loading

16.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 16.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နယုန်လဆုတ်(၁၄)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၁၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  နံနက်(၉း၃၉)နာရီအထိ စနေမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် သောကြာမြေခံ အဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါတယ်။

နံနက်(၉း၃၉)နာရီကျော်ပါကသောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါများခြင်းအကျိုးကိုရရှိ စေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦး တွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ တီထိအရတော့ နံနက်(၉း၃၉)နာရီအထိ လဆုတ်တီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျ ရောက် နေပြီး လွန်လျှင် လဆုတ်တီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက် နေတာ ဖြစ်ပါတယ်။ ဒီလိုနေ့ရက်တွေကတော့ အသစ်တီထွင်ခြင်းတွေ၊  စိတ်ကူးသစ်၊ အကြံအစည်သစ်များကို အကောင် အထည်ဖော် ခြင်းတွေဆောင်ရွက်နိုင်ပါတယ်။ဌာနဆိုင်ရာအလုပ်များ၊ မင်းအစိုးရနဲ့ပတ်သက်သော အလုပ် များ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။ 

အိုးအိမ်၊နေရာထိုင်ခင်းကိစ္စများဆောင်ရွက်လို့အထူးအဆင်ပြေတတ်ပါတယ်။ စက်ကားယန္တရားနဲ့ပက်သက်သော အလုပ်များအဆင်ပြေတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်သောဟောပြောပွဲများ၊  ပညာရှာခြင်း၊ ပညာသင်ခြင်းများ ဆောင် ရွက်လို့အထူးကောင်းနေ တတ်ပါတယ်။ ကျောက်မျက်ရတနာများတူးဖော်ခြင်းများ၊ ဝယ်ယူခြင်းများစတင် ဆင် မြန်း ခြင်းများလဲအထူးပဲ ဆောင်ရွက်လို့ကောင်းပါတယ်။ မိမိအိမ်မှာရှိတဲ့ဘုရားဆင်းတုတော်ကို ရေသပ္ပယ်ခြင်း များ၊ ဘုရားကျောင်းဆောင်တွေကိုသန့်ရှင်းရေးလုပ်ခြင်းများ လဲ အထူးပဲဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့ဟာ တနင်္ဂနွေဂြိုဟ်ပြောင်းရက် ဖြစ်နေပါ၍ မင်္ဂလာအခါမပေးရပါ။ ယနေ့အိုးအိမ်စတင်တည်ဆောက်ခြင်း မပြုရပါ။ မီးလောင်ဆုံးရှုံးတတ်သည်။ ဆေးဝါးစတင်ကုသရန် ရက်ကောင်းဖြစ်သည်။ ဒီနေ့မှာ ရှောင်သင့်တာ တွေကတော့ မိမိဖြစ်ချင်တဲ့ကိစ္စတွေကိုတွန်းအားပေးမလုပ်ဘဲအလေလိုက် အချိန်မဖြုန်း မိဖို့လိုပါတယ်။ ဒီလိုနေ့မျိုးမှာ တော့လောဘကြီးသူဆိုရင်တော့ လူလိမ်ခံရတတ်ပါတယ်။ ဒီလိုနေ့ရက်တွေမှာ စပ်တူအလုပ်များ ရှယ် ယာ အလုပ်များ ငွေကြေးနဲ့ပတ်သက်ပြီးတော့ နားလည်မှုတွေလွဲတတ်ပါ တယ်။ 

ကြတ္တိကာ နက္ခတ်သည် လက်ငင်းလုပ်ဆောင်မှုများ၊ ပြိုင်ဆိုင်မှုများ၊ ပူပြင်းသောအငြင်းအခုံများ၊ သတ္တုများနှင့် အလုပ် လုပ်ရန်အတွက်ကောင်းမွန်သည်။ ဤနက္ခတ် သည် ရောနှောထားသော သဘာဝရှိသည်။ ပုံမှန်လုပ်ဆောင်မှုများ၊ နေ့စဉ်တာဝန်များကို လုပ်ဆောင်ရန် သင့်လျော်သည်။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ မိုင်းတူးခြင်း၊ စည်းစိမ်ဥစ္စာများမြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ သင်္ချာဘာာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကိုပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။ ကျောက်မျက် ရတနာတူးဖော်ခြင်း၊ ရေနံ ဓာတ်ငွေ့တူးဖော်ခြင်း၊ ရွှေတွင်းတူးခြင်း၊ ဓာတ်သတ္တုရှာဖွေတူးဖော်ခြင်း၊ အားကစားလုပ်ငန်း များဆောင်ရွက်ခြင်း၊ ဂီတ အနုပညာပြုလုပ်ခြင်း ကောင်း၏။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၃း၄၉း၀၄)နာရီမှ နံနက်(၄း၄၀း၄၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ပြိဿစန်း၊ ကြတ္တိကာ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊မေထုန် ရာသီဖွားဖြစ်ပါ သည်။ဒီနေ့မွေး သူများဟာအိုးကောင်း၊အိမ်ကောင်းနေရာကောင်းတွေနဲ့နေထိုင်ရတတ်တယ်။ကျန်းမာရေးအားကောင်း ကြသူများဖြစ်ပြီး တော်ရုံ နှားစေးချောင်းဆိုးကအစ ဖြစ်လေ့မရှိပါ။ အမိအဘတွေနဲ့ ခွဲနေရတတ်တဲ့ကံမျိုးပါတာကို တွေ့ရပါတယ်။ စန်းပွင့်ခြင်း၊ လူချစ် လူခင်များခြင်းစသော စန်းအားကောင်းသူတွေဖြစ်ကြပါတယ်။ အခြေခိုင်မာမှုရှိ တာမို့ အလုပ်တစ်ခုကို သေချာတည်ဆောက်လုပ် ကိုင်ပြီးမှ တော်ရုံပျက်စီးဆုံးရှုံးတော့မည်..မဟုတ်ပါ။ ငယ်ရွယ်စဉ် ကာလ တွေမှာ အရာရာစူးစမ်းပြီး လျှောက်ကလိတာမျိုးလုပ် တတ်တာမို့ မိဘတွေအနေနဲ့ ကလေးမသိတတ်တဲ့ကာလ တွေမှာတော့ အလွှတ်မဲ့ထားလို့မရပါဘူး။သေချာဂရုစိုက်စောင့်ရှောက် ဖို့လိုအပ်ပါလိမ့်မယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀:၂၈) နာရီမှ မွန်းလွဲ(၁၂:၀၆)နာရီအတွင်း ကျရောက်နေ ပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၀၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့စမူဆာစား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘိန်းမုန့် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်း အကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်း စကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *