loading

13.April .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 13.April .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ နှောင်းတန်ခူးလဆုတ်(၉)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဧပြီလ(၁၃)ရက်နေ့၊သင်္ကြန်အကြိုနေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၀၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၅၀)နာရီဖြစ်ပြီး ၊ ညနေ(၆:၂၀)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့နှင့် တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။

ဒီနေ့ဟာ သိကြားပြည်ပြဿဒါး ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆုတ်တီထိ(၈)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ခံနိုင်ရည်နှင့်အောင်မြင်မှုကိုပေးတဲ့ဇယျာတီထိကျရောက်တဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ဒီလို နေ့ရက်မှာအင်္ဂါ ဂြိုဟ် ပိုင်စိုးတာကြောင့် စစ်ရေးနှင့်ပက်သက်သောလုပ်ငန်းများ၊ တိုက်ပွဲဆင်နွဲခြင်းများ၊ရန်သူအား ခြေမှုန်းခြင်းကိစ္စ တွေ ကိုလဲ ကောင်းစွာဆောင်ရွက်နိုင်ပါတယ်။

အခက်အခဲ တွေကို၊ပြဿနာတွေကို ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းခြင်းဖြင့် နားလည်မှုတွေ၊ ပြေလည်မှုတွေရသွား ပါလိမ့်မယ်။ ခြံစည်းကိုကာ၍ ခြံခတ်ခြင်း ကိစ္စတွေ၊အုတ်မြစ်ချခြင်း၊ အိမ်တိုင်ထူခြင်းကိစ္စတွေလဲ ကောင်းစွာ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဘဏ်စာရင်းဖွင့်ခြင်းကိစ္စတွေ၊ငွေကြေးစတင်စုဆောင်းခြင်းကိစ္စတွေလဲ ဒီနေ့မှာစတင်လို့အထူးကောင်းပါတယ်။ ငွေကြေးဝန်ဆောင်မှုနှင့်ပတ်သက်သောလုပ်ငန်းများ၊ငွေပေးငွေယူကိစ္စများအထူးအဆင်ပြေအောင်မြင်တတ်ပါတယ်။ထီဝါသနာပါသူများ လမ်းသွားရင်တွေ့တဲ့ထီဆိုင်တစ်ခုမှာ ထီကံစမ်းလိုက်ပါ။

ရောဂါရှာဖွေခြင်း၊ ဆေးစစ်ခြင်းများလဲအထူးကောင်းပါတယ်။ အိမ်ဆောက်ဖို့အတွက် အိမ်ဆောက်ပစ္စည်းဝယ်ယူ စုဆောင်ခြင်းများလဲအထူးဆောင်ရွက်နိုင်ပါတယ်။ ကုန်မာပစ္စည်းအရောင်းဆိုင်များလဲ ရောင်းအားတတ်နိုင်တဲ့နေ့ ရက်ပါပဲ။Mediaတစ်ခု၊tv channel တစ်ခုစတင်ပြီးတော့ ထုတ်လွှင်တာမျိုးတွေလဲ ဆောင်ရွက်နိုင်တဲ့နေ့ပါပဲ။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းများ၊ စာအုပ်ထုတ်ဝေဖြန့်ချီရေးလုပ်ငန်းများ ဒီနေ့မှာ အဆင်ပြေအောင်မြင်တတ်ပါ တယ်။

            ယနေ့ တောင်တက်ခရီးများ မသွားလာရပါ။ ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်း ဖြစ်ပါသည်။ သမားပြခြင်း၊ ရောဂါ ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။ လုပ်ငန်းသစ်များ စတင်လုပ်ကိုင်ရန် မသင့်သေးပါ။ မင်္ဂလာကိစ္စများ ဆောင်ရွက်ရန် မသင့်သေးပါ။ ငွေရေးကြေးရေးကိစ္စများ ဖြေရှင်းရန် ရက်ကောင်းဖြစ်သည်။

ပြုပ္ဗာသဠ်နက္ခတ်သည်အောက်ငုံနက္ခတ်ဖြစ်တာမို့ ကလေးထမင်းစခွံ့ခြင်း၊ကျောက်မျက်ရတနာတူးဖော်ခြင်း၊စူးစမ်းရှာ ဖွေခြင်း၊ဆည်မြောင်း၊တာတမံဆောက်လုပ်ခြင်း၊ရေတွင်းရေကန်နှင့်အဝိစိတွင်းတူးဖော်ခြင်းများ စာရေးသားခြင်းများ အထူးကောင်းပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ယနေ့အတွက်ကောင်းသော အဘိဇိတိံသိယနှင့်ဝိဒတြိ တိံသိယ အချိန်ကာလတွေကတော့ ညနေ၄နာရီ၁၈မိနစ်မှ ညနေ၇နာရီ၄၆မိနစ်အတွင်းဖြစ်ပါတယ်။ ဒီအချိန် ကာလ အတွင်း က တော့ အရေးကြီးသောကိစ္စများ၊ဆုံးဖြတ်ချက် ချရ သောကိစ္စများ၊ မင်္ဂလာကိစ္စများ၊ကောင်းမွန် သော ကိစ္စများ၊ ကိစ္စ တစ် ခုခု စတင်ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့ဟာ မြေတူး၊ မြေဆွ မပြုသင့်ပါ။ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။ သိလိုသော သတင်းအချက်အလက်များကို စုဆောင်းနိုင်မည်။ ခက်ခဲသောပြဿနာများ ဖြေရှင်းနိုင်မည်။ အကြီးအကဲများနှင့် တွေ့ဆုံရန် ရက်ကောင်း ဖြစ်နေသည်။ ငွေကြေးကိစ္စ စကားပြောဆိုခြင်းများ ဆောင်ရွက်နိုင်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၇:၅၅)နာရီမှ နံနက်(၈:၄၇)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊  ဓနုစန်း ညနေ(၄)နာရီ(၇)မိနစ်လွန် စန်းမကာရရာသီသို့ ပြောင်းသည်။  မိန်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ စိတ်ကူးကောင်း အယူအဆကောင်းကြသူတွေဖြစ်ပါတယ်။ သို့သော် ကြွားဝါခြင်း၊မိမိအတ္တကိုသာ ရှေ့တန်းတင်ခြင်းတွေ ကိုပြုပြင်ရမှာဖြစ်ပါတယ်။ သတိထားရမဲ့အချက်က ဘဝမှာ တစ်ခုခု ကို တစိုက်မတ်မတ်လုပ်ပါ။ အဲလိုမလုပ်ပါက ဟိုဟာ လုပ်ရနိုး ဒီဟာလုပ်ရနိုးနဲ့ဘဝမှာမရေ မရာဖြစ်သွား တတ်ပါတယ်။ မိဘအထောက်အပံ့တွေအများကြီးရနိုင်သူ ဖြစ်သလို အိမ်ထောင်ရေးကံလဲ အထိုက်အလျောက် ကောင်း ကြပါတယ်။ကောင်းသော မိဘတွေရဲ့ လမ်းညွှန်မှုတွေကိုရရှိတာကိုတွေ့ရပါတယ်။ အခက်အခဲတွေကို ကောင်းစွာ ကျော်လွှားနိုင်ပြီးတော့ ဘဝရဲ့ အောင်မြင်မှုတွေကိုရရှိတတ်ပါတယ်။ကံကောင်းတာကတော့ ငယ်ငယ် ရွယ်ရွယ် အသက်၂၀ ဝန်းကျင်မှာပဲ ဘဝ အောင်မြင်မှုကိုစတင်ထိတွေ့ခွင့်ရတတ်ပါတယ်။ အလွယ်တကူအောင်မြင် ဖို့ရာ ကူညီမဲ့သူတွေကလဲ များပြားစွာရှိ နေတတ်ပါတယ်။ အိမ်မကပ်ရဘဲ အဝေးရောက်နေတတ်တဲ့ဇာတာမို့ နိုင်ငံခြားလုပ်ငန်းများ၊သင်္ဘောသားအလုပ်၊ ကုန်သည်အလုပ်တွေနဲ့ အသက်မွေးကြသူတွေများပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁:၄၀) နာရီမှ ညနေ(၃:၁၃)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူးသားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ စနေ၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် မိုးပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၅၊ ၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ကြံရည်သောက် သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နနွင်းမကင်းဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *