loading

20.November .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 20.November .2023 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၈)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၂၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅:၅၀)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၆:၃၈)နာရီဖြစ်ပြီး ၊ ညနေ(၅:၃၂)နာရီမှာ နေဝင်ပါတယ်။   

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က  အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်ကအရှေ့ အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရီစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါတယ်။   

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၈)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီလို နေ့ရက်တွေမှာ မိမိတို့အတွက် စပ်တူကိစ္စတွေ၊ရှယ်ယာကိစ္စတွေမှာ အငြင်းပွားဖွယ်ရာကြုံရတတ်ပါတယ်။ ရေလမ်း ခရီးတွေအဆင်မပြေဖြစ်တတ်ပါတယ်။ အပျော်လွန်ကြသူတွေအန္တရာယ်တွေ့နိုင်တဲ့နေရက်မျိုးပဲဖြစ်ပါတယ်။ လုပ် ငန်းရှင်များမိမိဝန်ထမ်းတွေရဲ့ကျန်းမာရေးညံ့တတ်ပါတယ်။ ခရီးတိုထက် ခရီးရှည်ကိစ္စများ လမ်းခရီးအဖုအထစ် များတဲ့နေ့ရက်မျိုးပဲဖြစ်ပါတယ်။

 ညှိနှိုင်းဆွေးနွေးရသောကိစ္စများမဆောင်ရွက်သင့်သေးပါ။ ဒီနေ့မှာ အလုပ်သစ်ရှာခြင်း၊မင်းအစိုးရဌာနဆိုင် ရာ ကိစ္စ များအထူးဆောင်ရွက်လို့ကောင်းပါတယ်။ အမွေကိစ္စများ အကြီးအကဲတစ်ယောက်ယောက် ဝင်ရောက်ညှိနှိုင်း ပေး ခြင်းဖြင့် အဆင်ပြေသွားတတ်တဲ့နေ့ပါပဲ။ ပွဲစားအလုပ်များ၊အကျိုးဆောင်အလုပ်များ၊ ဆက် သွယ်ရေးအလုပ် များ အဆင်ပြေတဲ့နေ့ရက်ဖြစ်ပါတယ်။

            ယနေ့ သစ်ပင်မစိုက်ရ။ ဓနသိဒ္ဓိနက္ခတ်စွမ်းအားကို ရရှိသောနေ့လည်း ဖြစ်နေပါသည်။ အခက်အခဲများ  ဖြေ ရှင်း ရန် ရက်ကောင်းဖြစ်သည်။ လိုလားအပ်သော တောင်ဆိုမှုများ ပြုလုပ်ရန် ရက်ကောင်းဖြစ်သည်။ လက်လွန်ထား သောငွေကြေးများ ပြန်လည်တောင်းခံနိုင်မည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ညနေ(၁၇:၂၇)နာရီမှ ည(၁၈:၁၉)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုးမရှိခြင်း၊ ငွေ လိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဓနသိဒ္ဓိ နက္ခတ်မို့ ခရီးသွားခြင်း၊ သယ် ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ သူငယ်ချင်းများ လည်ပတ်ခြင်း၊ ဈေး ဝယ် ထွက်ခြင်း နှင့် ယာယီ သဘော သဘာဝအရ မည်သည့်အရာအတွက်မဆို ယာယီ လျင်မြန်စွာ ရွှေ့ပြောင်း နိုင် သော နက္ခတ်ဖြစ် သည်။ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ဗိမာန်၊တံတိုင်း (ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ / အဆောက် အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ အလံလွှင့် တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ဓနသိဒ္ဓိ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကုမ်စန်း၊ ဗြိစ္ဆာရာသီဖွား ဖြစ်ပါ သည်။ ဒီနေ့မွေးရင်သွေးများဟာ အများအားဖြင့်မိမိတို့ဆွေမျိုး သား ချင်း တွေ ပြန်ဝင်စားတဲ့ လူဝင်စားလေးတွေဖြစ် လေ့ရှိ ကြပါတယ်။ အတိတ်ကံအကျိုးပေးကောင်းပြီးတော့ ကောင်း သောကုသိုလ်တရားတွေ ရှိကြသူတွေဖြစ်ပါတယ်။ ဘာသာရေးလိုက်စားပါက တရားထူးတရားမြတ်ကိုရရှိနိုင်တာကို တွေ့ရပါတယ်။ငွေကြေးကံသင့်တင့်ကောင်းမွန်ကြပြီး မိမိတို့ ငွေကြေးလိုအပ်ရင်တော့ ပေးမဲ့ကမ်းမဲ့ ချေးမဲ့ငှားမဲ့သူတွေ ပေါများတဲ့ဇာတာမျိုးတွေဖြစ်ပါတယ်။ စစ်လက်နက်နဲ့ ဓာတ်မတည့်တာမို့ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ဝင် ရောက်လုပ်ကိုင်ခြင်းမျိုးအထူးရှောင်သင့်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၀၇:၃၇) နာရီမှ မနက်(၀၉:၀၂)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ  တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ကြာသပတေး၊သောကြာသားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊အင်္ဂါ၊စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင်၊ပန်းရောင်များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃/၀/၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့သကြားလုံးစား သွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ထန်းလျက် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

Leave a Reply

Your email address will not be published. Required fields are marked *