loading

4.May.2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 4.May.2024 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ခူးလဆုတ်(၁၁)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၄ခုနှစ်၊မေလ(၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ သမားညိုရက်ဖြစ်ပေမဲ့ အချိန်အခါရွေးပြီးဆောင်ရွက်နိုင်ပါတယ်။

ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ သမားညို၊ နဂါးပေါ်ရက် ကျရောက်နေတာ ဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁၁)လုံး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ ကြွယ်ဝခြင်း၊ ကောင်း မြတ်ခြင်း၊ပျော်ရွှင်ကြည်နူးခြင်းတွေကိုကိုယ်စားပြု တဲ့ နန္ဒတီထိကျရောက်တဲ့နေ့ရက်ပါပဲ။ မည်သည့်နယ်ပယ်တွင်မဆို ဝန်ဆောင်မှုပေးရတဲ့အလုပ်တွေက ဒီနေ့မှာအောင် မြင်တတ်ပါတယ်။  Marketing ဆင်းတာမျိုး၊ မီဒီယာကဖြစ်စေ၊ online ကနေဖြစ်စေ မိမိကုန်ပစ္စည်းကို ကြော်ငြာ ခြင်းများလဲ ဒီနေ့မှာအထူး ဆောင်ရွက်နိုင်ပါတယ်။

နွမ်းပါးသူကိုဒီနေ့မှာထောက်ပံ့ပေးကမ်းခြင်းများလဲဒီနေ့မှာအထူးပဲဆောင်ရွက်နိုင်ပါလိမ့်မယ်။ အဝတ်အစား၊ဒီဇိုင်း၊ ဖက်ရှင်နှင့်ပတ်သက်သောကိစ္စအ၀၀မှာ တိုးတတ်အောင်မြင်ပါလိမ့်မယ်။ ပျော်ပွဲရွှင်ပွဲများကျင်းပခြင်းတွေ၊ staff party ပွဲများကျင်းပခြင်းတွေလဲ ဒီနေ့မှာအထူးဆောင်ရွက်သွား နိုင်ပါလိမ့်မယ်။ မိတ်ဆွေသစ်ဖွဲ့ခြင်းများ လဲဆောင် ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့မှာခရီးကိစ္စများအထူးဆောင်ရွက်နိုင်ပါတယ်။ အပျော်ခရီးများပဲဖြစ်ဖြစ်၊အလုပ်နဲ့ပတ်သက်သောခရီးပဲဖြစ်ဖြစ် အဆင်ပြေနိုင်ပါလိမ့်မယ်။မိမိအိုးအိမ်များကို အလှဆင်ခြင်း၊ဆေးသုတ်ခြင်း မိမိရုံးခန်းကို မွမ်းမံပြင်ဆင်ခြင်းများလဲ ဆောင်ရွက်လို့အထူး ကောင်းပါလိမ့်မယ်။  ငွေကြေးနဲ့ပတ်သက်ပြီး ငွေပေးငွေယူကိစ္စများ၊အာမခံခြင်းများ၊ ဘဏ်ကိစ္စ များလဲ အထူး ဆောင်ရွက်နိုင်ပါလိမ့်မယ်။

အချစ်ရေး၊မေတ္တာရေးနဲပတ်သက်တဲ့ ကိစ္စအ၀၀လဲ ဆောင်ရွက်နိုင်မဲ့နေ့ပါပဲ။ အလှကုန်လုပ်ငန်း၊လူသုံးကုန်ပစ္စည်း  ရောင်းချခြင်းလုပ်ငန်း၊  အရည်နှင့်ပတ်သက်သောစားသောက်ကုန်လုပ်ငန်းများလဲ အထူးပဲတိုးတတ်အောင်မြင်နိုင် တဲ့နေ့ပါပဲ။

            ယနေ့သည် ချမ်းသာခြင်းကိုပေးသော နန္ဒာတီထိ ကျရောက်နေသောကြောင့် အစားရှောင်ခြင်း၊ ရှိခိုးခြင်း၊ ကတိတော်များနှင့် ပြည့်စုံခြင်း၊ မင်္ဂလာဆောင်ခြင်း၊ ငြင်းခုန်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းများ၊ ဆောက်လုပ်ရေး၊ ဘုရားဖူးခြင်း၊ ဝိဉာဉ်ရေး၊ အားလပ်ရပ်များ၊ ပွဲတော်များ၊ ကတိသစ္စများကို စောင့်ထိန်းခြင်း၊ အလှဆင်ခြင်း၊ ဆိုက်ရောက် ခြင်းနှင့် ထွက်ခွာခြင်းများအတွက် အထူးကောင်းမွန်ပါသည်။

