ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပေါင်းလဆုတ်(၆)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊မတ်လ(၃၀)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၁)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၂)နာရီမှာ နေဝင် ပါ တယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့ မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၅)လုံး ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၅)လုံး အနေဖြင့် ချမ်းသာသုခကို ပေးစွမ်းသော တီထိဟု သတ်မှတ်ပြီး တည်ကြည်ခြင်း၊ရှင်းသန့်ခြင်း၊ ပြည့်စုံခြင်း ကိုပေးတဲ့ ပုဏ္ဏတီထိကျရောက် တဲ့နေ့ရက်ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာတပည့် မွေးခြင်း၊ သင်တန်းသားအသစ်လက် ခံခြင်း၊ ပညာပေးဝေခြင်းများ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ကလေးငယ် များကို အာဟာရစတင်ကျွေးမွေးခြင်း၊ သစ်ပင်များ၊မြေဆီများ ကိုဓာတ်မြေသြဇာကျွေးခြင်းများအထူးပဲ ဆောင်ရွက်နိုင် ပါ တယ်။
မိမိတတ်သိထားတဲ့ပညာတွေကို တပည့်လက်ခံပြီးသင်ပေးတာ၊သင်တန်းဖွင့်တာမျိုးတွေအထူးပဲကောင်းတဲ့ နေ့ရက်ပါပဲ။ ကဗျာစာပေရေးစပ်ခြင်း၊သီချင်းများအတွက် သံစဉ်စာသားများရှာဖွေခြင်းမျိုးဒီနေ့မှာဆောင်ရွက်လို့ အထူးကောင်းပါတယ်။အိမ်မွေးတိရိစ္ဆာန်များဝယ်ယူခြင်း၊ရောင်းချခြင်းများဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။ကားဝယ်တာမျိုး၊ခြံဝယ်တာ၊ကွန်ပျူတာဝယ်တာမျိုးလဲ ပြန်ကောင်းနေတတ်ပါတယ်။ ဆေးဝါးများဆေးစွမ်းထက်မြက်နေတဲ့ နေ့ရက် ဖြစ်တာ ကြောင့် ဆေးကောင်းဝါးကောင်းမှီဝဲခြင်းများအထူးဆောင်ရွက်ပါ။
အလှကုန်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းများ products အသစ်များ စတင်ထုတ်လုပ်လို့အလွန်ပဲကောင်းပါလိမ့်မယ်။ စတော့ရှယ်ယာအလုပ်များ၊ကုမ္ပဏီဖက်စပ်အလုပ်များအဆင်ပြေအောင်မြင်မှုတွေရလာတတ်ပါတယ်။ကလေးငယ်အား အမည်ပေးခြင်း၊ ကင်းပွန်းတပ်ခြင်း၊ထမင်းအာဟာရစတင်ကျွေးမွေးခြင်းများဒီနေ့မှာပြုလုပ်နိုင်ပါ လိမ့်မယ်။
အာမခံလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ တိုးတတ်မှုတွေကြုံရပါလိမ့်မယ်။ ငွေ ရှာရ လွယ်သလို ငွေပေးငွေယူကိစ္စများ၊ကြွေးတောင်းကြွေးယူကိစ္စများလဲ ဆောင်ရွက်နိုင်ပါတယ်။
လူသုံးကုန်ပစ္စည်းများနှင့် အရည်နှင့်ဆိုင်သောစားသောက်ကုန်လုပ်ငန်းများရောင်းခြင်း၊ဝယ်ခြင်း၊ထုတ်လုပ်ဖြန့်ချီ ခြင်း များ အထူးဆောင် ရွက်နိုင်ပါတယ်။ယနေ့ ငွေမချေးရ။ ဆုံးတတ်သည်။ ကတိစာချုပ် ချုပ်ဆိုခြင်းများ မပြုရ။ ဒီနေ့ဟာ ဝါရမိတ္တုငယ် ကျရောက်နေတာ ဖြစ်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၈း၅၃)နာရီမှ နံနက်(၉း၄၄)နာရီအတွင်း အတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ် ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ယနေ့သည် သိဒ္ဓိ ဟူသော အဓိပ္ပါယ်ကို ကိုယ်စားပြုသော အဿရိကယုဂ် ကျရောက်နေတာ ဖြစ်ပါတယ်။ ကောင်းသောကိစ္စရပ်များအားလုံး လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းပါသည်။ ကောလဝါကရိုဏ်း ကျရောက်နေ သောကြောင့် မင်္ဂလာဆောင်၊ သတို့သမီးရွေးချယ်၊ မိတ်ဆွေသူငယ်ချင်း၊ အချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက် သို့မဟုတ် သဘောတူညီချက် သို့မဟုတ် ကာလရှည်ကြာ တည်မြဲစေမည့် အရာများကဲ့သို့ ပုံမှန် လုပ်ဆောင်ထားသည့် အရာများအတွက် အထူးကောင်းပါသည်။
အနုရာဓ နက္ခတ်သည် နူးညံ့သိမ် မွေ့သော သဘောသဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ်အပျော်အပါး အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ်ဝတ်ဆင်မှု၊ လက်ထပ်မှု၊ သီဆိုကခုန်မှု၊ စီတန်း လှည့်လည်ပွဲများ၊ မင်္ဂလာအခမ်းအနားများ၊ ပွဲတော်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလာမှုများအတွက်ကောင်းမွန် သော နက္ခတ်ဖြစ်သည်
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ အနုရာဓနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေး ဖွားသူများသည် တခြားသူတွေကို အလွန်သတိထားတတ်သူ၊ ထိလွယ်ရှလွယ်၊ တွေးခေါ်တတ်သူဖြစ်ပြီး မိမိ၏စိတ်ခံစားမှု အချိန််မီ ပြန်လည်ပြုပြင်ဖို့ အချိန်ပေးလေ့ရှိပါတယ်။သတိထားစရာအချက်လေးတွေ ရှိပါ တယ်။ မိဘအသွန် အသင် ကောင်းပါက ကောင်းမွန် သောဘဝ၊လူလေးစားရသောဘဝကိုရရှိတတ်ပေမဲ့ မိဘကလွှတ် ထားလိုက်ပါက အပေါင်း အသင်းမှားပြီးဘဝပျက်တတ် ပါတယ်။ ပညာရေးနယ်ပယ်များဟာ အောင်မြင်နဲ့ နယ်ပယ် တွေ၊ ကုန်ထုတ်လုပ်ငန်း များဟာ အောင်မြင်တဲ့နယ်ပယ်တွေ ဖြစ်ပေမဲ့ ရေလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းတွေကတော့ ကာယကံရှင်ကို ကောင်းကောင်းဒုက္ခပေးမဲ့လုပ်ငန်းမျိုးတွေ ဖြစ်ကြပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၉း၀၆) နာရီမှ နံနက်(၁၀း၃၈)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ကြက်သွေးရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထချိန် မျက်နှာသစ်ပြီး တောင်အရပ်သို့ မျက်နှာမူ၍ “လောကဝိဒူ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အာလူးကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း