loading

26.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 26.June .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပထမဝါဆိုလဆန်း(၉)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇွန်လ(၂၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၇)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့  လဆန်းတီထိ(၈)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ strength ကိုပေးတဲ့၊အောင်မြင်မှုကိုပေးတဲ့ ဇေယျာတီထိ ကျရောက်တဲ့နေ့ရက်ပါပဲ။ ဒီလိုနေ့မျိုးမှာ ခန္ဓာကိုယ်ကြံ ခိုင်ရေး အတွက်အားကစားလုပ်ခြင်းတွေ၊အဆီကျလိုသူများစတင်အဆီချလုပ်ဆောင် ခြင်းတွေဆောင်ရွက်သင့်တဲ့နေ့ ပါပဲ။ မိမိကုန်ပစ္စည်းများ  မိမိလုပ်ငန်းများကို စတင်ကြော်ငြာခြင်းများအထူးကောာင်း  ပါတယ်။

            ပြည်တွင်းကဖြစ်စေ၊ပြည်ပကဖြစ်စေဈေးကွက်အတွက်လိုအပ်သောကုန်စည်များ ဝယ်ယူသိုလှောင်ခြင်းများ  အထူးဆောင်ရွက်လို့ကောင်းပါတယ်။ ပြည်တွင်းပြည်ပအလုပ်အကိုင်များအတွက် အင်တာဗျူးဝင်ဖြေခြင်း၊ အလုပ် စာမေးပွဲဖြေခြင်းများ  ဆောင်ရွက်နိုင်ပါတယ်။

            တံတားများတည်ဆောက်ခြင်း၊ရေမြောင်းများတူးဖော်ခြင်းများ စတင်ဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ ယာဉ်များ၊စက်ကားများရောင်းခြင်း၊ဝယ်ခြင်း၊အလဲအထပ်လုပ်ခြင်းများဆောင်ရွက်နိုင်ပါတယ်။

            အဓိဌာန်များဝင်ရောက်ခြင်း၊ယတြာအစီအရင်များစတင်ပြုလုပ်ခြင်းများဆောင်ရွက်လို့ကောင်းတဲ့နေ့ပါပဲ။ ဖန်စီပစ္စည်းများ၊အလှအပတိုးစေတဲ့ပစ္စည်းများ  ရောင်းချတဲ့အလုပ်မျိုးတွေပိုမိုအဆင်ပြေတာတွေ့ရပါတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီးတရားဓမ္မဆွေးနွေးခြင်းများ  တရားနာခြင်းများ ဆောင်ရွက်လို့အထူးကောင်းပါ တယ်။

            ယနေ့တွင် တောင်တတ်ခရီများ မသွားလာသင့်ပါ။ ဆေးစား၊ ဆေးကုပြုခြင်း၊ ရောဂါရှာဖွေခြင်းများပြုရန် ရက်ကောင်းဖြစ်သည်။ အာမခံခြင်း၊ တာဝန်ယူခြင်းများ မပြုရပါ။ ငွေကြေးအပေးအယူကိစ္စများ အထူးသတိရှိပါ။ ပစ္စည်းဝယ်ယူက စနစ်တကျ စစ်ဆေးပြီးမှ လက်ခံပါ။ အဆွေးအပျက်များ၊ အရည်အသွေးနိမ့်ကျသော ပစ္စည်းများ ကြားညှပ်၍ ပါလာတတ်သည်ကို အထူးဂရုစိုက်ပါ။

ဒီနေ့ဟာ အိုးအိမ်အသစ်များ စတင်တည်ဆောက်ခြင်းမပြုရ၊ မီးလောင်၍ ပျက်စီးဆုံးရှုံးရတတ်သည်။ ဆေးဝါးဖေါ် စပ်ခြင်းး၊ ဆေးဝါးကုသခြင်းများ ပြုနိုင်သည်။ ဆေးဝါးများ ဆေးစွမ်းထက်မြတ်မည်။ လူ(၄)ယောက်ခရီးသွားလာခြင်း ရှောင်ကြဉ်ပါ။ ကျောက်စိမ်းနှင့်ပြုလုပ်ထားသောပစ္စည်းများ ဝယ်ယူသုံးစွဲခြင်း မပြုရပါ။ အရေးကြီးသောကိစ္စများ ဆောင်ရွက်မည်ဆိုပါက နေ့ (၁း၁၂)နာရီမှ (၃း၃၆)နာရီကြား ဆောင်ရွက်လုပ်ကိုင်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၃း၁၉း၄၅)နာရီမှ နံနက်(၄း၀၁း၂၃)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

မနက် ၁၁း၃၀မိနစ်ထိ ဥတြဖလဂုနီနက္ခတ်ဖြစ်ပြီးတော့ ထိုအချိန်ကျော်ပါက ဟဿတနက္ခတ်ကျရောက်တာမို့ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ စာအုပ် စာရေး ကိရိယာလုပ် ခြင်း၊ စာပေဖြန့်ချိရေးလုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ လက်ဝတ်ရတနာဝတ်ဆင်ခြင်း၊ ချစ်မေတ္တာ စကားပြောဆိုခြင်း၊ ထီထိုးခြင်း၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲများ၊ ပါတီပွဲများ၊ ဧည့်ခံပွဲများစတင်၍ ဖွင့်လှစ်ခြင်း၊ ယာဉ်၊ စက်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ဆံသလုပ်ငန်း၊ ဆိုင်ကယ်၊ အိုးဝေ၊သုံးဘီးဆိုင်ကယ်ရောင်းဝယ်ပြုလုပ်ခြင်း ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ကန်စန်း၊ မနက် ၁၁း၃၀မိနစ်ထိ ဥတြဖလဂုနီနက္ခတ်နဲ့စန်းယှဉ် မွေးသူ၊ ထိုအချိန်ကျော်ပါကဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန် ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ စိတ်ဝင် တစား ဆောင်ရွက်လေ့ရှိတယ်။ မည်သည့်ကိစ္စမဆို လေ့လာလိုတယ်။ငွေကြေးကို မက်မောခြင်းမရှိ၊ကြွား ဝါခြင်း မရှိ၊ ကံကောင်းတာက ဘာလုပ်လုပ် အရင်းအနှီးလိုရင်ထုတ်ပေးမဲ့သူပေါများတယ်။ သက် လတ်ပိုင်းကာလတွေဖြစ်တဲ့ အသက် ၂၅ကနေစလို့ ငွေကြေးအလုံးအရင်းဝင်လာတတ်ပါတယ်။ငယ်ရွယ်စဉ်ကာလ တွေမှာ မိဘတွေကြောင့် နေရာ ပြောင်း၊အိမ်ပြောင်းမကြာခဏကြုံရတတ်ပါတယ်။ သမီးမိန်းကလေးရင်သွေးငယ်တွေ ဖြစ်ရင်တော့ အရွယ်ရောက် တဲ့အခါ အိမ်ထောင်ရေးသတိပြုပါ။ အိမ်ထောင်ဆက်များတတ်ပါတယ်။လူ၀င်စား အဖြစ် မွေးဖွားလာတတ်သည့် ရာနှုန်းအမြင့်ဆုံး ဖွားဇာတာအမျိုးအစားပါပဲ။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၁၃) နာရီမှ နံနက်(၈:၅၁)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၇၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့နာနတ်သီးမှည့်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဟမ်ဘာဂါ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *