ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နယုန်လဆုတ်(၂)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၄ခုနှစ်၊ဇွန်လ(၂၃)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန် ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။
ဒီနေ့ဟာ သိကြားပြည်ပြဿဒါး၊ ရှမ်းရက်၊ သမားဖြူ ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၂)လုံး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကို ပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ (၂)လုံး အနေဖြင့် ခန္ဓာကိုယ်ပေါ်သို့ ကျောက်မျက်ရတနာများ၊အဆောင်ရတနာများ စတင်ဆင်မြန်း ခြင်း တွေအထူးကောင်းပါ တယ်။ အဝတ်အစားအသစ်များချုပ်လုပ်ခြင်း၊စတင်ဝတ်ဆင်ခြင်းများလဲ ပြုလုပ်သင့် တဲ့နေ့ရက်ပါပဲ။
ဒီနေ့မှာ ဘဏ်လုပ်ငန်းများ၊အာမခံလုပ်ငန်းများ အဆင်ပြေပါလိမ့်မယ်။ ဘဏ်စာရင်းအသစ် ဖွင့်ပြီးတော့ငွေစတင် စုခြင်းများ လဲဆောင်ရွက်နိုင်ပါလိမ့်မယ်။ အချစ်ရေးကိစ္စအ၀၀ဆောင်ရွက်လို့ကောင်းပါတယ်။ချစ်ရသူကို ကိုယ့်ကို ချစ်လာ အောင် စွမ်းဆောင်နိုင်မဲ့နေ့ရက်ပါပဲ။ ချစ်ရသူကိုဖွင့်ပြောဖို့ အကောင်းဆုံးနေ့ရက်ပါပဲ။
ငွေကြေးနဲ့ပတ်သက်ပြီး ငွေပေးငွေယူကိစ္စများ၊ ကြွေးယူခြင်း၊ကြွေးတောင်းခြင်းများလဲအထူးဆောင်ရွက်နိုင်ပါ လိမ့် မယ်။ ယာဉ်ရထားနဲ့ပတ်သက်သောအလုပ်များလဲ အဆင်ပြေအောင်မြင်တတ် ပါတယ်။ စားသောက်ကုန်လုပ်ငန်းများ အဆင်ပြေတိုးတတ်မှုတွေကြုံရတတ်ပါတယ်။
ရေတွင်းရေကန်တူးခြင်းများ၊ အဝီစိတွင်းတူးခြင်းများလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ဘုရားတည်ခြင်း၊နေကဇာ တင် ခြင်း၊ထီးတင်ခြင်းများလဲအထူးကောင်းပါတယ်။ဖက်ရှင်ဒီဇိုင်းနှင့်ပက်သက်သောလုပ်ငန်းများ အထူးကောင်းပါတယ်။ ဒီဇိုင်းနာများ စိတ်ကူးကောင်းတွေရလာတတ် ပါတယ်။ယနေ့တွင် ကုန်ပစ္စည်းအသစ်များ စတင်မိတ်ဆက်နိုင်ပါသည်။ ပဋိပက္ခများ ငြိမ်းချမ်းအောင် ဖြေရှင်းနိုင် ပါသည်။ မင်္ဂလာရေးရာ အဖြာဖြာကို ဆောင်ရွက်ရန် ရက်ကောင်းဖြစ်သည်။
ယနေ့ အသွားအလာ သတိရှိပါ။ အနောက်အရပ်သို့ ဦးတည်၍ အပျော်ခရီးသွားလာခြင်းများ ရှောင်ကြဉ်ပါ။ နေ့(၁း၃၀)နာရီမှ (၃း၀၀)နာရီကြားကာလများတွင် အန္တရာယ်ဖြစ်ပေါ်နိုင်သည်။ ရင်းနှီးမြှုပ်နှံခြင်းများ ရှောင်ရှားရ မည်။ ယခင်ဆောင်ရွက်မှုမှန်သမျှ ရှောင်ကြဉ်ရမည်။ ဖြစ်ပေါ်နေသော ပြဿနာများ ဖြေရှင်းနိုင်မည်။
ယနေ့သည် မြင့်မြတ်ခြင်းကို ကိုယ်စားပြုသော ဗြဟ္မယုဂ် ကျရောက်နေသောကြောင့် ကောင်းသောကိစ္စရပ်များအားလုံး ဆောင်ရွက်လုပ်ကိုင်ရန် အထူးကောင်းပါသည်။ ကောလဝါကရိုဏ်း ကျရောက်နေသောကြောင့် မင်္ဂလာဆောင်၊ သတို့သမီးရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက် သို့မဟုတ် ကာလ ရှည်ကြာတည်မြဲနေမည့် အရာများကဲ့သို့ ပုံသေပြုလုပ်ထားသည့် အရာများအတွက် အထူးကောင်းမွန်ပါသည်။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နံနက်(၃း၁၉)နာရီမှ နံနက်(၄း၁၀)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ပြုဗ္ဗာသဌ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဓနုစန်း၊ မေထုန်ရာသီဖွားဖြစ်ပါသည်။ ယနေ့ မွေးဖွားသူများသည် သံသယရှိသောစိတ်ကတစ်ခြမ်း၊ အရာရာကိုယုံကြည်စိတ်ရှိတာကတစ်ခြမ်း စိတ်ဝင်စား ဖွယ် ပေါင်းစပ်မှုတစ်ခုဖြစ်သည်။ ငယ်ငယ်တုန်းက အတွေးလွန်ပြီး စိတ်ပူတတ်ပေမယ့် အသက်အရွယ်ရ လာ တာနဲ့ အမျှ ပိုပိုပြီးတော့ သက်သာလာမှာပါ။ မိမိသည် ကမ္ဘာပေါ်တွင် လုံးဝထူးခြားသော ခံယူချက်ရှိပြီး အထူး သဖြင့် လျှို့ဝှက် ဆန်းကြယ်မှုများကို ဖော်ထုတ်ခြင်းနှင့် အမှန်တရားများကို ဖော်ထုတ်ခြင်းတို့ကို မိမိနှစ်သက်ကြတဲ့ ဇာတာရှင်တွေ ဖြစ်ပါတယ်။သည်။ တစ်ချို့က မိမိကို တစ်ခါတစ်လေ မိတ်ဆွေတွေကို မေ့နေသူ၊တစ်ခါတစ်ရံ အရမ်း ပေါင်းသင်း တတ်သောသူစသည်ဖြင့် စိတ်ဓာတ်အပြောင်းအလဲ များတက်သူဟု တစ်ချို့က သတ်မှတ်ကြပါတယ်။ တကယ်တော့ မိမိဟာ လူတွေကို ချစ်ပေမယ့် မိမိကိုယ်မိမိ ပြန်လည်အားဖြည့်ရန် အချိန်ပေးလေ့ရှိပါတယ်။ငယ်ငယ် ကတည်းက အပျော်အပါးမက်သူဖြစ်ပါတယ်။ မိဘအုပ်ထိန်းမှုမကောင်းပါက အပျော်ကနေ အပျက်ဘက်ကိုရောက် သွားတတ်ပါ တယ်။ ကျန်းမာရေးအားကောင်းပေမဲ့ စစ်လက်နက်အန္တရာယ်ရှိတာမို့ အရွယ်ရောက်ရင် လက်နက်ကိုင် အဖွဲ့အစည်း ထဲဝင်ရောက်ခြင်းမျိုးရှောင်သင့်တဲ့သူမျိုးဖြစ်ပါတယ်။
ရေတွင်းရေကန် တူးခြင်း၊ အုတ်မြစ်ချခြင်း၊ ကျင်းတူးခြင်း၊ မြေတူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကျောက်မြတ်ရတနာ တူးဖော်ခြင်း၊ ရေနံတူးခြင်းဓာတ်သတ္တုတူးဖော် ရှာယူခြင်း၊ ရွှေတွင်းတူးခြင်း၊ အားကစားလုပ်ငန်းများ၊ ဂီတအနု ပညာ ပြုလုပ်ခြင်းများ ကောင်းသည်။ (ပြုဗ္ဗာသဋ္ဌ်နက္ခတ် စန်းယှဉ်သောအခါတွင် ပြုလုပ်ဆောင်ရွက်ရပါမည်။)
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၅း၀၃) နာရီမှ ညနေ(၆း၄၂)နာရီအတွင်း ကျရောက်နေ ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ် ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဖက်ဖူးရောင် နှင့် မီးခိုးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူ၍ “ဗုဒ္ဓံ ပူဇေမိ” (၉)ခေါက် ရွတ်ဆို သွား ပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ကျွဲကောသီး ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း