ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလဆန်း(၁၃)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၂၁)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၅)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။သမားညိုရက်ဖြစ်တာမို့ အချိန်အခါရွေးပြီးဆောင်ရွက်ပါ။
ဒီနေ့ဟာ ရက်ကန်း၊ သမားညို ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၃)လုံးအနေဖြင့် အောင်မြင်ခြင်းကို သယ်ဆောင်လာသော တီထိနေ့ဖြစ်၍လမ်းအသစ်ဖောက်လုပ်ခြင်းများ၊ လမ်းဖောက်ဖို့အတွက်survey တိုင်း တာခြင်းများ အထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။စက်ကားယန္တရားနှင့် ပတ်သက်သော အလုပ်စီးပွားများ အဆက်အသွယ်တွေရပြီး အဆင်ပြေပါလိမ့်မယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်သောကိစ္စအ၀၀ကို အထူးအလေးထားဆောင်ရွက်နိုင်မဲ့ နေ့ ပါပဲ။ အဝတ်အထည်လုပ်ငန်းများ အထူး အလေးထားဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။
ဒီလိုနေ့ရက်မျိုးမှာ အလုပ်သစ်တစ်ခုစတင်လည်ပတ်ခြင်း၊ ဆိုင်အသစ်တစ်ခုစတင်ဖွင့်လှစ်ခြင်းများ ၊ ဆိုင်း ဘုတ် တင်ခြင်းများ အထူးဆောင်ရွက်နိုင်ပါတယ်။ အိမ်အသစ်မှာနေထိုင်တာမျိုးတွေ၊အလုပ်ရုံးခန်းအသစ်မှာ စတင် လုပ်ကိုင်တာမျိုးတွေအထူးဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။
အရပ်ဝေးနှင့် ဆက်စပ်လုပ်ကိုင်သောအလုပ်တို့ကနေ အကျိုးအမြတ်တွေ အထူးရရှိပါလိမ့်မယ်။ကုန်ပစ္စည်း အမှတ်တံဆိပ် အသစ်တစ်ခုကိုစတင်ဖြန့်ချီရောင်းချခြင်းမျိုး ဆောင်ရွက်လို့အထူးကောင်းပါတယ်။မိမိစိုက်ပျိုးထား တဲ့သစ်ပင်ပန်းမန်တွေကို ဓာတ်မြေသြဇာကျွေးခြင်းတွေ အထူးကောင်းပါတယ်။ ကလေးငယ်များအား အာဟာရ စတင်ကျွေးခြင်းတွေ၊ အားဆေးစတင်တိုက်ကျွေးခြင်းတွေဆောင်ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။ယနေ့ တည်ဆောက်မှု ကိစ္စအလုံးစုံကို ဆောင်ရွက်နိုင်မည်။ လုပ်ငန်းအကြံအသစ်များ စတင်ဆောင်ရွက်နိုင် မည်။ နေရာအပြောင်း အရွှေ့ ကိစ္စများ စတင်ဆောင်ရွက်နိုင်မည်။ အကြီးအကဲ၊ မိဘ၊ ဆရာသမားတို့ထံ ပူဇော်ဂါရဝ ပြုခြင်းများ ဆောင်ရွက်နိုင်မည်။ သတင်းအချက်အလက်များ စုစည်းရန် ရက်ကောင်း ဖြစ်သည်။
ရှောင်သင့်တာတွေကတော့ရက်ကန်းဖြစ်တာကြောင့်် မင်္ဂလာယူပြီးလုပ်ရမဲ့ကိစ္စမှန်သမျှ ရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။ လက်ထပ် ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ဆောင်ရွက်လို့ မကောင်းသေးပါဘူး။မျက်မြင်ကိုယ်တွေ့မဟုတ်ဘဲ တပါးသူပြောစကား နားဝင်ပြီးဆောင်ရွက်ပါက ဆုံးရှုံးခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၇း၂၆)နာရီမှ နံနက်(၈း၁၈)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဘုရားတည်ခြင်း၊ စေတီပြုပြင်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ အလံထူခြင်း၊ တံခွန်တိုင် ပြုလုပ်ခြင်း၊ မဏ္ဍပ်ဆောက်ခြင်း၊ တန်ဆောင်းဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ အိမ်ဆောက်ခြင်း၊ နတ်ကွန်း နတ်စင်တည် ဆောက်ခြင်း၊ အုတ်တံတိုင်းဆောက်ခြင်း၊ ဝင်းခြံကာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ အုတ်မြစ်ချခြင်း၊ တိုင်ထူခြင်း၊ လှေကားထူခြင်း၊ အိမ်တက်ခြင်း၊ မုဒ်ဦးဆောက်ခြင်း၊ ပြဿဒ်ဆောက်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း၊ ကြော်ငြာခြင်း၊ ဦးခေါင်း၌ဝတ်ဆင်ရသောရတနာများ ဝတ်ဆင်ခြင်း၊ ပန်းပန်ခြင်း၊ ကင်ပွန်းတပ်မင်္ဂလာပြုလုပ်ခြင်း၊ ကျောက်သွေးခြင်း၊ ကျောက်သွေးလောင်းခြင်း၊ အသီးများဆွတ်ခူးခြင်း၊ ဘုံပြဿဒ်များပြုပြင်ခြင်း၊ အိမ်အမိုးများပြင်ခြင်း နှင့်အထက်သို့ လွှင့်တင်ရမည့် လုပ်ငန်းများ၊ လေယဉ်ပျံသန်းခြင်း၊ အာကာသလွှင့်တင်ခြင်းများ၊ ကောင်းသည်။ (ဥတ္တရဖလဂုဏီ နက္ခတ်စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ဉတ္တရာဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ မိဿရာသီဖွား ဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် အရည်အချင်းရှိပြီး နူးညံ့တဲ့နှလုံးသားရှိပိုင်ရှင်၊ ခေါင်းဆောင်ကောင်းတစ် ယောက် ဖြစ်ပါတယ်။ မိမိရဲ့ လုပ်ကိုင်ဆောင်ရွက်မှုအားလုံး၏ ရလဒ်ကို အထူးသတိပြုရမည်။၊ မိမိဟာ အရှိန်အဝါ၊ ဂုဏ်ဒြပ် ကြီးမားသူဖြစ်၍ မည်သည့်ကိစ္စကို လုပ်ကိုင်ဆောင်ရွက်သည်ဖြစ်စေ ခမ်းခမ်းနားနားနှင့် သေချာ စနစ်တကျ လုပ်ကိုင် ဆောင်ရွက်တတ်ပါသည်။ အခက်အခဲနှင့် အတိုက်အခိုက်အားလုံးကို လျင်မြန်စွာ ကျော်လွှား နိုင်စွမ်းရှိ သော်လည်း မိမိ၏ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းမရှိပါက မိမိ၏ အောင်မြင်မှုများသည်လည်း ရေရှည်တည်မြဲ နိုင်မည်မဟုတ်ပါ။ ထိုကြောင့် သူတစ်ပါးထက်ပို၍ မိမိ၏စိတ်ကို တည်ငြိမ်စွာ ထိန်းသိမ်း၍ အာရုံစူးစိုက်လုပ်ကိုင်ပါက အစစအရာရာ အဆင်ပြေအောင်မြင်နိုင်မည် ဖြစ်ပါသည်။ မိမိ၏ ကိုယ်ပိုင် ဘဝနေနည်းအရ မိမိသည် သူတစ်ပါးကို အထင်မကြီး ကိုယ့်အားကိုယ်ကိုး ကြိုးစားတတ်သူ တစ်ဦးဖြစ်သည်။ မိမိသည် အပြောထက်အလုပ်ကို ဦးစားပေးလုပ် ကိုင် ဆောင်ရွက်တတ်သူ တစ်ဦးဖြစ်၍ မည်သည့်ကိစ္စကို လုပ်ကိုင်ဆောင်ရွက် ပြောဆိုလိုက်သည်ဖြစ်စေ လူအများ၏ လေးစား ချစ်ခင် အားကျအတုခိုးခံရသူ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ရပ်တည်နေနိုင်ပေမည် ဖြစ်ပါသည်။ပြုပြင်ရေးနဲ့ တီထွင်ရေးနယ်ပယ်မှာ အားကောင်းသော ဇာတာရှင်ဖြစ်တာမို့ မိဘအပံ့အပိုးကောင်းရင် ထူးချွန်သောတီထွင်သူဖြစ် နိုင်တဲ့ဇာတာဖြစ်ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၄၈) နာရီမှ ညနေ(၆း၂၃)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် မရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူကာ “ဗုဒ္ဓံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လမုန့် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း