ငံခြားကံအားကောင်းပြီးတော့ မိသားစုထဲမှာ နိုင်ငံခြား နဲ့ဆက်စပ်သူရှိနေပါက ငယ်ငယ်ကတည်းက ဆိုင်ရာ ဘာသာစကားတွေကို သင်ထားပေးသင့်ပါတယ်။နှလုံး၊အရိုးအကြောနှင့် ဦးခေါင်းပိုင်းဆိုင်ရာကျန်းမာရေးတွေကို လဲ ခံစားရတတ်ပါတယ်။

ပြုဗ္ဗသာဋ်နက္ခတ်သည် ရက်စက်ကြမ်းကြုတ်သော နက္ခတ်ဖြစ်ပြီး တိုက်ခိုက်ရန်၊ အတင်းအကြပ်၊ မကောင်းမှု၊ လှည့်ဖြားမှုနှင့် ပဋိပက္ခ၊ ပျက်စီးခြင်းများအတွက် သင့်လျော်သည်။ ရန်သူ၊ ထောင်ချ၊ အဆိပ်ခတ်၊ မီးရှို့မှု၊ တိုက်ပွဲ၊ မီးတင်၊ ဖျက်ဆီးခြင်း၊ ဂုဏ်သိက္ခာမဲ့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းတို့အတွက် သင့်လျော်သည်။ ကောင်းသော ကိစ္စရပ်များအတွက် မသင့်လျော်ပါ။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉ္စာ၌ သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။

ဂြဟဇာပွင့်ရာအရပ်သည် အနောက်မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဗြဟ္မာယုဂ် ကျရောက်နေသောကြောင့် “မြင့်မြတ်ခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ်များအားလုံး လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဗဗကရိုဏ်း ကျရောက်နေသောကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအားတိုးတက်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ဖန်တီမှုစွမ်းအင်ကို ကိုယ်စားပြုသည်။ ဤကရိုဏ်းသည် လမ်းပန်းဆတ်သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်းကဲ့သို့သော ရွေ့လျားမှုဆိုင်ရာ ကောင်းသော ကိစ္စရပ်များအားလုံးအတွက် အထူးကောင်းပါသည်။

ယနေ့ မတော်တဆ ထိခိုက်မှုအန္တရာယ်နှင့် သွေးထွက်သံယို ဖြစ်ပွားလွယ်သည်။ အရှေ့မြောက်အရပ်သို့ ဦးတည်သွား လာခြင်း ရှောင်ကြဉ်ပါ။ နံနက်/ည (၄း၃၀)နာရီမှ (၆း၀၀)နာရီကြား ကာလများတွင် အသွားအလာ အထူးဂရုစိုက်ပါ။ ဘာသာရေးဆိုင်ရာ မြင့်မြတ်သော မင်္ဂလာကိစ္စများ အခါမပေးသင့်ပါ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၁၀)နာရီမှ နံနက်(၈း၄၈)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင်နှင့် မိုးပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်တောင်အရပ်သို့ မျက်နှာမူ၍ “ဓမ္မံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “လိမ္မော်သီး” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)

Leave a Reply

Your email address will not be published. Required fields are marked *