loading

15.April .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 15.April .2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ခူးလဆန်း(၇)ရက်၊ တနင်္လာနေ့၊ သင်္ကြန်အကြတ်နေ့လဲ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၁၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၉)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၁)နာရီမှာ နေဝင် ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က  အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ သိန္ဓောမြင်း မြေခံဖြစ်၍ ပစ္စည်းဉစ္စာတိုးပွားတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက် ရန် ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။

ဒီနေ့ဟာ ရက်တံခွန်၊ ရသေ့ကျော် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၇)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၇)လုံးအနေဖြင့် အေးချမ်းသော တီထိဟုသက်မှတ်ပြီး အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ ကခုန်၊ တီးမှုတ်၊ သီဆိုခြင်း၊  ခရီးသွားလာခြင်း၊ အိမ်သစ်တက်ခြင်း၊ စစ်ထွက်ခြင်း၊ ဆင်နှင့်ပတ်သက်သော လုပ်ငန်းများ၊ ကျောက်မျက် ရတနာတို့နှင့်  ဝတ်စားဆင်ယင်မှု လုပ်ငန်းများ၊ လက်မှုလုပ်ငန်းများ၊ အလှတန်ဆာဆင်ခြင်းများ ပြုလုပ်ရန် ရက် ကောင်း ဖြစ်သည်။ ကံကောင်းခြင်းကို ဖေါ်ဆောင်သော ဘဒြာတီထိ အမျိုးအစားဖြစ်သဖြင့် အလှအပ အဆင်တန် ဆာများ၊ အဝတ်တန်ဆာများ ပြုလုပ်ခြင်း၊ သုံးစွဲခြင်း၊ ယာဉ်ရထား စီးနင်း၍ ခရီးသွားခြင်း၊ ယာဉ်ရထားနှင့် ပတ်သက် သော လုပ်ဆောင်ခြင်းများ၊ လမ်းဖေါက်ခြင်းနှင့် ဆီလိမ်းကျံ နှိပ်နယ်ပေးခြင်းများနှင့် သင့်တော်သည်။ ကောင်းမှု ကုသိုလ်များ ပြုလုပ်ရန် အလွန်မင်္ဂလာရှိ၍ ကုသိုလ်ကောင်းမှုများ ပြုရန် အထူးသင့်တော်ပါသည်။  တီထိ(၇)လုံးတွင် အိမ်ထောင်ပြုခြင်း၊ ပညာသင်ခြင်း၊ ဉပုဒ်ထွက်ခြင်း၊ အိမ်သစ်ဆောက်ခြင်း၊ အိမ်သစ်တက်ခြင်း၊ ခရီးသွားခြင်းနှင့် သစ်ပင်စိုက်ခြင်းများ ရှောင်ကြဉ်သင့်သည်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ဒီနေ့ဟာရသေ့ကျော်ရက် ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၇း၅၀)နာရီမှ နံနက်(၈း၄၁)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ပုဏ္ဏဖုသျှ နက္ခတ်သည် မော်တော်ယာဉ်များ ဝယ်ယူခြင်းနှင့် ပြုပြင်ခြင်းအတွက် ကောင်းမွန်သည်။ ၎င်းသည် ယာယီ၊ မြန်ဆန်ပြီး ရွှေ့ပြောင်းနိုင်သော သဘာဝနက္ခတ်ဖြစ်သည်။ ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေ လုပ် ခြင်း၊ သူငယ်ချင်းများနှင့်လည်ပတ်ခြင်းအတွက် သင့်လျော်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီးအနေကဇာတင်၊ ပညာသင်၊ ကြော်ငြာဆိုင်းဘုတ် တင်၊ ရှင်ပြု နား၊ အမည်ကင်ပွန်းတပ်၊ လက်ဝတ်ရတနာဝတ်ဆင်၊ အလှပြင်၊ ယာဉ် စက် ရောင်းဝယ်ခြင်း၊ ခရီးသွားလာခြင်း၊ မိတ် ဆုံပွဲ၊ ပါတီပွဲ၊ ဧည့်ခံပွဲများ၊ စတင်ဖွင့်လှစ်ခြင်း လုပ်ငန်းများ၊ အချစ်ရေး စကားပြောခြင်း၊ စာအုပ်စာပေဖြန့်ချီခြင်း၊ ထီထိုး ခြင်းများ ကောင်း၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ပုဏ္ဏဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် မိမိပတ်ဝန်းကျင်နှင့် မိမိအကြား အမြဲတမ်းဟန်ချက်ညီဖို့ ကြိုးစားရင်း မိမိနှင့် ပတ်သက် သော တခြားသူတွေအတွက်ပါ တရားမျှတမှုရဖို့ အမြဲကြိုးစားတယ်။ မိမိသည် အရာရာကို ရိုးသားဖြူစင်စွာ ရှုမြင်သုံး သပ်နေထိုင်၍ ဘဝကိုရိုးရိုးရှင်းရှင်း ဖြတ်သန်းရန် ရည်ရွယ်ထားပေမယ့် ရံဖန်ရံခါတွင် မိမိ၏ သွားနေကျ လမ်းကြောင်း ကို သွေဖယ်၍ လုပ်ကိုင်ဆောင်ရွက်သွားရစေသော အခြေအနေများလည်း ကြုံတွေ့ရလေ့ ရှိပါသည်။ မိမိကိုယ်ပိုင် အသိဥာဏ်သည် စူးစမ်းလေ့လာနေခြင်းထက် မိမိပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးအကြောင်းကို အမှန်အတိုင်း သိမြင်နိုင် စွမ်းနှင့် မွေးရာပါနားလည်မှုတို့မှ ပိုမိုရရှိပိုင်ဆိုင်ထားတတ်သည်။ဒီနေ့မွေးရင်သွေးများဟာ အများအားဖြင့်မိမိတို့ ဆွေ မျိုး သား ချင်း တွေ ပြန်ဝင်စားတဲ့ လူဝင်စားလေးတွေဖြစ် လေ့ရှိကြပါတယ်။ အတိတ်ကံအကျိုးပေးကောင်းပြီးတော့ ကောင်း သောကုသိုလ်တရားတွေ ရှိကြသူတွေဖြစ်ပါတယ်။ ဘာသာရေးလိုက်စားပါက တရားထူးတရားမြတ် ကိုရ ရှိနိုင်တာကို တွေ့ရပါတယ်။ငွေကြေးကံသင့်တင့်ကောင်းမွန်ကြပြီး မိမိတို့ ငွေကြေးလိုအပ်ရင်တော့ ပေးမဲ့ကမ်းမဲ့ ချေး မဲ့ငှားမဲ့သူတွေ ပေါများတဲ့ဇာတာမျိုးတွေဖြစ်ပါတယ်။ စစ်လက်နက်နဲ့ ဓာတ်မတည့်တာမို့ လက်နက်ကိုင် အဖွဲ့အစည်း တွေမှာ ဝင် ရောက်လုပ်ကိုင်ခြင်းမျိုးအထူးရှောင်သင့်ပါတယ်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၂၄) နာရီမှ နံနက်(၈း၅၆)နာရီအတွင်း ကျရောက်နေ ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ စိမ်းပြာရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူကာ “သမ္ဗာသမ္ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကြက်မောက်သီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *