loading

16.July .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 16.July .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ပထမဝါဆိုလဆုတ်(၁၄)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇူလိုင်လ(၁၆)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၉)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၁)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

ဒီနေ့ဟာ လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ သောကြာမြေခံအဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။သောကြာမြေခံအရ ဥစ္စာပစ္စည်း ရရှိ ခြင်း၊ချစ်သူ၊ မိတ်ဆွေပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ၁၄လုံးဖြစ်ပြီးတော့ ဆင်းရဲခြင်းသဘောကိုဆောင်တဲ့တီထိ၊ရက်စက်ယုတ်မာမှု သဘောကိုဆောင်တဲ့ရိတ္တာတီထိကျရောက်တဲ့နေ့ရက်ပါပဲ။ဒီလိုနေ့ရက်မှာ ရန်သူအားသုတ်သင်ခြင်း၊ရန်သူစခန်း ကိုသိမ်းပိုက်ခြင်း၊ဖမ်းဆီးခြင်းများ ဆောင်ရွက်နိုင်သလို ကောက်ပဲသီးနှံများကိုပိုးသတ်ဆေးဖြန်းခြင်းများလဲ အထူး ဆောင်ရွက်နိုင်ပါတယ်။

            ဓားလှံလက်နက်များထုတ်လုပ်ခြင်း၊ ခဲယမ်းမီးကျောက်များထုတ်လုပ်ခြင်းနှင့် အရက်သေစာများ ထုတ်လုပ် ရောင်းချခြင်းများလဲ ဒီနေ့မှာ အထူးဆောင်ရွက်လို့ကောင်းပါတယ်။လျှပ်စစ်နဲ့ပက်သက်သောလုပ်ငန်းများ အထူး အဆင် ပြေ တတ်ပါတယ်။ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များရောင်းအား တတ်ပါလိမ့်မယ်။ လက်လျော့လိုက်ပြီး မလုပ် ဖြစ်ဘဲပစ်ထားတဲ့အလုပ်တွေကိုပြန်လည်လုပ်ကိုင်ဆောင်ရွက်ကြည့် ပါ။ အထူးပဲအဆင်ပြေတာကိုတွေ့ရပါလိမ့်မယ်။ ငွေကြေးအတွက်လဲ ရပိုင်ခွင့်တွေကိုရလာပါလိမ့်မယ်။ ဆုံးမယ်လို့ ထင်တဲ့ငွေများ၊လက်လွန်ထားတဲ့ငွေများ ပြန်ရလွယ် တဲ့နေ့ရက်တွေပါပဲ။မြစ်တွေ ချောင်းတွေ အင်းအိုင်တွေမှာ ရေကူးတာ၊ရေကစားတာမျိုးတွေအထူးပဲ ရှောင်အပ်ပါ တယ်။

ရက်တံခွန်ကျတဲ့နေ့ရက်ဖြစ်တာကြောင့် စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး ၊ပညာရေး၊အလုပ်ကိစ္စရေးရာအဖြာဖြာေ တွေမှာစတင်ဆောင်ရွက်လို့ ရေရှည်အောင်မြင်မှုတွေရနိုင်တာကိုတွေ့ရပါတယ်။အိမ်မွေးတိရိစ္ဆာန်များ ဝယ်ယူခြင်း ရောင်း ချခြင်း စတင်မွေးမြူခြင်းများလဲ ဒီနေ့မှာပြုလုပ်ဆောင်ရွက်လို့အထူး ကောင်းပါတယ်။

