ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆန်း(၇)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၂၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၁၆)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၀၄)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၆)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်၊ ရက်ကန်းရက် ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ညနေ ၃နာရီ၁၇မိနစ်အထိက လဆန်းတီထိ ၆လုံးပျော်ရွှင်ခြင်းကိုပေးပါတယ်။ ပျော်ရွှင်ခြင်း၊ စိတ်လက်ချမ်းသာ ခြင်းတွေကိုပေးတဲ့ နန္ဒတီထိကျရောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့မှာအလုပ်တွေ ကိုခဏမေ့ထားပြီး စိတ်လက်ချမ်းသာစွာနေပါ။ အနီးအနားနေ ရာတွေကိုပျော်ပွဲစားထွက်ပါ။ ဈေးဝယ်ထွက်ပါ။ ပျော်ပွဲ ရွှင်ပွဲသွားခြင်း၊ ပန်းခြံမှာအနားယူခြင်းတွေ ဆောင်ရွက်သင့် တဲ့နေ့ရက်မျိုးပါပဲ။ အိမ်မှာနေမယ်ဆိုရင်တောင် ကာရာ အိုကေ ဆိုနေတာ၊မိမိကြိုက်တဲ့ ဇာတ်လမ်းတွဲတွေကြည့်တာ မျိုးတွေနဲ့ အနားယူသင့်ပါတယ်။ ဒီနေ့အနားယူလိုက် တာ ဟာ နောက်နေ့ရက်တွေအတွက်အားဖြစ်စေပါတယ်။
ဒီနေ့မှာ စက်ပစ္စည်းနဲ့ပတ်သက်သော ဝယ်ခြင်း၊ရောင်းခြင်းများ အထူးဆောင်ရွက်နိုင်ပါတယ်။ ဒီနေ့မှာတစ်ခုခုစွန့်စား လုပ်ကိုင်ချင်သူတွေအတွက်ကောင်းသောအကူအညီတွေရလာတတ်ပါတယ်။ရဲစွမ်းသတ္တိဦးဆောင်ပြီးလုပ်ရတဲ့ အလုပ်တွေအတွက် ကောင်းသောအကျိုးဆက်တွေခံစားရပါလိမ့်မယ်။ အောက်လက်ငယ်သားတွေရဲ့အကြံဉာဏ် ကောင်းတွေရလာတတ်ပါတယ်။ စိတ်ချမ်းသာ
အလှအပနှင့်ဆိုင်သောလုပ်ငန်းများ၊အိမ်အလှဆင်လုပ်ငန်းများအထူးတိုးတတ်နိုင်ပါတယ်။ ဂီတနယ်ပယ်၊ရုပ်ရှင် နယ်ပယ် နှင့် မီဒီယာအလုပ်များ အထူးအဆင်ပြေနိုင်ပါတယ်။မိတ်ဆွေသစ်များလဲ တိုးပွားတတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေပေးနဲ့သူတွေနဲ့လဲကြုံရတတ်ပါတယ်။
ယနေ့တွင် လူနေအဆောက်အဦးများနှင့် ဘာသာရေး ဆိုင်ရာအဆောက်အဦးများ စတင်တည်ဆောက်ရန် ရက်ကောင်းဖြစ်သည်။ အတက်ပညာတို့ကို စတင်သင်ကြား နိုင်ပါသည်။ ငွေကြေး ချေးငှားခြင်း၊ အာမခံခြင်း လုံးဝမပြုလုပ်ရပါ။ ဆုံးရှုံးနစ်နာတတ်သည်။ ဝယ်ယူထားသော ပစ္စည်းများကို စနစ်တကျ စစ်ဆေးပြီးမှ လက်ခံယူပါ။ အပျက်အစီးများ ပါလာတတ်သည်။
ယနေ့ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့အချိန်ကာလကတော့ည(၂၁:၂၃)နာရီမှည(၂၂:၁၅)နာရီအတွင်းအတွင်း ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာ များ ရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါ လိမ့် မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
နေ့လယ် ၂နာရီထိအနုရာဓနက္ခတ်ဖြစ်သည်။အနုရာဓနက္ခတ်အချိန်များတွင်ဘုရားတည်းခြင်း၊ အနေကဇာတင်ခြင်း၊ ရှင်ပြုနားသ၊ လက်ထပ်မင်္ဂလာပြုလုပ်ခြင်း၊ ထီထိုးခြင်း၊ မေတ္တာရေးစကား ပြောဆိုခြင်း၊ အလှပြင်ခြင်း၊ လက်ဝတ် ရတနာဝတ်ဆင်ခြင်း၊ ယာဉ်၊ ခရီးသွားလာခြင်း၊ မိတ်ဆုံပွဲ၊ ပါတီပွဲ၊ စာပေလုပ်ငန်း၊ စာပေဖြန့်ချိခြင်း ကောင်း၏။
နေ့လယ် ၂နာရီနောက်ပိုင်းဇေဌနက္ခတ်မို့အချစ်ရေး ၊ မေတ္တာရေး စကားပြောခြင်း၊ ထီထိုးခြင်း၊ အိမ်ခြံမြေ၊ ယာဉ်၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက် ကား ရောင်းဝယ်ခြင်း၊ ပညာစ၍သင်ခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ စာရေးသားခြင်း၊ ပန်းချီ ၊ ပန်းပု ထုခြင်း၊ ကျောက် ဆစ်ထုခြင်း၊ သံထည်ကြေးထည်များ သွန်းလောင်းခြင်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း ကောင်း၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ဗြိစ္ဆာစန်း၊အနုရာဓနှင့်ဇေဌနက္ခတ်စန်းယှဉ်မွေးသူ၊ ကန်ရာသီဖွား ဖြစ်ပါ သည်။ဒီနေ့ မွေးသူများဟာအခက်အခဲ တွေကိုကောင်းစွာ ကျော်လွှားနိုင်ကြသူတွေဖြစ်ပါတယ်။ ပညာရေးကံအား ကောင်းကြပါတယ်။ ဘဝမှာ အားနည်းချက်က နောက်တရစရာ တစ်မျိုးမျိုးကိုခံစားရလေ့ရှိပါတယ်။ ငယ်ရွယ်စဉ်မှားမဲ့ မိုက်ခဲ့တာတွေ အတွက် တစ်သက်လုံးနောင်တရနေတတ်သူ ဖြစ်တာမို့ လူတိုင်းက အမှားမကင်းပေမဲ့ ကြီးမား တဲ့ အမှားအယွင်းတွေ မဖြစ်အောင်ထိန်းသိမ်းဖို့အထူးလိုအပ်ပါ တယ်။ငွေကြေးကံအားကောင်းတယ်။ အောင်မြင်မှုကံအား ကောင်း တယ်။ တစ်ခုပဲ ..အရက်မူးယစ်ဆေးဝါး လုံးဝအစ မလုပ်မိပါစေနဲ့။ စွဲလမ်းသွားရင် ဖြတ်ရအလွန်ခက်တဲ့ ဇာ တာ မျိုးဖြစ်ပါတယ်။ စိတ်မြန်သည်၊ အရေးပေါ်ကိစ္စများ အတွက် အမြဲတန်းအသင့် ဖြစ် နေတတ်သည်။ဆန္ဒနှင့် ရည် ရွယ် ချက်ကြီးမားသူ ဖြစ်ပြီး အခက်အခဲကြီး များကို ကျော်ဖြတ်ရုန်းကန်ပြီးမှ အောင်မြင်လာပါလိမ့်မည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၁:၃၀) နာရီမှ ညနေ(၀၃:၀၁)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊တနင်္လာ၊အင်္ဂါ၊သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ရာဟု၊ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နက်ပြာရောင် နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သံလိုက်တုံးလေးဆောင် သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်ပေါင်းဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695