ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ သီတင်းကျွတ်လဆုတ်(၃)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၃၉)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၇)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၃)နာရီမှာ နေဝင်ပါ တယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့် သေးပါ။
ဒီနေ့ဟာ ရက်ရာဇာ၊ ရှမ်းရက်၊ သမားဖြူ၊ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင် သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာ ခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။ မြေခံကောင်းတာမို့ တတ်နိုင်သလောက်အချိန်ရွေးပြီးဆောင်ရွက်ပါ။
ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက် သုံးရန်ကောင်းတဲ့ လဆုတ်တီထိ(၄)လုံး ကျရောက်နေတာဖြစ်ပါတယ်။
တီထိ(၄)လုံးအနေဖြင့် ဒါကြောင့်ဒီလိုနေ့ရက်တွေမှာပြဿနာတွေကိုထိပ်တိုက်ရင်ဆိုင်ဖြေရှင်းသင့်ပါတယ်။ ဘယ်ကိစ္စ မဆို မျက်နှာ စုံညီဖြေရှင်းတာအကောင်းဆုံးပါပဲ။ကုမ္ပဏီလုပ်ငန်းတိုးတတ်ဖို့ပဲဖြစ်ဖြစ်၊အလုပ်နဲ့ပက်သက်ပြီးလိုအပ်တဲ့ အကြောာင်းကိစ္စတွေကြောင့်ပဲဖြစ်ဖြစ်ရှယ်ယာဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးလို့အလွန်ကောင်းတဲ့နေ့ပါပဲ။
ဘုရားထီ တင်ခြင်းများ၊မိမိတို့လှူဒါန်းထားတဲ့ကျောင်း၊သိမ်၊ပစ္စည်းဝတ္တုစတဲ့အရာတွေအတွက် ရေစက်ချလှူဒါန်း အမျှဝေ ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ပညာရေးဆိုင်ရာကိစ္စတွေဖြစ်တဲ့ပညာသင်ခြင်း၊စာမေးပွဲအင်တာဗျူးဖြေခြင်း၊ သင်တန်း စတတ် ခြင်းများး အလွန်ပဲဆောင်ရွက်နိုင်ပါတယ်။ အင်္ဂါန့တွေအားကောင်းတဲ့နေ့ရက်ဖြစ်တာကြောင့် စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ဆန် ဆီ၊ဆေး၊ယန္တရားအလုပ်များအထူးကောင်းပါတယ်။ အထူးသဖြင့်စက်သူံးဆီရောင်းဝယ်ခြင်းများ အထူးကောင်းပါ တယ်။
ဒီနေ့ရက်ဟာခရီးသွားလို့အလွန်ကောင်းတဲ့နေ့ရက်ပါပဲ။ ရေတွင်း၊ရေကန်၊အဝီစီတွင်းတူးခြင်းများစတင်လုပ်ဆောင် လို့ကောင်းတဲ့နေ့ပါပဲ။ အသင်းအဖွဲ့အစည်းများ စတင်တည်ထောင်ခြင်းများ ပြုလုပ်လို့အထူးကောင်းပါတယ်။ စိုက်ပျိုး ထား တဲ့သီးနှံများကို ပိုးသတ်ဆေးဖြန်းခြင်းများ စတင်ဆောင်ရွက်ခြင်းများပြုလုပ်နိုင်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ ပညာစတင်သင်ကြားခြင်းများ လုံးဝမပြုသင့်ပါ။ ဆေးစား၊ ဆေးကုပြုရန် အထူးကောင်းသည်။ သမားတော်များ ပြသနိုင်သည်။ ခွဲစိတ်ကုသမှုခံယူခြင်းများ ပြုနိုင်ပါသည်။ ဆေးဝါးများ ဖေါ်စပ်၍ ဆေးစွမ်းထက်မြက် မည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၁၈း၄၉)နာရီမှ ည(၁၉း၄၁)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ရောဟဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ တူရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေး သူများဟာ အခက်အခဲတွေရှိပေမဲ့ ကြိုးစားရင်ထိပ်တန်းရောက်အောင်မြင်နိုင်ပါတယ်။ ငယ်ရွယ်စဉ်မှာသာ ပညာကိုသေချာကြိုးစားရင် ထိပ်တန်းအဆင့်အောင်မြင်နိုင်တဲ့ဇာတာမျိုးပဲဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်သောအကူ အညီတွေရလွယ်ပြီးတော့ အရင်းအနှီးအတွက် စိတ်ပူဖို့မလိုတဲ့ဇာတာမျိုးပဲဖြစ်ပါတယ်။အရွယ်သုံးပါးစလုံး ကျန်းမာရေး ဂရုစိုက်ဖို့လိုအပ်ပါတယ်။ မထင်မှတ်ထားသော အပြောင်းအလဲတွေမှာ ဘဝမှာကြုံရတတ်ပါတယ်။
ရောဟဏီ နက္ခတ်သည် မြဲမြံခိုင်ခံ့သော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်း တက်ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်း၊ ဗိမာန် ဆောက် ခြင်း၊ ရေရှည်တည်တံ့သော သို့မဟုတ် ထာဝရအကျိုးသက်ရောက်မှုကို အလိုရှိသော လုပ်ဆောင်ချက်များ အတွက် သင့်လျော်သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင် အဆောက်အဦ၊ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အောက်မြေကြီးအရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း ကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၁၆)နာရီမှ မွန်းလွဲ(၂း၄၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ပန်းရောင်နှင့် လိမ္မော်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….သမ္ဗုဒ္ဓေဂါထာကို (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါ လိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ထောပတ်သီး” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်း စကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2026
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2026
အောင်မှန်- အခါပေးဒိုင်ယာရီ2026
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2026
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2026
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း
ဆရာစံ-ဇာဏီဘို(၂၀၂၆ ဗေဒင်ဒိုင်ယာရီ)