loading

24. Oct.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 24. Oct.2026 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၃)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၄)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မွန်းလွဲ(၁၂း၃၆)နာရီအထိ တနင်္လာမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် တနင်္ဂနွေမြေခံ အဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။

            တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ဝခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

            တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၂း၄၀)နာရီအထိ အောင်မြင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၁၃)လုံး ကျရောက်နေပြီး လွန်လျှင် ဖယ်ရှင်းခြင်းအတွက် သုံးရန်ကောင်းတဲ့ လဆန်းတီထိ(၁၄)လုံး ကျရောက်နေတာဖြစ်ပါတယ်။

            တီထိ(၁၃)လုံးအနေဖြင့် အားကစားပွဲများကျင်းပခြင်းတွေ၊gymဆော့ခြင်းတွေ ၊စစ်ရေးလေ့ကျင့်ခြင်းတွေ စတဲ့ ချွေး ထွက်မဲ့အလုပ်တွေကို အထူးပဲဆောင်ရွက်စေချင်ပါတယ်။ ဆေးစစ်ခြင်း၊ဆေးကုသမှုခံယူခြင်းများလဲဒီနေ့မှာ အဆင် ပြေပါလိမ့်မယ်။ 

မိမိလက်အောက်ငယ်သားတွေကို trainning ပေးတာ၊  သင်တန်းပေးတာမျိုးတွေအထူးပဲဆောင်ရွက်စေ ချင်ပါ တယ်။ ခရီးသွားခြင်း၊ကုန်သွယ်ခြင်း၊ကုန်ကူးခြင်းတွေအထူးကောင်းပါတယ်။ မိမိလုပ်ငန်းအတွက်ဆိုင်းဘုတ် ထောင် ခြင်းများ၊ကြေငြာခြင်းများ၊လက်ကမ်းစာစောင်များဝေခြင်းတွေ၊ ပန်းဖလက်များဝေခြင်းတွေအထူးပဲ ဆောင် ရွက် နိုင်ပါလိမ့်မယ်။

ဆံသခြင်းများ၊  အလှပြုပြင်ခြင်းများ၊ဆောင်ရွက်နိုင်ပါတယ်။ ဆေးဝါးသစ်မိတ်ဆက်ခြင်းတွေ၊အလှကုန် ပစ္စည်းများ စတင်ဖြန့်ချီခြင်းတွေအထူးဆောင်ရွက်လို့ကောင်းပါတယ်။သစ်ပင်စိုက်ခြင်းမျိုးစေ့ကျဲခြင်းများ၊ဓာတ်မြေသြဇာကျွေးခြင်းများ အထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။အနု ပညာ အလုပ် များစတင်ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ဆေးဆိုင်၊ဆေးခန်းအလုပ်များ၊  ပညာရေးနဲ့ပက်သက် သောအလုပ်များအဆင်ပြေအောင်မြင်မှုတွေရတတ်ပါတယ်။

ရှောင်သင့်တာတွေကတော့ဒီလိုနေ့ရက်တွေမှာ ရာဂများ၊ကာမဂုဏ်များလွန်ကြူးလို့ လုံးဝမသင့်ပါဘူး။ စည်းစိမ် အရမ်းခံတာမျိုးတွေလဲ ဒီနေ့မှရှောင်စေချင်ပါတယ်။ ငွေကြေးချေးငှားခြင်းများမလုပ်ပါနဲ့။ ဒီနေ့မှာ ချေးလိုက်ရင် ဆုံးပါးသွားတတ်ပါတယ်။ ကုန်ပစ္စည်းများ ဝယ်လှောင်ခြင်းများ ဒီနေ့မှာရှောင်လိုက်စေချင်ပါတယ်။ အဆုံးအရှုံများ နိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၁၉း၀၉)နာရီမှ ည(၂၀:၀၀)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ဉတ္တရာဘဒြပိုဒ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်စန်း၊ တူရာသီဖွားဖြစ်ပါသည်။ ဒီလိုနေ့မွေးသူ များဟာ အကောင်းဆုံးက စီးပွားရေးပညာကိုတည်ဆောက်နိုင်ကြတယ်။ အသက် ၃၀လောက် ကတည်းက အောင်မြင်မှု လမ်းကြောင်းပေါ်စရောက်ကြတယ်။ သတိထားရမှာကတော့ အိမ်ထောင်ရေးနဲ့ ကျန်းမာရေး ပါပဲ။ အိမ်ထောင်ရေးမှာ သောကြာနဲ့ အင်္ဂါကို လက်တွဲဖော်အဖြစ်မရွေးမိပါစေနဲ့။ ကျန်းမာရေးမှာတော့ ကင်ဆာရောဂါ နှင့် ဝမ်းတွင်းကလိစာ အားနည်းခြင်းများကိုတွေ့ရတတ်ပြီး သက်လတ်ပိုင်းလောက်မှာပဲ ကြီးမားတဲ့ရောဂါတွေကို ခံစား ရတတ်ပါတယ််။ ကင်ဆာဖြစ်စေနိုင်သော အစားအသောက် အနေအထိုင်တွေကို ဆင်ခြင်ဖို့လဲ တိုက်တွန်းချင်ပါတယ်။

ဥတြဘဒြပိုဒ် နက္ခတ်သည် ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကောင်းသော ကိစ္စရပ်များ ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်း၊ ဘုရားကျောင်း ဆောက်ခြင်း၊ ထိမ်းမြားလက်ထပ်ခြင်း စသည်တို့အတွက် သင့်လျော်သည်။ ရေရှည်တည်တံ့သော သို့မဟုတ် အမြဲတမ်း အကျိုးသက်ရောက်မှုကို အလိုရှိသော အခြားလုပ်ဆောင်မှုများအတွက် ကောင်းမွန်သည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ/ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာပွင့်ရာအရပ်သည် တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ယနေ့ ဆေးဝါးများ စတင်ကုသရန် ရက်ကောင်း ဖြစ်သည်။ သမားတော်များနှင့် ပြသ၍ ခွဲစိတ်ကုသခြင်းများ ပြုနိုင်ပါသည်။ ယနေ့ဖေါ်စပ်သော ဆေးဝါးများ ဆေးစွမ်းထက်မြက်မည်။ လှောင်ကုန်များ ပြန်လည်ရောင်းချ၍ အကျိုးရှိမည်။ အရောင်းထိုင်းပစ္စည်းများ ပြန်လည်ဈေးကွက်ပေါ်မည်။ အပျက်အစီးများ ပြန်လည်ပြုပြင်သုံးစွဲရန် ရက်ကောင်း ဖြစ်နေပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈း၅၅)နာရီမှ နံနက်(၁၀:၂၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြက်သွေးရောင်နှင့် ရွှေအိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….သုဂတော၅ချက်ဂါထာ(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ပဲပေါင်မုန့်” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026

အောင်မှန်- အခါပေးဒိုင်ယာရီ2026

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)

Leave a Reply

Your email address will not be published. Required fields are marked *