ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလဆုတ်(၃)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဧပြီလ(၂၆)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၄း၅၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၃)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၈)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ သမားဖြူ၊ ဝါရမိတ္တုကြီး ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၃)လုံး အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၃)လုံးအနေဖြင့် စွမ်းအားပေးသော တီထိနေ့ဖြစ်ပြီး ကလေးငယ်များ ပထမဆုံးအကြိမ် ထမင်းခွံ့မင်္ဂလာ၊ ရဟန်းခံ၊ ရှင်ပြု၊ နားသ မင်္ဂလာ၊ ဆံသ၊ ပန်းချီ၊ သီချင်း၊ အနုပညာ၊ ပညာရေး၊ အိမ်တက်မင်္ဂလာ၊ ကျောက်မျက်ရတနာ စတင်ဝယ်ယူ၊ ဝတ်ဆင်၊ ရောင်းချခြင်းများ ဆင်၊ မြင်း၊ ယာဉ်၊ ရထားနှင့်ပတ်သက်သော အလုပ်အကိုင်များအတွက် ကောင်းသောနေ့ဖြစ်သည်၊ အောင်မြင်ခြင်းကို ပေးစွမ်းသော ဇေယျာတီထိ အမျိုးအစားဖြစ်၍ လက်နက်ပြုလုပ်ခြင်း၊ လက်နက်တပ်ဆင်ခြင်း၊ စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ တပ်သားစုဆောင်းခြင်း၊ တနည်းအားဖြင့်ဆိုသော မိမိနှင့် မိမိအဖွဲ့အစည်း၏စွမ်းရည် အင်အားထက်မြက် ကြီးမားစေရန် လုပ်ဆောင်သည့် မည်သည့်လုပ်ငန်းကိုမဆို လုပ်ဆောင် နိုင်သည်။ ခရီးသွားခြင်း၊ ကုန်သွယ်ခြင်း၊ အိမ်နှင့်ပတ်သက်သည့် လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အလံတိုင်၊ အသင်းနှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် သင့်တော်သော တီထိရက် ဖြစ်သည်။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်ပေမဲ့ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေ အားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊ မင်္ဂလာစကားပြော ခြင်းများလဲ ရှောင်သင့်ပါ တယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၇း၀၇)နာရီမှ နံနက်(၇း၅၈)နာရီအတွင်း ကျရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွ တ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံ လာရ ပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ အနုရာဓနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည်စည်းစိမ်ချမ်းသာနှင့်ပြည့်စုံသူဖြစ်ပါတယ်။ ချမ်းသာတဲ့ အသိုင်းအဝိုင်းကမိသားစု တွေကသာ ဒီလိုနေ့မျိုးမွေးရင် မိဘရဲ့ ချမ်းသာမှုနဲ့ သားသမီးရဲ့ ကံကောင်းမှု သဟဇာတဖြစ်ပြီး ပိုမိုတိုးတတ်နိုင် တာကို ထူးထူးခြားခြားတွေ့ရပါတယ်။ အလွန်တည်ကြည်ပြီး စိတ်ပိုင်းဆိုင်ရာ ခိုက်မာတိကျ ပြတ်သားသူများ ဖြစ်ပါတယ်။ ဤအရည်အသွေးများသည် သင့်အား ပန်းတိုင်တစ်ခုအပေါ်တွင် အဆုံးအဖြတ်ပေးကာ ပန်းတိုင်တစ်ခုကို အကောင် အထည် ဖော်ရန် စိတ်ရှည်သည်းခံစိတ်ဖြင့် အောင်မြင်နိုင်ရန် ကူညီပေးပါသည်။ သို့သော် တစ်ခါတစ်ရံတွင် မိမိသည် အရာရာကို ချင့်ချိန်မှုအားနည်းစွာဖြင့် အလျဉ်စလို ဆုံးဖြတ်လုပ်ကိုင်မှုများကြောင့် ဆုံးရှုံးမှုအချို့နှင့် ကြုံတွေ့ရနိုင်ပါ သည်။ဘဝလမ်းကြောင်းတစ်လျှောက် ကြီးမားသောအပြောင်းအလဲနှင့် မတည်မငြိမ်များသည် အများစုထက် အတွက် အခက်အခဲအနှောက်အယှက်များ ဖြစ်စေနိုင်ပါသည်။ အမှန်စင်စစ် မိမိသည် အလွန်ကောင်းမွန်သော အလုပ် ကျင့်ဝတ်နှင့် တာဝန်သိစိတ်ဖြင့် အထူးကောင်းမွန်သော ပုဂ္ဂိုလ်ကောင်းတစ်ဦးလည်း ဖြစ်နိုင်ပါသည်။ သူတစ်ပါးထက် သာလွန်ထူးခြားနေသော အရည်အချင်းကောင်းများကြောင့် အမြဲလိုလို မျက်နှာပွင့်လမ်းနေရတတ်ပါသည်။
ဘုရားတည်ခြင်း၊ အနေကဇာတင်ခြင်း၊ တံတားခင်း၍လှူခြင်း၊ တံတားဆောက်ခြင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှည်း၊ ယာဉ်၊ ရထား၊ ကား၊ ဆိုင်ကယ်၊ ဆိုတ်ကား၊ စက်ဘီး၊ အရောင်အဝယ် ပြုလုပ်ခြင်း၊ ဆံရိတ်ခြင်း၊ ဆံသခြင်း၊ အလှပြုပြင်ခြင်း၊ အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ခြင်း၊ စာအုတ်/စာပေ၊ စာပုံနှိပ်စက်လုပ်ငန်း၊ စာပေဖြန့်ချီရေး လုပ်ငန်း၊ ခရီး သွားလာခြင်း၊ ထီထိုးခြင်း၊ စပါးရိတ်ခြင်း၊ အသီးများဆွတ်ခူးခြင်း ကောင်းသည်။ (အနုရာဓနက္ခတ် စန်းယှဉ်သော အခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၂၈) နာရီမှ မွန်းလွဲ(၁၂း၀၃)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြု တာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အရှေ့တောင်အရပ်သို့ မျက်နှာမူကာ “ဗုဒ္ဓေါ ဇိနော” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဇီးယို ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း