loading

19. Oct.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 19. Oct.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ သီတင်းကျွတ်လဆန်း(၈)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၁)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၉)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါ များ ခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ ရပါတယ်။

ဒီနေ့ဟာ လူ့ပြည်ပြဿဒါး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း၊ ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ နေ့လယ်(၁၁း၅၂)နာရီအထိ အောင်မြင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၈)လုံး ကျရောက်နေပြီး လွန်လျှင် ဖယ်ရှင်းခြင်းအတွက် သုံးရန်ကောင်းတဲ့ လဆန်းတီထိ(၉)လုံး ကျရောက်နေတာဖြစ်ပါတယ်။

တီထိ(၈)လုံး နေ့ အနေဖြင့် အောင်မြင်မှုတွေ၊စွမ်းအားတွေကိုပေးတဲ့ ဇယျာတီထိကျ ရောက်တဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ဒီလိုနေ့မျိုးမှာတော့ အမှုအခင်းတွေဖြေရှင်းနိုင်ပါလိမ့်မယ်။ ပြဿနာတွေ ကိုကျော်လွှားသွားနိုင်ပါ လိမ့်မယ်။သိလိုသောသတင်းအချက်အလက်များကို စုဆောင်းနိုင်ပါလိမ့်မယ်။

ရတနာရောင်းဝယ်ခြင်း၊စာပေရေးသားခြင်းများ အချစ်စကားပြောဆိုခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ အသင်း အဖွဲ့တွေမှာ ဝင်ရောက်တာမျိုးတွေအထူးကောင်းပါတယ်။ စာပေနှင့်စာနယ်ဇင်းလုပ်ငန်းများကိုလဲ ဦးစားပေး ဆောင် ရွက် သင့်ပါတယ်။ အောင်မြင်ခြင်းကိုပေးစွမ်းတဲ့တီထိဖြစ်တာကြောင့် အရာရာနောက်တွန့်နေတာမျိုးမလုပ် ဘဲရဲရဲ ရှေး တိုးဆောင်ရွက်ပါ။

အရောင်းအဝယ်အလုပ်များ၊ကုန်သွယ်မှုလုပ်ငန်းများ အထူးကောင်းပါတယ်။ အထိုင်မဟုတ်ဘဲ လှုပ်ရှားနေရတဲ့ အငြိမ်မနေရတဲ့အလုပ်တွေပိုမိုတိုးတတ်မဲ့နေ့ရက်ပါပဲ။ကုမ္ပဏီများ မိမိဝန်ထမ်းတွေကို စွမ်းရည်မြင့်အောင် သင်တန်း တွေ ပေးသင့်တဲ့နေ့ရက်ပါပဲ။

ထီဝါသနာပါသူများထီကံစမ်းသင့်တဲ့နေ့ရက်လဲဖြစ်ပါတယ်။7/9/0 များများပါသောထီလက်မှတ်ကိုရွေးချယ်ကံစမ်း လိုက်ပါ။မိမိကုန်ပစ္စည်းကို ပြည်တွင်းပြည်ပသို့ ထိုးဖောက်ခြင်းတွေ၊ ကုန်ပစ္စည်းသစ်ကို ဈေးကွက်မှာထိုးဖောက်ခြ င်းတွေစတင်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။

ဒီနေ့မှာရှောင်သင့်တာတွေကတော့ သစ်ပင်စတင်စိုက်ပျိုးလို့မကောင်းပါဘူး။ အဆုံးအရှုံးများနိုင်ပါတယ်။ ဆောက်လုပ်ရေး ကိစ္စတွေကို သတိထားပြီးဆောင်ရွက်ပါ။  တည်ဆောက်ဆဲ အဆောက်အဦးတွေရှိရင် မီးဘေး အန္တရာယ်ကိုသတိထားဆောင်ရွက်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၁၉း၂၈)နာရီမှ ည(၂၀:၂၀)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ဉတ္တရာဿဋ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မကာရစန်း၊ တူရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် တော်ကြထက်မြက်ကြတဲ့ သူမျိုးဖြစ်တဲ့အပြင် အနာဂတ်ဖြစ်လာနိုင်တာကို ကြိုတင် ခန့်မှန့်နိုင်ကြသူမျိုးဖြစ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီး ရှာဖွေ ရလွယ်ကူသလို ငွေဝင်လာရင် လိုချင်တာတွေ ဝယ်မိနေ တာမို့ ပြန်ကုန်တတ်တဲ့ဇာတာမျိုးဖြစ်ပါတယ်။ ကျန်းမာရေး အတွက် အားကောင်းတဲ့ အနေအထားမျိုးမဟုတ်တာမို့ ဂရုစိုက်ဖို့လိုပါတယ်။ ကျန်းမာရေးနုနယ်တာမျိုးလေးရှိပါတယ်။ ကံကောင်းတာကသောကြာဂြိုဟ်အားကောင်းပြီး စနေဂြိုဟ်ရဲ့ အထောက်အပံ့ရထားတာမို့ တော်ရုံကံညံ့မှုမျိုးမရှိပါဘူး။

ဥတ္တရာသဋ် ပုံသေသဘာဝ နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ မြို့တည်ခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ ဆောက်လုပ်ခြင်း၊ ဗိမာန်တော် ထိမ်းမြားလက်ထပ်ခြင်း စသည်တို့သည် တည်မြဲသော သို့မဟုတ် တည်မြဲသောအကျိုးသက်ရောက်မှုကို လိုလားတောင့်တသော အခြားလုပ်ဆောင်မှုတစ်ခုခု တို့အတွက် သင့်လျော်သည်။

 ဤနက္ခတ်သည် အထက်သို့ မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အရှေ့မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

မြန်မာလဆန်း(၈)ရက်နေ့ ဖြစ်ပေရာ သစ်ပင်မစိုက်ရပါ။ ဆေးဝါးများ စတင်ကုသရန် ရက်ကောင်း ဖြစ်နေပါသည်။ သမားပြသခြင်းများ ပြုနိုင်ပါသည်။ ခွဲစိတ်ကုသခြင်းများ ဆောင်ရွက်နိုင်ပါသည်။ ယနေ့ ဆေးဝါးဖေါ်စပ်၍ ဆေးစွမ်း ထက်မြတ်မည်။ နံနက်(၉း၀၀)နာရီမှ (၁၀:၃၀)နာရီအတွင်း အရာရာကို သတိနှင့် ဆောင်ရွက် လုပ်ကိုင်ပါ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇;၂၇)နာရီမှ နံနက်(၈း၅၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။     

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင်နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….သမ္မာသမ္ဗဒ္ဓေါဂုဏ်တော်ကို (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူ ချော မွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ပေါက်ပေါက်” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်း စကား ပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)

Leave a Reply

Your email address will not be published. Required fields are marked *