loading

19.July .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 19.July .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဒုတိယဝါဆိုလဆန်း(၂)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဇူလိုင်လ(၁၉)ရက်၊အာဇာနည်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၀)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

ဒီနေ့ဟာ လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ အင်္ဂါမြေခံအဖြစ်ကျရောက်နေပြီး အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ် မြင့် အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၂)လုံး ကောင်းကျိုး ဖြစ်ထွန်းစေခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး ကျောက်မျက်ရတနာ များ၊လက်ဝတ်ရတနာများကို စတင်ဝယ်ခြင်း၊စတင်ဆင်မြန်းခြင်းများလဲ အထူးဆောင်ရွက်လို့ ကောင်းတဲ့ နေ့ပါပဲ။ခရီးကိစ္စများသွားလို့ အလွန်ကောင်းပါလိမ့်မယ်။အလုပ်နဲ့ပတ်သက်သောခရီးတွေတင်မကဘဲ အပျော်ခရီးဘုရားဖူး ခရီးတွေကိုလဲသွားဖို့သင့်ပါတယ်။

အမှုအခင်ပြဿနာများကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ အိမ်သစ်တတ်ခြင်း၊ဘုရားနေကဇာတင် ခြင်းများလဲ ဆောင်ရွက်လို့သင့်တော်ပါတယ်။အတီးအမှုတ်အကအခုန်နှင့်ပတ်သက်သော လုပ်ငန်းများ၊ အနုပညာ နှင့်ပတ်သက်သောကိစ္စများလဲ အထူးဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။

မနက်၉နာရီထိဖုသျှ နက္ခတ်ဖြစ်တာမို့ ထိုနက္ခတ်သည် ကုသိုလ်ကောင်းမှုတိုင်းအတွက် ကောင်းမွန်သည်။ပေါ့ပါးပြီး လျင်မြန်သော နက္ခတ် ဖြစ်ပြီး အားကစား ဇိမ်ခံပစ္စည်းများ၊စက်မှုလုပ်ငန်းစတင်ခြင်း၊ ကျွမ်းကျင်လုပ်သား၊ ဆေးကုသ ခြင်း၊ ပညာရေးစတင်ခြင်း၊ ခရီးများစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ ဝယ်ခြင်း၊ ရောင်းခြင်း၊ ဝိညာဉ်ရေးလှုပ်ရှားမှု များ၊ အလှဆင်ခြင်း၊ အနုပညာလက်ရာများ လေ့ကျင့်ခန်းနှင့်ချေးငွေပေးခြင်း သို့မဟုတ် လက်ခံခြင်းအတွက် သင့် လျော် သည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ဗိမာန်၊ တံတိုင်း (ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦး / အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ အလံလွှင့်တင်ခြင်း၊ နန်းထက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်းများ ပြုလုပ်ရန်သင့်လျော်သည်။

လက်မှုအတတ်ပညာနှင့်ပတ်သက်သောလုပ်ငန်းဆောင်တာများ အထူးပဲအဆင်နေတာကိုတွေ့ရပါတယ်။ရှင်ပြု ခြင်း၊နားသခြင်း၊ပဉ္ဖင်းခံခြင်းများ လဲအထူးပဲဆောင်ရွက်လို့သင့်တော်တဲ့နေ့ရက်မျိုးပါပဲ။ စပ်တူရှယ်ယာလုပ်ငန်းများ ၊ဖက်စပ်လုပ်ငန်းများ၊ ငွေကြေးချေးငှားခြင်း၊ကြွေးတောင်းခြင်းကိစ္စများ အထူးဆောင်ရွက်နိုင်ပါတယ်။

နည်းပညာနှင့် ပတ်သက်သောလုပ်ငန်းဆောင်တာများအဘက်ဘက်ကနေတိုးတတ်လာနိုင်တာကိုတွေ့ရပါလိမ့် မယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ အတိုက်အခိုက်တွေနဲ့ တိုးတတ်ပါလိမ့်မယ်။ customer တွေရဲ့ စိတ်ကျေနပ် မှုရအောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။

