ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ ဝါခေါင်လဆုတ်(၄)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၀၅)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅:၅၃)နာရီဖြစ်ပြီး ၊ ညနေ(၆:၁၇)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထား သော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍ ခိုင်ခန့် တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက် လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။ ဒါပေမဲ့ သမားညိုရက်နဲ့ တိုက်ဆိုင် နေ တာမို့ ရှောင်လိုက်တာကပိုကောင်းပါတယ်။
ဒီနေ့ဟာ ရက်ပုပ်၊ သမားညို၊ ဝါရမိတ္တုကြီးရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၅)လုံး ပုဏ္ဏတီထိ ကျရောက်တဲ့နေ့ရက်လဲဖြစ်ပါတယ်။ ဒါကြောင့် ဒီတီထိဟာပြည့်စုံခြင်း၊မွန်မြတ်ခြင်း တွေကို ပေးတဲ့ ပုဏ္ဏတီထိကျရောက်တဲ့နေ့ရက်လဲဖြစ်ပါတယ်။ စိတ်ချမ်းသာမှု တွေ ကိုပေးစွမ်းတဲ့တီထိလဲ ဖြစ်ပါ တယ်။
ဒီလိုနေ့ရက်မှာ ပညာရေးနဲ့ပတ်သက်ပြီး စတင်အားထည့်လို့အလွန်ကောင်း ပါတယ်။ ကျောင်းစတင်အပ်နှံခြင်း၊ သင်တန်းစတင်တတ်ရောက်ခြင်းတွေအထူးကောင်းပါတယ်။ လျှို့ဝှက်ပညာယူ ခြင်းများ၊ online ကနေပညာရှာ ခြင်းများအထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲရှာဖွေ ရလွယ်ကူပါလိမ့်မယ်။
ကုန်သွယ်ခြင်းတွေ၊ သမ္မအာဇီဝစီးပွားရှာခြင်းတွေအထူးကောင်းပါတယ်။စိတ်ကူးထားတာလေးတွေ လဲပြည့်ပြည့် လာ မဲ့ နေ့မျိုးပါပဲ။ ဘာသာရေးဆိုင်ရာအလှူဒါနတွေပြုလုပ်ခြင်းနှင့် အဓိဋ္ဌာန်ဝင်ခြင်းများအထူးကောင်း တဲ့နေ့ရက် မျိုးပါပဲ။
ဒီလိုနေ့မျိုးဟာအရေးကြီးတဲလုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ပါတယ်။ လုပ်ငန်းအတွက်ဆုံးဖြတ်ချက် များကို ရှယ်ယာဝင်တွေနဲ့တိုင်ပင်ပြီး အပြီးသတ်ဆုံးဖြတ်ခြင်းတွေကိုဆောင်ရွက်နိုင်ပါလိမ့်မယ်။
မိမိစိုက်ပျိုးထားတဲ့သစ်ပင်တွေကို ဓာတ်မြေသြဇာကျွေးတာမျိုးတွေလဲ အထူးဆောင်ရွက်လို့ကောင်းပါ တယ်။ မြေဆီ ကျွေးခြင်း၊ရွက်ဖြန်းအားတိုးဆေးသုံးစွဲခြင်းတွေပြုလုပ်ဆောင်ရွက်လို့ကောင်းတဲနေ့ရက်ပါပဲ။
ဈေးအသစ်များ၊စူပါမားကတ်များ၊ဆေးရုံသစ်များဖွင့်လှစ်ခြင်းတွေအထူးဆောင်ရွက်ကောင်းတဲ့နေ့ရက်ပါ ပဲ။ မြေ၊ကုန် ပစ္စည်း အသစ်များ စတင်ဖြန့်ချီလို့အလွန်ကောင်းပါ တယ်။ အနုပညာနှင့်နွယ်သောပစ္စည်းများ၊ လက်မှုပညာ နှင့် နွယ်သော ပစ္စည်းများ ရောင်းချဖြန့်ဖြူးခြင်းတွေ ဆောင် ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။
ရှောင်သင့်တာတွေကတော့ ခရီးကိစ္စတွေမှာ ကြန့်ကြာတာမျိုးတွေ၊ လိုရာခရီးမရောက်တာမျိုးတွေအလွန် ပဲဖြစ်ရ တတ်ပါတယ်။ငွေရှာလွယ်ပေမဲ့ ငွေအထွက်များနေတာကိုထိန်းပါ။ မလိုအပ်တာတွေကိုဝယ်ပြီးတော့ ငွေကုန် ရတတ် ပါတယ်။ယနေ့တွင် အပျော်ခရီးသွားလာခြင်းများ အထူးရှောင်သင့်သည်။ ဆေးဝါးစတင်ကုသခြင်း၊ စတင်ဖေါ်စပ်ခြင်း များ ပြုလုပ်ရန် ရက်ကောင်းဖြစ်နေပါသည်။
အဿဝဏီနက္ခတ်မို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ်လုပ်ငန်းစတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ပန်းချီပန်း ပုလုပ်ငန်းလုပ်ခြင်း၊ တိုင်ထူခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေကြောင်းခရီး သွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူးခြင်းကောင်း၏။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့နံနက်(၂၂:၃၀)နာရီမှ နံနက်(၂၃:၂၂)နာရီ အတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိ ခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ အဿဝဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊မိဿစန်း၊ သိဟ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးသူများဟာ အခက်အခဲတွေဘယ်လိုများများ ရင်ဆိုင်နိုင်ကြသူတွေရှိပါတယ်။ ကူညီကြသူတွေဖြစ်ပါတယ်။ မိမိအဆင်မပြေရင်လဲ ကူညီမဲ့သူတွေပေါများတတ်ပါ တယ်။ ငွေကြေးကံကောင်းပြီးတော့ ထီဆုကြီးတွေပေါက်တတ်ပါ တယ်။ အမွေအနှစ်ရတတ်ပါတယ်။ ကျန်းမာရေးအား ကောင်းပေမဲ့ ငယ်ရွယ်စဉ်တွေမှာ ခြူခြာတတ်ပါတယ်။အလုပ် တွေ ကောင်းပေမဲ့ ဘဝတိုးတတ်ဖို့အတွက် အားထည့် လုပ်ကိုင်ရတတ်ပါတယ်။အသက် ၂၄ကနေ အသက် ၄၀အတွင်း အလုပ်ကံ၊ငွေကံအထူးကောင်းကြတာမျိုးကြုံရတတ် ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၀၇:၂၅) နာရီမှ မနက်(၈:၅၈)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ သောကြာ၊စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပေတးသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် ကြေးနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆/၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သရက်ယိုစား သွားပါ။ပိုမို အဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရှမ်းခေါက်ဆွဲဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695