loading

12.September.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်း အကျဉ်း

  • Home
  • Blog
  • 12.September.2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်း အကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆုတ်(၃)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၂ခုနှစ်၊စက်တင်ဘာလ(၁၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒိနေ့နံနက်(၀၅း၁၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၀၅း၅၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နတ်မြေခံဖြစ်ပါတယ်။ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့် သေးပါ။

တီထိမြေခံ အရ မွန်းတည့် ၁၂နာရီအထိက ရာဟုမြေခံ၊ကျော်ပါက စနေမြေခံဖြစ်ပါတယ်။ ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက် ရိုက် တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ အမြိတ္တစုတ်၊ နဂါးပေါ်ရက်၊ ရှမ်းရက် ကျရောက်နေတာဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  မွန်းတည့် ၁၂နာရီအထိ လဆုတ်တီထိ ၂လုံး၊ကျော်ရင် လဆုတ်တီထိ ၃လုံးကိုကူးပြောင်း ပါတယ်။ဒီနေ့မှာ စပ်တူကိစ္စများဆောင်ရွက်လို့မသင့်သေးပါ။ ရေရှည်ကိစ္စများ၊နှစ်ရှည်ဆောင်ရွက်ရမဲ့ကိစ္စများဒီနေ့ မှာစတင်ကြံစည်လုပ်ကိုင်လို့ကောင်းပါတယ်။ စပ်တူအလုပ်များ သဘောထားမတိုက်ဆိုင်တာမျိုးတွေကြုံရတတ်တဲ့နေ့ ရက်ဖြစ်ပါတယ်။ ရပ်ဝေးသို့စတင်ထွက်ခွာခြင်းများဒီကာလမှာ ကြုံရဆုံရတတ်ပါတယ်။

            ဒီလိုနေ့မျိုးမှာ တိရိစ္ဆာန်များရောင်းခြင်း၊ဝယ်ခြင်းကိစ္စများဆောင်ရွက်လို့ကောင်းပါတယ်။ဧည့်ခံပွဲကျင်းပခြင်း၊ ရတနာပစ္စည်းစူးစမ်းရှာဖွေခြင်းများဆောင်ရွက်လို့ကောင်းပါတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင် ခြင်းများအလေးပေးဆောင်ရွက်နိုင်ပါတယ်။ ထီးတင်ခြင်း၊ဘုရားထုလုပ်ခြင်း၊ကြေးသွန်းလောင်းခြင်းများဆောင်ရွက် လို့ ကောင်းပါတယ်။

            ကျက်သရေမဂ်လာကို  ဦးစားပေးတဲ့နေ့ရက်ဖြစ်တာကြောင့် ကျက်သရေယုတ်စေတဲ့ ဒုစရိုက်၁၀ ပါးကိုရှောင် ကြည်ပြီးနေထိုင်ရင်အလွန်ကောင်းပါတယ်။ကျန်းမာရေးနှင့်ပတ်သက်ပြီးတော့လဲ ဆေးထိုး ဆေး သောက်ခြင်း၊ သမား တော် တွေနှင့်ပြသခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။

အဝတ်အစားအသစ်များ ချုပ်လုပ်ခြင်၊စတင်ဆင်မြန်းခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ ပွဲစားအလုပ်များ ကြားကနေ စေ့စပ်ပေးရတဲ့အလုပ်များ အထူးပဲဆောင်ရွက်နိုင်ပါတယ်။ မင်းအစိုးရနှင့်ပတ်သက်သောကိစ္စများ၊ဌာန ဆိုင်ရာနှင့် ပတ်သက်သောကိစ္စများ ဆောင်ရွက်နိုင်ပါတယ်။ ကျောက်များ၊ရတနာများ၊ရွှေနှင့် သတ္တုပစ္စည်းများ စတင်တူးဖော်လို့ အထူးကောင်းပါလိမ့်မယ်။ ဆန်စပါး  ၊ပဲပြောင်းများ စတင်စိုက်ပျိုးလို့ကောာင်းတဲ့နေ့ရက်ပါပဲ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁း၅၈)နာရီမှည (၂၂း၅၀)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များကြုံ လာရပါ  လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ  အဓိပတိဖွား၊  မိန်စန်း၊  သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ပျော်ပျော်နေ တတ်ကြသူတွေဖြစ်ပါတယ်။ ဟဒယဉာဏ်ရှိပြီးတော့ လူတွေကိုပျော်အောင်လုပ်ပေးကြသူတွေဖြစ်ပါတယ်။ငွေကြေးစီး ပွားအရှာကောင်းကြသူတွေဖြစ်ပါတယ်။ကျန်းမာရေးအားကောင်းပြီးတော့ တောရုံဖျားနာတာမျိုးမရှိတဲ့သူတွေဖြစ်ပါ တယ်။ အသက် ၂၄ကျော်တာနဲ့ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်ပြီးတော့ အအောင်မြင်ဆုံးဘဝကိုမိမိအစွမ်းအစနဲ့ တည်ဆောက်နိုင်မဲ့သူဖြစ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၇◌း၂၅) နာရီမှ နံနက်(၈း၅၈)နာရီအတွင်း ကျရောက် နေပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင်၊အနီရောင်    များများပါသော အဝတ်အစားအသုံးအဆောင်ပစ္စည်းတွေကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။          

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့  (၃၊၇၊၉)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဆီးယိုစားပြီး သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒိန်ချဉ် ဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အကြပ်အတည်းအခက်အခဲတွေရင်ဆိုင်ကြုံတွေ့ရတတ် ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး အထူး ဂရုစိုက်ရတတ် ပါတယ်။ ငွေအလိမ်ခံရတတ်ပါတယ်။အလုပ်တွေက ရှေ့တိုးရခက်၊နောက်ဆုတ် ရခက်အနေအထားမျိုးတွေကြုံရ တတ်ပါတယ်။ တတ်နိုင်သမျှဘာလုပ်လုပ်ချင့်ချိန်စဉ်း စားပြီးမှ လုပ်ကိုင်ဆောင် ရွက်လိုက်ပါ။  ညီအကိုမောင်နှမတွေနဲ့ စိတ်ဝမ်းကွဲစရာကိစ္စမျိုးတွေပေါ်လာတတ်ပါတယ်။ အလုပ်စီးပွားတွေ မှာတော့ ကုန်သွယ်စီးပွားနှင့် လက်ကား လုပ်ငန်းကြီးများ အခက်အခဲများနိုင်ပါတယ်။ အားနာ တတ်တဲ့စိတ် ရှိသူဆိုရင်တော့ ဒီနေ့မှာဒုက္ခရောက်တတ်ပါတယ်။

တနင်္လာ

လန်းဆန်းတတ်ကြွနေပါလိမ့်မယ်။ ဘာလုပ်လုပ်စိတ်ပါလက် ပါလုပ်ကိုင်နေမိတတ်ပါတယ်။ လူအများနဲ့လဲ လိုက်လျော ညီထွေလုပ်ကိုင်ဆက်ဆံနိုင်တာကြောင့်ပဲ ဒီနေ့မှာအလုပ် တွေပိုမိုတိုးတတ်စေပါလိမ့်မယ်။ ဆက် သွယ်ရေးနဲ့ပတ်သက် သောအလုပ်များ၊ ကြားခံဆောင်ရွက်ပေးရတဲ့ အကျိုး ဆောင်အလုပ်၊ ပွဲစားအလုပ်များ အဆင်ပြေတတ်ပါတယ်။ အိမ် ပြုပြင်ခြင်းများ၊ အခန်းဖွဲ့ခြင်းများ ဆောင်ရွက်လို့သင့် ပါတယ်။ အထက် လူကြီးကိုပြောချင်တဲ့စကားတွေတင် ပြ တောင်းဆိုလို့ကောင်းပါတယ်။ ဒီနေ့မှာအားနည်းချက်တစ် ခုကကျန်းမာ ရေးပါ။ ရောဂါဝေဒနာတစ်ခုခံစားရရင်တော့ မပေါ့သင့်ပါဘူး။

အင်္ဂါ

လိုအပ်ချက်တွေများနေတတ်ပါတယ်။ အဘက်ဘက်ကမိမိ ဆန္ဒတွေပြည့်ဝဖို့မလွယ်ပါဘူး။ ဆန္ဒတွေချိုးနှိ မ်ပြီးတော့ လုပ်သင့်တာတွေကိုလဲအထူးဦးစားပေးလိုက်ပါ။ ကျန်းမာ ရေးကတော့ ဒီနေ့မှာစိုးရိမ်စရာ တွေရှိနေတတ်ပါတယ်။ လိုအပ်သည်ထက်ပိုပြီးတော့လဲ အလုပ်တွေများနေတတ် ပါတယ်။ ခြံထဲမှာရှိတဲ့သစ်ပင် တွေခုတ်တာ၊လှဲတာမလုပ် မိပါစေနဲ့။ ကံညံ့သွားတတ်ပါတယ်။ ခရီးနဲ့ပတ်သက်ပြီး တော့လဲ မစီစဉ်ဘဲခရီး သွားရတတ်ပါတယ်။ ကတိလွယ်လွယ် မပေးမိပါစေနဲ့။ ကတိပေးမိရင် တည်ဖို့ခဲယဉ်းတဲ့ နေ့ရက်မို့ပါ ပဲ။ နေရာပြောင်း၊အလုပ်ပြောင်း၊ ရုံးခန်းပြောင်းဆိုတာ မျိုးတွေလဲ တွေ့ရတတ်ပါတယ်။

ဗုဒ္ဓဟူး၊ရာဟု

အလုပ်နဲ့ပတ်သက်ပြီးတော့လဲ ကောင်းသောအကျိုးဆက် တွေကိုရလာတတ်ပါတယ်။ အလုပ်အကိုင် အခွင့်အ လမ်းတွေ၊ အချိတ်အဆက်တွေရလွယ်ပါတယ်။ သတိထားရမဲ့ အချက်ကတော့ဘာလုပ်လုပ်မလောပါနဲ့။ အချိန်ယူပါ။ အချိန်ပေးပါ။ ဒီနေ့မှာချက်ချင်းထလုပ်အဆင်ပြေတာထက် ပြဿနာတတ်တာကပိုများနိုင်လို့ပါပဲ။ အလုပ်တွေကို ကောင်းစွာ ကြိုးစားအားထုတ်နိုင်ပါလိမ့်မယ်။ ဒီနေ့မှာ စိတ်ရှည်သည်းခံစိတ်ရှိလေတိုး တတ် အောင်မြင်လေပါ ပဲ။ ဖခင်၊ဦးကြီးဘကြီးတွေ အိမ်မှာရှိရင်ထိုသူတွေရဲ့ကျန်းမာ ရေးအတွက် ပူပန်ရတတ် ပါတယ်။အများပိုင်ငွေများလက်ထဲ ထားခြင်းမျိုးရှောင်စေချင်ပါတယ်။

ကြာသပတေး

စီးပွားရေးကိစ္စများ၊ ပေါင်းသင်ဆက်ဆံရေးကိစ္စများအ ဆင်ပြေအားသာချက်ရှိပါတယ်။ မိတ်ဆွေကောင်းတွေ ထပ်တိုး လာ တတ်ပါတယ်။ ရပ်ဝေးကအလုပ်တော်တော်များ  များအဆင်ပြေနေပါလိမ့်မယ်။ အများနဲ့မတူတဲ့ စိတ်ကူးသစ်၊ နည်းလမ်း သစ်တွေနဲ့ ဖောက်သည်တွေကိုစွမ်းဆောင် နိုင်ပါလိမ့်မယ်။လုပ်ငန်းရှင်များ တကယ်တော်တဲ့ဝန်ထမ်းတွေ ကိုတတ်နိုင်တာတစ်ခုခု ချီးမြှင့်ပေးတတ်ဖို့လိုပါတယ်။ မိသားစုအတွင်း သတင်းကောင်း တွေကြားရတတ်ပါတယ်။ ငွေ ရှာလို့ကောင်းပေမဲ့ ငွေစုဆောင်းရတော့ ခက်ခဲ တတ်ပါတယ်။ ကျန်းမာ ရေးအတွက်စိတ်ပူစရာမလိုသေးတဲ့ နေ့ရက် ပါပဲ။

သောကြာ

ဆရာကောင်းတွေ၊ ပညာရှင်တွေနဲ့ဝေးကွာရတတ်ပါ တယ်။ မိမိချစ်ရတဲ့အထက်လူကြီး အပြောင်း အရွှေ့တွေကြုံနေရ တတ်ပါတယ်။ အလုပ်ပို၊ကိစ္စပိုတွေကိုလဲ တတ်နိုင် သမျှလျှော့ချထားသင့်ပါတယ်။  အတွေးတွေ ၊အမြင်တွေကို ပြောင်းလဲဖြစ်ဖို့လိုပါတယ်။ လမ်းဟောင်းမလိုက်သင့်တဲ့ နေ့ပါ။ဘာသာရေး အတွက် မှတ်မှတ်ရရအချိန်ပေးပြီး လုပ်စေ ချင်ပါတယ်။ ငွေကဘယ်လောက်ဝင်ဝင်အဖတ်မတင် ထွက်သွားတတ်ပါတယ်။ အပျော်အပါးအတွက်အချိန် မပေး မိအောင်ထိန်းပါ။ အစားလောဘကြီးတာကြောင့် ဗိုက်ထဲ၊ရင်ထဲမှာ မအီမသာြ ဖစ်သလိုခံစားရတတ်ပါတယ်။

စနေ

အရာရာဦးဆောင်လုပ်ကိုင်ပေးနေရတတ်ပါတယ်။ ဘာသာ ရေး၊ကုသိုလ်ရေးအလုပ်တွေမှာလဲ တတ်အားသ၍ ဉာဏ် အား၊ကို ယ်အားနဲ့ကူညီပေးနေရတတ်ပါတယ်။ တတ်သိ ထားတဲ့ ပညာတွေကို မိမိဉာဏ်နဲ့ ချဲထွင်နား လည်မဲ့နေ့ရက် ပါပဲ။ စက်ကားဝယ်တာ၊အလဲအထပ်လုပ်တာမျိုးတွေလဲ ဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။ နိုင်ငံခြားသွားဖို့ကိစ္စတွေ အဆင်ပြေတာ များပါလိမ့်မယ်။ ဖြေးဖြေးမှန်မှန်နဲ့ စိတ်ရှည် လေအဆင်ပြေလေပါပဲ။ အနုစိပ်လုပ်ရတဲ့အလုပ်တွေက ပိုမိုအဆင်ပြေတတ်ပါတယ်။ ငွေရှာရတာလွယ်ကူသလို ငွေကြေးလဲစုဆောင်းနိုင် ပါလိမ့်မယ်။ ထီဝါသနာပါသူများ ထီကံစမ်းခြင်းများပြုလုပ်သင့်တဲ့နေ့ရက်ပါပဲ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Posted in Daily Consult

Leave a Reply

Your email address will not be published. Required fields are marked *