ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ပထမဝါဆိုလဆုတ်(၆)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၄)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နေ့လယ်(၁၁း၁၂)နာရီအထိ ကြာသပတေးမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် ဗုဒ္ဓဟူးမြေခံ အဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။
ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင် အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍ ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရ ပါတယ်။
ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။ရက်ယုတ်မာနဲ့တိုက်ဆိုင်တာမို့ အချိန်အခါရွေးပြီးဆောင်ရွက်ပါ
ဒီနေ့ဟာ ရက်ရာဇာ၊ နဂါးပေါ်ရက်၊ ရက်တံခွန်၊ ရက်ယုတ်မာ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။
နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။
ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
ဒီနေ့ဟာ တီထိအရတော့ ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၆)လုံးကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၆)လုံးအနေဖြင့် ပျော်ရွှင်ခြင်း၊စိတ်လက်ချမ်းသာ ခြင်းတွေကိုပေးတဲ့ နန္ဒတီထိကျရောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့မှာအလုပ်တွေကိုခဏမေ့ထားပြီး စိတ်လက်ချမ်းသာစွာနေပါ။ အနီးအနားနေ ရာတွေကိုပျော်ပွဲစား ထွက် ပါ။ ဈေးဝယ်ထွက်ပါ။ ပျော်ပွဲရွှင်ပွဲသွားခြင်း၊ ပန်းခြံမှာအနားယူခြင်းတွေ ဆောင်ရွက်သင့် တဲ့နေ့ရက်မျိုးပါပဲ။ အိမ်မှာ နေမယ်ဆိုရင်တောင် ကာရာအိုကေ ဆိုနေတာ၊မိမိကြိုက်တဲ့ ဇာတ်လမ်းတွဲတွေကြည့်တာ မျိုးတွေနဲ့ အနားယူသင့်ပါ တယ်။ ဒီနေ့အနားယူလိုက်တာဟာ နောက်နေ့ရက်တွေအတွက်အားဖြစ်စေပါတယ်။
ဒီနေ့မှာ စက်ပစ္စည်းနဲ့ပတ်သက်သော ဝယ်ခြင်း၊ရောင်းခြင်းများ အထူးဆောင်ရွက်နိုင်ပါတယ်။ ဒီနေ့မှာတစ်ခုခုစွန့်စား လုပ်ကိုင်ချင်သူတွေအတွက်ကောင်းသောအကူအညီတွေရလာတတ်ပါတယ်။ရဲစွမ်းသတ္တိဦးဆောင်ပြီးလုပ်ရတဲ့ အလုပ်တွေအတွက် ကောင်းသောအကျိုးဆက်တွေခံစားရပါလိမ့်မယ်။ အောက်လက်ငယ်သားတွေရဲ့အကြံဉာဏ် ကောင်းတွေရလာတတ်ပါတယ်။
အလှအပနှင့်ဆိုင်သောလုပ်ငန်းများ၊အိမ်အလှဆင်လုပ်ငန်းများအထူးတိုးတတ်နိုင်ပါတယ်။ ဂီတနယ်ပယ်၊ရုပ်ရှင် နယ်ပယ် နှင့် မီဒီယာအလုပ်များ အထူးအဆင်ပြေနိုင်ပါတယ်။မိတ်ဆွေသစ်များလဲ တိုးပွားတတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေပေးနဲ့သူတွေနဲ့လဲကြုံရတတ်ပါတယ်။
ယနေ့တွင် မင်္ဂလာကိစ္စမှန်သမျှ ဆောင်ရွက်လုပ်ကိုင်နိုင်သည်။ လူနေအဆောက်အဦးများနှင့် ဘာသာရေး ဆိုင်ရာ အဆောက်အဦးများ စတင်တည်ဆောက်ရန် ရက်ကောင်းဖြစ်သည်။ အတက်ပညာတို့ကို စတင်သင်ကြား နိုင်ပါသည်။ ငွေကြေး ချေးငှားခြင်း၊ အာမခံခြင်း လုံးဝမပြုလုပ်ရပါ။ ဆုံးရှုံးနစ်နာတတ်သည်။ ဝယ်ယူထားသော ပစ္စည်းများကို စနစ်တကျ စစ်ဆေးပြီးမှ လက်ခံယူပါ။ အပျက်အစီးများ ပါလာတတ်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၂း၂၉)နာရီမှ နံနက်(၃း၂၁)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ သတ္တဘိသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကုမ်စန်း၊ မေထုန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် သက်လတ်ပိုင်းတွေမှာ ကြီးပွားတိုးတက်ကြတဲ့သူမျိုးတွေဖြစ်ပါတယ်။ အသက် ၃၀ ထဲကို ဝင်ချိန်ကစလို့ အသက် ၄၆အထိ အားရစရာကောင်းတဲ့ ကံအကျိုးပေးကိုရရှိတတ်ပါတယ်။ အမွေ အနှစ် ကံအား ကောင်းတဲ့ဇာတာမျိုးဖြစ်တာမို့ ရသင့်သောအမွေအနှစ်တွေကို ထိုက်ထိုက်တန်တန်ရတတ်ပါတယ်။ ငွေကြေးကံအား ကောင်းပြီးတော့ အဘက်ဘက်က ငွေဝင်လွယ်တဲ့ဇာတာဖြစ်ပါတယ်။ ကံအားနည်းချက်က အစုစပ်တို့ ၊စပ်တူတို့ရှယ် ယာတို့ အားနည်းတာကိုတွေ့ရပါတယ်။ကိုယ့်အောက်က ညီ၊ညီမတွေရဲ့ ဒုက္ခကို ခံစားရတတ်ပါတယ်။ မတော်တဆ ထိခိုက်တာမျိုးလေးတွေရှိတတ်ပါတယ်။ စစ်တပ်၊လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မအပ်စပ်တဲ့ ဇာတာ မျိုး တွေဖြစ်ပါ တယ်။ လက်နက်ဘေး ၊ကျည်ဆံဘေး သင့်လွယ်တာမို့ပါပဲ။ အများအားဖြင့် ဘဝတည်ငြိမ်မှုကံ အား ကောင်း ပြီးတော့ ဘဝပျက်တာမျိုး၊ ယိုင်နဲ့သွားတာမျိုးတွေ မရှိဘဲ ဘဝအခြေမြင့်အောင် ကြိုးစားနိုင်မဲ့ ဇာတာမျိုး တွေ ဖြစ်ပါတယ်။
သတ္တဘိသျှ နက္ခတ်ဖြစ်တာမို့ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ သူငယ်ချင်းများ လည် ပတ် ခြင်း၊ ဈေးဝယ်ထွက်ခြင်း နှင့် ယာယီသဘောသဘာဝအရ မည်သည့်အရာအတွက်မဆို ယာယီ၊ လျင်မြန်စွာ ရွှေ့ ပြောင်းနိုင်သော နက္ခတ်ဖြစ်သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အထက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
အာယုသာန်ယုဂ် သည် အသက်ရှည်ခြင်းဟု အဓိပ္ပာယ်ရသည်။ ကောင်းသောကိစ္စများအတွက် ကောင်းသည်။ တေထိလကရိုဏ်းသည် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုများ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် ကောင်းမွန်ပါသည်။ယနေ့ မတော်တဆ ထိခိုက်မှုူအန္တရာယ် ဖြစ်လွယ်သည်။ မြောက်အရပ်သို့ ခရီးဉီးတည်သွားလာခြင်း ရှောင်ကြဉ်ပါ။ နံနက်(၁၀:၃၀)နာရီမှ မွန်းတည့် (၁၂း၀၀)ကြားကာလများတွင် အထူးသတိထားရမည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၅း၀၅)နာရီမှ ညနေ(၆း၄၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အစိမ်းရောင်နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူ၍ “ဘဂဝါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဘိန်းမုန့်” ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)