ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ဒုတိယဝါဆိုလဆုတ်(၈)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၃)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ဝခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။
ဒီနေ့ဟာ ရက်ပုတ်၊ ဝါရမိတ္တုငယ် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ရက်ပုပ်ကျတဲ့ ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။ ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။
ဝါရမိတ္တုငယ်ကျရောက်တဲ့နေ့ရက်လဲဖြစ်တာကြောင့် မင်္ဂလာကိစ္စများ အလုံးစုံရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများရှောင်သင့်ပါတယ်။ ဒီနေ့ မှာပေါ်ပင်အလုပ်များ၊ အဆင်ပြေမ လားထင်ပြီးတော့ မြေစမ်းခရမ်းပျိုးလုပ်ကိုင်ခြင်းများလဲ အထူးပဲရှောင်ပါတယ်။ လုပ်မိရင်မှန်းချက်နဲ့ နှမ်းထွက်မ ကိုက်ဆိုတာမျိုးလဲဖြစ်နေရတတ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ အောင်မြင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၈)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၈)လုံး နေ့ အနေဖြင့် အင်အားများ၊စွမ်းအားများကိုပေးတဲ့ ဇယတီထိကျရောက်တဲ့နေ့ ရက်ပဲဖြစ်ပါတယ်။ ဒီလိုနေ့ရက်တွေမှာတော့ မိမိစွမ်းဆောင်ရည်ကို ပိုကောင်းအောင်လုပ်သင့်ပါတယ်။ မိမိလုပ်နိုင် သည်ထက်လျှော့ပြီး လုပ်တာမျိုးတွေကိုလဲအထူးရှောင်လိုက်စေချင်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ ကြိုး စားပြီးရှာဖွေ လိုက်ပါ။ ဝန်ထမ်းအလုပ်များ အထက်လူကြီးကို မိမိတောင်းဆိုချင်တာတွေတင်ပြတောင်းဆိုလို့ ရတဲ့ နေ့ရက်ပါပဲ။
မိမိလက်ဝယ်ရှိတဲ့စက်ပစ္စည်းတွေကို ပြုပြင်ခြင်းထိန်းသိမ်းခြင်းများလဲ ဆောင်ရွက်သင့်သလို လိုအပ်တဲ့ စက်ပစ္စည်း ဝယ်မယ်ဆိုရင်လဲ အထူးအကျိုးပေးတာကိုတွေ့ရပါတယ်။ အတတ်ပညာများစတင်သင်ကြားခြင်း တွေ၊သင်တန်း စတင် တတ် ရောက်ခြင်းတွေအထူး ဆောင်ရွက်လို့ကောင်းပါတယ်။အလုပ်လျှောက်ခြင်း၊အလုပ်ရှာခြင်းများလဲ တိုးတတ်နိုင်တာကိုတွေ့ရပါတယ်။ ကျန်း မာရေးကတော့အထူးညံ့ကြုံနေရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက် ပြီးတော့ စွန့်ဦးတီထွင်လုပ်ကိုင်ခြင်းမျိုးတွေကို စတင်လို့ကောင်းတဲ့နေ့ရက်မျိုးပါပဲ။
စိတ်တိုင်းကျလုပ်ကိုင်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် အလုပ်နဲ့ပတ်သက်ပြီးပြုပြင်ပြောင်းလဲခြင်းများဒီနေ့မှာ အလေး ပေး ဆောင်ရွက်သင့်ပါတယ်။ ဒီလိုနေ့ရက်တွေမှာတော့ စာပေနဲ့ပတ်သက်သောကိစ္စတွေဖြစ်တဲ့ ဂျာနယ်၊မဂ္ဂဇင်း၊ စာအုပ်စာပေများစတင်ဖြန့်ချီလို အလွန်ကောင်းပါတယ်။အထည်လိပ်လုပ်ငန်းများ၊ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်သော အလုပ်များ၊ အထည်ဆိုင်နှင့် ပိုးထည်ဆိုင်များ အထူးအဆင်ပြေပါလိမ့်မယ်
ရေတွင်းရေကန်တူးဖော်ခြင်း အဝီစိတွင်းတူးဖော်ခြင်းများဆောင်ရွက်နိုင်ပါတယ်။ ခရီးသွားရင်းနဲ့လမ်းမှာတွေ့တဲ့ ထီဆိုင်မှာ ထီကံစမ်းလိုက်ပါ။ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့ရောဂါရှာဖွေတာ၊ကုသတာမျိုးတွေလုပ်ဆောင်သင့် ပါတယ်။ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ၊ ပွဲစားအလုပ်များ၊ကြားကနေဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းဆောင် တာ များ၊ အထူးဆောင်ရွက်လို့အဆင်ပြေတတ်ပါတယ်။
ဒီနေ့မှာရှောင်သင့်တာကတော့ လူတော်တော်များများ အပေါင်းအသင်းမှားတတ်ပါတယ်။ သူများစကားနား ယောင် ပြီး လုပ်လိုက်တဲ့အလုပ်တွေကအညံ့များနေတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ လူလိမ်ခံရတတ် ပါတယ်။ မိမိမတတ်ကျွမ်းနားမလည်ဘဲနဲ့ ကြားကပြောလို့လိုက်လုပ်တာမျိုးရှောင်လိုက်ပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၀၀:၂၃)နာရီမှ နံနက်(၁း၁၅)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ဘရဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ ကရကဋ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ သတိထားရမဲ့အချက်တွေများပါတယ်။ သူများနဲ့မတူဘဲ အားနည်းချက်တွေပါတာမို့ ငယ် ငယ်ကတည်းက ကြိုးစားဖို့အထူးလိုအပ်ပါတယ်။ မိဘအရှိန်အဝါနဲ့ အထောက်အပံ့ရတဲ့ကာလတွေမှာ မှေးမနေဘဲ အောင်မြင်အောင်လုပ်ထားမယ်ဆိုရင် အနာဂတ် ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားကြမယ်ဆိုရင်တော့ ကောင်းပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ထင်မှတ်မထားသော ဆုံးရှုံးခြင်းတွေလဲ ကြုံလွယ်ပါတယ်။ တတ်နိုင်သမျှ ကိုယ်အစွမ်းအစကို ထုတ်သုံးနိုင်အောင် ငယ်စဉ်ကတည်းက ဘဝအာမခံချက်ရှိသော ပညာတွေကို ယူထားသင့်ပါတယ်။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။
ဂြဟဇာပွင့်ရာအရပ်သည် တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ယနေ့ ကုန်ပစ္စည်းသစ်များ စတင်ဖြန့်ချီရန် ရက်ကောင်း ဖြစ်နေပါသည်။ မင်္ဂလာအခါပေးရန် မသင့်ပါ။ ဆေးဝါးများ စတင်ကုသရန် အထူးကောင်းပါသည်။ ခွဲစိတ်ကုသမှုမှအစ သမားတော်များ စတင်ပြသနိုင်သည်။ ဆေးဝါးဖေါ်စပ်၍ ဆေးစွမ်းထက်မြက်မည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၄၇)နာရီမှ မွန်းလွဲ(၃း၂၄)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အနီရောင်နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့အရပ်သို့ မျက်နှာမူ၍ “သတ္တာဒေဝ မနုဿာနံ” (၉)ခေါက် ရွတ်ဆိုသွား ပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ပဲပေါင်မုန့်” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)