ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ပထမဝါဆိုလဆုတ်(၇)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၉)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၄)နာရီမှာ နေဝင်ပါ တယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ် ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက် နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့ လဆုတ်တီထိ(၇)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၇)လုံးအနေဖြင့် မင်္ဂလာကျက်သရေကိုပေးတဲ့ ဘဒြာတီထိကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါ တယ်။ မိတ်ဆွေသစ်တွေ တိုးပွားမဲ့ကာလလဲဖြစ်ပါတယ်။ မိစ္ဆာအာဇီဝတွေနဲ့ အသက်မွေးခြင်းမျိုးတွေ၊ ဝိသမလော ဘနဲ့စီးပွားရှာခြင်းမျိုးတွေ အထူးရှောင် လိုက်ပါ။ လက်မှုပညာနှင့်ပတ်သက်သောလုပ်ငန်းများ၊မြန်မာ့ရိုးရာမပျက် လုပ်ကိုင်ရသောလုပ်ငန်းများ တိုးတတ်ပါလိမ့်မယ်။ ရှေ့ဟောင်းပစ္စည်းများ ဈေးကောင်းရတတ်ပါတယ်။
ဒီနေ့ရက်မှာ အထက်လူကြီးတွေဆီဝင်ထွက်ခြင်း၊ လိုအပ်ချက်တွေတောင်းဆိုခြင်းများ မလုပ်သင့်ပါဘူး။ အမြင်မကြည် ဖြစ်ရတတ်ပါတယ်။ ပရဟိတလုပ်ခြင်း၊လူမှုရေးကိစ္စများကူလုပ်ပေးခြင်းမျိုးတွေအထူးဆောင်ရွက် နိုင်ပါတယ်။ နည်းပညာများတီထွင်ကြံဆလို့အလွန်ကောင်းပါတယ်။
အိမ်ခြံမြေအရောင်းအဝယ်အလုပ်များ စပ်တူရှယ်ယာအလုပ်များအထူးကောင်းပါတယ်။ အလုပ်သစ်စတင်ခြင်းတွေ ဒဲီနေ့မှာအထူးကောင်းပါတယ်။ရေရှည်လုပ်ကိုင်ရသောအလုပ်များအောင်မြင်တိုးတတ်ပါလိမ့်မယ်။ရွှေလုပ်ငန်းများ ကျောက်မျက်ရတနာလုပ်ငန်းများအထူးကောင်းပါတယ်။ဆည်မြောင်းတာတမံတူးဖော်တာ၊ရေတွင်းရေကန်တူးဖော်တာမျိုးတွေလဲ အထူးစတင်နိုင်ပါလိမ့်မယ်။
ခန္ဓာကိုယ်ကို အလှပြုပြင်တာ၊ ဆံပင်ပြုပြင်တာ၊ပေါင်းတင်တာ၊ အမွေးနံ့သာလိမ်းကျံတာမျိုးတွေအထူးဆောင်ရွက် နိုင်ပါလိမ့််မယ်။ အိမ်သစ်တတ်ခြင်း၊ဘုရားနေကဇာတင်ခြင်းများလဲ ပြုလုပ်ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက် လဲဖြစ်ပါ တယ်။ ဆရာ အဖြစ်အသက်မွေးသူများ တပည့်မွေးခြင်း၊သင်တန်းဖွင့်ခြင်း၊ သင်တန်းသားသစ်လက်ခံခြင်း တွေကိုအထူး ဆောင် ရွက်နိုင်ပါလိမ့်မယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၂း၂၅)နာရီမှ နံနက်(၃း၁၇)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်စန်း၊ မေထုန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အနာဂတ်ကို အတွေးအခေါ်ကနေတဆင့် ပုံဖော်နိုင်ကြသူတွေ၊ ဖြစ်လာမဲ့ အကျိုးဆက်ကို ကြိုတင် ခန့်မှန်းနိုင်ကြသူတွေဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူများမလုပ်သေးတဲ့အလုပ်တွေ၊ စွန့်ဦးတီထွင်အလုပ်တွေနဲ့ အောင်မြင် တတ်ပါတယ်။ အချိတ်အဆက် အဆက်အသွယ်ကောင်းကြပြီးတော့ အလုပ်တွေမှာလဲ အကျိုးဆောင်အလုပ်တွေ၊ နည်း ပညာအလုပ်တွေ၊ Network နှင့်ဆိုင်သောအလုပ်တွေ၊ခေတ်သစ်နည်းပညာတွေနဲ့ လက်ပွန်းတသီရှိလာနိုင်တဲ့ရင်သွေး တစ်ယောက်ပဲဖြစ်ပါတယ်။ မိဘတွေ အိုမင်းမစွမ်းဖြစ်နေချိန်တွေမှာလဲ အမိအဘကို အနီးကပ်ကောင်းစွာစောင့်ရှောက် ကြတဲ့သူတွေအဖြစ်တွေ့ရပါတယ်။
ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်သည် ရက်စက်ကြမ်းကြုတ်သော နက္ခတ်တာရာများဖြစ်ပြီး တိုက်ခိုက်ခြင်း၊ ရှေ့တိုးခြင်း၊ မကောင်းမှု၊ လှည့်ဖြားခြင်းနှင့် ပဋိပက္ခများ၊ ရန်သူများကို ဖျက်ဆီးခြင်း၊ ထောင်ကျခြင်း၊ အဆိပ်ခတ်ခြင်း၊ မီးရှို့ ခြင်း၊ တိုက်ပွဲ၊ မီးညှိခြင်း၊ ဖျက်ဆီးခြင်းများ၊ ဂုဏ်သတင်းကျော်ကြားမှုနှင့် ရက်စက်ကြမ်းကြုတ်ခြင်းစသည့် လုပ်ရပ်များ အတွက် သင့်လျော်သည်။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာ ဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ်သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စု ဆောင်း ခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့် လျော် သည်။
ဂြဟဇာပွင့်ရာအရပ်သည် အရှေ့အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
သောဘဂျယုဂ်သည် ကံကောင်းခြင်းဟု အဓိပ္ပါယ်ရသည်။ ကောင်းသောကိစ္စများအတွက် ကောင်းသည်။ ဝဏိဇကရိုဏ်း သည် မြတ်သောယောဂ။ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားခြင်းနှင့် လုပ်ငန်းကိစ္စများအတွက် ကောင်းသော အကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သောအသိပညာရှိပြီး
အရောင်းအဝယ်ကိစ္စများအတွက် အသင့်တော်ဆုံးဖြစ်သည်။မြန်မာလဆုတ်(၇)ရက်နေ့ ဖြစ်ပေရာ ရာဇမင်းထံ ဝင်ထွက်သွားလာခြင်း လုံးဝမပြုသင့်ပါ။ မင်္ဂလာရှိသော ကိစ္စများ ဆောင်ရွက်နိုင်သည်။ ရပ်တန့်ထားသော လုပ်ငန်း ကိစ္စများ ပြန်လည်စတင်ဆောင်ရွက်နိုင်သည်။ ကုန်ပစ္စည်း ဝယ်ယူ မြှုပ်နှံခြင်းများ မသင့်ပါ။ ငွေကြေးအပေး အယူကိစ္စများ အငြင်းပွားရတက်သည်။ ယနေ့ ချုပ်ဆိုသော ကတိစာချုပ်များ ပျက်ပြယ်တက်သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၁၆)နာရီမှ နံနက်(၈း၅၄)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေ ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အပြာနုရောင်နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူ၍ “သမ္မာသမ္ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမို အဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဘူးသီးကြော်” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)