ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆန်း(၄)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၄)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၂)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၈)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရမနက်ပိုင်းတနင်္လာမြေခံဖြစ်ပြီးမွန်းလွဲပိုင်း တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံ တဲ့ နေ့ဖြစ် တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့် တဲ့အဆောက်အဦး တွေ၊ ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက် လုပ်တာ တိုင်ထူတာ ပန္နက် ရိုက် တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ကန်း၊ နဂါးပေါ်၊ ဝါရမိတ္တူကြီးရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ၁း၄၀မိနစ်ထိကလဆန်းတီထိ၃လုံးဇယျာတီထိဖြစ်ပြီးထိုအချိန်ကျော်ပါက နတ္ထိဖြစ် ခြင်း၊ ဆင်းရဲခြင်းသဘောဆောင်တဲ့ ရိတ္တာတီထိကျ ရောက်တဲ့နေ့ရက်လဲဖြစ်ပါတယ်။ဒီလိုနေ့မျိုးမှာ လျှပ်စစ်နဲ့ ဆိုင် သော လုပ်ငန်း များ၊စီးပွားရေးများတိုးတတ်ကောင်းမွန် နေတာကိုတွေ့ရပါလိမ့်မယ်။ အနိဋ္ဌသဘောဆောင်တဲ့နေ့ရက် ဖြစ် တာကြောင့် စစ်လက်နက်များ၊ဓားလှံလက်နက် များအရက်ဖျော်ယာမကာများ ထုတ်လုပ်လို့အထူးကောင်းပါတယ်။ တရားခံအားအပြီးသတ်အမိန့်ချမှတ်ခြင်းမျိုး၊ ရန်သူ့စခန်းအားအပြီးသတ် ချေမှုန်းတာမျိုးတွေဆောင်ရွက်လို့ ကောင်း တဲ့နေ့ပါပဲ။
သားသတ်လုပ်ငန်းများ၊လောင်းကစားဆန်ဆန်လုပ်ငန်းများလဲ အထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။ သစ်ပင်ပန်းမန် တွေကို ပိုးသတ်ဆေးဖြန်းခြင်း၊ အင်းဆက်ပိုးတွေကို အဆိပ်ခပ်ခြင်းများလဲအထူးပဲဆောင် ရွက်နိုင်ပါလိမ့်မယ်။ စပါးကျီ သွင်းခြင်း၊ ပစ္စည်းလှောင်ခြင်း၊ ဂိုထောင်သွင်းခြင်းများပြုလုပ်နိုင်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။
မီဒီယာလုပ်ငန်းများစတင်ခြင်း၊ ရုပ်သံချန်နယ်များစတင်လိုင်းလွှင့်ခြင်း၊စာပေတိုက်တွေစတင်ဖွင့််လှစ်ခြင်း များလဲ အထူးကောင်းပါတယ်။ဒီနေ့ဟာရေနံစူးစမ်းရှာဖွေတာ၊ရွှေနှင့်သတ္တုတူးဖော်တာမျိုးတွေအထူးဆောင်ရွက် နိုင်ပါတယ်။ စစ်လက်နက်ဖောက်ခွဲခြင်းတွေ၊ ခဲယမ်းလက်နက်ဖောက်ခွဲခြင်းတွေအထူးဆောင်ရွက်နိုင်မဲ့နေ့ပါပဲ။
ဆေးဝါးဓာတ်စာစတင်မှီဝဲခြင်းတွေ၊ဆေးကုသမှုခံယူခြင်းတွေအထူးကောင်းပါတယ်။ စိတ်နဲ့ပတ်သက်သော စိတ်စွမ်း အားထက်မြက်အောင်လေ့ကျင့်ခြင်း၊ သမထဝိပဿနာပွားများခြင်းတွေအထူးကောင်းပါတယ်။မီးနဲ့ ပတ်သက်သော လုပ် ငန်းများ၊ ဆောက်လုပ်ရေးနှင့် ပတ်သက်သောလုပ်ငန်းများ၊ gym နှင့်ပက်သက်သောလုပ်ငန်း များအထူးကောင်း ပါတယ်။
သည်းခံနေမှု၊အားနာမှု တွေကိုလျော့ချပြီး ပြောရဲဆိုရဲမှအဆင်ပြေပါလိမ့်မယ်။ စကားပြောပြတ်သားသင့် တဲ့နေ့ပါ။ ပြဿနာတွေအခက်အခဲတွေကိုထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတာမျိုးအထူးဆောင်ရွက်လို့ကောင်းပါတယ်။ယနေ့တွင် ပေါ်ပေါက်လာသော အခွင့်အရေးများကို လက်ခံရန် မသင့်သေးပါ။ ပြဿနာများ ကြုံတွေ့ရနိုင်ပါသည်။ ကောင်းသော ကိစ္စမှန်သမျှ အနှောက်အယှက်ရှိသည်။ မပြီးမပြတ် ဖြစ်တတ်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၁:၃၅)နာရီမှ ည(၂၂:၂၇)နာရီအတွင်း အတွင်း ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါ လိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလို ရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ တူစန်း၊မနက် ၁၂နာရီထိကစိတြနက္ခတ်ဖြစ်ပြီးတော့ထိုအချိန် ကျော်ပါက သွာတိနက္ခတ်နဲ့စန်းယှဉ်မွေးသူဖြစ်ပါတယ်။ ကန်ရာသီဖွားဖြစ်ပါသည်။လူချစ်လူခင်များတတ်ပါတယ်။ ကူညီမဲ့သူ တွေ ပေါများကြတကိုအထူးတွေ့ရတယ်။ မိမိအခက် အခဲ ဖြစ်လာ ရင်တော့ ငွေအားလူအားထောက်ပံ့မဲ့သူတွေ အများ အပြား တွေ့ရတတ်ပါတယ်။ စက်ပစ္စည်းနှင့်စစ်လက် နက်ပစ္စည်း များကိုင်တွယ် အသုံးပြုရာမှာ အန္တရာယ်ရှိနိုင် တဲ့သူ ဖြစ် တာမို့ ထိုပစ္စည်းတွေနဲ့ခပ်ဝေးဝေးနေသင့်ပါတယ်။ သူတစ်ပါး တွေ ကြားမှာ လည်း မကြာခဏ ..ကြားညှပ်ခံ နေရ တတ်တဲ့ ကံပိုင်ရှင်တွေပါ။ပညာရပ်တွေ ခက်ခက်ခဲခဲ မရမက ..ကျားကုတ်ကျားခဲ သင်ယူရင်း ကြီးပြင်းလာတတ် ကြ သူများ ဖြစ်ကြပြီး …မေတ္တာရေးကံ ကလည်း အားနဲလှ သူတွေပါပဲ။ပရဟိတ အသင်းအဖွဲ့တွေ၊ လူမှုကူညီရေးအသင်း တွေ၊ နိုင်ငံရပ်ခြား အသင်းအဖွဲ့တွေ၊ ပညာရေးအသင်း အဖွဲ့တွေမှာ ပတ်သက်ဆက်နွယ်နေရတတ်သော ကံပိုင်ရှင် ဖြစ်ပါ လိမ့်မယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၇:၂၅) နာရီမှ နံနက်(၀၈:၅၇)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ရာဟု၊သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊အင်္ဂါ၊စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ လိမ္မော်ရောင် နှင့် ဆင်စွယ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူး အလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄/၈) ဂဏန်း တွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သစ်တော်သီးစား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်ဟင်းခါးဆွမ်းဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695