ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဝါခေါင်လဆန်း(၁၄)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊ဩဂုတ်လ(၃၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၂)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၀)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၀)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်နှင့်အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ နေ့လယ်(၁၁း၅၈)နာရီအထိ တနင်္ဂနွေမြေခံအဖြစ် ကျရောက်နေပြီး လွန်လျှင်မိတ္တုမြေခံအဖြစ်သို့ ပြောင်းလဲ ကျရောက်နေတာ ဖြစ်ပါတယ်။တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
နေ့လယ်(၁၁း၅၈)နာရီနောက်ပိုင်းမိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရက်ကန်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နေ့လယ်(၁၁း၅၈)နာရီအထိ လဆန်းတီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် ပေးတဲ့နေ့အဖြစ် ကျရောက်နေပြီး လွန်လျှင် လပြည့်တီထိ ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။ ရန်ဓာတ်၊အတိုက်အခိုက်ဓာတ် သဘောဆောင်သော နေ့ရက်ပဲဖြစ်ပါ တယ်။ဒါကြောင့် ဒီလိုနေ့ရက် တွေမှာတော့ မိမိတို့သိချင်တဲ့သတင်း အချက် အလက်များကို စုဆောင်းနိုင်ပါလိမ့်မယ်။ အရှေ့မှာပိတ်နေတဲ့ အခက်အခဲအတားအဆီးတွေကိုလဲ ကောင်းစွာ ကျော်လွှားသွားနိုင်ပါလိမ့်မယ်။
အတိတ်ကအမှားတွေကိုပြုပြင်ပြီး အကောင်းဆုံး အသစ်စခြင်းတွေကိုလဲဖန်တီးနိုင်ပါလိမ့်မယ်။ အကြီးအကဲများ ထံဝင်ထွက်သွားလာခြင်း၊ ဖြစ်ချင်တာတွေလုပ်ချင်တာတွေ တင်ပြခြင်းများလဲ အထူး ကောင်းပါတယ်။
စစ်တိုက် စစ်ချီထွက်ခြင်း၊ ရန်သူကိုချေမှုန်းခြင်း၊ တရားသူကြီးများ အပြီးသတ်အမိန့်ချခြင်းများလဲ ဆောင် ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ လောင်းကစားဆန်ဆန်အလုပ်များဆောင်ရွက်နိုင်ပါတယ်။ လုပ်ဖောက်ကိုင်ဖက် အချင်းချင်းတွင်ဖြစ်စေ၊မိသားစုကြားတွင်ဖြစ်စေ မကြေလည်စရာကိစ္စတွေရှိနေမယ်ဆိုရင်တော့ ဒီနေ့မှာထိပ်တိုက် ရင်ဆိုင်ဖြေရှင်းတာကတော့ အကောင်းဆုံးပါပဲ။
ဓနသိဒ္ဓိနက္ခတ်နဲ့တိုက်ဆိုင်နေတာမို့ ထီးတင်ခြင်း၊ အလံထူခြင်း၊ နတ်ကွန်းတည်ခြင်း၊ ရှင်ပြုနားသမင်္ဂလာပြုခြင်း ကောင်း၏။ ပညာစ၍သင်ခြင်း ကောင်း၏။ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ်လုပ်ငန်း စတင် လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်းခရီး သွားလာခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်းကောင်း၏။
ရေနံဓာတ်သတ္ထုများ စူးစမ်းရှာဖွေခြင်း၊ မိတ်ဆွေသစ်တွေနဲ့ မိတ်ဖွဲ့ခြင်းတွေလဲ အထူးပဲဆောင်ရွက်နိုင်မဲ့ နေ့ရက် ပါပဲ။လေကြောင်းခရီး၊ရေကြောင်းခရီးများလဲ အထူးသွားလာလို့ကောင်းတဲ့နေ့ရက်ပါ။ စုပေါင်းသစ်ပင်စိုက် ပွဲများကျင်းပခြင်းတွေ၊ စုပေါင်းအားကစားလုပ်ခြင်းတွေဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။