ရေတွင်းရေကန်တူးခြင်း၊အဝီစီတွင်းတူးခြင်းများလဲ ဒီနေ့မှာစတင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။တံတားစတင်ဆောက် လုပ်ခြင်း၊ တံတားဟောင်းပြုပြင်ခြင်းများလဲစတင်နိုင်တဲ့ နေ့ရက်မျိုးပါပဲ။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ ရလဒ် ကောင်း တွေရလာတတ်ပါတယ်။  ဒါကြောင့်ဆေးကုမှုခံယူခြင်း၊ဆေးဝါး စတင်မှီဝဲခြင်းမျိုးလဲ  အထူးပဲဆောင် ရွက်သွား နိုင်ပါလိမ့်မယ်။ ယနေ့ သစ်ပင်မခုတ်ရ။ ငွေကြေးမြောက်မြားစွာ ရင်းနှီးမြှုတ်နှံခြင်း မပြုရ။ ပစ္စည်းများ ကို စနစ်တကျ စစ်ဆေးပြီးမှ အပေးအယူ၊ အရောင်းအဝယ်ပြုပါ။ ပြဿနာဟောင်းများ၊ အခက်အခဲများကို ဖြေရှင်းနိုင်သော အခြေအနေကောင်းကို ရရှိမည်။ ပဋိပက္ခများ ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်မည်။

ဒီနေ့ဟာ ရက်ရာဇာ၊ အမြိတ္တစုတ်၊ မွန်းလွဲလူ့ပြည်ပြဿဒါး၊ ရှမ်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာအမြိတ္တစုတ်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ကျန်းမာ ရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာ ရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ လောကီ အစီအရင် လုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း၊အင်းဆွဲခြင်းများကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဂမ္ဘီရဆန်တဲ့ ကိစ္စတွေအတွက် ဆောင်ရွက်လို့အလွန်ကောင်းပါတယ်။

လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။

ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက် (၁:၃၉)နာရီမှ နံနက် (၂:၃၀)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ကရကဋ်စန်း၊မနက်၉နာရီထိဖုသျှ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊  ကရကဋ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ လူအများကို ကောင်းစွာ စောင့်ရှောက်နိုင်ကြသူတွေဖြစ်ပါတယ်။ မိသားစုထဲမှာ တမူထူးခြားစွာနဲ့ အောင်မြင်မှုတွေကိုယူဆောင်ပေး နိုင်ကြတဲ့ သူတွေဖြစ်ပါတယ်။ ငွေကြေးအင်အားတောင့်တင်းအောင်လုပ်ဆောင်နိုင်ကြပြီးတော့ အချစ်ရေး၊အိမ်ထောင် ရေးမှာ တော့ ကံခေလေ့ရှိတာကိုအထူးတွေ့ရပါတယ်။အမည်ပေး အလွန်ချွတ်ချော်သူ အချို့မှ အပ …များလှစွာသော ဗုဒ္ဓဟူး/ရာဟု ရာဇဖွားတွေသည် ကြာသပတေးဂြိုလ်အိပ်ဖြစ်သော..သက်လတ်ပိုင်း ၂၈အ၀င်ကနေ ၄၆အတွင်းမှာ …ချမ်းသာကြွယ်၀မှုကို ခံစားရသူများလှပါတယ်။ အများအားဖြင့် ကုန်သည်လောကနဲ့ ကုန်ပစ္စည်းလက်ကားဖြန့်ဖြူး သည့်နယ်ပယ်မှာ အောင်မြင်ချမ်းသာကြသူ များပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၁၂) နာရီမှ မွန်းလွဲ(၁:၄၉)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ သောကြာ သားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၈၊ ၅ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့အားဆေး တစ်မျိုးမျိုး သောက်သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ငါးကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *