ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တော်သလင်းလဆုတ်(၃)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၂၃)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၁၁)နာရီဖြစ်ပြီး ၊ ညနေ(၆:၀၀)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ယနေ့သည် အနောက်လာဘ် ဖြစ်၍ အလုပ်ကိစ္စများ၊ အရေးကြီးကိစ္စများ ဆောင်ရွက်သည့်အခါ၊ ခရီးသွားသည့် အခါ အရှေ့မြောက်အရပ်သို့ မျက်နှာပြု၍ လုပ်ကိုင်ဆောင်ရွက်သင့်သည်။ ယနေ့တွင် အရှေ့မြောက်အရပ်သို့ မျက်နှာ ပြု၍ လာဘ်ပွင့် ဂါထာမန္တာန်များ ရွတ်ဆိုခြင်းဖြင့်လာဘ်လာဘပွင့်အောင်ပြုလုပ်နိုင်သည်။
ယနေ့တွင် အရှေ့အရပ်သည် နတ်နေအရပ်ဖြစ်သဖြင့် ထိုအရပ်ကိုရှောင်ကြဉ်ရမည်။ အရှေ့ အရပ်သို့ မျက်နှာပြု၍ လုပ်ငန်းကိစ္စများ အရေးကြီးကိစ္စများပြုလုပ်ခြင်း အနောက်တောင်အရပ်သို့ ခရီးသွားခြင်း များကိုရှောင်ကြဉ်ရပါမည်။
စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်တာကြောင့်အရှေ့အရပ်ကို မျက်မှာမူပြီးတော့ ချစ်ခြင်းမေတ္တာရေးကိစ္စ၊ လူမှုရေး ကိစ္စ၊ စကားအောင်လိုသောကိစ္စများပြောဆိုဆောင်ရွက်နိုင်ပါတယ်။
လက်သမားမြေခံ ကတော့ နတ်မြေခံဖြစ်ပါ၍ ဘေးသင့်တတ်သဖြင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ မြေတူးဆွတာတွေ လုပ်ကိုင်ဆောင်ရွက်ခြင်းငှာ မသင့် သေးပါ။
ဒီနေ့ဟာတီထိမြေခံအရ စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ အမြိတ္တစုတ်၊နဂါးပေါ်၊ရှမ်းရက်များနဲ့ တိုက်ဆိုင်နေတဲ့နေ့ရက်ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မနက် ၈နာရီ ၃၆နောက်ပိုင်းလဆုတ်တီထိ ၄လုံးကိုပြောင်းတယ်။ ဗလာသဘော၊ အနိဋ္ဌ သဘော ဖြစ်တဲ့ ရိတ္တာတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ဒီနေ့ဟာ ခေါင်းဆေးမင်္ဂလာပြုရန် ကောင်းသောရက် ဖြစ်ပါတယ်။ဒီနေ့မှာခေါင်း ဆေးခေါင်းလျှော်ပြုပါက အနာရောဂါ ကင်းဝေးပြီး ကျန်းမာခြင်းကိုဖြစ်စေပါလိမ့်မယ်။ ပြတ်တောက်နေသောအရောင်း အဝယ်များ၊ကုန်သွယ် မိတ်ဖက်များနှင့် ပြန်လည်ချိတ်ဆက်ပြီး အဆက်အသွယ် ကောင်းတွေရပါလိမ့်မယ်။ နေ့လည် ၁း၃၀မိနစ်ကနေ၊ ညနေ၃း၀၀ အထိက အမှုအခင်းမဖြစ်အောင်နေပါ။ ရန်စ ဟောင်းတွေပြန် ပေါ်လာတတ်ပါတယ်။
ရွှေ၊ဓာတ်သတ္တု ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ခြင်း များဒီနေ့မှာစတင်လို့အလွန်ကောင်းပါ တယ်။ထီကံစမ်းလို့ အထူးကောင်းတဲ့ နေ့ရက်ပါပဲ။ ထိုးနေကျထီဆိုင်မှာမထိုးဘဲ ဆိုင်သစ်မှာဦးစားပေးထိုးပါ။
ဆိုင်ဘုတ်လုပ်ငန်းများ၊ယာဉ်နှင့် စက်အပိုပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ၊ကုန်ပစ္စည်းသိုလှောင်ခြင်းလုပ် ငန်းများလဲ ဒီနေ့မှာတိုးတတ်အဆင်ပြေတာကိုတွေ့ရပါတယ်။ထွန်ချခြင်း၊စပါးစိုက်ပျိုးခြင်းတွေဒီနေ့မှာစတင်နိုင်ပါ တယ်။ အလုပ်သစ်လျှောက်ခြင်းတွေ၊အိမ်မွေးတိရိစ္ဆာန်များစတင်မွေးမြူခြင်းများဒီနေ့မှာဆောင်ရွက်လို့အဆင်ပြေ ပါလိမ့်မယ်။
အနိဋ္ဌသဘောဆောင်တဲ့နေ့ရက်ဖြစ်တာကြောင့် အရက်ချက်ခြင်း၊သားသတ်ခြင်း၊လောင်းကစားပြုခြင်း၊ အမှုအခင်းများ ကိုရင်ဆိုင်ဖြေရှင်းခြင်း၊ပိုးသတ်ဆေး၊အဆိပ်ဖြန်းခြင်းများဆောင်ရွက်လို့သင့်တဲေ့န့ရက်ပဲဖြစ်ပါတယ်။ လူသတ်လက် နက်များထုတ်လုပ်ခြင်း၊ခဲယမ်းမီးကျောက်တွေကိုဖောက်ခွဲစမ်းသပ်ခြင်းများလဲ အလေးပေးဆောင် ရွက်လို့သင့် တော်ပါ တယ်။
ယနေ့တွင် ပြဿနာဟောင်းများ ဖြေရှင်းရန် ရက်ကောင်းဖြစ်သည်။ ပြတ်တောက်နေသော အဆက်အသွယ် များနှင့် ပြန်လည်ချိတ်ဆက်နိုင်သည်။ ရောင်းမှားဝယ်မှား ပြဿနာများ ဖြေရှင်းနိုင်မည်။ မင်္ဂလာယူပြီး ဆောင်ရွက် သော ကိစ္စမှန်သမျှ ရှောင်ကျဉ်ပါ။ ယနေ့တွင် စတင်သော ကိစ္စမှန်သမျှ တစ်ပိုင်းတစ်စ ဖြစ်မည်။
ရှမ်းရက်ကျတဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာနှင့်ဆိုင်သောကိစ္စများအထူး ရှောင်သင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ မင်္ဂလာစကားပြောဆိုခြင်းများလဲ ရှောင်သင့်ပါတယ်။ ဒီနေ့ဟာခရီးကိစ္စတွေမှာတော့တောင်တတ် ခရီးများ၊တောတောင်ထဲကိုသွားရတဲ့ခရီးမျာကိုအထူးရှောင်လိုက်စေ ချင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၀:၄၀)နာရီမှ ည(၂၁:၃၂)နာရီအတွင်း ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
နက္ခတ်အရ ဘရဏီနက္ခတ်က အောက်ငုံ့နက္ခတ်ဖြစ်တာမို့ရေတွင်းရေကန်တူးခြင်း၊ အုတ်မြစ်ကျင်းတူးခြင်း၊ မြေတူး ခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကျောက်မျက်ရတနာ တူးဖော်ခြင်း၊ ရေနံတူးခြင်း၊ ဓါတ်သတ္တုတူးဖော်ရှာဖွေခြင်း၊ ရွှေတွင်း တူးခြင်း၊ ကလေးထမင်းခွံ့ခြင်း မင်္ဂလာ ပြုရာ၏။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ဘရဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ ကန်ရာသီဖွားဖြစ်ပါ သည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် ငွေကြေးကံကောင်းကြပါတယ်။ ကိုယ်တိုင် မရှာနိုင်ရင်တောင်မှ ငွေကြေး ထောက်ပံ့ နိုင်သူတွေအများအပြားရှိနေတတ်ပါတယ်။ ကျန်းမာရေးကတော့ ခြူခြာတတ် တာကိုသတိထားရမယ်။ အသက် ၂၄ကနေ အသက်၄၀အတွင်းကာလတွေမှာတော့ အအောင်မြင်ဆုံးဘဝကိုဖန်တီး နိုင်ပါလိမ့်မယ်။ နာမည်ကို တနင်္လာ အစ အင်္ဂါအဆုံးပေးလိုက်မယ်ဆိုရင်တော့ ဆိုးသွမ်းတဲ့ကလေးတစ်ယောက်ဖြစ်ဖို့ တွန်းအားဖြစ်စေပါတယ်။ အမည် ပေးမှန်ရင် ..မှန်သလို….အောက်ခြေနင်းပြားဘ၀ကနေ….သူဌေးသူကြွယ်ဘ၀ကို …တောင် ရောက်သွား နိုင်တဲ့… ဖွား ဇာတာ မျိုးဖြစ်ပြီး……နောင်တရစိတ် တစ်မျိုးမျိုးကို…ဘယ်လိုမှ ဖျောက်မရဘဲ… နက်နက်နဲနဲ စွဲနေတတ် တာလည်း …ဒီ ဇာတာဖွားတွေပဲလို့ ဆိုရပါလိမ့်မယ်။နေရာထိုင်ခင်း ဘယ်သောအခါမှမမြဲပဲ ပြောင်းလည်းနေထိုင် ရကံ ပါရှိ တတ်ကြပြီး ..တစ်ချို့တွေကတော့ စကားအပြောအဆို နဲ့ ဘာသာစကားပညာရပ်တွေမှာ သဒ္ဒါပိုင်းမှာအထူးကျွမ်း ကျင် လိမ္မာတတ် ကြပြန်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၀၇:၂၅) နာရီမှ မနက်(၈:၅၅)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ကြာသပတေး၊သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့တနင်္ဂနွေ၊အင်္ဂါ၊စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နီညိုရောင်၊အနက်ရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇/၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ဖိနပ်ကိုသန့်ရှင်းရေး လုပ်ပြီးမှ သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကွတ်ကီးဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝ ကြပါစေ။
#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695