နဂါးပြည်ပြဿဒါးကျရောက်နေတဲ့နေ့ရက်ဖြစ်တာကြောင့်အိမ်၊ခြံမြေ၊တိုက်တာ၊ဆိုင်ခန်း၊အလုပ်ခန်းများ ရောင်းချ ခြင်း၊ ဝယ်ယူခြင်းမျိုးတွေရှောင်လိုက်စေချင်ပါတယ်။အရောင်းအဝယ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ စာချုပ်ချူပ်ဆို မယ်ဆို ရင်တော့ ဒီနေ့မှာ ပိုင်ဆိုင်တဲ့စာရွက်စာ တမ်းတွေက အစစ်လား၊အတုလားသေချာစစ်ဆေး ပြီးမှ ဆောင်ရွက်လိုက်ပါ။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၆း၃၅)နာရီမှ နံနက်(၇း၂၇)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုးမရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ပြဗ္ဗာဘဒြပိုဒ်နက္ခတ်ကျရောက်တာမို့ဘုရားတည်ခြင်း၊ ထီးတော်တင်ခြင်း၊ အနေကဇာတင်ခြင်း၊ ကျောက်ဆစ် လုပ်ငန်း စတင်လုပ်ခြင်း၊ ကျောက်ရုပ်ထုခြင်း၊ သံထည်သွန်းခြင်း၊ ကြေးသွန်းလောင်းခြင်း၊ ကြော်ငြာလုပ်ငန်း၊ ဆိုင်းဘုတ် တင် ခြင်း၊ ပန်းချီပန်းပုလုပ်ငန်းလုပ်ခြင်း၊ လှေကားတင်ခြင်း၊ အိမ်တက်မင်္ဂလာလုပ်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ လေ ကြောင်း ခရီးသွားလာခြင်း၊ နတ်ကွန်းတည်ခြင်း၊ အလံထူခြင်း၊ အုတ်တံတိုင်းကာခြင်း၊ ဝင်းခြံကာခြင်း၊ တံခွန်တိုင်ထူ ခြင်း ကောင်း ၏။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကုမ်စန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည်အလုပ်ကြိုးစားပြီး ဘတ်စုံထူးချွန်၍ အရာရာပြီးပြည့်စုံတဲ့အောင်မြင်သူ တစ်ယောက် ဖြစ်ပါတယ်။ လုပ်ကိုင်ဆောင်ရွက်မှုအားလုံးတွင် စိတ်တည်ငြိမ်မှုနှင့် အေးဆေးစွာ ဆောင်ရွက် လုပ်ကိုင်ခြင်းသည် မိမိအတွက် အထူးအရေးကြီးပြီး မိမိဘဝတွင် အကောင်းဆုံးဆိုသော ရွေးချယ်မှု များစွာကို တိတိကျကျ အောင် မြင်တိုးတက်မှုရှိနိုင်စေရန် တွန်းအားပေးပါသည်။ အများနဲ့မတူ အိမ်ထောင်မပြုဘဲတစ်ဦးတည်း ရပ်တည်နေထိုင် ခြင်းဖြင့် ဘဝက ပို ကောင်းတယ်လို့ ခံစားရလေ့ရှိပါတယ်။ မိမိဟာ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ပြီး သဟဇာတ ဖြစ်အောင် ဖန်တီး ရာမှာ ထူးချွန်ပါတယ်။နည်းပညာနယ်ပယ်၊အိုင်တီနယ်ပယ်တွေမှာထူးချွန်သလို ပျက်စီးကျိုးပဲနေတဲ့ ပစ္စည်းတွေကိုလဲ ပြန်ပြင်ရတာ သဘောကျသူလဲဖြစ်ပါတယ်။ ဒါကြောင့် စက်ပြင်နယ်ပယ်၊ ပြုပြင်ထိန်းသိမ်းရေးနယ် ပယ်တွေမှာအောင်မြင်တတ်ပါတယ်။ မိခင်ဘာသာစကားအပြင် အခြားဘာသာစကားတွေလဲသင်လွယ်တတ်လွယ်တဲ့ သူပါပဲ။ မိန်းကလေးရင်သွေးငယ်ဖြစ်ရင်တော့ အဘက်ဘက်က သာတဲ့သူနဲ့ လက်ထပ်ရတတ်ပါတယ်။

            ယနေ့သည် သိကြားမင်း (အကြီးအကဲ)ဟု အဓိပ္ပါယ်ကိုဆောင်သော ဣန္ဒယုဂ် ကျရောက်နေသောကြောင့် ကုသိုလ်ကောင်းမှုများအားလုံးအတွက် အထူးသင့်လျော်ပါသည်။ ဗဗကရိုဏ်းကျရောက်နေသောကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအားတိုးတက်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ဖန်တီးမှုစွမ်းအင်ကို ကိုယ်စားပြု သည်။ ဤကရိုဏ်သည် လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်းကဲ့သို့သော ရွေ့လျားမှုဆိုင်ရော ကောင်းသောကိစ္စ ရပ်များအားလုံးအတွက် အထူးသင့်လျော်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈း၅၁) နာရီမှ နံနက်(၁၀း၂၆)နာရီအတွင်း ကျရောက်နေ  ပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။           

ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ လိမ္မော်ရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး တောင်အရပ်သို့ မျက်နှာမူ၍ “လောကဝိဒူ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကန်စွန်းရွက်ကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *