loading

01. Oct.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 01. Oct.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ တော်သလင်းလဆုတ်(၅)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၂၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၁၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၀)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ ညနေ(၃း၁၆)နာရီအထိ ကြာသပတေးမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် ဗုဒ္ဓဟူးမြေခံ အဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။  

            ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

            ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်၊ ရက်ကန်း ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက် နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာရက်ကန်း ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှ သတိရှိရမည်။ ဆောင်ရွက် တဲ့ကိစ္စလေးတွေမှာ အခက်အခဲလေးတွေကြုံတွေ့ရတတ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၁း၁၅)နာရီအထိ ပြည့်ဝခြင်းကိုပေးတဲ့ လဆုတ်တီထိ(၅)လုံး ကျရောက်နေပြီး လွန်လျှင် ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၆)လုံး ကျရောက်နေတာဖြစ်ပါတယ်။

            တီထိ(၅)လုံး အနေဖြင့် ချမ်းသာသုခကို ပေးစွမ်းသော တီထိဟု သက်မှတ်ပြီး မင်္ဂလာကိစ္စမျိုးစုံကို ပြုလုပ်ရန် သင့်တော်သော တီထိဖြစ်ပါသည်။ ပညာသင်၊ တပည့်လက်ခံခြင်း၊ သင်တန်းဖွင့်ခြင်း၊ အာဟာရ စတင်ကျွေခြင်း၊ အပင်များအား ဓါတ်မြေဩဇာကျွေးခြင်း၊ အိုးအိမ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ တည်ငြိမ်သော အလုပ်၊ လှုပ်ရှားရသော အလုပ်အကိုင်များအားလုံး အလုပ်မျိုးစုံ လုပ်ကိုင်နိုင်ပါသည်။  သို့သော် ဤရက်တွင် ငွေချေးခြင်းများ မပြုလုပ်ရပါ။ လျှို့ဝှက် အဆင့်မြင့်ပညာရယူခြင်း၊ ဆေးဝါးဖေါ်စပ်ခြင်း၊ အဆိပ်လုပ်ခြင်း၊ ခွဲစိတ်ခြင်း၊ ရေနှင့် ပတ်သက်သည်များ လုပ်ဆောင်ခြင်း၊ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ ခရီးသွားလာခြင်း၊ နန်းတက် ဘိသိတ်ခံခြင်း၊ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခြင်းများ ဆောင်ရွက်နိုင်သည့် အခါဖြစ်နေပါသည်။ ပြည့်စုံခြင်းကို ဖေါ်ဆောင်သော ပုဏ္ဏာတီထိဖြစ်ပြီး နန်းတတ်ခြင်း၊ အစိုးရသစ်ကျမ်းသစ္စာ ကျိန်ဆိုခြင်း၊ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခြင်းများ လုပ်ဆောင်နိုင်ပါသည်။

            တီထိ(၆)လုံးအနေဖြင့် ကျော်ကြားမှုကိုပေးစွမ်းသော တီထိဟု သက်မှတ်ပြီး အိုးအိမ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ မြေနှင့်ပတ်သက်သော လုပ်ငန်းများ၊ လူမှုရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဈေးကွက်ကြော်ငြာများ၊ ကုန်သွယ်ခြင်း၊ အရောင်းအဝယ်၊ အနုပညာ၊ ပန်းချီ၊ ပန်းပု လုပ်ငန်းများ စစ်ရေးနှင့်ပတ်သက်သည်များ၊ ကျောက်မျက်ရတနာ၊ အဝတ်အစား ဒီဇိုင်း၊ ဆီနှင့်နှိပ်နယ်ခြင်း၊ အလှူဒါနပြုလုပ်ခြင်းနှင့် ရေနှင့်ဆက်စပ်သည့် လုပ်ငန်းများ လုပ်ကိုင်နိုင်ပါသည်။ တီထိ(၆)လုံးရက်တွင် နန်းတက် ဘိသိပ်ခံခြင်း၊ အစိုးရများ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ မိတ်ဆွေသစ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပျော်ပွဲရွှင်ပွဲ၊ ပွဲလမ်းသဘင်များ အတွက် သင့်တော်ပါသည်။ ကြွယ်ဝခြင်း၊ ကောင်းမြတ်ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ကိုယ်စားပြုသော နန္ဒာ တီထိဖြစ်သဖြင့် အဝတ်အစား၊ အက၊ အခုန်၊ သီချင်း၊  အနုပညာ၊ ပန်းချီ၊ ပန်းပု၊ ဉယျာဉ်၊ အိုးအိမ်နှင့် ပတ်သက်သော လုပ်ငန်းများ၊  အလှအပနှင့်  အဝတ်တန်ဆာ ဆင်ယင်ခြင်း လုပ်ငန်းများ၊ ပျော်ရွှင်ခြင်းနှင့်  ပတ်သက်သောလုပ်ငန်းများ အထူးကောင်းပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၀:၃၉)နာရီမှ ည(၂၁း၃၁)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ကြတ္တိကာနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ ကန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် အတွေးအခေါ်အယူအဆတွေကအများနဲ့မတူတဲ့ပုံစံမျိုးတွေ့ရပါတယ်။ စိတ်ကူး ကောင်းတွေ ရှိပေမဲ့ အကောင်အထည်ဖော်ဖို့ ကြန့်ကြာနေတတ်တဲ့ဇာတာမျိုးဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ရှာလွယ် သုံးလွယ်တဲ့ဇာတာဖြစ်နေတတ်ပါတယ်။ငွေကြေးအကူအညီတွေ မိဘတွေဆီက အလွယ်ရတတ်ပါတယ်။ ကျန်းမာရေးတော့ အရွယ်သုံးပါးစလုံး ဂရုစိုက်ရတတ်ပါတယ်။ ကိုယ်တိုင်က စမတ်ကျအောင်၊လှပအောင်နေတတ်သူမို့ အများရဲ့ အထင်ကြီးလေးစားခြင်းကိုခံရတတ်ပါတယ်။ဒါကြောင့်အလှအပဆိုင်ရာအလုပ်များ အထူးအကျိုးပေးပါတယ်

ကြတ္တိကာ နက္ခတ်သည် လက်ငင်းလုပ်ဆောင်မှုများ၊ ပြိုင်ဆိုင်မှုများ၊ ပူပြင်းသောအငြင်းအခုံများ၊ သတ္တုများနှင့် အလုပ်လုပ် ရန်အတွက် ကောင်းမွန်သည်။ ဤနက္ခတ် သည် ရောနှောထားသော သဘာဝရှိသည်။ ပုံမှန်လုပ်ဆောင်မှုများ၊ နေ့စဉ်တာဝန်များကို လုပ်ဆောင်ရန် သင့်လျော်သော်လည်း အရေးကြီးသော လုပ်ဆောင်ချက်အသစ်များကို စတင်ရန် အကြံပြုထားခြင်းမရှိပါ။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ်သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စု ဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အထက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်း ဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ယနေ့ ရပိုင်ခွင့်ဟောင်းများ ပြန်လည်တောင်းဆိုနိုင်သည်။ မျက်မြင် ထင်ရှားမဟုတ်သော ပစ္စည်းများ ဝယ်ယူခြင်း မပြုရပါ။ ကြိုတင်စရံပေးခြင်း မပြုရပါ။ ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်းနိုင်မည်။ လှောင်ကုန်များ အရောင်း ဈေးကွက်ဖွင့်၍ အကျိုးအမြတ်ကောင်းများ ရရှိမည်။ အပျက်အစီးများ ပြုပြင်ရန် အထူးကောင်းသော ရက်ဖြစ်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၂၅)နာရီမှ မွန်းလွဲ(၂း၅၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ လိမ္မော်ရောင်နှင့် အပြာနုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….ရတနာသုတ် (၁)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါ လိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “လမုန့်” ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)

Leave a Reply

Your email address will not be published. Required fields are marked *