            ယနေ့တွင် ရပိုင်ခွင့်များကို ပြန်လည်တောင်းဆိုရနိုင်ပါသည်။ ပစ္စည်းလှောင်ခြင်း, ဈေးကစားခြင်းများ မပြုရပါ။ စာရွက်စာတမ်းကိစ္စများ ပြောဆိုအောင်မြင်နိုင်ပါသည်။ အရပ်ဝေးနှင့် ချိတ်ဆက်ဆောင်ရွက်ရသော ကိစ္စများ ဆောင် ရွက်အဆင်ပြေနိုင်ပါသည်။ အရောင်းထိုင်ပစ္စည်းများ ပြန်လည်ရောင်းချရန် အဆင်ပြေမည်။ မူလလက်ဟောင်း ပစ္စည်းများ ပြန်လည်ရောင်းချရန် အဆင်ပြေခြင်းများရှိမည်။   အလှူမင်္ဂလာကိစ္စများ၊ ဘာသာရေးဆိုင်ရာကိစ္စများ ဆောင်ရွက်နိုင်မည်။ ဈေးကွက်သစ် ဖွင့်ခြင်း၊ ဈေးနှုန်းသစ် သက်မှတ်ခြင်းများ ဆောင်ရွက်နိုင်မည်။ ပညာအတက်များ စတင်သင်ကြားနိုင်မည်။

ဒီနေ့ဟာ အဒြနက္ခတ်ဖြစ်တာမို့ ဘုရားစေတီ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ တံခွန်တိုင်တည်ခြင်း၊ အလံ ထူခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ တန်ဆောင်းတည်ဆောက်ခြင်း၊ နတ်ကွန်းနတ်စင်တည်ဆောက်ခြင်း၊ အုတ်တံတိုင်း ဆောက် ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ မုခ်ဦး ပြဿာဒ်တည်ဆောက်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ကြော် ငြာခြင်း၊ ဦးခေါင်း၌ဝတ်ဆင်ရသော ရတနာဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ဆံထိုးအသစ်ထိုးခြင်း၊ အာကာသသို့ လွှတ် တင်ရ သော လုပ်ငန်းများ၊ လေယာဉ်ပျံသန်းခြင်း၊ ကင်ပွန်းတပ်ခြင်း၊ ကျောက်သွေးလောင်းခြင်း၊ အသီးများ ဆွတ်ခူး ခြင်းဆောင်ရွက် လို့ကောင်းပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက် (၁:၅၁)နာရီမှ နံနက် (၂:၄၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊  မေထုန်စန်း၊အဒြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်ရာသီဖွားဖြစ်ပါ သည်။ ချောမောလှပသော ရုပ်ဆင်း လက္ခဏာနှင့် ပြည့်စုံပြီး တောက်ပသော မျက်လုံးရှိကာ ဆွဲဆောင်မှုအားကောင်းတတ်ပါ သည်။ မျက်နှာအနေ အထား မှာ ပြည့်ဖြိုးပြီး ကြီးမားကာ လည်ပင်းတုတ်ခိုင်တတ် ပါသည်။ ရင်အုပ်ကျယ်ပြန့်တတ်ပြီး ပခုံး၊ ခါး၊ ဒူးခြေဖဝါးကြီးမား တတ်ကာပေါင်တံအလွန်လှပ၍ ခြေသလုံးတုတ်ခိုင်တတ်ပါသည်။ ၎င်း အပြင် လက်ပြင် ကုန်းတတ်ပါသည်။ မျက်နှာ တွင် မှဲ့ (သို့မဟုတ်)အမှတ် အသားရှိတတ်ပြီး ယဉ်ကျေးသိမ့်မွေ့သော ဟန်ပန်အမှုအရာ လည်းရှိ တတ်ပါသည်။ပညာ အားနှင့် ငွေကြေးဓနအင်အား ကောင်းတဲ့သူဖြစ်တာမို့ ကျန်းမာရေးကိုသာဂရုစိုက်ပေးဖို့ အထူးလိုအပ်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၅:၀၅) နာရီမှ ညနေ(၆:၄၂)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ အင်္ဂါသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ စနေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အစိမ်းရောင် နှင့် ပန်းနုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ပေါင်မုန့်ကြော်စား သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သခွားမွှေး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *