ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလဆန်း(၉)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဖေဖေါ်ဝါရီလ(၂၇)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၃၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၈)နာရီဖြစ်ပြီး ၊ ညနေ(၅:၅၀)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၈)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပါတယ်။ လုပ်ငန်းခွင် အတွင်း သုံးစွဲရန် မဖြစ်နိုင်သော ပစ္စည်းအပျက်၊ အဟောင်းများ စွန့်ပစ်၍ အသစ်တို့ကို အစားထိုးသုံးစွဲပါ။ သိရှိလိုသော သတင်းအချက်အလက်များ စုစည်းပါ။ ပြဿနာဟောင်းများ ရင်ဆိုင်ဖြေရှင်းရန် ရက်ကောင်းဖြစ်သည်။
စွမ်းအားကိုပေးသော၊ခံနိုင်ရည်ကိုပေးသော ဇယျာတီထိကျရောက်တဲ့ နေ့ရက်လဲဖြစ်ပါတယ်။ဒါကြောင့်ဒီလို နေ့မျိုး မှာတော့ကျောက်မျက်ရတနာများ ဝယ်ယူခြင်းများ၊ပြန်လည်ရောင်းချ ခြင်းများ၊ စတင်ဆင်မြန်းခြင်းတွေ အထူး ကောင်းပါတယ်။ဒီလိုနေ့မျိုးမှာ ကားရောင်းခြင်း၊ကားဝယ်ခြင်း၊ကားအလဲ အထပ်လုပ်ခြင်းများလဲ အထူး ဆောင် ရွက်နိုင်ပါတယ်။
ဆောက်လုပ်ရေးအလုပ်များ၊လျှပ်စစ်နှင့်ပတ်သက်သောအလုပ်များ၊ အသင်းအဖွဲ့နှင့်ပက်သက်သောအလုပ်များ၊ အထူး ကောင်းပါတယ်။ တစ်ဦးတစ်ယောက်ထဲ ဆောင်ရွက်ခြင်းထက် အများနဲ့စုပေါင်းလုပ်ကိုင်ခြင်းက ပိုမိုအောင် မြင်နိုင်တဲ့ နေ့ရက်ပါပဲ။ကုန်သွယ်ခြင်းလုပ်ငန်းများ ၊ကုန်ရောင်းကုန်ဝယ်ကိစ္စများ ဆောင်ရွက်လို့ကောင်းတဲ့နေရက်လဲ ဖြစ်ပါ တယ်။ ခေါင်း ဆေးခြင်း၊ခေါင်းလျှော်ခြင်းတွေကိုပြုလုပ်ခြင်းဖြင့် ကျက်သရေမင်္ဂလာကိုဖြစ်ပေါ်စေပါလိမ့်မယ်။
ဒါအပြင်ဒီလိုနေ့မျိုးမှာ အောင်မြေနင်းခြင်း၊စစ်ရေးလေ့ကျင့်ခြင်း၊ ကြီးမားတဲ့သံန္နိဌာန်ချမှတ်ခြင်းများလဲဆောင်ရွက် လို့အထူးကောင်းပါတယ်။ ကလေးကင်းပွန်းတပ်မင်္ဂလာနှင့် ကလေးထမင်းခွံမင်္ဂလာများလဲ ဆောင်ရွက်နိုင်ပါတယ်။
ယနေ့ အိုးအိမ်တည်ဆောက်ခြင်းမပြုရ။ မီးလောင်ပျက်စီးတတ်သည်။ ငွေကြေးအပေးအယူကိစ္စသတိရှိပါ။ ကတိစာချုပ်များ လက်မှတ်ရေးထိုးခြင်း မပြုရပါ။ အခက်အခဲများ ရင်ဆိုင်ဖြေရှင်းရန် ရက်ကောင်း ဖြစ်နေပါတယ်။ ရှေးဟောင်းပစ္စည်းများ အရောင်းအဝယ် သွက်လက်မည်။ အရောင်းထိုင်းပစ္စည်းများ ဈေးကောင်းရ၍ အရောင်းအဝယ် သွက်မည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၀:၅၂)နာရီမှ နေ့လယ်(၁၁:၄၄) နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ရောဟဏီနက္ခတ်နဲ့တိုက်ဆိုင်နေတာမို့ ထိုနက္ခတ်က မြဲမြံတဲ့နက္ခတ်ဖြစ်တာမို့ အလုပ်သစ်စတင်ခြင်း၊ဆိုင်သစ်စဖွင့်ခြင်း၊ ရေတွင်းတူးခြင်း၊အုတ်တံတိုင်းခတ်ခြင်းများ၊မြေခြံအိမ် ဝယ်ဖို့စရံချခြင်းများ၊ ဆိုင်သစ်ဖွင့်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုး ခြင်းများ၊ အမွေကိစ္စများစီမံခန့်ခွဲခြင်းများဆောင်ရွက်လို့ကောင်းပါတယ်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့မနက် ၇နာရီ၅၈မိနစ် ကနေ မနက်၈နာရီ၄၇မိနစ်အတွင်း၊ည၈နာရီ၁၇မိနစ်မှ ည၉နာရီ၁၆မိနစ် အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ပြိဿစန်း၊ ကုမ်ရာသီဖွားဖြစ်ပါသည်။ စိတ်ကူးကောင်း တယ်။ အယူ အဆမှန်ကန်ကြတယ်။ အာရုံစူးစိုက်မှုအားကောင်းပြီး ဘာသင်သင်တက်လွယ်ပါတယ်။ ဒါကြောင့် ကျောင်းပညာ ဆိုလဲ ထိပ်ဆုံး၊အသက်မွေးမှုပညာဆိုလဲ ခဏလေးတတ် လွယ်ပါတယ်။ ငွေကံအားကောင်းတဲ့သူဖြစ်ပြီး ငွေကြေး လာဘ် လာဘအမြဲဝင်တဲ့သူတွေဖြစ်ပါတယ်။ စိတ်ပျော်လိုက်၊စိတ်ညစ်လိုက် တစ်လှည့်ဆီဖြစ်နေတာမို့ စိတ်ကောက် လွယ်သူ၊ စိတ်ပြေလွယ်သူတွေအဖြစ်ဒီနေ့ မွေးရင်သွေးငယ်ကိုတွေ့ရလေ့ရှိပါတယ်။ ကောင်းတဲ့ အချက်က ငယ်ငယ် ကတည်းက ရည်မှန်းချက်မြင့်မားတယ်။ပန်းတိုင်ရှိတယ်။ ကြီးလာရင် ဘာလုပ်မယ်ဆိုတဲ့ ဦးတည်ချက်ရှိ တာကြောင့် အောင်မြင်မှုတွေက သူများတွေထက်ခိုင်မာမှုရှိကြတယ်။ ငွေကြေးရှာဖွေရလွယ်ကူပြီးတော့ ကြိုးစားရင် ကြိုးစားသ လောက် ထွန်းပေါက်မယ်။ အသက် ၂၄ကနေ အသက်၄၀အထိက ကောင်းသောကံတွေဖြစ် ထွန်းပြီး ထိုကာလအတွင်း မှာပဲ ကြီးကျယ်တဲ့အောင်မြင်မှုတွေကိုခံစားစံစားရလိမ့်မယ်။ဒီနေ့မွေးရင်သွေး ငယ် များ ရဲ့ ဟောစာတမ်းအကျယ်ကို ဖတ်လိုပါက ➡️#https://www.facebook.com/ awbarmoeastro မှာ ဖတ်ရှုနိုင်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၅၄) နာရီမှ နံနက်(၉:၂၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ သောကြာ၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မိုးပြာရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅ ၊ ၃ ၊ ၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သရက်သီးအချဉ်ပေါင်း အနည်း ငယ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းယိုဘုရားကပ်လှူပြီး လိုရာ ဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျယ်ကို နားဆင်လိုသောဗေဒင်ချစ်ပရိသတ်များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695