ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလဆုတ်(၁၁)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊မတ်လ(၁၆)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅:၂၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၈)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ညနေ(၅း၄၃)နာရီအထိ တနင်္ဂနွေမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင် မိတ္တုမြေခံအဖြစ် သို့ ပြောင်းလဲကျရောက်နေပါတယ်။တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ညနေ(၅း၄၃)နာရီအထိ လဆုတ်တီထိ(၉)လုံး ပယ်ရှင်းခြင်းအတွက် သုံးရန်ပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆုတ်တီထိ(၁၀)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲကျရောက်နေပါတယ်။ ရက်စက်ကြမ်းကြုတ်ခြင်းတွေကိုပေးတဲ့ ရိတ္တာတီထိကျ ရောက်တဲ့ နေ့ရက်ပါပဲ။ ဒါကြောင့်ပဲ ဒီလိုနေ့ရက်မှာတော့ အနိဋ္ဌနဲ့ပက်သက်သော ကိစ္စများဆောင်ရွက်လို့အထူး ကောင်းပါတယ်။ အရက်သေစာချက်လုပ်ခြင်းတွေ၊ ခဲယမ်းလက်နက် ထုတ်လုပ်ခြင်းတွေ၊ ဓားလှံလက်နက်များ ထုတ်လုပ်ခြင်းတွေကို အထူးဆောင်ရွက်နိုင်ပါတယ်။
မိမိစိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံတွေကို ပိုးသတ်ဆေးဖြန်းတာမျိုးတွေ၊ ပိုးမွှားတွေကို အဆိပ်ချ တာမျိုးတွေလဲ ဆောင်ရွက်နိုင်ပါတယ်။ သံသရာပြတ်ကြောင်းတရားတွေနဲ့ပတ်သက်ပြီးတော့လဲ စတင်အားထုတ်လို့အလွန်ကော င်းပါတယ်။
ဒီနေ့မှာရပ်ဝေးနဲ့ဆက်စပ်လုပ်ကိုင်ရသောအလုပ်များအထူးကောင်းပါတယ်။ နိုင်ငံခြားသွားဖို့ စီစဉ်ခြင်းများ၊ နိုင်ငံ ခြားသွားဖို့ကုန်ကူးခြင်းများအထူးကောင်းပါတယ်။နာတာရှည်ရောဂါသည်များ အနာနှင့်ဆေးတွေ့ ပြီးတော့ ပျောက်ကင်းချမ်းသာခွင့်တွေရတတ်ပါတယ်။ အညံ့အဆိုး တွေလွှမ်းမိုးနေတတ်တဲ့နေ့ရက်ပါပဲ။
စာပေကိရိယာများဖြန့်ချီရောင်းချခြင်းလုပ်ငန်းများ အထူးကောင်းပါတယ်။ အဝတ်အထည် ယက်လုပ်ခြင်း တွေကို လဲ ဆောင်ရွက်သင့်တဲ့နေ့ရက်ပါပဲ။ ဒီနေ့မှာ ရဟန်းခံခြင်း၊ရှင်ပြုခြင်း၊နားသခြင်း များလဲ ဆောင်ရွက်နိုင်တဲ့နေ့ရက်လဲ ဖြစ်ပါတယ်။
ဒီနေ့မှာရန်ပဋိပက္ခတွေများတတ်ပါတယ်။ အမှုအခင်းပြဿနာများစတင်လိုက်ပါက အမှုအခင်းမပြီးပြတ်ဖြစ်ရတတ် ပါတယ်။ငွေကြေးအပေးအယူကိစ္စတွေမှာတော့ ဒီနေ့မှာအငြင်းပွားဖွယ်ဖြစ်ရတတ်ပါတယ်။
ပြုပ္ဗာသဠ်နက္ခတ်သည်အောက်ငုံနက္ခတ်ဖြစ်တာမို့ ကလေးထမင်းစခွံ့ခြင်း၊ကျောက်မျက်ရတနာတူးဖော်ခြင်း၊စူးစမ်းရှာ ဖွေခြင်း၊ဆည်မြောင်း၊တာတမံဆောက်လုပ်ခြင်း၊ရေတွင်းရေကန်နှင့်အဝိစိတွင်းတူးဖော်ခြင်းများ စာရေးသားခြင်းများ အထူးကောင်းပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၉:၄၆)နာရီမှ နံနက်(၁၀:၃၇)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့မွန်းလွဲ၁၂နာရီ၂၈မိနစ်မှ မွန်းလွဲ၁နာရီ၁၂မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း ကတော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ဓနုစန်း၊မနက် ၇နာရီ၂၄မိနစ်ကစလို့ ပြုပ္ဗာသဠ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်ရာသီဖွား ဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအခက်အခဲ တွေကို အမြဲမြင်ရလေ့ရှိတယ်။ ထိုအခက်အခဲတွေကို လဲ ကောင်းစွာကျော်လွှားသွားနိုင်တဲ့ အင်အားတွေရှိလာတတ်ပါ တယ်။ ငယ်ငယ်ကတည်းက ဗဟုသုတတွေကို ငမ်းငမ်း တက်လိုချင်တဲ့ကလေးတွေဖြစ်လာတာမို့ သိတာ၊တက်တာ များပြီး မည်သည့်နယ်ပယ်မဆို ဝင်ဆန့်နိုင်တဲ့ဇာတာမျိုး တွေဖြစ်ပါတယ်။ သတိထားရမှာက ဘယ်သောအခါမှစပ်တူ အလုပ်တွေနဲ့အကျိုးမပေးပါဘူး။ အားနည်းချက်က အပြုံး အရွှင်အားနည်းတာ၊လောကွက်မလုပ်တတ်တာတွေ ကြောင့်လူချစ်လူခင်နည်းပါလိမ့်မယ်။အရာရာကို ပါးနပ်ခြင်း၊ လိမ္မာ ခြင်း၊ အကင်းပါးခြင်းတွေနဲ့ပြည့်စုံကြသူ တွေဖြစ်ပါတယ်။ အလုပ်ကောင်းနေရာကောင်းရလွယ်ပြီး ခေတ်ရှေ့ပြေး သောလုပ်ငန်းစီးပွားတွေနဲ့အောင်မြင်တတ် ပါတယ်။ အိုင်တီအလုပ်၊စွန့်ဦးတီထွင်အလုပ်တွေနဲ့ တိုးတတ်အောင်မြင် တတ် တာမို့ တစ်မိပေါက်တစ်ယောက်ထွန်း ဆိုသလို မိသားစုထဲမှာ တစ်ယောက်မှမလုပ်ဘူးတဲ့လုပ်ငန်း စီးပွားတွေနဲ့ အထူးအောင်မြင်တတ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁:၄၅) နာရီမှ ညနေ(၃:၁၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ရာဟု၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင် နှင့် ဖက်ဖူးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၉၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပျားရည်သောက် သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဖရုံယိုဘုရားကပ်လှူပြီး လိုရာဆု တောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.????တစ်နေ့တာ အကျိုးပေးအရောင်များ
????တစ်နေ့တာ အကျိုးပေးဂဏန်းများ
????အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
????တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်????ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
????????????အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
????????ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
✍️ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695