စပါးကျီသွင်းခြင်း၊ရင်းနှီးမြုပ်နှံခြင်း၊ ကုန်သိုလှောင်ခြင်းများလဲ အထူးဆောင်ရွက်နိုင်မဲ့နေ့ရက်ပါပဲ။ ဟောပြောပွဲများ ကျင်းပခြင်း၊ပညာရေးအသိပညာဗဟုသုတများ ဟောပြောခြင်းတွေကို အထူးပဲဆောင်ရွက်နိုင် ပါတယ်။
ဒီနေ့မှာရှောင်သင့်တာတွေကတော့ လုပ်လက်စအလုပ်တွေရှေ့တိုးဆောင်ရွက်နိုင်ပေမဲ့ အလုပ်သစ်တော့ ရှောင်လိုက် စေချင်ပါတယ်။ ငွေကြေးအပေးအယူကိစ္စများကို ရှောင်လိုက်သင့်ပါတယ်။ စာချုပ်စာတန်းများ လက်မှတ်ထိုးရန် မသင့်တဲ့နေ့ရက်ပါပဲ။
ယနေ့ လုပ်ကိုင်ဆောင်ရွက်သမျှ သတိမလွတ်အပ်။ ဓနသိဒ္ဓိနက္ခတ်စွမ်းအားကို ရရှိသောနေ့ဖြစ်သည်။ တစ်ပါသူအပေါ် လုံးဝလွှဲအပ်ပြီး လုပ်ကိုင်ဆောင်ရွက်ခြင်းများ ရှောင်ကြဉ်ပါ။ အလုပ်အကိုင်များ ကိုယ်တိုင်လုပ်ကိုင်၍ အကျိုးရှိမည်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေး ပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင် ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၂:၅၀)နာရီမှ ည(၂၃:၄၁)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါ လိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ မကာရစန်း၊ဓနသိဒ္ဓိနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ နေ့လယ်(၁၁)နာရီ(၁၅)မိနစ် လွန် စန်းကုမ်ရာသီသို့ ပြောင်းသည်။ သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာအခက်အခဲတွေကိုကောင်းစွာ ကျော်ဖြတ်နိုင်ကြသူတွေဖြစ်ပါတယ်။ ဇွဲကြီးတယ်။ ခေါင်းဆောင် လို စိတ်ပြင်းထန်တယ်။ စီးပွားရေးကို လူမှုရေး အင်အားနဲ့ရအောင် ချဉ်းကပ်နိုင်ကြသူ တွေဖြစ်ပါတယ်။ ကြိုးစားမှုရဲ့အသီး အပွင့်တွေကို အသက် ၂၇နောက်ပိုင်း စတင်ခံစားရပါလိမ့်မယ်။ အားနည်းချက်က အိမ်ထောင်ရေး ၊အိမ်တွင်းရေး အား နည်းချက်များတဲ့သူတွေဖြစ်ပါတယ်။ ဒီနေ့မွေးတဲ့ သမီးငယ်တွေကိုနာမည်ပေးမှား လို့မရပါဘူး။ နာမည်မှားရင်အိမ် ထောင်ဆက်များတတ်ပါတယ်။ ဘဝ အောင်မြင် ရေးအတွက်ကတော့ စိတ်ပူစရာ လုံးဝမလိုတဲ့ ဇာတာတွေပဲဖြစ်တာကို ထူးထူးခြားခြားတွေ့ရပါတယ်။ ကျန်းမာရေးလဲအားကောင်းကြတဲ့ရင်သွေးမျိုး တွေဖြစ်ပါ တယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂:၀၆) နာရီမှ မွန်းလွဲ(၁:၄၀)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူး ကောင်း ပါတယ်။
ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သောကြာ၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ပုလဲရောင် နှင့် အပြာနုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၉၊ ၄ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့လိမ္မော်သီးစား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695