ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၁၄)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဧပြီလ(၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၀၈)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၅၆)နာရီဖြစ်ပြီး ၊ ညနေ(၆:၁၄)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နံနက်(၇း၂၄)နာရီအထိ အင်္ဂါမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် တနင်္လာမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေပါတယ်။အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက် ဖြစ်တာ ကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာရက်တံခွန်ကျရောက်နေတဲ့နေ့ရက်ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နံနက်(၇း၂၄)နာရီအထိ လဆန်းတီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေသောနေ့အဖြစ် ကျ ရောက် နေပြီး လွန်လျှင် လဆန်းတီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေ ပါ တယ်။ အောင်မြင်မှုတွေ၊စွမ်းအားတွေကိုပေးတဲ့ဇယတီထိကျရောက်တဲ့နေ့ရက် ပဲဖြစ်ပါ တယ်။ ဒီနေ့မှာဆိုင်း ဘုတ် တင်ခြင်း၊အလုပ်ခန်းဖွင့်ခြင်းတွေအထူးကောင်းတယ်။ မည်သည့်ဆိုင်မဆိုအသစ် ဖွင့်ခြင်းတွေ အထူးကောင်းတဲ့ နေ့ရက် ပါပဲ။
ဒီနေ့မှာ အားကစားနှင့်ဆိုင်သောလုပ်ငန်းများအထူးပဲဆောင်ရွက်လို့အဆင်ပြေပါလိမ့်မယ်။ စစ်ရေးစစ်ရာ ကိစ္စများ၊ စစ်ရေးလေ့ကျင့်ခြင်းများ၊ စစ်လက်နက်ထုတ်လုပ်ခြင်း၊တပ်ဆင်ခြင်းများ အထူးဆောင်ရွက်နိုင်ပါတယ်။
ခရီးကိစ္စများဆောင်ရွက်လို့အထူးကောင်းပါတယ်။ အပျော်ခရီးတွေပဲဖြစ်ဖြစ်၊ကုန်သွယ်စီးပွားခရီးတွေပဲဖြစ်ဖြစ် အဆင် ပြေချောမွေ့ပါလိမ့်မယ်။ မိမိလုပ်ငန်းအတွင်းဝန်ထမ်းတွေကို အလုပ်နဲ့ ပတ်သက်သောသင်တန်းတွေပေး တာမျိုး တွေဆောင်ရွက်လို့အထူးကောင်းပါတယ်။
အိမ်ပြုပြင်ခြင်း၊အိမ်ခန်းဖွဲ့ခြင်း၊ပျက်စီးယိုယွင်းနေတဲ့နေရာတွေကိုပြင်ဆင်ခြင်းများပြုလုပ်သင့်တဲ့နေ့ရက်ပါပဲ။ ကြော်ငြာ ကိစ္စများဆောင်ရွက်လို့အထူးကောင်းပါတယ်။ ကုန်ရောင်း ကုန်ဝယ်အလုပ်များ၊ ဈေးရောင်းဈေးဝယ် အလုပ်များအထူးအဆင်ပြေနိုင်ပါတယ်။အသင်းအဖွဲ့တွေတည်ထောင်တာ၊ စတင်ဖွဲ့စည်းတာမျိုးအထူးကောင်း တဲ့နေ့ရက်ပါပဲ။ အနုပညာနှင့်ပတ်သက်သောကိစ္စအ၀၀အဆင်ပြေချော့မွေနိုင်တဲ့နေ့ရက်ပါပဲ။
ရေတွင်းရေကန်တူးဖော်ခြင်းတွေ၊အဝိစိတွင်းတူးဖော်ခြင်းတွေ အထူးဆောင်ရွက်လို့အဆင်ပြေပါလိမ့်မယ်။ သတ္ထု ပစ္စည်းများ စူးစမ်းရှာဖွေခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ စက်ကားများ ဝယ်ယူခြင်း၊ရောင်းချခြင်း၊ အလဲအထပ် လုပ်ခြင်းများဆောင်ရွက်လို့သင့်တော်တဲ့နေ့ရက်ပါပဲ။ နှစ်ရှည်ပင်များ စတင်စိုက်ပျိုးတာမျိုးတွေ ဒီနေ့ဆောင်ရွက် လို့အထူးကောင်းပါတယ်။
ရှောင်သင့်တာကတော့လူမှုရေးကိစ္စများ၊ပရဟိတအကျိုးဆောင်ကိစ္စများ လုပ်ဆောင်မယ်ဆိုရင်တော့ အချင်းချင်း သဘောထားကွဲလွဲတတ်တဲ့အတွက်သတိထားပါ။ ကြားကနေတဆင့်လုပ်ကိုင် ပေးရတဲ့ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆက်သွယ်ရေးအလုပ်များ၊မီဒီယာအလုပ်များ အညံ့များနေပါတယ်။
ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
ဒီနေ့ လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှ သတိမလွတ်သင့်ပါ။ မင်္ဂလာကိစ္စများ ဆောင်ရွက် လုပ်ကိုင်နိုင်ပါတယ်။ အခက် အခဲများ ဖြေရှင်းသင့်သည်။ အပျက်အစီးများ ပြုပြင်ရန် ရက်ကောင်း ကျရောက်နေပါတယ်။ ရပိုင်ခွင့်ဟောင်းများ ပြန်လည်တောင်းခံနိုင်ပါတယ်။ တည်ဆောက်မှုလုပ်ငန်းများ ပြန်လည်လုပ်ဆောင်နိုင်ပါတယ်။ အရပ်ဝေးနှင့် ဆက်သွယ်လုပ်ကိုင်သော လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၈:၃၅)နာရီမှ နံနက်(၉:၂၆)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ် ဝလာခြင်းများ ကြုံလာရပါ လိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
မာဃနက္ခတ်ကျရောက်တာမို့ဆည်မြောင်း တာတမံလုပ်ငန်းများ ပြုလုပ်ခြင်း၊ ကျောက်မျက်ရတနာတူးဖော်ခြင်း၊ ရေနံ ဓာတ်ငွေ့တူးဖော်ခြင်း၊ ဓာတ်သတ္တုတူးဖော်ခြင်း၊ ဂီတအနုပညာဆိုင်ရာနှင့် အဆို၊ အက၊ သရုပ်ဆောင်လုပ် ခြင်းများ ကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ သိဟ်စန်း၊မနက် ၈နာရီ၂၃မိနစ်အထိမာဃနက္ခတ်ဖြစ်ပြီးတော့၊ ထိုအချိန်ကျော်ပါကပြုပ္ဗဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ ပျော်ပျော်နေ တတ်ကြသူတွေဖြစ်ပါတယ်။ ဟဒယဉာဏ်ရှိပြီးတော့ လူတွေကိုပျော်အောင်လုပ်ပေးကြသူတွေဖြစ်ပါတယ်။ငွေကြေးစီး ပွားအရှာကောင်းကြသူတွေဖြစ်ပါတယ်။ကျန်းမာရေးအားကောင်းပြီးတော့ တောရုံဖျားနာတာမျိုးမရှိတဲ့သူတွေဖြစ်ပါ တယ်။ အသက် ၂၄ကျော်တာနဲ့ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်ပြီးတော့ အအောင်မြင်ဆုံးဘဝကိုမိမိအစွမ်းအစနဲ့ တည်ဆောက်နိုင်မဲ့သူဖြစ်ပါတယ်။စိတ်ကူးကောင်းတဲ့သူတွေဖြစ်ကြတယ်။
အတုခိုးလွယ်တယ်။ သူများလုပ်ပြ၊သင်ပြတာကို ခဏလောက်ကြည့်ရုံနဲ့တက် လွယ်ပါတယ်။ထူးထူးခြားခြား သက် လတ်ပိုင်း ကာလတွေမှာအောင်မြင်နိုင်ကြသူတွေဖြစ်ပါတယ်။ငယ်ရွယ်စဉ်မှာတော့ ကောင်းသောအထောက်အပံ့တွေ ရလာ တတ် ပြီးတော့ မိမိကြိုးစားမှုနဲ့ပေါင်းပြီးအအောင်မြင်ဆုံးဘဝကိုတည်ဆောက် နိုင်ပါတယ်။ သတိထားရမှာက ဘယ်တော့မှ အစိုးရဝန်ထမ်းမလုပ်သင့်တဲ့ဇာတာပါ။ ကိုယ်ပိုင်စီးပွားကိုယ်ပိုင်အလုပ် သာလုပ်ပါ။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၃၂) နာရီမှ နံနက်(၉:၀၄)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ငွေရောင် နှင့် လိမ္မော်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၅၊ ၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သစ်သီးတစ်မျိုးမျိုးစားသွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်ဟင်းခါးဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။