ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဝါခေါင်လဆန်း(၁၂)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဩဂုတ်လ(၂၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၉)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၁)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့နှင့်တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ညပိုင်း(၇း၁၉)နာရီအထိ အင်္ဂါမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် တနင်္လာမြေခံအဖြစ်သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။
အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက် အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ သမားညိုရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ညပိုင်း(၇း၁၉)နာရီအထိ လဆန်းတီထိ(၁၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့ အဖြစ် ကျရောက်နေပြီး လွန်လျှင် လဆန်းတီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲကျရောက် နေတာ ဖြစ်ပါတယ်။မိတ်ဆွေသစ်များတိုးပွားစေသော၊ကံကောင်းခြင်းတွေကိုပေးသော ဘဒြာ တီထိကျရောက်နေတဲ့ နေ့ရက်လဲဖြစ်ပါတယ်။ ဒါကြောင့်ပဲဒီလိုနေ့ရက်တွေမှာ မိမိရဲ့ရပိုင်ခွင့်တွေတောင်းဆိုလို့ အထူးကောင်းပါတယ်။ လုပ်အားခတွေ၊လုပ်ပိုင်ခွင့်တွေကစလို့ ရစရာရှိတဲ့အကြွေးတွေထိ တောင်းဆိုလို့အဆင်ပြေ ပါတယ်။
စစ်ချီခြင်း၊စစ်ထွက်ခြင်းတွေစတင်လို့ကောင်းသလို အိမ်သစ်တတ်ခြင်းများလဲဆောင်ရွက်နိုင်ပါလိမ့်မယ်။ စိုက်ပျိုး ထားတဲ့အသီးအနှံတွေကို ဆွတ်ခူးခြင်း၊ ရိတ်သိမ်းခြင်းတွေကို ပြုလုပ်ဆောင်ရွက်လို့ကောင်းပေမဲ့ သစ်ပင်စတင် စိုက်ပျိုးခြင်းတွေကိုတော့ တတ်နိုင်သလောက် ရှောင်လိုက်စေချင်ပါတယ်။
မိမိအိမ်အားအလှဆင်ခြင်း၊မိမိခန္ဓာကိုယ်အားအလှဆင်ခြင်းတွေ အထူးဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ ခန္ဓာကိုယ် အားနှိပ်နယ်ခြင်း၊အညောင်းအညာဖြေလမ်းလျှောက်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။
ဥတြာသာဠ်နက္ခတ် ပုံသေသဘာဝ နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ မြို့တည်ခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ စသည်တို့သည် တည်မြဲသော သို့မဟုတ် တည်မြဲသောအကျိုးသက်ရောက်မှုကို လိုလားတောင့်တသော အခြားလုပ်ဆောင်မှုတစ်ခုခု တို့အတွက်သင့်လျော် သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသောနက္ခတ်ဖြစ်ပြီး အိမ်၊ဗိမာန်၊ တံတိုင်း (ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ / အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်စသည့်ပြုလုပ်ရန်သင့်လျော်သည်။
အာမခံလုပ်ငန်းတွေ၊ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ဘဏ်လုပ်ငန်းတွေကတော့ အဆင်ပြေပါလိမ့်မယ်။ စာချုပ် ချုပ်ဆိုခြင်းတွေ၊ အလုပ်ရှင် အလုပ်သမား၊အိမ်ရှင်အိမ်ငှားစာချုပ်ချုပ်ဆိုတာတွေကို အထူးပဲဆောင်ရွက်နိုင်ပါတယ်။
အလှကုန်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်း၊ စပ်တူအစုစပ်လုပ်ငန်းတွေတိုးတတ်မှုတွေကြုံရတတ်ပါတယ်။ အသင်း အဖွဲ့တွေစတင်ဖွဲ့စည်းခြင်း၊ ပါတီတည်ထောင်ခြင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တစ်နေရာသွားပြီး လူမှုရေးပရဟိတ လုပ်ကိုင်ခြင်းတွေအထူးဆောင်ရွက်နိုင်ပါတယ်။အနုပညာအလုပ်များ၊ရုပ်ရှင်စတူဒီယိုအလုပ်များ၊ရုပ်သံလိုင်းများ ထပ်မံတိုးချဲ့လုပ်ကိုင်ခြင်းများ အထူးဆောင်ရွက် လို့ကောင်းတဲ့နေ့ရက်ပါပဲ။
ယနေ့တွင် မတော်တဆ ထိခိုက်မှုများ အထူးသတိထားရမည်။ ယနေ့လုပ်သမျှ သတိမလွတ်အပ်ပါ။ အိမ်၊ ခြံမြေ အရောင်းအဝယ်များ မပြုလုပ်အပ်ပါ။ယနေ့ ကာမမကြူအပ်။ စတင်ဆောင်ရွက်သော ကိစ္စမှန်သမျှ တစ်ပိုင်းတစ်စ ဖြစ်မည်။ ပစ္စည်းလှောင်က ပစ္စည်းမရသည့် အပြင် ဆုံးရှုံးမှုများ ဖြစ်တတ်သည်။ ဝယ်ယူသောပစ္စည်းများကို စစ်ဆေးပြီးမှ လက်ခံပါ။ အရေအတွက်၊ အရည်အသွေး လျော့ပါးခြင်း ဖြစ်မည်။ ငွေကြေးအပေးအယူကိစ္စတွင် အငြင်းပွားစရာများ ဖြစ်တတ်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၂:၅၈)နာရီမှ ည(၂၃:၄၉)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊မကာရစန်း၊ ဥတြာသာဠ်နက္ခတ် နဲ့စန်းယှဉ်မွေးသူ၊ သိဟ်ရာသီဖွားဖြစ်ပါ သည်။ဒီနေ့မွေးသူများဟာ အများအားဖြင့် လူဝင်စားတွေဖြစ်လေ့ရှိ ပါတယ်။ ဒါကြောင့်ပဲဒီဘဝမှာ အခက်အခဲ တွေရှိရင်လဲ ကူညီမဲ့သူပေါများတယ်။လူဘဝနဲ့နီးနဲ့ ဇာတာရှင်ဖြစ်တာမို့ အကင်းပါးတယ်။နားလည်လွယ်ကြပါတယ်။ ငွေကြေးဓနရှာ ဖွေရ လွယ်ကူတတ်ပြီးတော့ အရင်း အနှီး ရလွယ်တဲ့ဖွားဇာ တာများပဲဖြစ်ပါတယ်။ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး အား ကောင်းကြတယ်၊အဆင်ပြေကြ တယ်။ အားနည်းချက်က ဘဝ အတက်အကျများတယ်။ သက်လတ် ပိုင်း မှာ အောင် မြင်လိုက်၊သက်ကြီးပိုင်းမှာ စီးပွားပြန်ကျသွား လိုက်၊နောက်ပြီး ဘဝ နေဝင်ချိန်ဆို ပြန်ကောင်းလိုက် စသည်ဖြင့် ဘဝ အတက် အကျများပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇:၂၅) နာရီမှ နံနက်(၈:၅၉)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ကြာသပတေး၊ သောကြာ၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင် နှင့် အပြာနုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၆၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သီဟိုစေ့လှော်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒံပေါက် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695